BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ဒူဘိုင်းတွင် မွတ်စလင်မဟုတ်သော အခြားဘာသာဝင်များ ဂျူလိုင်လ ၂၈ ရက်နေ့ ရိုဇာ ဥပုဒ် စောင့်တည်ကြမည်

21.7.2013
ဒူဘိုင်း ဝေါးလ်ထရိတ်ဆန်တာတွင် ရိုဇာ ဥပုဒ် ၏ ထူးမြတ်မင်္ဂလာရှိမူ့များကို အခြားသော ဘာသာဝင်များ အား သိစိမ့်သောငှာ မိတ်ဆက်သဘောအဖြစ် အိဖ်သာရီ စားသောက်ပွဲတစ်ခုကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ထို စားသောက်ပွဲတွင် မည်သ...ူမဆို တက်ရောက် ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပေသည်။ထူးဆန်းသည့်အချက်ကတော့ မွတ်စလင်မဟုတ်သူများကို ရိုဇာ ဥပုဒ် စောင့်ထိန်းခြင်း၏ အကျိုး ခံစားမူ့ အပြည့်အဝ ရရှိရန် ရိုဇာ ဥပုဒ် စောင့်ထိန်း၍ တက်ရောက် ပါဝင်ကြရန် တိုက်တွန်းထားပေသည်။သို့မှာသာ တစ်နေကုန် မိမိကိုယ်ခန္ဒာ၊ဝိဥာဉ် အပေါ်တွင် ရိုဇာ၏ ဆူးရှမူ့များ ခံစားနိုင်ပြိး အိဖ်သွာရီ ဝါဖြေ အစားအစာများ၏ ဘရ်ကဒ်အပေါင်းနှင့် ပြည့်စုံသည့် အရသာများကို တိုက်ရိုက် ခံစားနိုင်မည်ဖြစ်ပေသည်။
မွစ်စလင်မဟုတ်သူများကို ရိုဇာ ဥပုဒ် ထားရှိစေခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုဇာသည် စားခြင်း သောက်ခြင်း မှ ရှောင်းရှား စေခြင်း သတ်သတ် မဟုတ်ပဲ ထို့ထက်မက မြောက်များစွာသော အကျိုးကျေးဇူးများ ရှိကြောင်း သိရှိစေရန် ဖြစ်ပေသည်။
ထို့ပြင် ယခုကဲ့...သို့ စားသောက်ပွဲ တစ်ခု ပြုလုပ်ခြင်းသည် မည်သူကိုမျှ သာသနာ ပြောင်းလဲ ရန် ၊ အစ္စလာမ်ကို စိတ်ပါ ဝင်စားလာရန် ဆွဲဆောင် သည့် သဘောမျိုး အလျင်းမဟုတ်ပေ။ရိုဇာ၏ ဓမ္မစစ်သဘောတရားများကို လူသားတိုင်း သိရှိသွားစေရန်သာ ဖြစ်သည်။။
အဘယ်ကြောင့်ဆိုသော ရိုဇာ ဥပုဒ်၏ အကျိုးများကို ရိုဇာ ထားသူသာ သိရှိနိုင် ပေသည်။ ရိုဇာ ထားခြင်းဖြင့် ရရှိလာသော ကြံခိုင်သည့် စိတ်ဓါတ်၊အပြောင်းလဲကြီး ပြောင်းလဲသွားသော ကိုယ်ကျင့်တရားများ၊လောဘ မောဟ များ ပျောက်ကင်းသွားခြင်း၊၊ စိတ်ပိုင်း နာမ် ပိုင်း ဆိုင်ရာ တည်ငြိမ်မူ့ များ၊သီးခံ မျိုသိမ့်နိုင်မူ့များ၊ကိစ္စ တိုင်းကို အာရုံစူးစိုက်စွာ လုပ်ဆောင် နိုင်မူ့များ စသည့်အကျိုးကျေးဇူးများကို ရိုဇာ ဥပုဒ် စောင့်ထိန်းသူသာ သိရှိနီုင်ပေသည်။
ထိုကဲ့သို့ အကျိုးကျေးဇူးများကို သိရှိဖို့ရန် အတွက် ဂျူလိုင်လ ၂၈ နေ့တွင် ဒူးဘိုင်း ဝေါလ်ထရိတ်ဆန်တာ တွင် ကျင်းပမည့် အိဖ်သာရီစားသောက်ပွဲ တစ်ခုတွင် မွတ်စလင်မဟုတ်သော သူ ၂၅၀ ကျော် တက်ရောက်မည်ဟု မျှော်လင့်ရပါသည်။

(စဟာရာ (အိန္ဒိယ သတင်းစာ) မှာ ဘာသာပြန်ဆို တင်ပြပါသည်)
RangonNewsDaily
kolatt (Pabedan): 21.7.2013