Pages

Friday, November 30, 2012

တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေကို ၀န်ချတောင်းပန်ရမယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား

ယခုပုံတွင် ခါးထောက်ပြီးရပ်နေသည့် တရုတ်ကြီးမှာ ဆရာတော်သံဃာတော်
များနှင့် သတင်းရယူနေကြသော သတင်းထောက်များ ရက်ရက်စက်စက်နှိမ် နှင်းဘို့အမိန်ပေးတဲ့ သူပါ။

အေးချမ်းမွန်မှ  ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ThanLarWaddy Times
ပုံတွင် ခါးထောက်ပြီးရပ်နေသည့် တရုတ်ကြီးမှာ ဆရာတော်သံဃာတော်
များနှင့် သတင်းရယူနေကြသော သတင်းထောက်များ ရက်ရက်စက်စက်နှိမ် နှင်းဘို့အမိန်ပေးတဲ့ သူ
ဖြစ်ပါတယ

တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေကို ၀န်ချတောင်းပန်ရမယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး
နဲ့ တည်ငြိမ်အေးချမ်းမှု ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်
နေ့ နေ့လယ်ပိုင်းကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံ စဉ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။
သပိတ်မှာ ပါဝင်ခဲ့ကြသူတွေ ကို ဖမ်းဆီးထိန်းသိမ်းမှုတွေ မလုပ်ဖို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို ပြောကြား
ထားကြောင်းနဲ့ ဖမ်းဆီးမှုတွေ ရှိလာမယ်ဆိုရင်တော့ သူ့အနေနဲ့ တာဝန်ယူ ဖြေရှင်းသွားမယ်လို့လည်း ပြောကြားခဲ့
တာဖြစ်ပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း အမြန်ဆုံးဖွဲ့စည်းသွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြော

ကြားခဲ့ပါတယ်။

DVB TV News

တာဝန်အရှိဆုံးသူက သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းလို့လည်း အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သုံးသပ်ချက်
တွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ လက်ပံတောင်းဒေသကို ဦးအောင်မင်း သွားရောက်ခဲ့ပြီး သ
ပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဆန္ဒပြ ခေါင်းဆောင်တချို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာကြောင့်လို
့လည်း ဆိုပါတယ်။

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာအေး) ကလည်း ယခင်
ကတည်းက လက်ပံတောင်းတောင် သပိတ်မှောက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူချင်ပေမယ့် သမ္မတ
ရုံး အမိန့်မရလို့ မလုပ်ခဲ့ရတာဖြစ်ပြီး တကယ်လည်းအရေးယူပါလို့အမိန့်ရလာတဲ့အခါလိုအပ်တာထက် ပိုပြီးတော့
ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်မှုကြောင့် သမ္မတရုံးမှာလည်း အတော် ပျားပန်းခတ်ဖြစ်နေတယ်လို့ သိရပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ခေါင်းချင်းဆိုင် အဖြေရှာ
နေကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပထမ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်း
သွားတာ သတိထားမိကြမယ် ထင်ပါတယ်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နုတ်ထွက်စာ တင်ဖို့လည်းရှိတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။ သမ္မတ
 ဦးသိန်းစိန်ကတော့ သူတည်ဆောက်ထားသမျှ ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မျက်နှာပျက်ခဲ့ရလို့ အတော် စိတ်
ဆင်းရဲနေတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို ဖယ်ရှားမလားဆို
တဲ့ သုံးသပ်ချက်တွေ ရှိသလို ဒီလို ဖယ်ရှားခြင်းဖြင့်လည်း ဒေါသထွက်နေတဲ့ ပြည်သူကို နှစ်သိမ့်ပေးနိုင်မလားဆို
တဲ့ သတင်းတွေကလည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ အတော်ကို ကျယ်ကျယ်လောင်လောင် ထွက်
ပ်ါလာတဲ့ သတင်းတွေဖြစ်ပါတယ်။

ဧရာဝတီသတင်း
 

0 comments:

Post a Comment