Pages

Thursday, April 11, 2013

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းအတွင်း မီးလောင်မှုဖြစ်ပွား

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အမှတ် ၁၆ ခြေမြန်တပ်ရင်းအတွင်း တွင် ယနေ့နေ့လည် ၁ နာရီဝန်းကျင်က ၆ ခန်းတွဲနေအိမ်လိုင်းခန်းနှစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သော ဝန်ထမ်းလိုင်းခန်းများသည် လူနေထိုင်ခြင်းမရှိသောမြေစိုက် ကပ်မိုးကပ် ကာအဆောက်အဦးများဖြစ်ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင်မီးသတ်ယာဉ်များအချိန်မီလာရောက်ငြိမ်းသတ်ခဲ့ပြီးမီးလောင် မှုဖြစ်ပွားရသည့်အကြောင်းအရင်းအား စစ်ဖက်နယ်ဖက်တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းမုံရွာမှသတင်းထောက်က သတင်းပေးပို့သည်။

7Day News Journal, Rangonnewsdaily
RND:11.4.2013

0 comments:

Post a Comment