Pages

Thursday, April 11, 2013

"တရုတ်နှင့် ပျူခေတ် ဆက်စပ်မှု သမိုင်းနောက်ခံ ဇာတ်ကား ယူနန် ရုပ်သံအဖွဲ့ ပုဂံတွင် လာရောက် ရိုက်ကူး"

တရုတ်နိုင်ငံ သမိုင်းနှင့် ဆက်စပ်နေ သော ပျူခေတ် သမိုင်း နောက်ခံ ဇာတ်ကား တစ်ကားကို ယူနန် ရုပ်မြင်သံကြား အဖွဲ့မှ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဧပြီ လ ဆန်းပိုင်းက လာရောက် ရိုက်ကူးလျက်ရှိ ကြောင်း ပြည်တွင်း ခရီးသွား ဧည့်သည်များ ထံမှ သတင်း ရရှိသည်။

”မြန်မာ သရုပ်ဆောင် ရန်ကျော်နဲ့ မေသဉ္ဇာဦး တို့ပါတယ်။ တရုတ်ပြည်က နာမည်ကြီး သရုပ်ဆောင် တွေလည်း ပါတယ်။ ပထမ နေ့က ပုဂံမြို့ဟောင်းထဲမှာ၊ ဒုတိယ နေ့လယ် တော့ နန်းတော်ထဲ မှာ ရိုက်နေတာ တွေ့ခဲ့ရ တယ်”ဟု ပုဂံသို့ ဘုရားဖူး လာရောက် လည် ပတ်သူ တစ်ဦးက ပြောသည်။

သရေခေတ္တရာ ခေတ်တွင် ပျူဂီတ အဖွဲ့နှင့် အနုပညာသည် အဖွဲ့သည် တရုတ်ပြည်ထန် မင်း ဆက် နေပြည်တော် ချန်အန်းသို့ ချစ် ကြည်ရေး သံတမန်ခရီး သွားရောက်ခဲ့ဖူး ကြောင်း၊ ထိုအကြောင်း သမိုင်း မှတ်တမ်း၊ အထောက်အထားများ တရုတ်ပြည် သမိုင်း တွင်ရှိကြောင်း၊ ယခု ဇာတ်လမ်းမှာ အဆိုပါ သမိုင်း အချက် အလက် များအပေါ် အခြေခံ တည်ဆောက်ထားကြောင်း သိရသည်။

”သမိုင်း နောက်ခံကားပေါ့။ ဒါပေမဲ့ အိပ်မက်ဆန်ဆန် ဒဏ္ဍာရီဆန် ဆန်ရောမွှေပြီး ရိုက်သွားမယ်လို့ သိရတယ်” ဟု ရိုက်ကူးရေးတွင် အကူအညီ ပေးနေသော ဒေ သခံ တစ်ဦးက ပြောသည်။ ဇာတ်ကား အမည်မှာ ‘ဒဏ္ဍာရီထဲက တေးကဗျာ’ ဖြစ်ကြောင်း၊ အဆိုပါ ဇာတ်ကားကို တရုတ်ပြည် မှ နာမည် ကြီး သရုပ်ဆောင်၊ ဒါရိုက်တာ Yu Rong Guang မှ ဦးဆောင် ရိုက်ကူးလျက် ရှိကြောင်း၊ ၄င်းသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့မှ ပရဟိတ လုပ်ငန်း သံတမန် တစ်ဦး လည်းဖြစ်ကြောင်း သိရသည်။ တရုတ်ပြည် ရွှေလီတွင်လည်း ရုပ်ရှင် စတူဒီယိုများ တည် ဆောက်ကာ ရိုက်ကူးလျက် ရှိကြောင်း သိရသည်။ အဆိုပါရုပ်သံ ဇာတ်လမ်းကို စီစီတီဗွီ ရုပ်သံလိုင်း မှ ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂံသစ္စာ

Popular Myanmar News, Rangonnewsdaily
RND:11.4.2013

0 comments:

Post a Comment