BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

Desktop မှာ ယူနီကုဒ် ပြောင်းပြီး Zawgyi ကော၊ Unicode ပါ ဆက်သုံးနည်း


RangonNewsDaily::Wednesday, July 29, 2020
ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို အကြိမ်ကြိမ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဒီတစ်ခေါက်ကတော့ အောင်မြင်မှု အရှိဆုံးပါပဲ။ ဒီလိုအောင်မြင်ခဲ့တာ Facebook က Facebook app မှာ Zawgyi, Uni နှစ်မျိုးလုံးဖတ်နိုင်အောင်လုပ်ပေးလို့ အခက်အခဲမရှိ ပြောင်းနိုင်ကြတာရယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်တွန်းစကားကြောင့်ရယ်လို့ ဆိုရင် မမှားပါဘူး။
Facebook မှာတော့ ယူနီကုဒ်ပြောင်းနည်းတွေက ဖုန်းတွေအတွက်တော့ ပေါပေါများများပါပဲ၊ ဒါပေမယ့် Desktop အတွက် ပြောင်းဖို့နည်းလမ်းကိုတော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် ရုံးတွေ၊ ရုံးတွေမှာ ယူနီကုဒ်ပြောင်းဖို့ အခက်တွေ့နေကြမှာစိုးလို့ ဒီနည်းလမ်းလေးကို Myanmar Web Designer (MWD) Co., Ltd. က မျှဝေလိုက်ရတာပါ။
Desktop မှာ Unicode ရေးနိုင်၊ ဖတ်နိုင်ဖို့အတွက် အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ⬇⬇
➡ Zawgyi install လုပ်ထားတာရှိရင် Remove (သို့) Uninstall ပြုလုပ်ပါ။ (ဆယ်စုနှစ်တစ်ခုကျော် အင်တာနက်မှာ မြန်မာစာ အသုံးပြုခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဇော်ဂျီရေ)
➡ ယူနီကုဒ်ရေးဖို့ keyboard လိုပါတယ်၊ ဖတ်ဖို့အတွက် font လိုပါတယ်။ ဒါပေမယ့် software တစ်ခု download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ ဒီ ၂ခုလုံးအဆင်ပြေပါတယ်။ http://www.unicodetoday.org/downlo…/All-in-One-Setup-5.2.exe ကို download လုပ်ပြီးတော့ install လုပ်လိုက်ပါ။ အောက်မှာဆက်ပြောတာတွေနဲ့ တူဖို့အတွက် ဘာ setting မှ အထူးတလည်မပြောင်းပါနဲ့။ Next တွေပဲနှိပ်သွားပါ။
➡ Install လုပ်ပြီးရင်တော့ keyboard အတွက် Pyidaungsu MM, ဇတ်ကုဒ် (ဇော်ကုဒ်), my-Win 2.3.0 Unicode 5.2, မြန်စံ (Smart), ဇော်ဂျီ ဆိုပြီး Keyboard (၅)မျိုး ပါပါတယ်။
Install လုပ်လိုက်ပြီဆိုရင်တော့ ရင်းနှီးပြီးသား Zawgyi လက်ကွက်နဲ့ပဲ Zawgyi ကော Unicode ပါ ရိုက်နိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပါတဲ့ Keyboard (၅) မျိုးထဲက Unicode ရိုက်ဖို့ဆိုရင် ဇတ်ကုဒ် (ဇော်ကုဒ်) ကိုရွေးပါ။ Zawgyi ရိုက်ဖို့ဆိုရင် ဇော်ဂျီ ကိုရွေးပြီး ရိုက်ရုံပါပဲ။ Keyboard shortcut နဲ့ရွေးမယ်ဆိုရင်တော့
Ctrl + Shift
————–
အရင်ကလိုပဲ အင်္ဂလိပ်နဲ့ မြန်မာစာ အပြန်အလှန်ပြောင်းဖို့ သုံးရတဲ့ shortcut ပါ။
Ctrl + Space
—————-
ပါဝင်တဲ့ Keyboard (၅) မျိုးလုံးကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ Keymagic မှာဆိုရင် Keyboard (၅)မျိုးတောင် ပါဝင်တာမို့ ကိုယ်မလိုအပ်တဲ့ Keyboard များကို Remove ပြုလုပ်ထားလို့ရပါတယ်။ Remove လုပ်ထားတဲ့အခါ keyboard ပြောင်းရင် Ctrl + Space ခဏခဏနှိပ်ဖို့မလိုတော့ဘူးပေါ့။
အထက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ယူနီကုဒ်စနစ်ကြီးကို မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီ post ကိုဖုန်းနဲ့ဖတ်နေတာဆိုရင် computer ရှေ့ရောက်တဲ့အခါ ပြန်ကြည့်ဖို့ share လုပ်ထားလိုက်ပါ။
PC မှာ ယူနီကုဒ်မပြောင်းဖြစ်သေးတဲ့သူတွေ သင့် Friend ထဲမှာ ရှိနေမယ်ဆိုရင်လည်း Share ပေးဖို့ မမေ့နဲ့နော်။
Credit::myanmarwebdesigner

Click တချက်နှိပ်တာနဲ့ ၀ဘ်ဆိုဒ်တွေအများကြီးဖွင့်ကြည့်လို့ရအောင်ပြုလုပ်နည်း

ကျွန်တော် အင်တာနက်ဖွင့်သုံးပြီဆိုရင် Firefox မှာ သုံးနေကျ ဝက်ဆိုက်တွေအများကြီးကို ဖွင့်နေရတာ
အချိန်ကြာပါတယ်။

ယနေ့လူကြိုက်အများဆုံး Mozilla Firefox ရဲ့ နောက်ဆုံးထွက်ဗားရှင်း (Firefox Nightly Web Borwser)

 
Firefox Nightly Web Borwser
Mozilla Firefox ဆိုတာ သူငယ်ချင်းတွေအားလုံးသိပြီးသားဖြစ်မှာပါ။ Web Browser တွေထဲမှာလည်း နာမည်
အကြီးဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်ပါတယ်။ Mozill Firefox ယခု နောက်ဆုံးထွက်လာတဲ့ Firefox Nightly Web Borwser လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Microsoft ရဲ့ ၀င်းဒိုးစ် အိပ် (Windows 8) အပေါ် စိတ်ဝင်စားမှု နည်းပါး နေ



ယခင်ကဆိုရင် မိုက်ခရိုဆော့ဖ်ရဲ့ ၀င်းဒိုးစ်အသစ် ထွက်လာတိုင်းစိတ် လှုပ်ရှားကြ၊အလုအယက် ၀ယ်ကြ၊ဝေ
ဖန်သုံးသပ်ကြနဲ့ ကွန်ပြူတာလောကကိုလှုပ်လှုပ်ရှားရှားရှိစေခဲ့ပါတယ်။ သို့သော်ဝင်းဒိုးစ်အိပ် (Windows 8) 
ထွက်ပေါ်လာတဲ့ ၂၀၁၂၊ အောက်တိုဘာ၂၆ ရက်နေ့မှာလူအများရဲ့ဝင်းဒိုးစ် အိပ်အပေါ် စိတ်လှုပ်ရှားမှုတွေ
မတွေ့ခဲ့ရပါဘူး။

မိမိရဲ့ Network ထဲမှာ ဘယ်သူတွေရှိဘဲကြည့်ရအောင်( MyLanViewer 4.13.1)


မိမိရဲ့Network ထဲမှာဘယ်သူတွေသုံးနေတယ်ဆိုတာကြည့်ဖို့ဆော့ဝဲလေးမျှဝေပေးလိုက်ပါတယ်။ဆော့ဝဲ
နံမည်က MyLanViewer 4.13.1 ပါ။ဆိုဒ် 2.78 MB ရှိပါတယ်။Screen Shot လေးတင်ပေးထားပါတယ်။R-Click 
> Edit Friendly Name လုပ်ပြီး နံမည်ပေးလို့လဲရပါတယ်ဗျာ။

ကွန်ပြူတာ သမားများ အမြင်အာရုံ မထိခိုက်စေဖို့

ကွန်ပျူတာရှေ့မှာ နာရီပေါင်း များစွာ အလုပ် လုပ်ရသူ တွေဟာ မျက်စိ မှုန်တာ၊ ၀ါးတာ၊ မျက်ရည်ပူ ကျတာ
၊ ခေါင်း ကိုက် တာ၊ ဇက်ကြောတက် နောက်ကြောထိုးတာ စတဲ့ရောဂါ လက္ခဏာ တွေကို အနည်းနဲ့ အများ ခံ
စားရ တတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင် မှာ နာရီပေါင်းများစွာ ကွန်ပျူတာအသုံး ပြုရသူတွေအတွက် အဲဒီ
လိုရောဂါ ဝေဒနာတွေကို သက်သာ လျော့နည်းစေပြီး သင့်တင့်မျှတတဲ့ ကွန်ပျူတာသုံး ချိန်ဖြစ်အောင် ကူညီ
ပေးမယ့် Software လေးတစ်ခုကို မိတ်ဆက် ပေးချင်ပါ။

ဓါတ်ပုံပြင်လို့အရမ်းလွယ်ကူတဲ့ ဆော့ဝဲလေး DreamLight Photo Editor


ဓါတ်ပုံပြင်လို့အရမ်းလွယ်ကူတဲ့  DreamLight Photo Editor ဆော့ဝဲလေးအကြောင်းမိတ်ဆက်ပေးပါမယ်။
ဆော့ဝဲလေးပါသုံးရတာအရမ်းလွယ်တယ်။ မြန်လဲမြန်ပါတယ်။ Free သုံးလို့ရပါတယ်။

ကွန်ပျုတာ ဖွင့်လိုက်တိုင်း Slow ဖြစ်နေတာ ဘယ်လိုဖြေရှင်းမလဲ?




ကျွန်တော်တို့ ကွန်ပျုတာ ဖွင့်လိုက်တိုင်း Slow ဖြစ်နေတာ မကြာခဏတွေ့ရမှာပါComputer နှေးရတဲ့အ
ကြောင်းလေးတွေရှိပါတယ်။အဲ့ဒါကတော့ မလိုအပ်ပဲ စမ်းမယ်ဆိုပြီး မသုံးဖြစ်တဲ့ ဆော့ဝဲတွေနဲ့မလိုအပ်
ပဲဆော့ဝဲတွေကို ကွန်ပျုတာဖွင့်လိုက်တာနဲ့ တတ်လာအောင် Auto Start on ထားလို့ပါပဲ။ဒါတွေကြောင့်
Slow ဖြစ်ရတာပါ။