Pages

Thursday, June 7, 2012

အသွားအပြန် နေထိုင်စရိတ်နှင့် ကွန်ပျူတာတစ်လုံး ချီးမြှင့်မည့် အိန္ဒိယပညာသင်ဆု မြန်မာကျောင်းသားများ လျှောက်ထားနိုင်

ရန်ကုန်
နေ၊ စား၊ ပညာသင်စရိတ် ငြိမ်းအပြင် အသွား/အပြန်လေယာဉ်ပျံခနှင့် လက်တော့ပ်တစ် လုံးစီကိုပါ ချီးမြှင့်မည့် အိန္ဒိယပညာသင်ဆုကို မြန်မာကျောင်းသားများ ဝင်ရောက်လျှောက်ထားနိုင်ပြီဟု ပေးအပ်မည့်
အဖွဲ့အစည်းထံမှ သိရသည်။


မြန်မာနိုင်ငံသားများ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်မူဖြင့် အိန္ဒိယအခြေစိုက် Martin Luther Christian University (MLCU) မှ အပြည့်အဝ ပညာသင်ဆုများကို ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ  ၁ဝ ရက်နေ့ နောက်ဆုံးထားကာ admin@mlcuniv.inသို့ ဆက်သွယ်လျှောက်ထား နိုင်သည်ဟု http://www.mlcuniv.in တွင် အသေးစိတ်အချက်အလက်များ  နှင့်အတူ ဖော်ပြပေးထားသည်။

ရွေးချယ်ခံရသူများမှာ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပထမနှစ်ဝက် စာသင်နှစ်မှစကာ စတင်တက်ရောက်ရ
မည်ဖြစ်ပြီး သင်ကြားလိုသော ဘာသာရပ်စာသင်နှစ်အားလုံးကို အပြည့်အဝထောက်ပံ့ သွားမည်ဟု
လည်းသိရသည်။

အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၏ စီစဉ်မှုဖြင့် အိန္ဒိယတက္ကသိုလ် ၁၈ဝ ကျော်မှ ပညာသင်ဆုပေးအပ်ခဲ့ပြီးနောက် MLCUအနေဖြင့်  ယခုကဲ့သို့ ထပ်မံပေးအပ်လာခြင်း ဖြစ်နိုင် သည်ဟု နိုင်ငံတကာပညာရေး အတိုင်ပင်ခံတစ်ဦးကလည်း သူ့ အမြင်ကိုဆိုပြီး လျှောက်ထားသင့်သော ပရိုဂရမ်တစ်ခုဖြစ်သည်ဟု သုံးသပ်လိုက်သည်။

Popularmyanmar News:

0 comments:

Post a Comment