Pages

Friday, November 30, 2012

လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက်ပေးရန်တောင်းဆို

လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက်ပေးရန်တောင်းဆို -

နိုဝင်ဘာလ ၃၀ရက် ၂၀၁၂ခုနှစ် ၊ သတင်း - သစ်ထူးလွင်

လက်ပန်တာင်းတောင် ကြေးနီ စီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုမှု များကြောင့် ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ဒဏ်ရာရအောင် ပြုလုပ်ခြင်း စသည့် ကိစ္စများအား နိုင်ငံတော် သမ္မတကြီးမှ တာဝန်ယူ မဖြေရှင်းပါက လက်ရှိ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုမှု ကို ရန်ကုန်မြို့ (၅၁) လမ်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ရုံးရှေ့တွင် မကွေးကျောင်းတိုက် ဆရာတော် ဦးဝါယမမှ ဦးဆောင်၍ နေ့ညနေ လေးနာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်။

၎င်းတို့၏ တောင်းဆိုချက်များတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချက်ချင်းရပ်တန့်ပေးရန်၊ ဒဏ်ရာရသူများကို အန္တရာယ် ကင်းရှင်းစွာ တာဝန် ယူ ကုသပေးရန် ၊ တိုက်ခိုက်သောအဖွဲ့အစည်းများကို အရေးယူပေးရန်၊ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူများကို လွှတ်ပေးရန် စသည့် အချက်များ ပါဝင်သည့်ကြေညာချက်ကိုလည်း ထုတ်ပြန်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အောင်သိုက်- မြန်မာ့ခေတ်

နိုဝင်ဘာလ ၃၀ရက် ၂၀၁၂ခုနှစ်

လက်ပန်တာင်းတောင် ကြေးနီ စီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုမှု များကြောင့်ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒဏ်
ရာရအောင် ပြုလုပ်ခြင်း စသည့် ကိစ္စများအား နိုင်ငံတော် သမ္မတကြီးမှ တာဝန်ယူ မဖြေရှင်းပါက လက်ရှိ ရာထူးမှ
နှုတ်ထွက်ပေးရန် တောင်းဆိုမှုကိုရန်ကုန်မြို့ (၅၁)လမ်းရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရုံးရှေ့တွင်မကွေး
ကျောင်းတိုက် ဆရာတော် ဦးဝါယမမှ ဦးဆောင်၍ နေ့ညနေ လေးနာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအလှူ သံဃာပယ်ချ

သံဃာတွေကို အကြမ်းဖက်ခံရမှုကြောင့် စစ်ကိုင်းတိုင်းမုံရွာမြို့ ဇောတိကရွာမ စာသင်တိုက်တွင်း သီတင်းသုံးနေ
တဲ့ သံဃာအပါး ၁၂၀၀ ခန့်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကပ်လှူတဲ့ ဆွမ်းကို လက်မခံဘဲ ပယ်ချလိုက်
ပါတယ်၊

သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည်

မုံရွာ၊ နိုဝင်ဘာ ၃၀

လက်ပန်တောင်းတောင် ကြေးနီးစီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသည့် ရဟန်းသဃာတော်များနှင့်
 ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒေသခံ ရဟန်သံ
ဃာတော်များကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မနက်ဖြန်၂၀၁၂ခုနှစ်ဒီဇင်ဘာလ(၁)ရက်၊ စနေနေ့တွင်မုံရွာမြို ရွှေစည်း
ခုံစေတီတော်ရှိ၊ တင်ဝင်းထွန်း ဓမ္မာရုံ၌ မွန်းလွဲ ၁နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့နှင့် နီးစပ်သော သ
တင်းရပ်ကွက်ထံမှ သိရှိရသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံပြီး ပြန်လည် လွှတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်းဇော်ထွေး ဗြိတိသျှသံရုံးရှေ့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်


ရန်ကုန်၊ နိုဝင်ဘာ ၃၀

အကျဉ်းထောင်အတွင်း ၁၃ နှစ်ကျော် နှစ်ရှည်ထောင်ဒဏ်ကျခံပြီး ပြန်လည် လွှတ်မြောက်လာသော နိုင်ငံရေး အ
ကျဉ်းသားဟောင်း ကိုဆန်းဇော်ထွေးမှ လက်ပန်းတောင်းတောင်ကိုလွှတ်ပေးပါစာတန်းကိုပါအကျီင်္ကို ၀တ်ဆင်ပြီး
လှုံ့ဆော်မှုတစ်ခုကို နိုဝင်ဘာလ ( ၃၀) ရက်နေ့ နေ့လည်၁နာရီကရန်ကုန်မြို့ ဗဟိုစာတိုက်ကြီးနှင့် British Council 
တို့တွင် ပြုလုပ်ခဲ့သည်။

မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသော ကျောင်းသားများအား Voluming Based Charing စနစ် ကောက်ခံမှုအတွက် ဈေးနှုန်းလျှော့ပေါ့ ကောက်ခံမည်

မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသော ကျောင်းသားများအား Voluming Based Charing စနစ် ကောက်ခံမှုအတွက် ဈေးနှုန်းလျှော့ပေါ့ ကောက်ခံမည်

ရန်ကုန် ၊ နိုဝင်ဘာ ၃၀။ 

မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသော ကျောင်းသားများအားVoluming Based Charingစနစ် ကောက်ခံမှုအတွက် ဈေးနှုန်းလျှော့ပေါ့ကောက်ခံ မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ ဦးဌေးဝင်းက
ပြောကြားသည်။

“ကျောင်းစာအုပ်တွေ သင်ခန်းစာတွေကို Download လုပ်ရတဲ့အခါ GB တွေ အများကြီး အသုံးပြုရတယ် အဲဒီအတွက် ကျောင်းသားတွေမှာ အခက်အခဲ ရှိတယ်၊ဒီတော့ ကျောင်းသားတွေကိုဈေးလျှော့ပြီးကောက်ခံပေးမှာ ဖြစ်ပါ တယ်။ ၁လကို 5G ယူမယ့် ကျောင်းသားတွေ ၂၈၀၀၀ကျပ် ပေးဆောင်ရမယ့် အစား 4Gစာ ၂၅၀၀၀ပဲ ပေးဆောင်ရပါမယ်။ 10G ယူမယ် ဆိုရင် ၅၀၀၀၀ မကောက်ခံပဲ ၄၈၀၀၀ကောက်ခံပါမယ်”ဟု ဦးဌေးဝင်းက ပြောကြားသည်။

ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းသားကဒ်ဖြင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းရုံးတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆုဝေ
အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Myanma Age
ရန်ကုန် ၊ နိုဝင်ဘာ ၃၀။

မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုသော ကျောင်းသားများအားVoluming Based Charingစနစ် ကောက်ခံမှုအတွက်
ဈးနှုန်းလျှော့ပေါ့ကောက်ခံ မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ ဦးဌေးဝင်းကပြောကြားသည်။

တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေကို ၀န်ချတောင်းပန်ရမယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား

ယခုပုံတွင် ခါးထောက်ပြီးရပ်နေသည့် တရုတ်ကြီးမှာ ဆရာတော်သံဃာတော်
များနှင့် သတင်းရယူနေကြသော သတင်းထောက်များ ရက်ရက်စက်စက်နှိမ် နှင်းဘို့အမိန်ပေးတဲ့ သူပါ။

အေးချမ်းမွန်မှ  ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ThanLarWaddy Times
ပုံတွင် ခါးထောက်ပြီးရပ်နေသည့် တရုတ်ကြီးမှာ ဆရာတော်သံဃာတော်
များနှင့် သတင်းရယူနေကြသော သတင်းထောက်များ ရက်ရက်စက်စက်နှိမ် နှင်းဘို့အမိန်ပေးတဲ့ သူ
ဖြစ်ပါတယ

တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေကို ၀န်ချတောင်းပန်ရမယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး
နဲ့ တည်ငြိမ်အေးချမ်းမှု ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်
နေ့ နေ့လယ်ပိုင်းကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံ စဉ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

လက်ပန်းတောင်းသပိတ် ဖြိုခွဲမှု ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ

လက်ပန်းတောင်းသပိတ် ဖြိုခွဲမှု ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူတွေကို အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာသံဃာတော် အပါး(၈ဝ)ခန့်က ဒီကနေ့မွန်းလွဲ(၁)နာရီကျော်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ နာရီဝက်ကြာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။

“လက်ပံတောင်း နောက်ဆက်တွဲ အစိုးရတွင်း ဂယက်”

“လက်ပံတောင်း နောက်ဆက်တွဲ အစိုးရတွင်း ဂယက်”

သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေဆီက ပေါက်ကြားလာတဲ့ သတင်းအပိုင်းအစလေးပါ။ 

လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ သပိတ်စခန်းတွေ ဖယ်ရှားဖို့ သမ္မတရုံးက ညွှန်ကြားချက် ထုတ်လိုက်တာ ဖြစ်ပေမယ့် အောက်ခြေပိုင်းက အပေါ်က ခိုင်းတာထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။
 
တာဝန်အရှိဆုံးသူက သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းလို့လည်း အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ လက်ပံတောင်းဒေသကို ဦးအောင်မင်း သွားရောက်ခဲ့ပြီး သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဆန္ဒပြ ခေါင်းဆောင်တချို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။ 

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာအေး) ကလည်း ယခင်ကတည်းက လက်ပံတောင်းတောင် သပိတ်မှောက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူချင်ပေမယ့် သမ္မတရုံး အမိန့်မရလို့ မလုပ်ခဲ့ရတာဖြစ်ပြီး တကယ်လည်း အရေးယူပါလို့ အမိန့်ရလာတဲ့အခါ လိုအပ်တာထက် ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်မှုကြောင့် သမ္မတရုံးမှာလည်း အတော် ပျားပန်းခတ်ဖြစ်နေတယ်လို့ သိရပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ခေါင်းချင်းဆိုင် အဖြေရှာနေကြတယ်လို့ သိရပါတယ်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပထမ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားတာ သတိထားမိကြမယ် ထင်ပါတယ်။ 

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နုတ်ထွက်စာ တင်ဖို့လည်းရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ သူတည်ဆောက်ထားသမျှ ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မျက်နှာပျက်ခဲ့ရလို့ အတော် စိတ်ဆင်းရဲနေတယ်လို့ သိရပါတယ်။ 

လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို ဖယ်ရှားမလားဆိုတဲ့ သုံးသပ်ချက်တွေ ရှိသလို ဒီလို ဖယ်ရှားခြင်းဖြင့်လည်း ဒေါသထွက်နေတဲ့ ပြည်သူကို နှစ်သိမ့်ပေးနိုင်မလားဆိုတဲ့ သတင်းတွေကလည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ အတော်ကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ သတင်းတွေဖြစ်ပါတယ်။

လက်ပံတောင်း လုံခြုံရေး ရဲများ (ဓာတ်ပုံ - မုန်ရာ/ဧရာဝတီ)
လက်ပံတောင်း လုံခြုံရေး ရဲများ (ဓာတ်ပုံ - မုန်ရာ)
သမ္မတရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းတွေဆီက ပေါက်ကြားလာတဲ့သတင်းအပိုင်းအစလေးပါ။လက်ပံတောင်းတောင်
ကိစ္စနဲ့ ပတ်သက်လို့ သပိတ်စခန်းတွေ ဖယ်ရှားဖို့ သမ္မတရုံးက ညွှန်ကြားချက်ထုတ်လိုက်တာ ဖြစ်ပေမယ့် အောက်
ခြေပိုင်းက အပေါ်က ခိုင်းတာထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။

လက်ပန်းတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်၍ အထက်မြန်မာပြည်မှသံဃာတော်များသဘောထားကြေညာချက်ထုတ်ပြန်

လက်ပန်းတောင်းတောင်အရေးကိစ္စနှင့် ပတ်သက်၍ အထက်မြန်မာပြည်မှသံဃာတော်များသဘောထားကြေညာချက်ထုတ်ပြန်

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှ ၂ နာရီခွဲထိ လက်ပန်းတောင်းတောင်အရေးတွင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍
ဆန္ဒပြတောင်းဆိုခဲ့သော မန္တလေးမှသံဃာများက ကြေညာချက်တစ်စောင် ယနေ့ နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ သံဃာတော်များ၏တောင်းဆိုချက်အပြည့်အစုံမှာ-

အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ ၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား

 နိုဝင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၁ မိနစ်

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက်သပိတ်မှောက်နေကြသော ရဟန်း
သံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇနကံ ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။

လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှု ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုယနေ့ညနေ ၄း၀၀ ခန့်က ရန်ကုန်မြိုကတွင်ပြုလုပ်

လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ သံဃာတော်အပါး ၃၀ ကျော်ခန့်နှင့် ပြည်သူတို့မှာ ဆူးလေဘုရား ရင်ပြင်တော်ပေါ်တွင် တစ်ပတ်ပတ်ပြီး မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်ကာ လမ်း ၅၀ ရှိ မြန်မာ့စီးပွားရေး ဦးပိုင်ရုံးချုပ်ရှေ့တွင် သံဃာတော်များ ဒဏ်ရာများရရှိခဲ့သည့်ပုံများကို ကိုင်ဆောင်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်လျက်ခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချ
သည့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ သံဃာတော်အပါး ၃၀
 ကျော်ခန့်နှင့် ပြည်သူတိုကပြုလုပ်ခဲ့ကြသည်။

မြန်မာက တရုတ်အတွက် ပို အရေးပါလာနေ

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက တရုတ်ရေနံပိုက်လိုင်း တည်ဆောက်ရေးစီမံကိန်း (ဓာတ်ပုံ- ဧရာဝတီ)
တရုတ်အစိုးရအနေနဲ့ ကမ္ဘာ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုမှု ပိုများလာပြီး အမေရိကန်ပြည်ထောင်စုက အဲ့ဒီ နိုင်ငံတွေအပေါ် မှီခိုမှု လျော့ပါးသွားတာမို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ဗျူဟာမြောက် အားထားရမှု ကြီးမား လာလိမ့်မယ်လို့ လာမယ့်ဆယ်စုနှစ် ၂ စုအတွင်း ရေနံထုတ်လုပ်မှုနဲ့ သုံးစွဲမှု အလားအလာဆိုင်ရာ နိုင်ငံ
တကာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA)ရဲ့ အကဲဖြတ်ချက်အသစ်ထဲမှာ ရေး
သားထားပါတယ်။

မြဝတီတွင် ရွှေထည်ပစ္စည်းနှင့် ငွေ သိန်း ၈၀၀ ကျော် လုယက်မှုဖြစ်

ကရင်ပြည်နယ် မြဝတီမြို့နေ ရွှေသရဖူရွှေဆိုင်မှ ကိုသိန်းလွင်သည် နိုဝင်ဘာ ၂၇ ရက်နေ့က ရွှေထည်ပစ္စည်းများ သိမ်းဆည်၍ ပြန်လာစဉ် မျက်နှာ အဝတ်စည်းထားသည့် ဆိုင်ကယ်သမားက ကိုသိန်းလွင်၏ ဆိုင်ကယ်ကို ကန်လှဲကာ ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုတော် ခင်မောင်တိုးရဲ့ အရိုးပြာ ဧရာဝတီမြစ်ရေပြင်မှာ မျှော

 ဓာတ်ပုံ-ကြေးမုံသတင်းစာ~