BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

မောင်တောမြောက်ပိုင်းတွင် ဆုတ်ခွာသွားသည့် နယ်ခြားစောင့်စခန်း ၇ ခုအထိရှိ​ဟု အေအေ ပြော



RangonNewsDaily::August 12, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းငယ် ၇ ခု ဆုတ်ခွာသွားတယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ဦးခိုင်သုခက သြဂုတ် ၁၁ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယင်းမာပင် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်



RangonNewsDaily::August 12, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့ကို  သြဂုတ် ၁၁ ရက် နေ့လယ် ၃ နာရီလောက်မှာ  စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းအတွင်း မိုးခေါင်ပြီး သီးနှံထွက်နှုန်းနည်းသဖြင့် တောင်သူများ အရှုံးပေါ်


RangonNewsDaily::August 12, 2022

သီးနှံစျေးနှုန်းတွေ မြင့်တက်ပေမယ့်လည်း မိုးခေါင်ပြီး အထွက်နှုန်းနည်းပါးတာကြောင့် မကွေးတိုင်းအတွင်း မြေပဲ၊ နှမ်း စိုက်ပျိုးတဲ့ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

အင်ဝမ်ယန်ပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းယူ



RangonNewsDaily::August 2, 2022

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံဒေသ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၅၊ တပ်ရင်း ၃ ဘွမ်တောင်နဲ့ ခရွန်းကြားက အင်ဝမ်ယန်ရွာနားမှာ စခန်းချနေတဲ့ ပြည်သူ့စစ်စခန်းကို သြဂုတ် ၂ ရက် မနက် ၈ နာရီခွဲလောက်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်မရောမြို့နယ်က PDF ပူးပေါင်းစခန်းတခု သိမ်းပိုက်ခံရ



RangonNewsDaily::August 2, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံမြစ်တဖက်ကမ်းက ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ စခန်းတခု ဝင်ရောက်စီးနင်း သိမ်းပိုက်ခံရလိုက်တယ်လို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်



RangonNewsDaily::July 31, 2022

မန္တလေးတိုင်း၊ ပြည်ဦးလွင်မြို့နယ်ထဲက မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ဇူလိုင် ၃၁ ရက် မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မန္တလေး PDF တိုက်ခိုက်



RangonNewsDaily::July 31, 2022

မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်များအတွင်း စစ်ကြောင်းထိုးလာသော အာဏာသိမ်း စစ်ကောင်စီတပ်များကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) က စောင့်ကြိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်သည်။

မန္တလေး အမရပူရက လူငယ်တစ်ဦး ကားလုယက် ခံရပြီး အသ-တ်ခံရ၊ အလောင်းကို လမ်းဘေးမှာ တွေ့၊

သေဆုံးသူမောင်ရဲကိုထက်

RangonNewsDaily::July 27, 2022 (MFP)

မန္တလေးမြို့ အမရပူရမြို့နယ်နေ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ဒိနေ့ မနက်ပိုင်း ကိုယ်ပိုင်ကားနဲ့ ပြည်ကြီးတံခွန်မြို့နယ် စွယ်တော်စက်မှုဘက် ပစ္စည်းသွားပို့ရာကနေ ကားလုယက်ခံရကာ အသ-တ်ခံရပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားတာ တွေ့ရှိရတယ်လို့ မြို့ခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပလက်ဖောင်း လမ်းဘေးဈေးသည်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် ပဲခူးစည်ပင်ကို အတိုင်ပင်ခံပြော


RangonNewsDaily::Friday, March 15, 2019
ပလက်ဖောင်းမှာ လမ်းဘေးဈေးသည်တွေကြောင့် ပြည်သူတွေ အေ နှာင့်အယှက် ဖြစ်နေတာကို အမြန်ဆုံး ပြေလည်အောင်ဆောင်ရွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး စည်ပင်တာဝန်ရှိသူတွေကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မိုးကုတ်တွင် မြေပြိုမှုဖြစ်ပွားရာ လူနေအိမ် ၃ လုံးပြို၊ လူ ၅ ဦး သေဆုံး


RangonNewsDaily::Friday. June 15. 2018
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်မှာ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းက နေအိမ် ၃ လုံး မြေပြိုကျတဲ့အထဲပါသွားခဲ့ရာ ၅ ဦး သေဆုံးခဲ့တယ်လို့ မိုးကုတ် မဲဆန္ဒနယ် အမှတ်(၂)၊မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က မဇ္ဈိမကို အတည်ပြုပြောပါတယ်။

"မနက် ၄ နာရီလောက်က အိမ်သုံးလုံး မြေပြိုတဲ့ပါသွားတယ်။နှစ်အိမ်က လူမရှိတော့ လူသေဆုံးမှု မရှိဘူး။တစ်အိမ်ကတော့ လူရှိတယ်။၅ ဦးသေသွားတယ်။"လို့ ဦးစောသောင်းတင်က ပြောပါတယ်။

မိုးရက်ရှည် ရွာသွန်းနေတာကြောင့် တစ်မြို့နယ်လုံးမှာမြေပြိုမှုတွေရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက လိုအပ်တာတွေ ကူညီပေးနေပါတယ်။နေအိမ်ပျက်စီးတဲ့ မိသားစုဝင်တွေကို တရုတ်ဘုံကျောင်းမှာ ယာယီထားထားတယ်လို့သိရပါတယ်။
လတ်တလောမြေပြိုမှုဖြစ်ပွာနေတဲ့နေရာတွေကတော့ မိုးကုတ်မြို့အဝင်၊ဘီးတောင်နေရာ၊ပိန်းပြစ် စတဲ့နေရာတွေမှာ ဖြစ်ပွားနေတာပါ။အဲဒီလိုဖြစ်ပွားနေပေမယ့် ထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့တော့ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။

"ဖြစ်တာကတော့ တစ်မြို့နယ်လုံးပဲပြောရမှာပဲ။ခုနက လူသေဆုံးတဲ့နေရာကလွဲရင် ကျန်တဲ့နေရာကတော့ ထိခိုက်မှုမရှိပါဘူး။နေအိမ်တစ်ချို့အနည်းငယ် ပျက်စီးတာပဲရှိပါတယ်။ဆုံးရှုံးပျက်စီးတဲ့ စာရင်းကတော့ မသိသေးပါဘူး။"လို့ ဦးစောသောင်းတင်ကပြောပါတယ်။
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံထူးက"မိုးကုတ်အိမ်တွေက တောင်ကမ်းပါးယံတွေမှာအ ဆင့်ဆင့် ဆောက်ကြ တာဖြစ်တော့ မိုးကြောင့်မြေပြိုတဲ့ သဘောပါ။"လို့ပြောပါတယ်။
ကသဲရပ်ကွက်ဒေသခံ ဦးစိန်မြင့်က"တောင်ကြောတွေမှာ ဆောက်ထားတဲ့ အိမ်တွေက မြေသားအိပြီး ပြိုတာပေါ့။"လို့ပြောပါတယ်။
အပျက်အစီးတွေကိုတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖများနဲ့ ပရဟိတအဖွဲ့တွေက ရှင်းလင်းဆောင်ရွက်နေပါတယ်။



မန္တလေး ဈေးချိုအနီး၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား


မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ သီရီဟေမာအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၂၄၄ )၊ ၂၇လမ်း ×၂၈ လမ်းကြား၊ ၈၆×၈၇လမ်းကြား၊မန္တလေး ဈေးချိုအနီး မှ အိမ်ပိုင်ရှင်ဒေါ်နွဲ့နွဲ့ ရင် ၏ 'ဆင်တံဆိပ်' သင်္ကန်းတိုက် တွင် ၂၀၁၈ ခုနှစ်၊ဇွန်လ ၁၄ ရက်နေ့ ၊ နံနက် ၂း၄၀ အချိန်ခန့်က လျှပ်စစ်ဝါယာကြိုးမှ တစ်ဆင့် ရှော့ခ်ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျွန်းလှ လွှတ်တော်ကိုယ်စားလှယ် ယာဉ်တိုက်မှုကြောင့် ဆေးရုံတင်ထားရ


RangonNewsDaily::Monday. June 11. 2018
ကျွန်းလှမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းဟာ ဇွန်လ ၉ ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုကြောင့် ဦးခေါင်းဒဏ်ရာရရှိကာ မုံရွာမြို့နယ်ဆေးရုံကနေ မန္တလေးဆေးရုံကို လွှဲပြောင်းလိုက်ရပါတယ်။

ပြည်မြို့နယ်တွင် အိမ်ခြေ ၂၀ ကျော် ကမ်းပါးပြိုကျမည့်အန္တရာယ် ကြုံနေရ


RangonNewsDaily::Monday. June 11. 2018
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ထဲက ဇလုံချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့နေရာမှာရှိတဲ့ ဇလုံကျေးရွာမှာ အိမ်ခြေ ၂၀ ကျော် ကမ်းပါးပြိုကျမှုအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

မြင်းကပါကျေးရွာတွင် ပုဂံဘုရားတဆူ ရုတ်တရက်ပြိုကျ


RangonNewsDaily::Sunday. June 10. 2018
ပုဂံညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာ ပုဂံ နဲ့ ချောက်မြို့ကိုသွားတဲ့ ကားလမ်းနံဘေးမှာရှိတဲ့ ပုဂံဘုရားဟောင်းအမှတ်​ ၁၃၇၈ ဟာ ဇွန် ၈ ရက်နေ့ ည​နေ ၄ နာရီလောက်က ရုတ်​တရက် ​ပြိုကျသွားခဲ့ပါတယ်။

"ပြင်စာ ရဲစခန်းက နေရဲ ပါ" လို့ဆိုပြီး မန္တလေး-ပြင်ဦးလွင်-နောင်ချို တစ်ကြောမှာနာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ရဲတစ်ဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အင်ဖော်မာတစ်ဦးကို အရေးယူ

RangonNewsDaily::Sunday. June 10. 2018
ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရဲသတင်းပေး(အင်ဖော်မာတစ်ဦးကို) ပိတ်ချင်းမြှောင်ရဲစခန်းက အခုရက်ပိုင်းအတွင်းပဲ အရေးယူလိုက်ပါတယ်။
အဆိုပါ ဖမ်းဆီးလိုက်တဲ့အထဲမှာ မန္တလေးမြို့နယ်အတွင်းက ရဲစခန်းတစ်ခုမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ၎င်း တို့ကို သတင်းပေးနေတဲ့ ဥတိဘွား လို့နာမည်ရှိတဲ့ ရဲသတင်းပေး(အင်ဖော်မာ) ၁ ဦးတို့ပါဝင်ပါတယ်။

ရန်ကုန်ကနေ ချောင်းသာကိုတစ်နာရီခွဲတည်းနဲ့ ရောက်မယ့် မိုးပျံလမ်းဖောက်လုပ်မယ်


RangonNewsDaily::Thursday. September 14. 2017
ရန်ကုန်မြို့နေ ချောင်းသာကမ်းခြေကို အချိန်တစ်နာရီခွဲခန့်အတွင်း ရောက်ရှိနိုင်မယ့် မိုးပျံလမ်းဖောက်လုပ်ဖို့ စမ်းသပ်လေ့လာ တွက်ချက်မှုတွေ ပြုလုပ်နေတယ်လို့ Myanmar Construction & Development Public(MCD) ကုမ္ပဏီကနေ သိရပါတယ်။

လျှပ်စစ်မီးပုံမှန်ရရှိရေး ထားဝယ်သူထားဝယ်သားများဆန္ဒထုတ်ဖော်


RangonNewsDaily::Wednesday. July 12. 2017
လျှပ်စစ်မီးဖြန့်ဖြူးရေးတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့
အတွက်ထားဝယ်သူထားဝယ်သားများထားဝယ်​မြို့အတွင်းဖ​ယောင်းတိုင်းကိုင်​​ဆောင်​ပြီးဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

မြစ်ရေဝင်ရောက်လာသဖြင့် လှိုင်ကျွန်းကျေးရွာ အလကကျောင်းတွင် ရေထဲစာသင်နေရ


RangonNewsDaily::Tuesday. July 11. 2017
မန္တလေး ဇူလိုင် ၁၀
--------------------------------------
မတ္တရာမြို့နယ် လှိုင်ကျွန်းကျေးရွာရှိ (အလက)ကျောင်းမှာ မြစ်ရေဝင်ရောက်နေတာကြောင့် ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေ ရေထဲမှာ စာသင်ကြားနေရတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေဟာ ကျောင်းအတွင်းကို မနေ့ကစတင်ဝင်ရောက်လာတာဖြစ်ပြီး
အပေါ်ထပ် စာသင်ဆောင် နေရာပြည့်နေတာကြောင့်
မြစ်ရေဝင်နေတဲ့ အောက်ထပ်မှာ ဒီနေ့စာသင်နေကြရပါတယ်။

၁၄ နှစ်အရွယ် သမီးအရင်းကို ဖခင်က အဓမ္မပြုကျင့်


RangonNewsDaily::Thursday. March 9. 2017
လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းအုပ်စု ဓနင်းကြီးကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဖခင်ဖြစ်သူကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ကျုံပျော်တွင် စိတ်မနှံ့သော ၁၇နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဥိးကို ဖမ်းဆီး


RangonNewsDaily::Thursday. March 9. 2017
မတ်လ ၇ ရက် (ကျုံပျော်)
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ၁၇နှစ်အရွယ် စိတ်မနှံ့သူ မိန်းကလေးငယ်အား ၅၆နှစ်အရွယ်ရှိ ယောက်ျားတဦးက အလိုမတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားကြောင်းသိရသည်။