BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

“၂၀၁၆တွင် ဈေးကွက်ထဲဝင်လာမည့် ANDROID စမတ်ဖုန်းများ”


RangonNewsDaily:: February . 19 .2016
နှစ်သစ်တစ်နှစ်ရောက်ပြီဆိုလျှင် နာမည်ကြီး branded စမတ်ဖုန်းများ အသစ်ထုတ်ရန် တန်းစီစောင့်ဆိုင်းနေ ကြပါသည်။ Android 6.0 ထွက်ပြီ ဟုဆိုသော်လည်း ၂၀၁၅ကုန်ချိန်အထိ တန်ဖိုးမြင့် Android စမတ်ဖုန်းများ တွင် ယင်းကိုမတွေ့ရသေး။

၂၅ ဦးအထိ အုပ်စုဖွဲ့ကာ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နိုင်မည့် feature ကို iOS နှင့် Android အတွက် Skype ဖြန့်ချိ


RangonNewsDaily:: February . 19 .2016
ပြီးခဲ့သည့်လက Skype group video calling အတွက် Microsoft က ကတိပြု ပြောကြားပြီးနောက် ယခုအခါ အဆိုပါ feature ကို iOS နှင့် Android အတွက် ဖြန့်ချိပေးလိုက်သည်။

ဖုန်းခလျှော့သည့် ပရိုမိုးရှင်းအစီအစဉ်ကြောင့် ဖုန်းလိုင်းများကျပ်

RangonNewsDaily:: September . 11 .2015
သြဂုတ်လကုန်ပိုင်းက ပြုလုပ်ပေးသည့် ဖုန်းပြောဆိုခ များ သက်သာစေမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို အသုံးပြုသူ အများအပြား ရှိလာသည့်အတွက် ယခုရက်ပိုင်းအတွင်း ဖုန်းလိုင်း ကျပ်သည့် ပြဿနာများမြင့်တက် လာသည်ကို တွေ့ရကြောင်း MPTမှ သတင်းရရှိသည်။

တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်ပြီ

RangonNewsDaily:: August . 19 .2015
တယ်လီနောဖုန်း ဆင်းကတ် အသုံးပြုသူတွေအနေနဲ့ တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်မယ့် စူပါပွားဆိုတဲ့ အစီအစဉ်တစ်ခုကို သြဂုတ်လ ၂၀ ရက် နံနက် ၉ နာရီမှ စတင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ တယ်လီနောရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုအရေအတွက် လေးသန်းနှစ်သိန်း ကိုးသောင်းရှိပြီး Android OS ပေါ်မှ အသုံးပြုသူဦးရေ အများဆုံးဖြစ်

RangonNewsDaily:: July . 20 .2015
မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို အသုံးပြုသူအရေတွက် လေးသန်းနှင့် ခုနစ်သိန်း (၄,၇၀၀,၀၀၀ ) ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူ အရေအတွက် မှာ လေးသန်းနှစ်သိန်းကိုးသောင်း (၄,၂၉ ၀,၀၀၀) ရှိပြီး ကွန်ပျူတာမှတစ်ဆင့် အသုံးပြုသော ပမာဏထက် ဆယ်ဆကျော် များပြားနေကြောင်း Amara Digital Marketing Agency ၏ လေ့လာထားသော အချက်အလက်များအရ သိရသည်။

အမ်ပီတီ၊ အူရီးဒူးနှင့် တယ်လီနောဆင်းကတ်ဒ်တို့ ရောင်းရငွေပေါင်း ကျပ်ဘီလီယံ ၁၆၆ကျော်ရရှိ


RangonNewsDaily:: July . 11 .2015
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ပြည်ပဆက်သွယ်ရေးအော်ပရေတာ နှစ်ခုဖြစ်သော အူရီးဒူးနှင့် တယ်လီနော ဆင်းမ်ကတ်ဒ်တို့ ရောင်းရငွေ စုစုပေါင်းမှာ ကျပ်ဘီလီယံပေါင်း ၁၆၆ ဒသမ ၁၄၃ (တစ်ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်)ရရှိခဲ့သည်ဟု ဆက်သွယ်ရေး သတင်းအချက် နှင့် အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။

CDMA 450/800 ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ


RangonNewsDaily:: July . 5 .2015
ဈေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်
၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဈေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။

iPhone တွင် app များပိတ်ခြင်းဖြင့် ဘက်ထရီစွမ်းအင် ချွေတာခြင်း မပြုနိုင်


RangonNewsDaily:: June . 26 .2015
iPhone အသုံးပြုလျက်ရှိသော လူအများစုသည် ၎င်းတို့အသုံးပြုခဲ့သော app များအားလုံး ပိတ်ထားပါက ဘက်ထရီစွမ်းအင် ချွေတာနိုင်သည်ဟု မှတ်ယူလျက်ရှိကြောင်း၊ သို့သော်လည်း ထိုအယူအဆမှာ မမှန်ကန်ကြောင်း Business Insider ကဖော်ပြခဲ့သည်။

ဆမ်ဆောင်းက Galaxy J5 နှင့် J7 စမတ်ဖုန်းနှစ်လုံး မိတ်ဆက်မည်


RangonNewsDaily:: June . 26 .2015
(လန်ဒန်)။ ။ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ ဆမ်ဆောင်းက အလယ်အလတ်တန်း စမတ်ဖုန်းနှစ်လုံးဖြစ်သည့် Galaxy J5 နှင့် J7 ဖုန်းနှစ်လုံးကို စတင်မိတ်ဆက်မည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။

ဖုန်းပြောခ အခွန်မကောက်ရန် လွှတ်တော် ဆုံးဖြတ်

RangonNewsDaily:: May . 28 .2015
ဖုန်းဘီလ်များမှ ၅ ရာခိုင်နှုန်းကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန်ကို ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က ယနေ့ ဆုံးဖြတ်လိုက်သည်။

Huawei P8 မိုဘိုင်းလ်ဖုန်းသစ်တွင် RAM 3GB ပါဝင်


RangonNewsDaily:: May . 25 .2015
Huawei ကုမ္ပဏီ၏နောက်ဆုံး မျိုးဆက်စမတ်ဖုန်းဖြစ်သော Ascend P8 တွင် Internal Memory အဖြစ် RAM 3GB ထည့်သွင်း ထားကြောင်းသိရသည်။

Android OS သစ်တွင် လက်ဗွေဖတ်စနစ် Builtin ထည့်သွင်းရန် Google စီစဉ်


RangonNewsDaily:: May . 25 .2015
Google ကုမ္ပဏီသည် အသစ်ဖြန့်ချိမည့် Android OS တွင် လက်ဗွေဖတ်စနစ်(Finger Print)ကို OS အတွင်း၌ Builtin အဖြစ် ထည့် သွင်းရန်စီစဉ်လျက်ရှိကြောင်း eNet သတင်းဌာန ကဖော်ပြသည်။

ပေးပေး၊မပေးပေး ဖြတ်တောက်ခံရမည့် ဖုန်းဘီလ်အခွန်ငွေ

မိုဘိုင်းဖုန်းသုံးစွဲနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: May . 23 .2015
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ဆက် သွယ်ရေး ၀န်ကြီး ဌာနတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် မီဒီယာများအား အ ကြောင်းကြားခဲ့သည်။ ထုံးစံအ တိုင်း အော်ပရေတာ သုံးခုပါဝင် မည်ဆိုသည်မှ လွဲ၍ မည်သည့်သ တင်းစာရှင်းလင်းပွဲဟူသည်ကို ကြိုတင်အသိမပေးခဲ့။ မေလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲကျင်း ပချိန်မှသာ မိုဘိုင်းဖုန်းသုံးစွဲသူ များ၏ ဖုန်းငွေဖြည့်သွင်းမှုမှ ကုန် သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်မည်ဆိုသည်ကို သ တင်းထုတ်ပြန်ကြေညာခဲ့သည်။

ဖုန်းပြောခွန် ၅%ကိစ္စ ဆိုင်းငံ့ဖို့ လွှတ်တော်ကို အရေးကြီးအဆိုတင်

RangonNewsDaily:: May . 23 .2015
လာမယ့် ဇွန်လ ၁ရက်နေ့မှာ စတင်ကောက်ယူမယ်လို့ မြန်မာအစိုးရက ကြေညာထားတဲ့ တယ်လီဖုန်းပြောခအပေါ် သွယ်ဝိုက်ခွန် (ကုန်သွယ်ခွန်) ၅%ကောက်ခံမယ့်စနစ် လာမယ့် ဘက်ဂျက်ကာလအတွင်း ကင်းလွတ်ခွင့်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှာ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဇွန်လမှစတင်၍ ငွေဖြည့်ကတ် အသစ်များတွင် အခွန်ပေးဆောင်ထားသည့် ပမာဏကို ပူးတွဲဖော်ပြ ပေးထားမည်

RangonNewsDaily:: May . 23 .2015
ဇွန်လမှစတင်၍ ငွေဖြည့်ကတ် အသစ်များကို ဈေးကွက်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ ငွေဖြည့်ကတ်များအပေါ်၌ အခွန်ပေးဆောင်ထားသည့် ပမာဏကို ပူးတွဲဖော်ပြ ပေးထားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းငွေဖြည့်သွင်းသူများမှ ၅ရာခိုင်နှုန်းအခွန်ပေးဆောင်ရမှု ပြန်သုံးသပ်ရန် စီးပွားရေးပညာရှင်တိုက်တွန်း

RangonNewsDaily:: May . 19 .2015
အခွန်ဥပဒေသစ်အရ ဆက်သွယ်ရေးအော်ပရေတာသုံးခုမှ မိုဘိုင်းဖုန်းငွေဖြည့်သွင်းမှုများကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည့်အပေါ်တွင် ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညးဝန်ကြီးဌာနအနေဖြင့်ပြန်လည်သုံးသပ်သင့်ကြောင်းစီးပွားရေးပညာရှင်ဒေါက်တာမောင်မောင်စိုးကပြောသည်

"ဇွန်လမှစတင်၍ မိုဘိုင်းဖုန်းငွေဖြည့်တင်းမှုများမှ အခွန် ၅ ရာခိုင်နှုန်းဖြတ်တောက်မည်"


RangonNewsDaily:: May . 19 .2015
အခွန်ဥပဒေအသစ်အရ ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးထံမှ မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်ဝယ်ယူသူများအနေဖြင့် ဇွန်လ ၁ ရက်မှစတင်ကာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

Samsung Note 5 ကို မကြာခင် မိတ်ဆက်ဖွယ်ရှိ


RangonNewsDaily:: May . 12 .2015
ကမ္ဘာ့ အကြီးဆုံးမိုဘိုင်း ကုမ္ပဏီ ကြီး Samsung မှ ၂၀၁၅ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာပြုလုပ်မည့် IFA ကမ္ဘာ လူသုံးကုန် လျှပ်စစ် ပစ္စည်း များပြပွဲ တွင် Note 5ကိုမိတ်ဆက်ပေးဖွယ်ရှိသည်။ 

မိုဘိုင်းအင်တာနက် အတွက် 2 GB Plan ကို Telenor မှ ရောင်းချ


RangonNewsDaily:: April . 30 .2015
မိုဘိုင်းအင်တာနက် အသုံးပြုရန် 1 GB Plan အထိသာ ရောင်းချပေးခဲ့သော Telenor Myanmar သည် လက်ရှိအချိန်၌ 2GB Plan ကို ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။

ပြည်တွင်းရောက် စမတ်ဖုန်းတွေကို စိန်ခေါ်မယ့် OPPO Mirror 3




RangonNewsDaily:: April . 24 .2015
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း ဈေးကွက်အတွင်း ရောက်ရှိလာတဲ့ စမတ်ဖုန်းတွေကို ကြည့်ပြီး ဒီတစ်ပတ်အတွက် ဖော်ပြဖို့အတွက် OPPO Mirror 3 ကို ရွေးချယ်ထားပါတယ်။ OPPO တို့က ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းများနဲ့ စမတ်ဖုန်းဈေးကွက်ဝေစုကို အခြားစမတ်ဖုန်း ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ရယူဖို့ ကြိုးစားလာကြတာပါ။