Pages

Friday, June 14, 2013

ရီးယဲလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေပြီ ဆိုခြင်းကို ရော်နယ်လ်ဒို ပယ်ချ

Photo: ရီးယဲလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေပြီ ဆိုခြင်းကို ရော်နယ်လ်ဒို ပယ်ချ
Friday, June 14 , 2013

ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည် ဆိုသော သတင်းများကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက ငြင်းဆန် သွားခဲ့သည်။

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးကို အသင်းတွင် ဆက်လက် ထိန်းသိမ်း ထားလိုကြောင်းနှင့် ကမ္ဘာပေါ်တွင် လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်လာစေရန် မိမိ ဆန္ဒ ရှိနေကြောင်း ရီးယဲလ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြား ခဲ့သေးသော်လည်း ယခုအခါ ရော်နယ်လ်ဒိုက (၂၀၁၅)ထိသာ သက်တမ်းရှိသော စာချုပ်ကို ထပ်မံ တိုးမြှင့်မည် မဟုတ်ဟု ပြောကြားခဲ့သည်။ ပီရက်ဇ်သည် ရော်နယ်လ်ဒို၏ စာချုပ်ကို (၂၀၁၈)ထိ သက်တမ်း တိုးနိုင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ရော်နယ်လ်ဒိုနှင့် ရီးယဲလ်တို့၏ အခြေအနေကို အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နှင့် ပြင်သစ် ချန်ပီယံ PSGတို့ကလည်း စောင့်ကြည့်နေသည်။

ရော်နယ်လ်ဒိုသည် ယခုရာသီ အတွင်း ဘာနေဗျူးတွင် ကစားသမားဘဝ ဖြတ်သန်းရမှု၌ စိတ်ပျက်စရာ အခြေအနေများ ရှိနေကြောင်း ဝန်ခံခဲ့ဖူးသည်။ ၎င်းက "ကျွန်တော် စာချုပ်သက်တမ်း တိုးမယ်ဆိုတဲ့ သတင်းတွေက အားလုံး အမှားတွေချည်းပဲ" ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။ ရီးယဲလ်အနေဖြင့်မူ ပြိုင်ဘက် ဘာစီလိုနာအသင်းတွင် ကြယ်ပွင့်ကစား သမားကောင်းများ စောလျင်စွာ ဖြည့်ဆည်းနိုင်ခြင်းကြောင့် မိမိ အသင်း၏ အဓိက ထောက်တိုင် ကစားသမားတစ်ဦး ထွက်ခွာမသွားရေးမှာ ပိုမို ဖိအားများလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

မြ၀တီ

Friday, June 14 , 2013

ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည် ဆိုသော သတင်းများကို ခရစ္စတီယာနို ရော်နယ်လ်ဒို
က ငြင်းဆန် သွားခဲ့သည်။

အိမ်ရှင်မတွေအတွက် Digital ဇွန်းလာပြီ

Photo: အိမ်ရှင်မတွေအတွက် Digital ဇွန်း
Friday, June 14 , 2013

အခု တွေ့မြင်ရတဲ့ပုံကတော့ အိမ်ရှင်မတွေအတွက်တော်တော်လေး
အဆင်ပြေစေမှာ ဖြစ်သလို စားဖိုမှုးတွေအတွက် သင့်တော်စေမယ့် ဒစ်ဂျစ်တယ် စနစ်နဲ့ချိန်ညှိပေးမယ့်ဇွန်းပဲဖြစ်ပါတယ်၊

ဟင်းချက်ရာမှာ ဆီကိုချိန်ဆထည့်သွင်းရန် အခက်ခဲဖြစ်နေသူတွေအတွက် အထူးသင့်လျှော်စေမှာဖြစ်သလို မိမိထည့်သွင်း ချင်တဲ့ပမာဏကိုလည်း ကိန်းဂဏန်းနဲ့ တိတိကျကျဖော်ပြပေးသွားမှာဖြစ်ပါတယ်၊

အလေးချိန် ၃၀၀၀ ဂရမ်အထိ တင်ဆောင်ချိန်ညှိနိုင်သလို အမျိုးအစား
လိုက်အသုံးပြုလို့ရမယ့် ခွက်တွေဇွန်းတွေတပ်ဆင် ချိန်ဆပေးမှာဖြစ်ပါ
တယ်၊amazon.com မှာ ၁၀.၇၉ ဒေါ်လာနဲ့ ရောင်းချပေးနေပြီဖြစ်ကြောင်း
သိရပါတယ်၊

Ref:techblog
Khun Nay(stuff myanmar)

Friday, June 14 , 2013

အခု တွေ့မြင်ရတဲ့ပုံကတော့ အိမ်ရှင်မတွေအတွက်တော်တော်လေး အဆင်ပြေစေမှာ ဖြစ်သလို စားဖိုမှုးတွေ
အတွက် သင့်တော်စေမယ့် ဒစ်ဂျစ်တယ် စနစ်နဲ့ချိန်ညှိပေးမယ့်ဇွန်းပဲဖြစ်ပါတယ်၊

၉၆၉ အကြမ်းဖက်ခေါင်းဆောင် ဦးဝီရသူနှင့် အင်္ဂလန်နိုင်ငံရောက် ဆရာတော်ဦးတ္တရအကြောင်း

အင်္ဂလန်ကနေသွားပြီးဝီရသူကိုမြှောက်ပေးနေတဲ့
ဦးဥတ္တရဆိုတာလိင်တူဆက်ဆံသူတဦးပါ။

အင်္ဂလန်က ဓမ္မရံစီ ကျောင်းက ဦးဥတ္တရ ဟာ
 ပီနန်ဆရာတော်ဘုရားကြီးကိုယ်တိုင်က သံဃာ ကျင့်ဝတ်နဲ့ 
မညီလို့ထုတ်ပယ်ထားတဲ့ သံဃာပါ။ 
ဖင်လန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင် စတဲ့ နိုင်ငံတွေမှာ 
ဘာသာဝင်တွေအပေါင်းကို ရန်တိုက်ပေးပြီး လိမ်သွားတဲ့ 
ဘုန်းကြီး ဖြစ်ကြောင်း ဥရောပတကြောက ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ 
၂၀၀၇ သံဃာ့အရေးအခင်းက ရံပုံငွေတွေကိုလည်း လိမ်လည်ထားတဲ့ ဘုန်းကြီးဖြစ်ကြောင်း ရွှေဝါရောင်သံဃာတော်တိုင်း သိကြပါတယ်။ 
အင်္ဂလန်မှာ သူ့ယောင်္ကျားကိုလည်း အခန်းဝယ်ပေးထားတာ
 ဖေ့စ်ဘုတ်မှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ရေးထားတာ ရှိခဲ့ပါတယ်။ 
ဒါ့အပြင် မွတ်စလင် ဘာသာဝင်တွေကို ဘုန်းကြီးကျောင်းသားအဖြစ် 
အင်္ဂလန်ကို အခကြေးငွေနဲ့ ခေါ်ယူပြီး ခိုးသွင်းတာလည်း 
လုပ်ခဲ့တဲ့ ဘုန်းကြီးက အခုမှ သာသနာကို ကာကွယ်မယ်ဆိုတော့ 
အင်း ဟုတ်တော့ ဟုတ်နေပါပြီ။

Nyein Chan Aung

အင်္ဂလန်ကနေသွားပြီးဦးဝီရသူကိုမြှောက်ပေးနေတဲ့ဆရာတော်ဦးဥတ္တရဆိုတာလိင်တူဆက်ဆံသူတဦးဖြစ်
ကြောင်းသိရပါသည်။အင်္ဂလန်က ဓမ္မရံစီ ကျောင်းက ဦးဥတ္တရ ဟာပီနန်ဆရာတော်ဘုရားကြီးကိုယ်တိုင်က
သံဃာ ကျင့်ဝတ်နဲ့ မညီလို့ထုတ်ပယ်ထားတဲ့ သံဃာလို့သိရှိရပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့် ရန်ကုန် စက်မှုဇုန်မြေ ကျပ်သိန်းသောင်းချီ ဈေးတက်

Photo: နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့် ရန်ကုန် စက်မှုဇုန်မြေ ကျပ်သိန်းသောင်းချီ ဈေးတက်
Friday, June 14 , 2013

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တချို့ ၀င်ရောက်လာပြီး နောက်ပိုင်း စက်မှုဇုန် မြေကွက်များ၏ ဈေးနှုန်းများ မြင့်တက်လာပြီး စက်မှုဇုန် မြေကွက်တကွက်လျှင် သိန်းသောင်းချီ ဈေးပေါက် လျှက်ရှိကြောင်း  သတင်း ရရှိသည်။

အမေရိကန် အပါအ၀င် အနောက်နိုင်ငံကြီးများက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ ရုပ်သိမ်း ပြီးနောက် နိုင်ငံခြား စက်ရုံ၊ အလုပ်ရုံများ အပါအ၀င် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ၀င်ရောက်ရန် အခွင့်အလမ်း များပြားလာကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများပြားမှု နှင့်အတူ စက်မှုဇုန်မြေ ဈေးများမှာ တရိပ်ရိပ် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ဆင်ခြေဖုံးရှိ လှိုင်သာယာ စက်မှုဇုန်တွင် လုံးချင်းအိမ်၊ ရုံးခန်း၊ ဂိုဒေါင် ပါရှိသော ၂ ဧက ခန့် ကျယ်ဝန်းသည့် မြေကွက် တကွက်လျှင် ကျပ်သိန်း ၂၀၀၀၀၊ ရွှေပြည်သာ စက်မှုဇုန်ရှိ ၃ ဧကကျော် ကျယ်ဝန်းသော မြေကွက် တကွက်လျှင် ကျပ်သိန်း ၂၅၀၀၀ ဈေးပေါက်ကြောင်း၊ စက်မှုဇုန်မြေကွက် အများစု၏ ဈေးနှုန်းမှာ အနည်းဆုံး ကျပ်သိန်းသောင်းချီ ဈေးပေါက်နေကြောင်း ရန်ကုန်မြို့အခြေစိုက် ပြည့်စုံ စက်မှုဇုန်နှင့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“စက်မှုဇုန် အားလုံးနီးပါးက အိမ်ခြံမြေတွေ အရောင်းသွက်တယ်။ အရင်ကဆို လှိုင်သာယာက စက်မှုဇုန်တွေ တောင်ဒဂုံက စက်မှုဇုန်တွေ လောက်ပဲ အရောင်းအဝယ်ဖြစ်တာ။ အခု ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီးကတည်းက အားလုံးနီးပါး အရောင်း သွက်တယ်။ အငှားလည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

ရန်ကုန်စက်မှုဇုန် မြေကွက်များကို အဓိကအားဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး ဖက်စပ် လုပ်ကိုင်ကြမည့်  ပြည်တွင်း လုပ်ငန်းရှင် အများစုက ဝယ်ကြသည်ဟု သိရှိရသည်။

စက်မှုဇုန် မြေကွက်များသာမက ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးဒေသများရှိ မြေကွက်များ၏ ဈေးနှုန်းများမှာလည်း တရိပ်ရိပ် မြင့်တက်လျှက်ရှိကြောင်း၊ သို့ရာတွင် အရောင်းအ၀ယ်မှာမူ အလွန်နည်းပါးပြီး ငှားရမ်း နေထိုင်ကြသူ များကြောင်း ရန်ကုန် အခြေစိုက် အိမ်ခြံမြေ အရောင်းအ၀ယ် အကျိုးဆောင်ကုမ္ပဏီများထံမှ သိရှိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက “အခု ၂ လ ၃ လ အတွင်းမှာ မြို့တွင်းနဲ့ ဆင်ခြေဖုံးက အိမ်ခြံမြေ ဈေးနှုန်းတွေက အရမ်းတက်လာတယ်။ ဒီတော့  အဝယ် သိပ်မရှိဘူး။ အငှားကိုပဲ အဓိက ထားနေကြတယ်။ စက်မှုဇုန်မြေကွက်တော့ အလုပ်ဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင်း ပြင်ပ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော နေရာတချို့တွင် အလျားပေ ၄၀ အနံ ပေ ၆၀ ရှိ မြေကွက်တကွက်လျှင် ယခင်က ကျပ်သိန်း ၂ ထောင် ခန့်သာရှိသော်လည်း သိန်း ၂၅၀၀ ခန့်အထိ ဈေးခေါ်လာကြောင်း သိရသည်။

“မြို့ထဲမှာကြတော့ အငှားပဲ ရှိတယ်။ ရောင်းချင်တဲ့ သူတွေတော့ ရှိတယ်။ ဒါပေမယ့် ဈေးတင်လွန်းတော့ ဘယ်သူမှ မဝယ်ကြဘူး။ ငှားနေကြတယ်။ ကွန်ဒိုတိုက်ခန်း တွေဆို နိုင်ငံခြားသားတွေ ငှားနေတာများတယ်၊ ရိုးရိုးတိုက်ခန်းတွေ ဆိုရင်တော့ ပြည်တွင်းက လူတွေပဲ အငှားများတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ New Sky အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ငှားရမ်းနေထိုင်မှုများ တွင်ကျယ်လျက်ရှိရာ  စမ်းချောင်းမြို့နယ်၊ ကမာရွတ် မြို့နယ်များတွင် တိုက်ခန်းများနှင့် ကွန်ဒို တိုက်ခန်းများ အဓိက ငှားရပြီး ဆင်ခြေဖုံးမြို့နယ်များ တွင်မူ လုံးချင်းအိမ်များ၊ မြေကွက်များ အဓိက ငှားရကြောင်း သိရသည်။

“အငှားဈေးကွက်မှာ သာမန်ရိုးရိုးတိုက်ခန်းတွေ ဆိုရင်တော့ နေရာ အနေအထား နဲ့ အလွှာပေါ်ကို လိုက်ပြီး တလကို ရှစ်သောင်း ကနေ   ငါးသိန်း လောက် အထိ အမျိုးမျိုး ရှိတယ်။ ရန်ကုန်ပြင်ပ မြို့နယ် တွေက လုံးချင်းအိမ် တွေဆိုရင်တော့ နေရာနဲ့ အကျယ်အဝန်းကို လိုက်ပြီး တလ  ငါးသောင်းကနေ  နှစ်သိန်းလောက် အထိ ဈေးရှိတယ်”ဟု ဆန္ဒအောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်တွင် ကွန်ဒိုတိုက်ခန်းတခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀၀ ခန့် ဈေးပေါက်ပြီး တိုက်ခန်း တခန်းလျှင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် ဈေးပေါက်ကြောင်း ဈေးကွက်သတင်း အချက်အလက်များအရ သိရှိရသည်။

ဧရာဝတီ
ရန်ကုန်မြို့က လူနေ အထပ်မြင့် တိုက်ခန်းများ (ဓာတ်ပုံ – Steve Tickner)
ရန်ကုန်မြို့က လူနေ အထပ်မြင့် တိုက်ခန်းများ (ဓာတ်ပုံ – Steve Tickner)
Friday, June 14 , 2013

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတချို့ဝင်ရောက်လာပြီး နောက်
ပိုင်း စက်မှုဇုန် မြေကွက်များ၏ ဈေးနှုန်းများ မြင့်တက်လာပြီး စက်မှုဇုန် မြေကွက်တကွက်လျှင် သိန်းသောင်း
ချီ ဈေးပေါက် လျှက်ရှိကြောင်း သတင်း ရရှိသည်။

ရမည်းသင်းမြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

Friday, June 14 , 2013

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပေါင်းလောင်းဒေသ စုပေါင်းကုမ္ပဏီ လုပ်ကွက်ရှိ အင်းအမှတ် (၁၀၄) တွင်ဇွန်လ၁၂ ရက်နေ့နံနက်၂ နာရီ ၃၀ မိနစ်အချိန်ကသုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း

 မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယာဉ်လိုင်းတိုးချဲ့ခြင်းကြောင့် ထားဝယ်တွင် ယာဉ်မောင်းရှားပါးလာ

Friday, June 14 , 2013

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရန်ကုန် - ထားဝယ် - မြိတ် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ ထပ်မံ

တိုးချဲ့ လာသည့်အတွက် ဒေသခံယာဉ်မောင်းများ ရှားပါးလာကြောင်းယာဉ်ပိုင်ရှင်များနှင့်ယာဉ်လိုင်းဂိတ်မှူး
များထံမှ သိရသည်။ ယာဉ်လိုင်းအသစ်များ ပြေးဆွဲလာခြင်း၊ ယခင်ယာဉ်လိုင်း အဟောင်းများ တိုးချဲ့ခြင်းတို
့ကြောင့် ကားအစီးရေ များလာပြီး၊ ယာဉ်မောင်း ရှာဖွေရ ခက်ခဲလာကြောင်း၊ အခြားဒေသမှ ယာဉ်မောင်းများ
မှာ လမ်းအခြေအနေနှင့် ရပ်ဝေးတွင် လာရောက်နေထိုင်ရခြင်းကြောင့် မမောင်းလိုကြကြောင်း ကားပိုင်ရှင်

တစ်ဦးက ပြောသည်။

မြန်မာလုပ်သား လေးထောင်ကျော် မလေးရှားအစိုးရ ပြန်ပို့မည်

Photo: မြန်မာလုပ်သား လေးထောင်ကျော် မလေးရှားအစိုးရ ပြန်ပို့မည်
Friday, June 14 , 2013

မလေးရှားနိုင်ငံမှ ပဋိပက္ခဖြစ်စဉ်များ အပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများကို  ပြန်လည်ပို့ဆောင်ရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဒုဝန်ကြီး ဝမ်ဂျူနိုင်ဒီဂျားဖာက ပြောကြားသည်။

“ရွှေ့ပြောင်းလုပ်သားထိန်းသိမ်းရေးစခန်းမှာ မြန်မာ ၄၄၀၀ ထိန်းသိမ်းထားတယ်။ ပြီးတော့ မြန်မာအာဏာပိုင်တွေ အထူးသဖြင့် သံရုံးကို မြန်မာလုပ်သားတွေကို ပြန်ခေါ်ဖို့ ဖိတ်ခေါ်ထားပါတယ်” ဟု ဝမ်ဂျူနိုင်ဒီက ဆိုသည်။

အသက်သေဆုံးသည် အထိဖြစ်ပွားခဲ့သည့်  လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ပဋိပက္ခကြောင့် လုံခြုံရေးအရ ရှာဖွေမှုများပြုလုပ်ခဲ့ပြီး လူ ၂၅၀ ခန့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

မွတ်ဆလင် အများစုနေထိုင်သည့် မလေးရှားတွင် မြန်မာနိုင်ငံသား နှစ်သိန်းခြောက်သောင်း ခန့် အလုပ် လာရောက်လုပ်ကိုင်နေကြပြီး ၎င်းတို့အထဲမှ တစ်သိန်းခွဲခန့် သည် တရားမဝင်လာရောက်လုပ်ကိုင်နေသူများဖြစ်ကာ သစ်ပင်စိုက်ခြင်း၊ ဆောက်လုပ်ရေးနှင့် ဒေသခံများမလုပ်သည့် အခြားနယ်ပယ်များတွင် လစာနည်းပါးစွာဖြင့် လာရောက်လုပ်ကိုင်နေကြကြောင်း မလေးရှား ပြည်ထဲရေး ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီကိုလည်း ဒုက္ခသည်များဟု ပြောကြားပြီး မြန်မာသို့ပြန်ရန် လုံခြုံမှုမရှိဟု ထင်သူများကို လျင်မြန်စွာလုပ်ဆောင်ပေးရန် ၎င်းက တောင်းဆိုထားသည်။

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ စာရင်းဇယားများအရ မလေးရှားတွင် တရားဝင် စာရွက်စာတမ်းမရှိဘဲ ယာယီ နေခွင့်ပြုထားသည့် မြန်မာ ဒုက္ခသည် တစ်သိန်း ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးဇင်ယော်က “ဒီမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာပြည်သားတွေကိုကာကွယ်ဖို့ မလေးရှားအစိုးရဆီကနေ အကူအညီတောင်းခံပါမယ်၊ မြန်မာကိုပြန်ချင်တဲ့တစ်ချို့ကို မြန်မြန်ပြန်နိုင်အောင် ကျွန်တော်တို့တွေစီစဉ်ပေးမှာပါ”  ပြောကြားသည်။

မလေးရှားတွင်ဖြစ်ပွားသည့် အမှုများသည့် ဂိုဏ်းများနှင့် ပတ်သက်သည်ဟုထင်မြင်ပြီး ဘာသာရေးကြောင့် မဟုတ်ကြောင်း မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။

မြန်မာ့ခေတ်

Friday, June 14 , 2013

မလေးရှားနိုင်ငံမှ ပဋိပက္ခဖြစ်စဉ်များ အပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများကို ပြန်
လည်ပို့ဆောင်ရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဒုဝန်ကြီး ဝမ်ဂျူနိုင်ဒီဂျားဖာ
က ပြောကြားသည်။

တရုတ်မှ နိုင်ငံတော် စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများကို အွန်လိုင်းတွင် ပြုလုပ် မည်

တရုတ်မှ နိုင်ငံတော် စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများကို အွန်လိုင်းတွင် ပြုလုပ် မည်
Friday, June 14 , 2013

အွန်လိုင်း တိုက်ခိုက်မှုများ၊ Hack ခံရမှုများ မကြာခဏ ခံရလေ့ရှိသည့် တရုတ်နိုင်ငံမှ စစ်ဆင်ရေး လေ့ကျင့်မှု များကို အွန်လိုင်းတွင်ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံအခြေစိုက် စင်ဟွာသ တင်းဌာန၏ သတင်းထုတ်ပြန် ချက်များ အရ တရုတ်နိုင်ငံ စစ်တပ်မှ လာမည့်လတွင် စစ်ဆင်ရေး တိုးတက်မှုများရရှိလာ စေရန်ရည်ရွယ်၍ အွန်လိုင်း စစ်ဆင်ရေး ဂိမ်းပြိုင်ပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့နောက် ၎င်းတို့မှ ထပ်မံ၍ တရုတ် နိုင်ငံစစ်တပ်မှ ယခုလို ပြုလုပ်ခြင်းမှာ သမိုင်းတလျှောက် ပထမဆုံး အကြိမ် ဖြစ်ပြီး ဒီဂျစ်တယ်စစ် ဆင်ရေးနှင့် လက်တွေ့ စစ် ဆင်ရေးများကို ပူးပေါင်း လုပ် ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ စစ်တပ်၏ တာဝန်ရှိ သူတစ်ဦးမှ ယခုလေ့ကျင့်မှုများတွင် Bejing Military Area မှ ပူးပေါင်းပါ ဝင်မည် ဖြစ်ပြီး နိုင်ငံအတွင်းရှိ စစ်ရေး အကယ်ဒမီ ၈ ခုမှလည်း ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှာ အွန်လိုင်းတိုက်ခိုက်မှုများ (Hack) ခြင်း များအတွက် အမေရိကန်နိုင်ငံ Pentagon စစ်ဌာနချုပ်၏ သတိပေးခြင်းကို ခံထားရသည်။ အမေရိကန်နိုင်ငံ ကာ ကွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ် ပြန်ချက်များအရ တရုတ်နိုင်ငံသားများဟု ယူဆရသည့် ဟက်ကာ များမှာ အမေရိ ကန်နိုင်ငံ၏ လက်နက်စနစ်ကို ခိုးယူခဲ့ ကြောင်း တွေ့ရှိရပြီး ထိုကဲ့သို့ ခိုးယူခဲ့ခြင်း မှာလည်း တရုတ်နိုင်ငံ၏ လက်နက်တည် ဆောက်ရေး စနစ်မြင့်မားရန်ပင်ဖြစ်နိုင် ကြောင်း အတိအလင်း သတင်းထုတ်ပြန် ထားခဲ့သည်။

Smart Pro Journal

Friday, June 14 , 2013

အွန်လိုင်း တိုက်ခိုက်မှုများ၊ Hack ခံရမှုများ မကြာခဏ ခံရလေ့ရှိသည့် တရုတ်နိုင်ငံမှ စစ်ဆင်ရေး လေ့ကျင့်မှု များကို အွန်လိုင်းတွင်ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံအခြေစိုက် စင်ဟွာသ တင်းဌာန
၏ သတင်းထုတ်ပြန် ချက်များ အရ တရုတ်နိုင်ငံ စစ်တပ်မှ လာမည့်လတွင် စစ်ဆင်ရေး တိုးတက်မှုများရရှိ
လာ စေရန်ရည်ရွယ်၍ အွန်လိုင်း စစ်ဆင်ရေး ဂိမ်းပြိုင်ပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။ 

ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ (KFAS) အဖွဲ့တို့ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုး

Friday, June 14 , 2013

မြန်မာနိုင်ငံတွင် သုတေသန ပညာရှင်များ ပိုမို တိုးပွားလာစေရန်နှင့် အဆင့်မြင့် နိုင်ငံတကာ ပညာရေးကို ကျယ်ပြန့် စွာ လေ့လာ သင်ယူနိုင်စေရန် ရန်ကုန် တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ၏ THE KOREA FOUNDATION FOR ADVANCED STUDIES (KFAS) တို့အကြား နှစ်နိုင်ငံ SIGNING CEREMONY for MEMORANDUM OF AGREEMENT သဘောတူညီမှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

မျက်လုံးအတွင်းမှာ ကြိုးတစ်ချောင်းကဲ့သို့ ထင်ရသော ကပ်ပါးကောင်

Friday, June 14 , 2013

အဘယ်ကြောင့် ဆိုသော ဒီရောဂါဟာ မျက်လုံးအတွင်း ကြိုးတစ်ချောင်း ဝင်နေသော ပုံသဏ္ဍန်နှင့် တူသော
ကြောင့် ဖြစ်ပါတယ်။ မကြာသေးခင်က အမျိုးသမီး တစ်ယောက်၏ မျက်လုံးမှာ တွေ့ရှိခဲ့တာပါ။အဲအမျိုးသမီး
၏ မျက်လုံးကို ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်လူမျိုးတုန်းသက်ဖြတ်မှု့နဲ့ပတ်သက်ပြီး မလေးရှားရောက် အစ္စလာမ်ဘာသာဝင်များ ယနေ့နေလည်ပိုင်းကဆန္ဒထုတ်ဖော်

Photo: 14.6.2013နေ့ မလေးရှားနိုင်ငံ စလာရမ်း သမ္မန်ဝေလာရာ ဗလီကြီး၌ ဂျွန်မာအ်ဆွလာသ် ၀တ်ပြုအပြီးတွင် မြန်မာမွတ်စလင်မ်များမှ မြန်မာနိုင်ငံတွင် မွတ်စလင်မ်များအပေါ် အကြမ်းဖက်သက်ဖြတ်မှု့များအပေါ် အရေးယူပေးရန် တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ပါသည်။

ယနေ့ ဇွန်လ ၁၄ရက် သောက်ကြာနေ့ နေ့လည် ပိုင်း အစ္စလာမ်ဘာသာဝင်များ၏ ဂျွမ်အာ ဆွလသ် ၀တ်
အပြီးတွင့်း မလေးရှားနိုင်ငံသမ္မန်ဝေလာရာဗလီကြီးမှာ မြန်မာနိုင်ငံလူမျိုးတုံးသက် ဖြတ်နေတဲ့ တရားခံတွေ
ကို ဖော်ထုတ်အရေးယူပေးရန် လူငါးထောင်ကျော်လောက်က တောင်းဆို ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်းသ
တင်းရရှိသည်။

ရာဇာမင်း အထူးကား ဓါးမြ တိုက်ခံရသည့် အမှုမှ ဓါးမြ(၃)ဦးအား ဖမ်းဆီးရမိ

Friday, June 14 , 2013

မွန်ပြည်နယ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ ရန်ကုန်သို့ ထွက်လာသည့် ရာဇာမင်းအထူး ယာဉ်အား ဓါးမြတိုက်မှုမှ ဓါးမြ(၅)ဦးအနက် (၃)ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဓါးမြ (၅)ယောက်အနက် တစ်ယောက်မှာ မော်လမြိုင်မှထွက်ပြေးပြီး၊ အခြားတစ်ယောက်မှာ ရေးမှဖြစ်ပြီး သူလည်း ထွက်ပြေးနေသည်ဟု သိရသည်။

Google က သန်းတထောင်သုံးပြီး ၀ယ်ယူလိုက်တဲ့ Waze