Pages

Thursday, April 11, 2013

Uncertain Future of Mosques and Islamic Schools in Meiktila

Uncertain Future of Mosques and Islamic Schools in Meiktila
==========
M-Media
April 11, 2013

The Voice Weekly journal reported, quoting Mandalay Division Attorney General Ye Aung Myint, that houses in Meiktila that were destroyed during the anti-Muslim violence between March 20-23 will be reconstructed. The report mentioned Ye Aung Myint saying that are is no plan for the reconstruction of mosques and religious buildings.

The report is unclear over the future of mosques and schools. It is not clear whether Ye Aung Myint meant that the government has no plan to 'help' reconstruct Islamic religious buildings, or that the government will not allow the reconstruction of mosques and schools.  

Myanmar Muslims are suspicious of the government regarding this issue.

Last week, director of Yangon Division Ministry of Religion Aung Kyi told during a press conference that the Ministry has not allowed mosques officially. The Eleven Media quoted him as saying, "Mosques were constructed traditionally by Muslim communities unofficially, and the government did not ban them. There is no officially allowed mosque".

Eleven Media published this news on its Facebook page and official website site. It also published a list of mosques across the country but removed 1,500 mosques from the government's official list.  

As U Aung Kyi's comments became controversial, he corrected by saying that the media misinterpreted his comment. He explained that he meant, "the ministry has no legal authority over the construction of mosques." Eleven Media did not publish U Aung Kyi's comment on its Facebook and official web pages, but only printed on the journal four days after U Aung Kyi's correction.

Eleven has not acknowledged the mistake over the list of the mosque.

April 11, 2013

The Voice Weekly journal reported, quoting Mandalay Division Attorney General Ye Aung Myint, that houses in Meiktila that were destroyed during the anti-Muslim violence between March 20-23 will be reconstructed. The report mentioned Ye Aung Myint saying that are is no plan for the reconstruction of mosques and religious buildings.

ရန်ကုန်တွင် ခုံးကျော်တံတားများ ထပ်ဆောက်ရန် စီစဉ်နေ

ဧပြီလ ၁၁ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့တွင်းရှိယာဉ်ကြောပိတ်ဆို့သည့်နေရာများတွင်ခုံးကျော်တံတားများ ထပ်မံတည်ဆောက်ဦးမည်ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။“အထူးသဖြင့် မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင် လမ်းဆုံနဲ့ စမ်းချောင်းမြို့နယ်-မြေနီကုန်း လမ်းဆုံ နေရာတွေမှာ တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်” ဟု လမ်းတံတားဌာနမှ ဒုတိယ ဌာနမှူး ဦးစည်သူလွင် က မဇ္ဈိမကို ပြောသည်။

သာသနာ့မြေနှင့် အဆောက်အဦများအတွက် စိစစ်မှု များပြား

 ကြာသပတေးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၃ ခုနှစ်
သာသနာ့မြေနှင့်အဆောက်အဦများပြုလုပ်ခွင့်တောင်းရာတွင်ဌာနအဆင့်ဆင့်စိစစ်ပြီးမှသာ ချထားပေး
ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆိုသည်။ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးများမှ ပြည်ထဲရေး ဝန်ကြီးဌာနအထိ အဆင့်ဆင့် စစ်ဆေးကာ အိုးအိမ် ဦးစီးဌာနနှင့် စည်ပင်သာယာ ကော်မတီတို့မှ မြေယာ စိစစ်ကာ သာသနာရေး ဝန်ကြီးဌာန အထိထောက်ခံချက်များ ကြည့်၍ ဆုံးဖြတ်ပြီးမှ ခွင့်ပြုကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူ တဦးကပြောကြားသည်။

အမေရိကန်ရုပ်ရှင်ဇတ်လိုက်တွေကို ကြိုက်တဲ့  မြောက်ကိုရီးယားအာဏာရှင်ရဲ့ ငယ်စဉ်ကျောင်းသားဘဝ

အမေရိကန်ရုပ်ရှင်ဇတ်လိုက်တွေကို ကြိုက်တဲ့ 
မြောက်ကိုရီးယားအာဏာရှင်ရဲ့ ငယ်စဉ်ကျောင်းသားဘဝ
********************************
အမေရိကန်ပြည်ထောင်စုကို အခုချိန်မှာခါးခါးသီးသီးမုန်းသူ မြောက်ကိုရီယားခေါင်းဆောင်ကင်၈ျုံအွန်ဟာ တချိန်တုန်းကတော့ အမေရိကန်ဇတိလိုက်သူရဲကောင်းတွေကို သဘောအကျကြီးကျကာ အမေရိကန်ဇတ်လိုက် အဖြစ် ကျောင်းကပြဇတိမှာ သရုပ်ဆောင်ခဲ့ သူလို့ သိရပါတယ်။

ကင်ဂျွူံအွန်ဟာ နာမည်ကျော်အမေရိကန်တေးသံစုံရုပ်ရှင် Greaseကို ကျောင်းပြဇတ်အဖြစ် ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းတက်စဉ်က 
ပါဝင်သရုပ်ဆောင်ခဲ့ ပြီး ပိန်ပိန်ပါးပါး လမ်းသရဲတယောက်အဖြစ် သားရေ၈ျာကင်ခပ်ကျပ်ကျပ်ဝတ်ပြီင်္း သရုပ်ဆောင်ခဲ့တယ်လို့ The Sun သတင်းစာက သူရဲ့ ရှားပုံပုံတွေနဲ့ ဖော်ထုတ်တင်ပြလိုက်ပါတယ်။


The Sun ကရရှိခဲ့တဲ့ ပုံတွေထဲမှာ  ကင်၈ျူံအွန်ဟာ ကိုယ်အထက်ပိုင်းဗလာနဲ့ သူတက်ခဲ့တဲ့ 
ပုဂ္ဂလိက အထက်တန်းကျောင်းကရေကန်ထဲမှာ တခြားကျောင်းသားတွေနဲ့အတူရိုက်ကူးထားတဲ့ဓာတ်ပုံလည်းပါပါတယ်


ဆွစ်ဇာလန်နိုင်ငံ   Berne ကတနှစ်ကို ယူရိုငွေ (၁၆၀၀၀) (အမေရိကန်ဒေါ်လာ သုံသောင်းခန့်)ပေးရတဲ့ ဈေးကြီးလှတဲ့ အဲဒိကျောင်းကို ကင်က အသက်၁၁နှစ်သား အရွယ် ၁၉၉၄ ခုနှစ်ကနေ ၁၉၉၇ အထိတက်ရောက်ခဲ့ပါတယ်။

ကင်ဟာ အမေရိကန်ကာတွန်းရုပ်ရှင်တွေကိုနှစ်သက်ပြီး ဒိုင်နိုဆောတွေအကြောင်းရိုက်ကူးထားးတဲ့  Jurassic Parkလို ရုပ်ရှင်တွေကိုလည်းကြည့် ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နာမည်ကျော်သရုပ်ဆောင် ဂျွန်ထရာဗိုလ်တာနဲ့ အောလီဗီယာနယူတန်ဂျွန်တို့ သရုပ်ဆောင်ထားတဲ့ Grease ရုပ်ရှင်ကို ကျောင်းပြဇတ်အဖြစ်တင်ဆက်တုန်းက အဲဒိကားထဲက Summer Nightနဲ့ You’re The One That I Want ဆိုတဲ သီချင်းတွေကို အတော်သဘောကျစွာသီဆိုခဲ့ တယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။

အဲဒိတုန်းကတည်းက သူ့ မှာ တခြားကျောင်းသားအဖြစ် ဟန်ဆောင်ထားတဲ့   ၁၄နှစ်အရွယ်ကိုယ်ရံတော်ရှိနေပြီိလို့ သိရပါတယ်။

သူရဲ့ အတန်းဖော်ဟောင်း အစ္စရေးနိုင်ငံက Tal Papp က လူတွေက ကင်ကို့ တကမ္ဘာလုံးကို မုန်းတီးနေတဲ့ စီတ်ဖောက်ပြန်နေသူလို့ ထင်ကြတယ်ဒါပေမဲ့ ကလေးဘ၀မှာတုန်းက ကျနော်မှတိမိသလောက်တော့ ကျနော်တွေ့ ဖုးသမျှထဲမှာ အအေးဆုံးအကုပ်ဆုံးဘဲ လို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒိကင်ဟာ မနက်ဖန်ကို ကမ္ဘာပျက်တဲ့ နေ doomsday အဖြစ်ကျေညာထားပြီး တကမ္ဘာလုံးကို အဏူမြူစစ်ပွဲဖြစ်လာမလားလို့ တွေးပြီး ကြောက်ရွံစိတ်ပူစေသူဖြစ်လာပါပြီ။

အဏုမြူအစီအစဉ်ကို အရင်တုန်းက သူတို့ ရွေ့ ဆိုင်းထားခဲ့တာဟာ တောင်ကိုရိးယားနဲ့ ဖက်စပ်လုပ်နေတဲ့Kaesong စက်မှုဇုန်က မြောက်ကိုရီးယား ၅၃ ၀၀၀ ရဲ့ အလုပ်အကိုင်ဒုက္ခရောက်မှာစိုးလို့ ဖြစ်တယ် လို့ ကင်ဂျူံအွန်အစိုးရကပြောပါတယ်။

The Sun သတင်းစာပါဆောင်းပါးကို ထားထားမြင့် (Burma Newselite) ကဘာသာပြန်ဆိုပါတယ်။

ရှယ်ယာနိုင်ပါတယ် သတင်းလင့်များက ကူးယူပြန်တင်ခြင်းခွင့်မပြူပါ

ကင်၈ျုံအွန်၇ဲ့ အထက်တန်းကျောင်းရှားပါးပုံများနဲ့ မုရင်းဆောင်းပါးကို ယခုလင့်မှာကြည့် နိုင်ပါတယ်။
http://www.thesun.co.uk/sol/homepage/news/4878971/kim-jong-un-starred-in-school-production-of-grease.html#ixzz2QADtysie

အမေရိကန်ပြည်ထောင်စုကို အခုချိန်မှာခါးခါးသီးသီးမုန်းသူ မြောက်ကိုရီယားခေါင်းဆောင်ကင်၈ျုံအွန်ဟာ တချိန်တုန်းကတော့အမေရိကန်ဇတိလိုက်သူရဲကောင်းတွေကိုသဘောအကျကြီးကျကာ အမေရိကန်ဇတ်
လိုက် အဖြစ် ကျောင်းကပြဇတိမှာ သရုပ်ဆောင်ခဲ့ သူလို့ သိရပါတယ်။

သေဒဏ်ပေးခြင်း အာရှ-ပစိဖိတ်ဒေသ မြန်မာအဆင့်ခုနစ်ချိတ်

Thursday, April 11, 2013

တရားစီရင်ရေးတွင် သေဒဏ်အပြစ် ပေးသော အာရှ-ပစိဖိတ် ဒေသတွင်း ၁၉ နိုင်ငံအနက် သေဒဏ်အပြစ်ပေးမှု အရေအတွက် အရ မြန်မာနိုင်ငံသည် အဆင့်ခုနစ် ချိတ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ထုတ်ပြန်သည်။

မိတ္တီလမြို့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် သုံးဦးအား ထောင်ဒဏ် 14 နှစ်ကျခံစေ ရန် အမိန့်ချမှတ်

Breaking News . ..

မိတ္တီလမြို့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် သုံးဦးအား
ဧပြီ 11ရက်နေ့က တစ်ဦးလျှင် ထောင်ဒဏ် 14 နှစ်
ကျခံစေရန် အမိန့်ချမှတ် 

မြင့်မြင့်အေး 14 နှစ် ၊၊
ညီညီ(ခ)မင်းအောင် 14 နှစ်၊
ထွန်းထွန်းဦး(ခ)အာရှစ် 14 နှစ် မြင်းခြံထောင်သို့ ။

Creditး ကို ၀ဏ္ဏစိုး

Posted From Kyaw Naing Win

မိတ္တီလမြို့ နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် သုံးဦးအားဧပြီ 11ရက်နေ့က တစ်ဦးလျှင် ထောင်ဒဏ် 14 နှစ်ကျခံစေ
ရန် အမိန့်ချမှတ်ခဲ့ကြောင်းသတင်းရရှိသည်။မြင့်မြင့်အေး 14 နှစ် ၊၊ညီညီ(ခ)မင်းအောင် 14 နှစ်၊ထွန်းထွန်းဦး
(ခ)အာရှစ် 14 နှစ် မြင်းခြံထောင်သို့ ပို့ဆောင်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်အိတ်ဇောဖွင့်မောင်းသူများကြောင့် မုံရွာမြို့ခံများ စိတ်အနှောင့်အယှက်ဖြစ်

ဧပြီ ၊..၁၁
မဟာသင်္ကြန်ပွဲတော်သို့ မရောက်သေးသော်လည်း မုံရွာမြို့မှ လူငယ်အချို့သည် ဆိုင်ကယ်များကို အိတ်ဇောများဖွင့်ကာ တရကြမ်းမောင်းနေသည်ကို တွေ့ရှိရပါသည်။ ထိုသို့သော လူငယ်များကြောင့် မုံရွာမြို့ခံများမှာ စိတ်အနှောင့်အယှက်ဖြစ်နေကြကြောင်း သိရှိရပါသည်။

အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ အစ္စလာမ်ဘာသာဝင်များသို့ မကြာမီတွင် ရောက်ရှိလာတော့မည့် ၂၀၁၃ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် သတိပေးနှိုးဆော်ချက် တစ်စောင် ထုတ်ပြန်

အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှအစ္စလာမ်ဘာသာဝင်များသို့ မကြာမီတွင် ရောက်ရှိ
လာတော့မည့် ၂၀၁၃ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မုစ်လင်မ်များအနေဖြင့် ရှောင်ကျဉ်နိုင်ကြစေရန် ၂၀၁၃-ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့တွင် သတိပေးနှိုးဆော်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

"တရုတ်နှင့် ပျူခေတ် ဆက်စပ်မှု သမိုင်းနောက်ခံ ဇာတ်ကား ယူနန် ရုပ်သံအဖွဲ့ ပုဂံတွင် လာရောက် ရိုက်ကူး"

"တရုတ်နှင့် ပျူခေတ် ဆက်စပ်မှု သမိုင်းနောက်ခံ ဇာတ်ကား ယူနန် ရုပ်သံအဖွဲ့ ပုဂံတွင် လာရောက် ရိုက်ကူး"

တရုတ်နိုင်ငံ သမိုင်းနှင့် ဆက်စပ်နေ သော ပျူခေတ် သမိုင်း နောက်ခံ ဇာတ်ကား တစ်ကားကို ယူနန် ရုပ်မြင်သံကြား အဖွဲ့မှ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဧပြီ လ ဆန်းပိုင်းက လာရောက် ရိုက်ကူးလျက်ရှိ ကြောင်း ပြည်တွင်း ခရီးသွား ဧည့်သည်များ ထံမှ သတင်း ရရှိသည်။

”မြန်မာ သရုပ်ဆောင် ရန်ကျော်နဲ့ မေသဉ္ဇာဦး တို့ပါတယ်။ တရုတ်ပြည်က နာမည်ကြီး သရုပ်ဆောင် တွေလည်း ပါတယ်။ ပထမ နေ့က ပုဂံမြို့ဟောင်းထဲမှာ၊ ဒုတိယ နေ့လယ် တော့ နန်းတော်ထဲ မှာ ရိုက်နေတာ တွေ့ခဲ့ရ တယ်”ဟု ပုဂံသို့ ဘုရားဖူး လာရောက် လည် ပတ်သူ တစ်ဦးက ပြောသည်။

သရေခေတ္တရာ ခေတ်တွင် ပျူဂီတ အဖွဲ့နှင့် အနုပညာသည် အဖွဲ့သည် တရုတ်ပြည်ထန် မင်း ဆက် နေပြည်တော် ချန်အန်းသို့ ချစ် ကြည်ရေး သံတမန်ခရီး သွားရောက်ခဲ့ဖူး ကြောင်း၊ ထိုအကြောင်း သမိုင်း မှတ်တမ်း၊ အထောက်အထားများ တရုတ်ပြည် သမိုင်း တွင်ရှိကြောင်း၊ ယခု ဇာတ်လမ်းမှာ အဆိုပါ သမိုင်း အချက် အလက် များအပေါ် အခြေခံ တည်ဆောက်ထားကြောင်း သိရသည်။

”သမိုင်း နောက်ခံကားပေါ့။ ဒါပေမဲ့ အိပ်မက်ဆန်ဆန် ဒဏ္ဍာရီဆန် ဆန်ရောမွှေပြီး ရိုက်သွားမယ်လို့ သိရတယ်” ဟု ရိုက်ကူးရေးတွင် အကူအညီ ပေးနေသော ဒေ သခံ တစ်ဦးက ပြောသည်။ ဇာတ်ကား အမည်မှာ ‘ဒဏ္ဍာရီထဲက တေးကဗျာ’ ဖြစ်ကြောင်း၊ အဆိုပါ ဇာတ်ကားကို တရုတ်ပြည် မှ နာမည် ကြီး သရုပ်ဆောင်၊ ဒါရိုက်တာ Yu Rong Guang မှ ဦးဆောင် ရိုက်ကူးလျက် ရှိကြောင်း၊ ၄င်းသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့မှ ပရဟိတ လုပ်ငန်း သံတမန် တစ်ဦး လည်းဖြစ်ကြောင်း သိရသည်။ တရုတ်ပြည် ရွှေလီတွင်လည်း ရုပ်ရှင် စတူဒီယိုများ တည် ဆောက်ကာ ရိုက်ကူးလျက် ရှိကြောင်း သိရသည်။ အဆိုပါရုပ်သံ ဇာတ်လမ်းကို စီစီတီဗွီ ရုပ်သံလိုင်း မှ ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂံသစ္စာ

တရုတ်နိုင်ငံ သမိုင်းနှင့် ဆက်စပ်နေ သော ပျူခေတ် သမိုင်း နောက်ခံ ဇာတ်ကား တစ်ကားကို ယူနန် ရုပ်မြင်သံကြား အဖွဲ့မှ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဧပြီ လ ဆန်းပိုင်းက လာရောက် ရိုက်ကူးလျက်ရှိ ကြောင်း ပြည်တွင်း ခရီးသွား ဧည့်သည်များ ထံမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုနှင်ပတ်သတ်ပြီး Companies ကြီး (၁၂)ခုကိုရွေးချယ်ထား

ဆက်သွယ်ရေးလုပ်ငန်း ဘယ် ကုမ္ပဏီ တွေရမလဲ???
TSJ

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုကို အောက်ပါ Companies ကြီး (၁၂)ခုကို ရွေးချယ်ထားကြောင်း  ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကနေ ယနေ့ ဧပြီ ၁၁ရက်နေ့မှာ ကြေငြာထားပါတယ်။ 

ဧပြီ ၄ရက်နေ့က ပါဝင်ခဲ့တဲ့ ကုမ္ပဏီ  ၂၂ခု ကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
5. KDDI Corporation + Sumitomo Corporation + Myanmar Information and Communication 
Technology Development Corporation (MICTDC) + A1 Construction
6. Millicom International Cellular S.A.
7. MTN Consortium (MTN Dubai + M1 Telecom + Amara Communications)
8. Qatar Telecom (Qtel) Q.S.C ("Ooredoo")
9. Singapore Telecommunications (Singtel) + KBZ + Myanmar Telephone Company Limited (MTel)
10. Telenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile

http://www.mcit.gov.mm/

TSJ

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် (၂)ခုကို အောက်ပါ Companies ကြီး (၁၂)ခုကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီကနေ ယနေ့ ဧပြီ ၁၁ရက်နေ့မှာ ကြေငြာထားပါတယ်။

၄၈ လမ်း အစ္စလမ် ဘာသာရေး စာသင်ကျောင်း မီးလောင်မှု ကော်မရှင်တွေ့ရှိချက် အစ္စလမ် ဘာသာရေး အဖွဲ့အစည်း ၅ ခုမှ ခေါင်းဆောင်များ လက်ခံ

၄၈လမ်းအစ္စလမ်ဘာသာရေးစာသင်ကျောင်း မီးလောင်ရခြင်းမှာ ပေါ့ဆမှုကြောင့်  လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု အထောက်အထားများဖြင့် ရှင်းပြရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း ၅ ခုမှ ခေါင်းဆောင်များ လက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက မီဒီယာများသို့ ဧပြီလ ၁၀ ရက်နေ့တွင် ပြောသည်။

မြေငလျင်သတင်း (မြန်မာစံတော်ချိန် ၁၀း၃၀ နာရီအချိန် ထုတ်ပြန်ချက်)

မြေငလျင်သတင်း

ဧပြီလ ၁၁ ရက် ၂၀၁၃

(မြန်မာစံတော်ချိန် ၁၀း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
...
၂၀၁၃ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၀)နာရီ၊ (၁၇)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှမြောက်-အနောက်မြောက်ဘက် မိုင်(၁၈၀)ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း

(နေပြည်တော်၏အနောက်တောင်ဘက် (၃၆)မိုင်ခန့်အကွာ)ကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိအင်အားအသင့်အတင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်။

မိုးဇလ

ဧပြီလ ၁၁ ရက် ၂၀၁၃

၂၀၁၃ ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၀)နာရီ၊ (၁၇)မိနစ်၊ (၀၄)စက္ကန့် အချိန်တွင် ကမ္ဘာအေး
မြေငလျင်စခန်းမှမြောက်-အနောက်မြောက်ဘက် မိုင်(၁၈၀)ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း
(နေပြည်တော်၏အနောက်တောင်ဘက် (၃၆)မိုင်ခန့်အကွာ)ကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိအင်အားအသင့်အတင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်။

မျှော်စင်ကျွန်းအပြည့် ပရိသတ် လာရောက်အားပေးခဲ့သည့် စိုင်းစိုင်းခမ်းလှိုင်၏ ကိုးကြိမ်မြောက်မွေးနေ့ ဖျော်ဖြေပွဲ

စိုင်းစိုင်းနှင့်သက်မွန်မြင့်တို့ဖျော်ဖြေနေစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
စိုင်းစိုင်းခမ်းလှိုင်နှင့် သက်မွန်မြင့်တို့ တွဲဖက်သီဆိုဖျော်ဖြေနေစဉ်
Thursday, April 11, 2013

နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ ကိုးကြိမ်မြောက် မွေးနေ့ဖျော်ဖြေပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၆နာရီခွဲတွင် ရန်ကုန်မြို့မျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့သည်။ ဖျော်ဖြေပွဲ မကျင်းပခင် ညနေ ၅နာရီဝန်းကျင် ကတည်းက လူငယ်ပရိသတ် အများအပြား စတင်ရောက်ရှိလာသည်ကို တွေ့မြင်ရ
သည်။ မျှော်စင်ကျွန်း ၀င်ပေါက်တွင် လက်မှတ်များ ရောင်းချနေသည်ကိုလည်း တွေ့မြင်ရပြီး လက်မှတ်အ
တုများလည်း များစွာထွက်ပေါ်ခဲ့သည်ကို တွေ့မြင်ရသည်။

“သားဂန်းဂျန်” လို့ခေါ်တဲ့ ထားဝယ်ကလေးသင်္ကြန် စပြီ


ထားဝယ်သင်္ကြန်က မြန်မာပြည်အနှံ့က သင်္ကြန်တွေလိုမဟုတ်။သင်္ကြန်မတိုင်မီ (၃)ရက်အလိုကတည်းက “သားဂန်းဂျန်” ဟုအမည်တပ်ကာရေပက်၊ရေကစားနေကြပြီဖြစ်သည်။အိမ်ရှေ့မှာ ရေပုံးလေးတွေချ ၊ ရေ
ပြွတ်လေးကိုင်ရင်း လမ်းသွားသမျှကိုမ၀ံ့မရဲ ပက်နေသူ အပျံသင်စ ကလေးလေးတွေလည်းရှိသည်။

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းအတွင်း မီးလောင်မှုဖြစ်ပွား

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းအတွင်း တွင် ယနေ့နေ့လည် ၁ နာရီဝန်းကျင်က ၆ ခန်းတွဲနေအိမ်လိုင်းခန်းနှစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သော ဝန်ထမ်းလိုင်းခန်းများသည် လူနေထိုင်ခြင်းမရှိသောမြေစိုက် ကပ်မိုးကပ် ကာအဆောက်အဦးများဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယား နိုင်ငံမှာ စစ်ပွဲရန် တပ်လှန့်မှု အဆင့်ကို အဆင့် ၂ အဖြစ် တိုးမြှင့် သတ်မှတ်

တောင်ကိုရီးယား နိုင်ငံမှာ စစ်ပွဲရန် တပ်လှန့်မှု အဆင့်ကို အဆင့် ၂ အဖြစ် တိုးမြှင့် သတ်မှတ်

မြောက်ကိုရီးယား တို့ကနေ မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှု တခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အခြေ အနေမျိုး ရှိနေ ရာ၊ တောင်ကိုရီးယား ဘက်မှာတော့ အလွန် တရာ အရေးကြီး တဲ့ ခြိမ်းခြောက်မှု အန္တရာယ်နေ ရှိတဲ့ အခြေအနေ အဖြစ် တပ်လှန့်မှု အဆင့်ကို တိုးမြှင့် လိုက်ပါတယ်။

တပ်လှန့်မှု အဆင့် ၂ ဟာ စစ်မဖြစ်ခင် အခြေ အနေမှာ နောက်ဆုံး အဆင့် သတိပေးချက် ဖြစ်ပါတယ်။ တပ်လှန့်မှု အဆင့် ၁ ကတော့ စစ်ဖြစ်တဲ့ အချိန်မျိုးမှာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တို့ဟာ ခန့်မှန်းခြေ အားဖြင့် မိုင် ၂၀၀၀ လောက် အကွာအဝေး အထိ ရောက်ရှိ နိုင်တဲ့ ပဲ့ထိန်းဒုံး အနည်းဆုံး တလုံးလောက်ကို လောင်စာ ဖြည့်ထားပြီး ပစ်ခတ်ဖို့ အသင့် ဖြစ်နေပြီလို့ အမေရိကန် နဲ့ တောင်ကိုရီးယား တို့က ပြောပါတယ်။ 

တောင်ကိုရီးယား၊ ဂျပန်နဲ့ ဒေသတွင်းက အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ ပြုံယမ်းက ခြိမ်းခြောက်နေပါတယ်။

ကုလသမဂ္ဂ ကနေ မြောက်ကိုရီးယား တို့ရဲ့ တတိယမြောက် နျူကလီးယား  ဖေါက်ခွဲ စမ်းသပ်မှုကြောင့် ပြုံယမ်းကို ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့ပြီး နောက်မှာ၊ မြောက်ကိုရီးယား တို့က အခုလို ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား တို့ကနေ မစ်ဇိုင်း ဒုံးကျည် စမ်းသပ်မှု တခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အခြေ အနေမျိုး ရှိနေ ရာ၊ တောင်ကိုရီးယား ဘက်မှာတော့ အလွန် တရာ အရေးကြီး တဲ့ ခြိမ်းခြောက်မှု အန္တရာယ်နေ ရှိတဲ့ အခြေအနေ အဖြစ် တပ်လှန့်မှု အဆင့်ကို တိုးမြှင့် လိုက်ပါတယ်။

စီအင်န်အင်န်ကပြောသော မြန်မာပြည်မလာမီ သင်သိထားရန်များ