Pages

Thursday, April 11, 2013

သာသနာ့မြေနှင့် အဆောက်အဦများအတွက် စိစစ်မှု များပြား

 ကြာသပတေးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၃ ခုနှစ်
သာသနာ့မြေနှင့်အဆောက်အဦများပြုလုပ်ခွင့်တောင်းရာတွင်ဌာနအဆင့်ဆင့်စိစစ်ပြီးမှသာ ချထားပေး
ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆိုသည်။ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးများမှ ပြည်ထဲရေး ဝန်ကြီးဌာနအထိ အဆင့်ဆင့် စစ်ဆေးကာ အိုးအိမ် ဦးစီးဌာနနှင့် စည်ပင်သာယာ ကော်မတီတို့မှ မြေယာ စိစစ်ကာ သာသနာရေး ဝန်ကြီးဌာန အထိထောက်ခံချက်များ ကြည့်၍ ဆုံးဖြတ်ပြီးမှ ခွင့်ပြုကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူ တဦးကပြောကြားသည်။
“ကျနော်တို့က အဆင့်ဆင့် စစ်ဆေးပြီး ပြည်စုံရင် သတ်မှတ်တဲ့ နှစ်လအတွင်း ချပေးတယ်။ အချက်အလတ် လိုရင် လိုသလောက် ကြာတယ်။ ကာယကံရှင်အပေါ် မူတည်တယ်” ဟု ဆိုသည်။

ဧပြီလ၁၀ရက်နေ့ကအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သောမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုသွားခြင်း ဖြစ်သည်။

ထို့အပြင် ခွင်ပြုချက် မရဘဲ ဆောက်လုပ်ထားသော သာသနာ့ အဆောက်အဦများလည်း ရှိကြောင်း သိရသည်။

အစ္စလာမ်ဘာသာ ဗလီ ဝတ်ကျောင်းများသည် အကြောင်းအမျိုးမျိုးအရ ပျက်စီးသွားပါက ပြန်လည် တည်ဆောက်ရန် အခက်အခဲများရှိကြောင်း မြန်မာ မူဆလင် ကွန်ယက်က ပြောသည်။

“ဗလီများ တရားမဝင်ဘူးလို့ ပြောနေတဲ့အပေါ်မှာ ပြောချင်တာက လုံးဝလွဲနေတယ်။ အစိုးရကနေ တရားဝင် ချပေးထားတာ ရှိတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းစစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော်တော်များ
များ ဗလီ အသစ်ဆောက်ခွင့် မပေးတော့ဘူး” ဟု ကွန်ယက် သဘာပတိ ဦးမြင့်သိန်း က ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကောက်ယူခဲ့သော စာရင်းအရ ရန်ကုန်တိုင်း အတွင်း အသိအမှတ်ပြုပြီး ဘာသာရေး အဆောက်အဦး ၅၅၀၄ ခုအနက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၄၈၅၃ ခု၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂၇၄ ခု၊ ဟိန္ဒူဘုရားကျောင်း ၁၅၉ ခု၊ အစ္စလာမ်ဗလီ ၁၁၉ ခုနှင့် တရုတ် ဘုံကျောင်း ၉၉ ခုရှိခဲ့ကြောင်း လူမှုကွန်ယက်မှ အချက်အလက်အချို့တွင် တွေရသည်။

ဘာသာရေး ကျောင်းအချို့လည်း လူနေရပ်ကွက်များအတွင်း လူနေအိမ်များနှင့် တွဲလျက် ဆောက်လုပ်ထား သည်ကို ရန်ကုန်မြို့တွင် တွေ့မြင်နေရသည်။

“လူဦးရေ များလာတာနဲ့ အမျှ အစိုးရအနေနဲ့ ပြည်သူတွေ လိုအပ်ချက်ကို စည်းကမ်းတကျ ခွင့်ပြုပေးသင့် တယ်” ဟု ရန်ကုန်မြို့နေ ကိုရှုမောင် က ပြောသည်။

ရန်ကုန် (မဇ္ဈိမ) , Rangonnewsdaily
RND:11.4.2013

0 comments:

Post a Comment