Pages
Sunday, June 23, 2013
အစ္စလာမ်ဘာသာဝင်တစ်ဦးနှင့် တစ်ဦး ၃ရက်ထက်ပို မခေါ်မပြောပဲနေခြင်းသည် တရားတော်အရဟရာမ်ဖြစ်
မွစ်လင်မ်လူထုကြားအလွှာအသီးသီးအသက်ရွယ်အစုံစုံ နေရာဒေသအဖုံဖုံတို့ မှာအကြောင်းအမျိုးမျိုးကြောင့်
ဖြစ်နေတဲ့ ရှရီအသ်တရားတော်ကပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ မွစ်လင်မ်တဦးနှင့်တဦး မခေါ်မပြောပဲ
တယောက်တယောက်စွန့် ထားကြတာကိုဖြစ်ရိုးဖြစ်စဉ်တခုကဲ့သို့  အလွယ်တကူ ပေါ်ပေါက်နေတာကိုအမြဲ
လိုလို မြင်နေကြားနေရပါတယ် ။ သိပ်ဝမ်းနည်းစရာကောင်းပါတယ် .. .. ပတ်ဝန်းကျင်တခု လူ့ အသိုက်အဝန်းတခုရဲ့သာယာလှပမှု ရှင်သန်စို
ပြေ မှုဆိုတာ အဲ့ဒီအသိုက်အဝန်းရဲ့စည်းလုံးမှု အပြန်အလှန်ရိုင်းပင်းကူညီမှု စတာတွေအပေါ်မူတည်နေ
တယ်ဆိုတာ သိထားသင့်တယ် ။
.
မိမိတဦးတည်းကောင်းစားခြင်းဟာမိမိအသိုက်အဝန်းကောင်းစားခြင်းမဟုတ်သေးဘူးဆိုတာ ခေါင်းထဲထည့်
ထားရမှာဖြစ်တယ် ။ တကယ်တမ်းဆိုရင်မိမိညီကိုမောင်နှမတွေရဲ့အရေးကိုပထမအဆင့်မှာထားပြီးမိမိကိုယ်
ရေးကိုယ်တာကို ဒုတိထအဆင့်မှာထားသင့်တာ ။ အချင်းချင်းတွေရဲ့ကြား လဲနေသူထူပေးရမယ် အားငယ်
သူအားပေးရမယ် .. 
တယောက်ရဲ့အောင်မြင်ပျော်ရွှင်မှုဟာ အားလုံးအတွက်ဝမ်းသာစရာ ၊ တယောက်ရဲ့ဆုံးရှူံးဝမ်းနည်းမှုဟ
အားလုံးအတွက်ထိခိုက်ကြေကွဲစရာ အဖြစ်မွစ်လင်မ်တွေအားလုံးဟာတဝမ်းတည်းဖွားညီကိုမောင်နှမတွေ
လိုသဘောထားရမှာပါ ။ ခုဒီပို့ စ်မှာ ခုလိုပျော်ရွှင်စရာကောင်းတဲ့အသိုက်အမြုံမျိုးကို ဖျက်စီးတတ်တဲ့အကြီး
မားဆုံးအကြောင်းတရားဖြစ်တဲ့ မွစ်လင်မ်တဦးနဲ့ တဦးအဆက်အသွယ်ဖြတ်တဲ့ကိစ္စကိုပြောမှာပါ ။
.
ရှရီအသ်တရားတော်အရမွစ်လင်မ်တဦးဟာမွစ်လင်မ်တဦးကို သုံးရက် ထက်ပိုပြီးမခေါ်မပြောပဲနေပိုင်ခွှင့်မရှိ
ပါဘူး ။ ဟရာမ်ဖြစ်ပါတယ် ။ ဟဒီးတော်တွေအရအဲ့လိုအဆက်အသွယ်ဖြတ် သူရဲ့ကောင်းမှုကုသိုလ်တွေဟာ
လည်းအလ္လာဟ့်ထံတော်ဝယ်စာရင်းသွင်းခြင်းခံရမှာမဟုတ်ဘူး ။ 
အဲ့လိုလူဟာအလ္လာဟ့်ထံတော်၌ဒိုအာကဘူလ်(လက်ခံခြင်း)ခံရသူတွေစာရင်းမှနှုတ်ပယ်ခြင်းလည်း ခံကြရ
မှာဖြစ်တယ် ။ သူနေ့ စဉ်နဲ့ အမျှတောင်းနေတဲ့ဒိုအာတွေ ၊ မေ့အ်ရားဂ်ျ ညမြတ် ၊ ကဒရ်ညမြတ်.. စသည့် အ
စ္စလာမ့်ရဲ့ညထူးညမြတ်တွေမှာ လည်းသူရဲ့ဒိုအာဟာ သူ့ ရဲ့အမလ်(ကျင့်စဉ်)တွေဟာမည်သို့ မျှအရာရောက်
မှာမဟုတ်ပါဘူး ။
.
ဒီလုပ်ရပ်ဟရာမ်ဖြစ်တာနဲ့ ပတ်သတ်လို့ ဟဒီးဆ်တော်တွေလာရှိပါတယ် ။အေမာမ်ဗိုခါရီကဆင့်ပြန်ခဲ့တယ်
 ….. တမန်တော်ကအမိန့် ရှိခဲ့တယ် .. " မွစ်လင်မ်တယောက်သည်သူ့ နောင်တော် မွစ်လင်မ်တယောက်ကို 
သုံးရက်ထက်ပို၇်ျ (မခေါ်မပြောပဲ)စွန့် ပယ်ထားခွှင့်မရှိ ။ 
သူတို့ နှစ်ဦးဟာ ဆုံတွေ့ တဲ့အခါတယောက်နဲ့ တယောက်တိမ်းလှည့်သွားကြသည် ။ သူတို့ နှစ်ဦးအနက်အ
ကောင်းဆုံးသူက အလျှင်ဦးစွာ စလာမ်စပေးသူသာလျှင်ဖြစ်သည် …. ။ (ဗိုခါရီ ကျမ်း ဟဒီးဆ်နံပါတ် 5727
 - မွစ်လင်မ်ကျမ်း ဟဒီးဆ်နံပါတ် 2560 ) ဒါကသာမန်မွစ်လင်မ်နှစ်ဦးရဲ့ကြားမှာရှရီအသ်ရဲ့သတ်မှတ်ချက်ပါ ။
အကယ်၇်ျ အဲ့ဒီနှစ်ဦးဟာ ဆွေမျိုးတော် စပ်နေမယ် ဥပမာ- မိဘနဲ့ သားသမီး ၊ညီကိုမောင်နှမချင်း ၊ အကြင်
လင်မယားခြင်း ၊ ဦးလေးအဒေါ် ၊တူတူမ .. စသည်ဖြင့် ဆွေမျိုးသင်္ဂဟ တွေရဲ့ကြားမှာဆိုရင်တော့ ထိုကဲ့သို 
အရှင်မြတ်အနေနဲ့ များစွာသောကောင်းခြင်းတွေချီးမြင့်မှာမလွဲဧကန်ပါ ။
.
ဟုတ်ပါပြီ ။ ဒါဆိုမခေါ်မပြောပဲနေလို့ ရတဲ့အခြေနေလုံးဝမရှိတော့ဘူးလား မေးလာရင်တော့။ ရှိပါတယ်။အဲ့ဒီ
အခြေနေက ဘာလဲဆိုတော့ အကယ်၇်ျ မွစ်လင်မ်တယောက်ဟာ သာသနာကိစ္စတွေမှာ အသစ်တီထွင်မှု
(ဗိဒ်အသ်)တွေ ၊ တရားတော်အရမပြုပိုင်တဲ့ကိစ္စမျိုးတွေကို သိလျက်နဲ့ ပြောင်တင်းတင်း လုပ်နေမယ်ဆိုရင်..
သူ့ ကို ခေါ်ခေါ်ပြောပြော နေနေခြင်းကသူ့ ရဲ့ထိုကဲ့သို့ လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုရာ ပိုမိုဝင့်ထွား
စေရာ ရောက်မယ် ဆိုရင်တော့အဲ့လို ညီကိုမွစ်လင်မ်မျိုးကို သူအမြင်မှန်ရစေရန်ရည်ရွယ်ချက်နဲ့ ၊ သူ့ အနေ
နဲ့ ငါရဲ့လုပ်ရပ်တွေကိုငါ့ပတ်ဝန်းကျင် ငါ့အသိုက်အဝန်းက လက်မခံ ရှုတ်ချနေပါလား ဆိုတဲ့အသိဝင်ပြီး လမ်း
မှန်ဆီပြန်လှည့်လာဖို့ စသည့်ရည်ရွယ်ချက်တွေနဲ့ ဆိုတော့ သူ့ ကိုစွန့် ဖယ်ထားလို့ ရပါတယ် .. မခေါ်မပြော
ပဲ နေလို့ ပိုင်ပါတယ် ။
.
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကမွစ်လင်မ်တိုင်းဟာ မိမိနောင်တော်မွစ်လင်မ်အတွက်ကျယ်ဝန်းတဲ့နှလုံးသား
ပိုင်ရှင် ၊ ခွှင့်လွတ်တဲ့မျက်နာထားတို့ နဲ့ ဆီးကြိုနေသင့်တယ် ။ ကိုယ့်ရဲ့စကား ကိုယ့်လုပ်ရပ်ဟာ သူ့ အတွက် အတုယူစရာ လိုက်နာစရာအဆုံးအမသဖွယ် ဖြစ်နေသင့်တယ် ။ 
သူ့ ရဲ့မသိစိတ်ကဖြစ်ဖြစ် သိစိတ်ကဖြစ်ဖြစ် ညီးညူနာကျင်သွားမယ့် မြေနိမ့်ရာလှံစိုက် စကားမျိုးတွေလုပ်ရပ်
တွေကို အဝေးဆုံးတနေရာမှာထာဝစဉ်စွန့် ထားလိုက်ခြင်းဖြင့် သန့် ပြန့် ကြည်လင်တဲ့အသိုက် အဝန်းတခုကို ရှင်သန်တိုးတက်စေသင့်ပါတယ် ။
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၃.၆.၂၀၁၃
0 comments:
Post a Comment