Pages

Thursday, June 7, 2012

ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား အစ္စလာမ်ဘာသာရေးကောင်စီက ရှုံ့ချ

စောဇင်ညီ(မြစ်မခ)

ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။

ရခိုင်အမျိုးသမီးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင်ပါဝင်ပတ်သက်သူမွတ်စလင်လူမျိုး(၃)ဦးအား
အစ္စလာမ်ဘာသာဝင်ကောင်းများမဟုတ်ဟု အစ္စလာမ်သာသနာရေးကောင်စီက သတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိရှိ ရသည်။

လောပိတရေအားလျှပ်စစ်စက်ရုံ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရ





လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရလောပိတ ရေအား လျှပ်စစ် တည်ရှိရာ ကယားပြည်နယ် အတွင်း ငါးမြို့နယ် သာ လျှပ်စစ် ရရှိ သောကြောင့် ဒေသခံများက တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသို့ တင်ပြလိုက်ကြောင်း သိရသည်။

NLD ပါတီ ဒီဇင်ဘာတွင် နိုင် ငံလုံးဆိုင်ရာပါတီညီလာခံကျင်းပမည်




ရေးသားသူ - ဝေမာသိမ့်
နေရာ - ရန်ကုန်
ရက်စွဲ June 07, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက် နိုင်ငံလုံးဆိုင်ရာပါ တီညီလာခံကိုဒီဇင်ဘာတွင်ကျင်းပ မည်ဖြစ်ကြောင်း မြို့နယ်တိုင်းတွင် ရပ်ကွက်အဆင့် ပါတီဖွဲ့စည်းရေးလုပ် ငန်းစဉ်များ ကိုပြင်ဆင် ဆောင်ရွက် နေသည့်  လွှတ်တော် ကိုယ်စားလှယ်  များက ဆိုကြသည်။

မရမ်းကုန်းမြို့နယ်တွင် ဥက္ကာလမ်းဆုံအနီး ဆေးရုံယာဉ်တစ်စီး တိမ်းမှောက်ကာ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရ



5108
မေလ ၃၁ ရက်နေ့က ဆေးရုံယာဉ် တိမ်းမှောက်မှုကို တွေ့ရစဉ်

မရမ်းကုန်းမြို့နယ် ဥက္ကာလမ်းဆုံအနီးတွင် ကိုယ်ပိုင်ယာဉ်တစ်စီးမှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ပဲခူးမြို့ဆေးရုံပိုင် ယာဉ်အားဝင်ရောက် တိုက်မိသဖြင့် ဆေးရုံယာဉ်တိမ်းမှောက်ကာ ဆေးရုံယာဉ်ပေါ်ပါ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုအပါအ၀င် မှုခင်းဖြစ်စဉ်အချို့ကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ ယနေ့ထိ စုံစမ်းနေဆဲဖြစ်ကြောင်း သိရ

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု အပါအ၀င် မှုခင်းဖြစ်စဉ် အချို့ကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပြီး  ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကိုလည်း အမှုပိတ်ထားခြင်းမရှိဘဲ ယနေ့ထိ စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မသီတာထွေး အသတ်ခံရမှု ခရိုင်ရုံး၌ ဇွန်လ ဒုတိယပတ်တွင် စစ်ဆေးမည်



ရန်ကုန် ဇွန် ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထွေး အသတ်ခံရမှုကို ကျောက်ဖြူမြို့နယ် ခရိုင်တရားရုံးတွင် ဇွန်လ ဒုတိယပတ်တွင် ရုံးတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျောက် ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။

တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော



ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ
 ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
 

“ တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။

ဂျမာအတ်(၁၀)ဦးအသတ်ခံရမှုအတွက် မော်လ၀ီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ



ဝင့်သင်ဇာကျော် (မြစ်မခ)

ဇွန်(၆)ရက် ၊၂၀၁၂ခုနှစ်။

မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တွင် ဂျမာအတ်လုပ်ငန်း လုပ်ကိုင်သူ(၁၀)ဦးအသတ်ခံခြင်းနှင့်ပတ်သက်၍  အမှန်တရား
 ပေါ်ထွက်စေရန် ဇွန်လ(၆)ရက်နေ့နေ့လည်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အကြီးဆုံး Mobile Phone Center ဖွင့်မည်




မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံး Mobile Phone Center ကို မန္တလေးမြို့ Great Wall Shopping Center တွင် မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရသည်။ MTG မှ ဦးဆောင်၍ မိုဘိုင်းဖုန်း၊ ဖုန်းအပိုပစ္စည်း ၊ ဖုန်းService ပိုင်းစသည့် ၀န်ဆောင်မှုလုပ်ငန်းများကို တစ်နေရာတည်းတွင် စုစည်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၁၁၂ ခုနှစ် သြဂတ်လ တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေ ကြောင်း MTG မှ MD ကိုမင်းသန့်က ပြောသည်။ 

အမေရိကန်ဒေါ်လာအနွမ်း ဗဟိုဘဏ် လက်မခံခြင်း ပြန်လည်ရှင်း

အမေရိကန်ဒေါ်လာ အဟောင်း၊ အနွမ်းနှင့် တွန့်ကြေနေမှုများကို ဗဟိုဘဏ်မှ လက်မခံခြင်းမှာ စင်ကာပူနိုင်ငံရှိ ဘဏ်များကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့တွင် ပြုလုပ်သည့် စင်ကာပူလုပ်ငန်းရှင်များနှင့် စီးပွား ရေးကဏ္ဍစုံ ဆွေးနွေးဖလှယ်ပွဲ အတွင်း မြန်မာဘဏ်များမှ ကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ် သည့်အခါစိစစ်နေမှုအပေါ်

အသွားအပြန် နေထိုင်စရိတ်နှင့် ကွန်ပျူတာတစ်လုံး ချီးမြှင့်မည့် အိန္ဒိယပညာသင်ဆု မြန်မာကျောင်းသားများ လျှောက်ထားနိုင်

ရန်ကုန်
နေ၊ စား၊ ပညာသင်စရိတ် ငြိမ်းအပြင် အသွား/အပြန်လေယာဉ်ပျံခနှင့် လက်တော့ပ်တစ် လုံးစီကိုပါ ချီးမြှင့်မည့် အိန္ဒိယပညာသင်ဆုကို မြန်မာကျောင်းသားများ ဝင်ရောက်လျှောက်ထားနိုင်ပြီဟု ပေးအပ်မည့်
အဖွဲ့အစည်းထံမှ သိရသည်။