Pages

Tuesday, July 11, 2017

မြစ်ရေဝင်ရောက်လာသဖြင့် လှိုင်ကျွန်းကျေးရွာ အလကကျောင်းတွင် ရေထဲစာသင်နေရ


RangonNewsDaily::Tuesday. July 11. 2017
မန္တလေး ဇူလိုင် ၁၀
--------------------------------------
မတ္တရာမြို့နယ် လှိုင်ကျွန်းကျေးရွာရှိ (အလက)ကျောင်းမှာ မြစ်ရေဝင်ရောက်နေတာကြောင့် ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေ ရေထဲမှာ စာသင်ကြားနေရတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေဟာ ကျောင်းအတွင်းကို မနေ့ကစတင်ဝင်ရောက်လာတာဖြစ်ပြီး
အပေါ်ထပ် စာသင်ဆောင် နေရာပြည့်နေတာကြောင့်
မြစ်ရေဝင်နေတဲ့ အောက်ထပ်မှာ ဒီနေ့စာသင်နေကြရပါတယ်။

"မြစ်ရေဒီထက်တိုးလာရင်တော့ အောက်ထပ်ကကျောင်းသားတွေကို အပေါ်ထပ်အကုန်တင်ပြီး စာသင်ရတော့မယ့်အနေအထားဖြစ်လာမယ် အဲ့ဒီအခါကျရင် ပြွတ်သိပ်ကြပ်ညှပ်ကုန်တော့မယ် သင်စရာနေရာမလုံလောက်တော့ အဆင်ပြေသလိုသင်ရမှာပဲ ရေအရမ်းများလာရင်တော့ အတန်းတချို့ပိတ်ရမယ့်အနေအထားမှာရှိတယ် " လို့ လှိုင်ကျွန်းအလကကျောင်းအုပ်ဆရာကြီးက #MUNA ကို ပြောပါတယ်။




လှိုင်ကျွန်း အလကကျောင်းအောက်ထပ်မှာ အခန်းကန့်ထားခြင်း မရှိဘဲ ခုံချစာသင်ပေးနေရခြင်းဖြစ်တယ်လို့သိရပါတယ်။
စာသင်ကျောင်းဟာ ပေအကျယ် ၁၁၂ပေရှိပြီး အလကကျောင်းဖြစ်တာကြောင့် ပုံမှန်အားဖြင့် စာသင်ခန်း ၉ခန်းရှိရမယ့်အစား အပေါ်ထပ်စာသင်ခန်း ၄ခန်းပဲရှိတာကြောင့် အောက်ထပ်မှာ တိုးချဲ့ဆောက်လုပ်ဖို့ လိုအပ်နေကြောင်းသိရပါတယ်။
အဲဒီကျောင်းမှာ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၂၄၆ ယောက်ကို လက်ခံသင်ကြားပေးလျှက်ရှိတယ်လို့သိရပါတယ်။
#MUNA
Htoo Htoo



0 comments:

Post a Comment