Pages

Sunday, June 23, 2013

ကားရထားကို ခဲဖြင့်ပစ်ပေါက်သူများအား ဖမ်းဆီးအရေးယူ

Sunday, June 23, 2013

၂၁-၆-၂၀၁၃ ရက်နေ့ ၂၃၅၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတဘူတာသို့ ဆိုက်ရောက်လာသော အမှတ်(၁၈၄)အစုန်ကြံခင်းဟင်္သာတRBE-2550ကားရထားသည်စက်ခေါင်းရုံသို့ဝင်ရန်တွဲဆိုင်းလမ်းကြောင်း

ရှန်တိန်ပြုလုပ်စဉ် ဟင်္သာတဘူတာနှင့် ဘုရားကုန်း ဘူတာကြား၊ မိုင်တိုင်အမှတ်(၁၀၉/၉-၁၀)ကြားတွင် ရ
ထားသံလမ်းကူးအား ဂိတ်စောင့်ဦးကျော်စိုးမှ ဂိတ်တံခါးပိတ်ထားခဲ့သည်။

ကမ္ဘာနဲ့လ အနီးကပ်ဆုံး တွေ့မြင်ရတဲ့ (Supermoon) စူပါမွန်းဖြစ်စဉ် ဇွန်လ ၂၃ ယနေ့ညတွင်တွေ့မြင်ရမည်

Photo: (Supermoon) စူပါမွန်း - တစ်နှစ်တာအတွင်း ကမ္ဘာနဲ့လ အနီးကပ်ဆုံး တွေ့မြင်ရတဲ့ဖြစ်စဉ်ကို အာရှနိုင်ငံတွေမှာ ဇွန်လ ၂၃ ရက်နေ့ညမှာ ကြုံရမှာ ဖြစ်ပါတယ်။ ကြိုတင်တွက်ချက်မှုတွေအရ စူပါမွန်းဖြစ်ချိန်မှာ ပုံမှန်ထက် ၁၄% ပိုကြီးမားပြီး ၃၀% ပိုလင်းဖွယ်ရှိမယ်လို့ ဆိုကြပြီး တချို့နိုင်ငံတွေမှာတော့ ဇွန် ၂၄ မနက်အစောပိုင်း ၅-၇နာရီကြား မိုးကုတ်စက်ဝိုင်းနဲ့ အနီးဆုံး ရောက်ချိန်မှာ ပီပီပြင်ပြင်မြင်နိုင်လိမ့်မယ်လို့လည်း ခန့်မှန်းကြပါတယ်။

ဓါတ်ပုံ - အမေရိကန်ပြည်ထောင်စု၊ နယူးဂျာဆီပြည်နယ် မက်ဟန်တန် ရပ်ကွက်မှာ ဇွန်လ ၂၂ရက်ညက စူပါမွန်းကို စောင့်မျှော်ကြည့်ရှုနေကြသူများ (REUTERS/Gary Hershorn)

DVB TV News
ဓါတ်ပုံ - အမေရိကန်ပြည်ထောင်စု၊ နယူးဂျာဆီပြည်နယ် မက်ဟန်တန် ရပ်ကွက်မှာ ဇွန်လ ၂၂ရက်ညက စူ
ပါမွန်းကို စောင့်မျှော်ကြည့်ရှုနေကြသူများ (REUTERS/Gary Hershorn)
(Supermoon) စူပါမွန်း - တစ်နှစ်တာအတွင်း ကမ္ဘာနဲ့လ အနီးကပ်ဆုံး တွေ့မြင်ရတဲ့ဖြစ်စဉ်ကို အာရှနိုင်ငံတွေ
မှာ ဇွန်လ ၂၃ ရက်နေ့ညမှာ ကြုံရမှာ ဖြစ်ပါတယ်။

ဟန်ဆောင်ကောင်းတဲ့မြို့

Photo: ကားတွေနဲ့လူတွေ... လူတွေနဲ့ကားတွေ အချင်းများတဲ့စစ်ပွဲကို ရန်ကုန်မှာ နေ့ည ဆင်နွှဲနေကြရတယ်။ ကားတွေကကျပ်တယ်၊ လူတွေကဖြတ်တယ်။ ရပ်ချင်သလို ရပ်တယ်။ ဟွန်းမတီးရဆိုတဲ့ ဇုန်မှာ ဟွန်းသံတွေ ညံနေ တယ်။ အော်ကြတယ်။ ဆဲကြတယ်။ "ကား မောင်းစားလာတာ ဆယ်နှစ်ကျော်ပြီ။ ဒီတစ်နှစ် ၂ နှစ် စိတ်အကုန်ဆုံးပဲ။ အချိန်တိုနဲ့ လိုရာကို မရောက်တော့ဘူး။ အရေးကြီးရင် လမ်းဆင်း လျှောက်တာကမှ အဆင်ပြေလိမ့်မယ်။ လမ်းတွေပိတ်တာကို မဖြေရှင်းနိုင်ဘဲ ကားတွေက လမ်းတွေပေါ် ပြုံပြီးရောက်လာတော့ ပိုဆိုးကုန်တာပေါ့" လို့ တက္ကစီမောင်းသမား တစ်ယောက်က ညည်းတယ်။

Sunday, June 23, 2013

ရန်ကုန် မြို့ပြလူနေမှုဘဝမှာ ကားဆိုတာမရှိမဖြစ် အရေးပါတဲ့နေရာကို ရောက်လာတယ်။ ဒါကြောင့် ထင်ပါ
တယ် စေတနာထားလိုက်တဲ့ အစိုးရက ဒီမြို့နဲ့ဒီလမ်းမှာ ကားစီးရေတွေ အောတိုက်နေအောင် ရောက်လာဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးလိုက်တယ်။

ကိုယ်အလေးချိန် လျှော့ချနိုင်မည့် ချောကလက် အသစ်တစ်မျိုးအား ဗြိတိန်နိုင်ငံသား တစ်ဦး ထုတ်လုပ်

Photo: ကိုယ်အလေးချိန် လျှော့ချနိုင်မည့် ချောကလက် အသစ်တစ်မျိုးအား ဗြိတိန်နိုင်ငံသား တစ်ဦး ထုတ်လုပ် 
Sunday, June 23, 2013

ချောကလက် စားခြင်းသည် များသောအားဖြင့် ကိုယ်အလေးချိန်ကို တက်လာ စေနိုင် သော်လည်း ကိုယ်အလေးချိန် လျှော့ချနိုင်သည့်

ချောကလက် တစ်မျိုးကို ဗြိတိန်နိုင်ငံမှ သင်္ချာ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်ဦးဖြစ်သည့် အန်းနက်ရှ် ပိုပက်တ်တီ ဆိုသူက တီထွင် ထုတ်လုပ်ခဲ့သည်။

ပိုပက်တ်က ချောကလက် ပြုလုပ်ရာတွင် အသုံးပြုလေ့ ရှိသည့် ထောပတ်နှင့် ခရင်မ်ကို အသုံးမပြုဘဲ သူ့နည်း သူ့ဟန်ဖြင့် အဆီကျနိုင်သည့် ချောကလက်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

ချောကလက် အများစုတွင် ကယ်လိုရီ ၂၄ဝ အထိ ပါဝင်သော်လည်း ပိုပက်တ်၏ ချောကလက်တွင်မူ ကယ်လိုရီ ၂ဝ ခန့်သာ ပါဝင်ကြောင်း Daily Express က ဖော်ပြခဲ့သည်။ ချောကလက် ပြုလုပ် ရခြင်းကို စိတ်ဝင်စားပြီး ချောကလက်တွင် ပါဝင်မည့် ပစ္စည်းများကို   အနုစိတ် ဖန်တီး၍ သင်္ချာနည်းနှင့် သိပ္ပံနည်းလမ်း တကျ ဖန်တီးရသည်ကို နှစ်ခြိုက်ကြောင်း  ၄င်းက ဆိုသည်။

ထို့ပြင် မျက်မှောက်ခေတ်၌ လူအများစုသည် ကိုယ်ခန္ဓာ အလေးချိန်ကို ခက်ခဲစွာ ထိန်းသိမ်း နေရကြောင်း၊ ၄င်းတို့ ကြိုက်နှစ်သက်သည့် ချောကလက် စားသုံးခြင်းကို စွန့်လွှတ်ရခြင်းမှ ကင်းဝေး စေနိုင်ရန် ရည်ရွယ် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ မိမိ၏ ချောကလက်တွင် ကယ်လိုရီ ပါဝင်မှုနှုန်း လျော့နည်းခြင်းနှင့် ရေပါဝင်မှု များခြင်းသည် လူသားတို့ အတွက် ကောင်းကျိုးကို ဖြစ်ထွန်း စေနိုင်မည်ဟု မျှော်လင့်ကြောင်း ပိုပက်တ်က ဆိုသည်။

ပိုပက်တ်သည် ၄င်းတီထွင်ခဲ့သည့် ကိုယ်အလေးချိန်  လျှော့ချနိုင်သည့် ချောကလက်ကို   လန်ဒန်မြို့ရှိ စိန့်ထ်ပန်ခရက်စ် ဘူတာရုံရှိ ဆိုင်တစ်ဆိုင်တွင် စတင် ရောင်းချခဲ့ပြီး   တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင် များတွင်  မိတ်ဆက် ရောင်းချနိုင်ရန် စီစဉ်လျက် ရှိသည်။

မြ၀တီ


Sunday, June 23, 2013

ချောကလက် စားခြင်းသည် များသောအားဖြင့် ကိုယ်အလေးချိန်ကို တက်လာ စေနိုင် သော်လည်း ကိုယ်အ
လေးချိန် လျှော့ချနိုင်သည့် ချောကလက် တစ်မျိုးကို ဗြိတိန်နိုင်ငံမှ သင်္ချာ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်
ဦးဖြစ်သည့် အန်းနက်ရှ် ပိုပက်တ်တီ ဆိုသူက တီထွင် ထုတ်လုပ်ခဲ့သည်။

မရမ်းကုန်း ကမ္ဘာအေးဗီလာဝင်းတွင် မီးလောင်

Photo: မရမ်းကုန်း ကမ္ဘာအေးဗီလာဝင်းတွင် မီးလောင်
Sunday, June 23, 2013

မရမ်းကုန်းမြို့နယ်၊(၅)ရပ်ကွက်၊ ကမ္ဘာအေးဗီလာဝင်း တိုက်အမှတ် D ၊
(၃)လွှာ ရှိ ထိုင်းနိုင်ငံသားများ နှင့်မလေးရှားနိုင်ငံသားတို့နေထိုင်သည့် အခန်းတွင်ယနေ့နေလည်က
AIRCON SAFEGUARD အပူချိန်လွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးခိုးများအူထွက်လာသည်။

့် မီးသတ်ယာဉ် (၁၅) စီး၊အုပ်ချုပ်မှုယာဉ် (၄)စီး၊ အထောက်အကူပြုယာဉ်(၃)စီး
တို့ဖြင့်ငြိမ်းသတ်ခဲ့ရာ မီးငြိမ်း သွားခဲ့ပြီး
မီးလောင်မှုကြောင့် တန်ဘိုး(၅)သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ သဖြင့်တိုက်ခန်းငှားရမ်းနေထိုင်သူ တိုက်ခန်းတာဝန်ခံ
ထိုင်းနိုင်ငံသား Mr.-----၊(၄၁)နှစ်၊
ပတ်စပို့အမှတ်AA-1498829ကုမ္ပဏီဝန်ထမ်း
အပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ) ၂၇၃/၂၀၁၃ ၊ပုဒ်မ-၂၈၅
့ဖြင့်အမှုဖွင့် အရေးယူထားသည်။

အခင်းဖြစ်မီးလောင်ရာတွင်မီးငြိမ်းသတ်စဉ်
မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ တပ်ကြပ်ထွန်းထွန်းမှာ
မီးခိုးမွှန်၍သတိလစ်သွားသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့
တင်ပို့ကုသလျက်ရှိကြောင်း Yangon Policeမှသိရသည်။

Popular Myanmar News Journal

Sunday, June 23, 2013

မရမ်းကုန်းမြို့နယ်၊(၅)ရပ်ကွက်၊ ကမ္ဘာအေးဗီလာဝင်း တိုက်အမှတ် D ၊ (၃)လွှာ ရှိ ထိုင်းနိုင်ငံသားများ နှင့်မ
လေးရှားနိုင်ငံသားတို့နေထိုင်သည့် အခန်းတွင်ယနေ့နေလည်က AIRCON SAFEGUARD အပူချိန်လွန်
ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးခိုးများအူထွက်လာသည်။

ဖြူးဆေးရုံတွင် လူနာရှင်၏အဘွားကို ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်

Sunday, June 23, 2013

တောင်ငူခရိုင် ဖြူးမြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် သွေးအားနည်းရောဂါဖြင့် တက်ရောက် ကုသခဲ့သော ခုနစ်နှစ်အရွယ် လူနာဖြစ်သူ၏ အဘွားကို ဖြူးမြို့နယ် ဆေးရုံ အုပ်ကြီး ဒေါတ်တာဇော်လွင်က ဝတ္တရား နှောင့်ယှက်မှုဖြင့် ဖြူးမြို့နယ်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ကျိုက္ကဆံသုသာန်ဗလီရှေ့တွင် အမျိုးသားတစ်ဦး သွေးအန်သေဆုံး

ရန်ကုန်၊ ဇွန် ၂၂

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ သုသာန်ရှိ စွန်နီဂျာမေဗလီ ကျောင်းရှေ့တွင်
ဇွန်လ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ် ခန့်က လူတစ်ယောက် သွေးအန်သေဆုံး ခဲ့သည်ဟု အဆိုပါ ဆ/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောကြားသည်။သေဆုံးသူသည် သင်္ဃန်းကျွန်း မြို့နယ်၊ ဆ/က ရပ်ကွက်၊ ရတနာဒီပလမ်း၊ အမှတ်-၉၅/၁၁၄ နေ ဦးသံချောင်း (ခ) အန်ကာစူ ၄၇ နှစ်ဖြစ်ပြီး ၄င်းမိသားစု၏ ပြောပြချက်အရ သေဆုံးသူတွင် တီဘီ ရောဂါနှင့် ဆီးချိုရောဂါရှိကြောင်း သိရသည်။

တရုတ်ငွေဈေးမြင့်တက်လာမှုကြောင့် ကုန်သည်များအခက်တွေ့

23.6.2013

တရုတ်ယွမ်ငွေ ဈေးမြင့်တက်လာမှုကြောင့် မူဆယ်မြို့အတွင်းရှိ အခြေခံ မြန်မာကုန်သည်များနှင့် ဈေးရောင်း/ဈေးဝယ်များ အခက်တွေ့နေရကြောင်း
သိရသည်။ “သင်္ကြန်ပြီး ကတည်းက ငွေဈေးတက်တာ အခုထိပြန်မကြသေးဘူး။ တက်တော့လည်း တအိအိနဲ့ တက်လာတာဆိုတော့ ကုန်သည်တွေ ခက်ပြီပေါ့။

ဒလမြို့နယ်မှာ တောင်ကိုရီးယားက အထူးစီးပွားရေးဇုံလုပ်ချင်ဟု ဆို

ဒလမြို့နယ်မှာ တောင်ကိုရီးယားက အထူးစီးပွားရေးဇုံလုပ်ချင်ဟု ဆို
Sunday, June 23, 2013

တောင်ကိုရီးယားနိုင်ငံက ရန်ကုန် တဖက်ကမ်း ဒလမြို့နယ်မှာ စက်မှုဇုံတည်ဆောက်ဖို့ စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြန်မာကို တောင်ကိုရီးယားက အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကို ချေးပေးမယ်လို့ ၂ နိုင်ငံ သဘောတူပြီးလည်းဖြစ်ပါတယ်။

ဒလဘက်မှာ စက်မှုဇုံကြီးတခု တည်ဆောက်ဖို့အတွက် အခြေခံကောင်းတွေဖြစ်တဲ့ အလုပ်သမား ပေါတာ၊
ရေလမ်းလည်း အဆင်ပြေတာ၊ မြေနေရာလည်း ကျယ်ဝန်းတာတွေ ပါဝင်တယ်လို့ ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာမှာတော့ ထိုင်းနိုင်ငံ ချင်းရိုင်တိုင်းမ် သတင်းစာကို ကိုးကားပြီး သတင်းတပုဒ် ဖော်ပြ ထားပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးပါ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာ-တောင်ကိုရီးယား ၂ နိုင်ငံခေါင်းဆောင်တွေကတော့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ညှိနှိုင်းနေတာတွေ ရှိပါတယ်။


ဂျပန်ကလည်း သီလ၀ါအထူးစီးပွားရေး ဇုန်ကို လုပ်မှာမို့ ပြိုင်ဖက် တောင်ကိုရီးယားက ဒလ ကို ရွေးချယ် တယ်လို့လည်းဆိုပါတယ်။

ဒီသတင်းဟာ ဒလက မြေဈေးတွေလည်း တက်လာနိုင်ဖွယ်ရှိပြီး တကယ်တမ်း တောင်ကိုရီးယားက အထူး စီးပွားရေး ဇုံ တည်ဆောက်မယ်ဆိုရင်တော့ ရန်ကုန်ရဲ့ အနီးဆုံးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ကျကျန် နေ တဲ့ ဒလ ဟာ အလားအလာကောင်းတွေ ဖြစ်လာပြီး ဖွံ့ဖြိုးမှုတွေ ရှိလာနိုင်ပါတယ်။

The Irrawaddy's Blog

Sunday, June 23, 2013

တောင်ကိုရီးယားနိုင်ငံက ရန်ကုန် တဖက်ကမ်း ဒလမြို့နယ်မှာ စက်မှုဇုံတည်ဆောက်ဖို့ စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်။

MPT မှ မိုဘိုင်းဖုန်းလိုင်းတိုးချဲ့ရေးပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက Huawei ကုမ္ပဏီကိုရွေးချယ်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ကနေ မိုဘိုင်းဖုန်းလိုင်း တိုးချဲ့ဖို့ရေး ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ် နိုင်ငံက ဝှာဝေး ကုမ္ပဏီ ကို ရွေးချယ် လိုက်ပြီ ဖြစ်ပါတယ်။

ဘာကြောင့် တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုးစွန်းထက် ပိုအေးသလဲ

ဘာကြောင့် တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုးစွန်းထက် ပိုအေးသလဲ
Sunday, June 23, 2013

တောင်ဝင်ရိုးစွန်းက ပင်လယ်ပြင်ထက်မှာပေါ်ထွက်နေတဲ့ ကမ္ဘာအကြီးဆုံး ကုန်းပြင်မြင့်ဖြစ်တယ်။ ပင်လယ်ရေမျက်နှာပြင် ပျှမ်းမျှအမြင့်၂၃၅ဝမီတာမှာ
ရှိပြီး နေရာ၅၅%ခန့်က ပင်လယ်ရေမျက်နှာပြင် ၂ဝဝဝမီတာအမြင့်မှာ
ရှိတယ်။

အမြင့်ဆုံးတောင်ဖြစ်တဲ့ Vinson Massif က ပင်လယ်ရေမျက်နှာပြင်
၅၁၄ဝမီတာမှာရှိတယ်။ ကုန်းပြင်မြင့်လေ ရာသီဥတုအပူချိန်နိမ့်လေဖြစ်တယ်။

မြောက်ဝင်းရိုးစွန်းဒေသက များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်ဖြစ်ပြီး ကုန်းမြေနည်းပါးတယ်။ ပင်လယ်ရေမျက်နှာပြင်လည်း နိမ့်ပြီး ဆောင်းရာသီ
မှာ တိမ်ထူထပ်တယ်။ တိမ်များရင် နွေးထွေးတဲ့အပူဓာတ်ကို ဖြစ်စေတယ်။

တောင်ဝင်ရိုးစွန်းမှာ အနွေးဆုံးအချိန်အခါက ဇန်နဝါရီလဖြစ်ပြီး ပျမ်းမျှ
အပူချိန် _ ၃၂.၆ံCမှာရှိတယ်။ အအေးဆုံးအချိန်က ဂျုလိုင်လဖြစ်ပြီး ပျှမ်းမျှအပူချိန် _၆၈.၃ံC မှာ ရှိတယ်။

မြောက်ဝင်းရိုးစွန်းမှာ အနွေးဆုံးအချိန်က ဂျုလိုင်လဖြစ်ပြီး ပျမ်းမျှအပူချိန် _ ၁ံCမှာရှိတယ်။ အအေးဆုံးအချိန်က ဖေဖော်ဝါရီလဖြစ်ပြီး ပျှမ်းမျှအပူချိန် _၃၆ံC ခန့်မှာရှိတယ်။

Nine Nine Sanay @ နိုင်းနိုင်းစနေ

Sunday, June 23, 2013

တောင်ဝင်ရိုးစွန်းက ပင်လယ်ပြင်ထက်မှာပေါ်ထွက်နေတဲ့ကမ္ဘာအကြီးဆုံးကုန်းပြင်မြင့်ဖြစ်တယ်။ပင်လယ်ရေ
မျက်နှာပြင် ပျှမ်းမျှအမြင့်၂၃၅ဝမီတာမှာရှိပြီး နေရာ၅၅%ခန့်က ပင်လယ်ရေမျက်နှာပြင် ၂ဝဝဝမီတာအမြင့်
မှာရှိတယ်။

မြန်မာ့ iPad နှင့် ကမ္ဘာ့ iPad ၏ ကွားခြားချက်များ

မြန်မာ့ iPad နှင့် ကမ္ဘာ့ iPad ၏ ကွားခြားချက်များ
Sunday, June 23, 2013

မြန်မာ့ iPad ကို သတ္တုတွင်း ဝန်ကြီးဌာနမှ ထုပ်လုပ်ပြီး မူလတန်း
ကျောင်းသားများအား ၂၀၁၁ ခုနစ်ကတည်းက အခမဲ့ တစ်နိုင်ငံလုံး
ဖြန့်ချီခဲ့သည်။

မြန်မာ့ iPad ၏ ဘတ္တရီစနစ်မှာ သဘာဝစွမ်းအင်များကို မိမိအလိုအလျှောက်
ထုပ်ယူသုံးစွဲထားသဖြင့်၊ ဘတ္ထရီအား တစ်သက်တာ အာမခံ၏။

အသုံးပြုပုံမှာ ကျောက်တန်ဟု ခေါ်သော၊ အချောင်းကလေးဖြင့်၊ တော့ထိ သုံးစွဲနိုင်သဖြင့်၊ လူ့ခန္ဓာကိုယ်အတွက် မလိုအပ်သော၊ လျပ်စစ်ဓာတ်အား
ပြန့်နှံ့ စိမ့်ဝင်ခြင်းမှ ကာကွယ်နိုင်၏။ရေစိုခံခြင်း၊ ဘတ္ထရီစနစ် တစ်သက်တာ
အာမခံခြင်း၊ လျပ်စစ်ဓာတ်အား စိမ့်ဝင်မူမရှိခြင်းများကြောင့်၊ ရှေးနန်းတွင်းသူ နန်းတွင်းသားများ လက်ထက်မှသည် ယနေ့ မျက်မှောက် ကမ္ဘာ မြန်မာ့
ပညာရေး လောကထိ၊ ဆက်လက် အသုံးပြုလျှက်ရှိကြောင်းလည်း သိရ၏။

၎င်း မြန်မာ့ iPad သည်၊ ကျောင်းသူ/သားများ၏ ပညာရေးတွင်မကပဲ၊
မြန်မာ့ဗေဒင်ဆရာကြီးများကလည်း အထူးနစ်သက်ကြောင်း လေ့လာ
သိရှိရ၏။

Htut Ko Ko

အေးချမ်းမွန် Copy & Credit To >Myanmar International News< Thank

Sunday, June 23, 2013

မြန်မာ့ iPad ကို သတ္တုတွင်း ဝန်ကြီးဌာနမှ ထုပ်လုပ်ပြီး မူလတန်းကျောင်းသားများအား ၂၀၁၁ ခုနစ်ကတည်း
က အခမဲ့ တစ်နိုင်ငံလုံးဖြန့်ချီခဲ့သည်။

၇ ဇူလိုင် အထိမ်းအမှတ် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၂၂

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှု (၅၁) နှစ်ပြည့် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (မန္တလေး) က ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဗကသ ဗဟိုလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေက The Voice သို့ပြောကြားသည်။

အိန္ဒိယရေကြီးမှု ၆၀၀ နီးပါးသေဆုံး

Sunday, June 23, 2013

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာမုတ်သုန်မိုးသည်းထန်စွာရွာပြီး ရေကြီးမှုကြောင့်လူ၆၀၀နီးပါးသေဆုံးပြီး ပျောက်ဆုံး

နေသူ သောင်တင်နေသူ ထောင်ပေါင်းများစွာ ရှိတယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။ လာမယ့်ရက်တွေ
မှာလည်း မိုးအကြီးအကျယ် ဆက်ရွာဖို့ရှိတယ်လို့ ဒီကနေ့ စနေနေ့မှာ တာဝန်ရှိသူတွေ က ပြောပါတယ်။

ကျပ် ၁၅၀၀ တန်ဖုန်းများဖြင့် အာဆီယံ နိုင်ငံများသို့ ဖုန်းခေါ်ဆို၍ မရနိုင်

Sunday, June 23, 2013

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်ရောင်းချသည့် ကျပ် ၁၅၀၀ တန် ဆင်းကတ်များဖြင့် အာဆီ

ယံနိုင်ငံများသို့ တစ်မိနစ်လျှင် ကျပ် ၅၀ ဖြင့် မိုဘိုင်းဖုန်း ခေါ်ဆို၍ ရသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမ
ရှိကြောင်း ခေါ်ဆို၍လည်းမရနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဆက်သွယ်ရေးသင်တန်းကျောင်း
အုပ် ဦးကျော်စိုးက ဆိုသည်။

မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်းလေကြောင်းလိုင်းအဖွဲ့ အကြိုပြေးဆွဲမှု လုပ်ငန်းများ လာရောက်ဆောင်ရွက်

Photo: မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်းလေကြောင်းလိုင်းအဖွဲ့ အကြိုပြေးဆွဲမှု လုပ်ငန်းများ လာရောက်ဆောင်ရွက်
Sunday, June 23, 2013

စက်တင်ဘာ ၁ ရက်တွင် မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်း NOK AIR MINI လေကြောင်းလိုင်းမှ အကြီးအကဲ မစ္စတာဆင့် ဦးဆောင်သော အဖွဲ့သည် ဇွန် ၂၀ ရက်က မော်လမြိုင်သို့ ရောက်ရှိကာ ပျံသန်းပြေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မွန်ကုန်သည် စက်မှုအသင်း အမှုဆောင်များနှင့် တွေ့ဆုံကာ ဒေသခံများအတွက် လိုအပ်မည့် ၀န်ဆောင်မှု ကိစ္စရပ်များ ညှိနှိုင်းကာ ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ဘားအံလေဆိပ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

"မော်လမြိုင်-မဲဆောက် လေကြောင်းခရီးစဉ်တွက် ထိုင်းမှာလက်မှတ်တွေတောင် ကြိုရောင်းနေပါတယ်။ ဒေါ်လာ (၆၀) လို့ သိရတယ်။ သူတို့လာတာက မော်လမြိုင်မှာ အခြေစိုက်ရုံးအတွက် နေရာလာရွေးတယ်။ မြို့ခံဘဏ်တွေနဲ့ တွေ့တယ်။ မော်လမြိုင် လေဆိပ်လုံခြုံရေး၊ ပြေးလမ်း၊ အချက်ပြမီး၊ လက်မှတ်ကောင်တာတွေ ကြည့်သွားပါတယ်။ ကျွန်တော်တို့ အဖွဲ့နဲ့ ညကတွေ့တော့ လက်မှတ်လွယ်လွယ် ၀ယ်နိုင်အောင် စီစဉ်ထားပုံ၊ ထိုင်းဘက်မှာ မဲဆောက်ရောက်ပြီး လေယာဉ်၊ ကားနဲ့ချိတ်ဆက် လည်ပတ်ဖို့ ခရီးစဉ် စီစဉ်ထားတာတွေ ချပြပါတယ်" ဟု ဦးလှရှိန် (ဥက္ကဌ-မွန်ကုန်သည်စက်မှု) က ပြောကြားသည်။

မော်လမြိုင်-မြ၀တီ ကားလမ်းသည် မိုးတွင်းကာလ ကြမ်းတမ်းပြီး အန္တရာယ်များကာ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရမှုကြောင့် ဒေသခံ ကုန်သည်များ အနေဖြင့် အချိန်ကုန်သက်သာပြီး သွားလာမှု လွယ်ကူသည့် လေကြောင်းဖြင့် ကုန်ပစ္စည်း သယ်ယူမှုကို စိတ်ဝင်စားလျက်ရှိကြောင်း၊ ဆိုက်ရောက်ဗီဇာ ကိစ္စများကို တတ်နိုင်သရွေ့ ဖြေလျှော့ပေးရေးအတွက် တင်ပြဆွေးနွေးကြသည်ဟု သိရသည်။

EMG

NOK AIR MINI လေကြောင်းလိုင်းမှ လေယာဉ် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်လာစဉ်
NOK AIR MINI လေကြောင်းလိုင်းမှ လေယာဉ် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်လာစဉ်
Sunday, June 23, 2013

စက်တင်ဘာ၁ရက်တွင် မော်လမြိုင်-မဲဆောက် တိုက်ရိုက်ပြေးဆွဲမည့် ထိုင်း NOK AIR MINI လေကြောင်း
လိုင်းမှ အကြီးအကဲ မစ္စတာဆင့် ဦးဆောင်သော အဖွဲ့သည် ဇွန် ၂၀ ရက်က မော်လမြိုင်သို့ ရောက်ရှိကာ ပျံ
သန်းပြေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မွန်ကုန်သည် စက်မှုအသင်း အမှု
ဆောင်များနှင့် တွေ့ဆုံကာ ဒေသခံများအတွက် လိုအပ်မည့် ၀န်ဆောင်မှု ကိစ္စရပ်များ ညှိနှိုင်းကာ ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ဘားအံလေဆိပ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ရေစကြို ရှစ်အိမ်တန်းရွာတွင် ကမ်းပါးပြိုမှုကြောင့် နှစ်ရက်အတွင်း နေအိမ် ၁၁ လုံး ရွှေ့ပြောင်းခဲ့ရ