Pages

Sunday, June 23, 2013

ကိုယ်အလေးချိန် လျှော့ချနိုင်မည့် ချောကလက် အသစ်တစ်မျိုးအား ဗြိတိန်နိုင်ငံသား တစ်ဦး ထုတ်လုပ်

Photo: ကိုယ်အလေးချိန် လျှော့ချနိုင်မည့် ချောကလက် အသစ်တစ်မျိုးအား ဗြိတိန်နိုင်ငံသား တစ်ဦး ထုတ်လုပ် 
Sunday, June 23, 2013

ချောကလက် စားခြင်းသည် များသောအားဖြင့် ကိုယ်အလေးချိန်ကို တက်လာ စေနိုင် သော်လည်း ကိုယ်အလေးချိန် လျှော့ချနိုင်သည့်

ချောကလက် တစ်မျိုးကို ဗြိတိန်နိုင်ငံမှ သင်္ချာ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်ဦးဖြစ်သည့် အန်းနက်ရှ် ပိုပက်တ်တီ ဆိုသူက တီထွင် ထုတ်လုပ်ခဲ့သည်။

ပိုပက်တ်က ချောကလက် ပြုလုပ်ရာတွင် အသုံးပြုလေ့ ရှိသည့် ထောပတ်နှင့် ခရင်မ်ကို အသုံးမပြုဘဲ သူ့နည်း သူ့ဟန်ဖြင့် အဆီကျနိုင်သည့် ချောကလက်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

ချောကလက် အများစုတွင် ကယ်လိုရီ ၂၄ဝ အထိ ပါဝင်သော်လည်း ပိုပက်တ်၏ ချောကလက်တွင်မူ ကယ်လိုရီ ၂ဝ ခန့်သာ ပါဝင်ကြောင်း Daily Express က ဖော်ပြခဲ့သည်။ ချောကလက် ပြုလုပ် ရခြင်းကို စိတ်ဝင်စားပြီး ချောကလက်တွင် ပါဝင်မည့် ပစ္စည်းများကို   အနုစိတ် ဖန်တီး၍ သင်္ချာနည်းနှင့် သိပ္ပံနည်းလမ်း တကျ ဖန်တီးရသည်ကို နှစ်ခြိုက်ကြောင်း  ၄င်းက ဆိုသည်။

ထို့ပြင် မျက်မှောက်ခေတ်၌ လူအများစုသည် ကိုယ်ခန္ဓာ အလေးချိန်ကို ခက်ခဲစွာ ထိန်းသိမ်း နေရကြောင်း၊ ၄င်းတို့ ကြိုက်နှစ်သက်သည့် ချောကလက် စားသုံးခြင်းကို စွန့်လွှတ်ရခြင်းမှ ကင်းဝေး စေနိုင်ရန် ရည်ရွယ် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ မိမိ၏ ချောကလက်တွင် ကယ်လိုရီ ပါဝင်မှုနှုန်း လျော့နည်းခြင်းနှင့် ရေပါဝင်မှု များခြင်းသည် လူသားတို့ အတွက် ကောင်းကျိုးကို ဖြစ်ထွန်း စေနိုင်မည်ဟု မျှော်လင့်ကြောင်း ပိုပက်တ်က ဆိုသည်။

ပိုပက်တ်သည် ၄င်းတီထွင်ခဲ့သည့် ကိုယ်အလေးချိန်  လျှော့ချနိုင်သည့် ချောကလက်ကို   လန်ဒန်မြို့ရှိ စိန့်ထ်ပန်ခရက်စ် ဘူတာရုံရှိ ဆိုင်တစ်ဆိုင်တွင် စတင် ရောင်းချခဲ့ပြီး   တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင် များတွင်  မိတ်ဆက် ရောင်းချနိုင်ရန် စီစဉ်လျက် ရှိသည်။

မြ၀တီ


Sunday, June 23, 2013

ချောကလက် စားခြင်းသည် များသောအားဖြင့် ကိုယ်အလေးချိန်ကို တက်လာ စေနိုင် သော်လည်း ကိုယ်အ
လေးချိန် လျှော့ချနိုင်သည့် ချောကလက် တစ်မျိုးကို ဗြိတိန်နိုင်ငံမှ သင်္ချာ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်
ဦးဖြစ်သည့် အန်းနက်ရှ် ပိုပက်တ်တီ ဆိုသူက တီထွင် ထုတ်လုပ်ခဲ့သည်။
ပိုပက်တ်က ချောကလက် ပြုလုပ်ရာတွင် အသုံးပြုလေ့ ရှိသည့် ထောပတ်နှင့် ခရင်မ်ကို အသုံးမပြုဘဲ သူ့
နည်း သူ့ဟန်ဖြင့် အဆီကျနိုင်သည့် ချောကလက်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

ချောကလက် အများစုတွင် ကယ်လိုရီ ၂၄ဝ အထိ ပါဝင်သော်လည်း ပိုပက်တ်၏ ချောကလက်တွင်မူ ကယ်
လိုရီ ၂ဝ ခန့်သာ ပါဝင်ကြောင်း Daily Express က ဖော်ပြခဲ့သည်။ ချောကလက် ပြုလုပ် ရခြင်းကို စိတ်ဝင်
စားပြီး ချောကလက်တွင် ပါဝင်မည့် ပစ္စည်းများကို အနုစိတ် ဖန်တီး၍ သင်္ချာနည်းနှင့် သိပ္ပံနည်းလမ်း တကျ ဖန်တီးရသည်ကို နှစ်ခြိုက်ကြောင်း ၄င်းက ဆိုသည်။

ထို့ပြင် မျက်မှောက်ခေတ်၌ လူအများစုသည် ကိုယ်ခန္ဓာ အလေးချိန်ကို ခက်ခဲစွာ ထိန်းသိမ်း နေရကြောင်း၊ ၄င်းတို့ ကြိုက်နှစ်သက်သည့် ချောကလက် စားသုံးခြင်းကို စွန့်လွှတ်ရခြင်းမှ ကင်းဝေး စေနိုင်ရန် ရည်ရွယ် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ မိမိ၏ ချောကလက်တွင် ကယ်လိုရီ ပါဝင်မှုနှုန်း လျော့နည်းခြင်းနှင့် ရေပါဝင်မှု များခြင်းသည် လူသားတို့ အတွက် ကောင်းကျိုးကို ဖြစ်ထွန်း စေနိုင်မည်ဟု မျှော်လင့်ကြောင်း ပိုပက်တ်က ဆိုသည်။

ပိုပက်တ်သည် ၄င်းတီထွင်ခဲ့သည့် ကိုယ်အလေးချိန် လျှော့ချနိုင်သည့် ချောကလက်ကို လန်ဒန်မြို့ရှိ စိန့်ထ်
ပန်ခရက်စ် ဘူတာရုံရှိ ဆိုင်တစ်ဆိုင်တွင် စတင် ရောင်းချခဲ့ပြီး တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင် များတွင် မိတ်
ဆက် ရောင်းချနိုင်ရန် စီစဉ်လျက် ရှိသည်။

မြ၀တီ , RangonNewsDaily
kolatt(PBDN): 23.6.2013

0 comments:

Post a Comment