မယ်လိုဒီနဲ့ မဆုံဖြစ်တာ အတော် ကြာပါပြီ အခုတစ်ပတ် မယ်လိုဒီ ပါဝင် သရုပ်ဆောင် ထားတဲ့ ဟာသရုပ်ရှင် ပရက်ရှိုးအပြီးစကား ပြောဖြစ်တဲ့အခါ “မျိုးဘာမှ မရိုက်တော့ဘူးလေ။ မကြီးစန်းတို့လို တကယ်ရင်းနှီးတဲ့ မိတ်
ဆွတွေအတွက်လောက်ပဲ ဓာတ်ပုံရိုက်ပေးတာ ရှိတယ်။ ဖက်ရှင်ရှိုးလည်း အဲဒီလိုပါပဲ။ စေတနာနဲ့ လျှောက်
ပေးတာပဲ ရှိတော့တယ်။ Professional မလုပ်တော့ဘူး။
နိုင်ငံခြားမှာနေတယ် ဆိုတာကလည်း မဟုတ်ပါဘူး။ တခြားစီးပွားရေးက အရင်ကတည်းက လုပ်ထားတာပါ။ အနုပညာအနေနဲ့ မပတ်သက်တဲ့ အလုပ်ပါ။ ခုတော့ အိမ်မှာနေရင်း မိဘကို လုပ်ကျွေးပြုစုနေပါတယ်။ ဗီဒီယို
ရုပ်ရှင်မရိုက်တော့ဘူးလို့ ပြောခဲ့တာကိုဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး။မယ်လိုဒီဆိုတာ မိန်းမပေမယ့်
ကတိတည်တယ်။ စကားတစ်ခုကို လွယ်လွယ်မပြောဘူး။
မိန်းမတစ်ယောက်ရဲ့ ကတိ ဘယ်လောက်တည်တယ် ဆိုတာကို ပြတတ်တယ်။ စကားကို လက်လွတ်စပယ်
ပြောခဲ့တာမဟုတ်ဘူး။အနုပညာနယ်ကလူတွေနဲ့ တွေ့ဖြစ်လား ဆိုတော့ ဆုံနေကျလူတွေနဲ့တော့ တွေ့ဖြစ်
ပါတယ်။ အခုတော့ အိမ်အလုပ်ပဲ လုပ်ဖြစ်တယ်။ မိသားစုကလည်း သုံးယောက်ပဲ ရှိတာလေ။
အိမ်ထဲမှာပဲ နေဖြစ်တယ်။ ကလပ်သွားတာတို့၊ သောက်စားပျော်ပါးတာတို့ မရှိတော့ဘူးလေ။ အေးအေးဆေး
aဆးပဲ နေတယ်။ အခုကျမှ လူတွေက မယ်လိုဒီရဲ့ type အစစ်ကို မြင်ရတာလေ။ အရင်ကဆို မယ်လိုဒီဆိုတာ
အပြင်မှာ ဖလန်းဖလန်းထတဲ့သူလို့ မြင်ထားတာကိုး။အဲဒီလို မြင်အောင်လည်း ပြောတဲ့လူကလည်း ပြောတာ
ကိုး။
အမေက တစ်သက်လုံး ကိုယ့်ကို ကျွေးမွေး လာတာဆိုတော့ ကိုယ်လူကြီး ဖြစ်တဲ့အချိန်မှာ မိဘကို ပြန်ပြုစုရ
မယ်လေ။ အဲဒီအသိစိတ်နဲ့ နေပါတယ်” လို့ လတ်တလော မယ်လိုဒီရဲ့ စကားကို ကြားခဲ့ ရပါတယ်။
အနုပညာသတင်း
