Pages

Monday, May 25, 2015

Android OS သစ်တွင် လက်ဗွေဖတ်စနစ် Builtin ထည့်သွင်းရန် Google စီစဉ်


RangonNewsDaily:: May . 25 .2015
Google ကုမ္ပဏီသည် အသစ်ဖြန့်ချိမည့် Android OS တွင် လက်ဗွေဖတ်စနစ်(Finger Print)ကို OS အတွင်း၌ Builtin အဖြစ် ထည့် သွင်းရန်စီစဉ်လျက်ရှိကြောင်း eNet သတင်းဌာန ကဖော်ပြသည်။
လက်ရှိအချိန်တွင်မိုဒယ်မြင့်ဖုန်း အချို့တွင်သာပါရှိသော လက်ဗွေဖတ်စနစ်ကို Builtin အဖြစ်ထည့်သွင်းနိုင်ပါက Android OS ၏ဈေးကွက်ဝေစုမှာလက်ရှိပမာဏထက်များပြား သောအနေအထားတစ်ရပ်သို့ရောက်ရှိလာဖွယ်ရှိ သည်ဟု ကျွမ်းကျင်သူများကသုံးသပ်သည်။

လာမည့်သီတင်းပတ်အတွင်း၌ကျင်းပမည့်Google I/O Conference တွင် လက်ဗွေဖတ် စနစ်ကို Builtin အနေဖြင့် အထောက်အပံ့ပေး မည့် Android M ဟု အမည်ပေးထားသော OS သစ်ကိုမိတ်ဆက်သွားရန် စီစဉ်ထားသည်ဟု Buzz Feed သတင်းဌာနကဖော်ပြသည်။ 

ထို့ အပြင် Application နှင့် ဂိမ်းများရေးဆွဲသည့် Developer များအတွက် Programming Interface (API) ကိုပါ ဖြန့်ချိသွားမည်ဟုဆိုသည်။ ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် ဖြန့်ချိခဲ့သော Android Version 5.0 အပေါ် နှစ်ခြိုက်မှုနည်းပါး နေခြင်းကြောင့် Google သည် ဗားရှင်းသစ် အဖြစ် ရည်ရွယ်ထားသော Android M တွင် လက်ဗွေဖတ်စနစ်ကို Builtin အဖြစ် ထည့်သွင်းရန်စီစဉ်ခြင်းဖြစ်ဖွယ်ရှိနေ သည်။ 

လက်ဗွေဖတ်စနစ် Builtin ပါရှိ လာပါက Sensor အကူအညီမလို အပ်တော့ဘဲ Home Key ပေါ်တွင် လက်ချောင်းတင်ကာ အတည်ပြု နိုင်သည့်အခြေအနေဖြင့်အသုံး ပြုနိုင်ဖွယ်ရှိသည်ဟု သုံး သပ်မှုများပေါ်ထွက် လျက်ရှိသည်။
The Union Daily, 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment