BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

အရေပြားပေါ်က မှဲ့အသားပိုတွေကို အမြန်ဆုံးဖယ်ရှားနည်း


RangonNewsDaily:: January . 24 .2015
အန္တရာယ်မရှိပေမယ့် မနှစ်မြို့ဖွယ်ရာ နေရာတွေမှာ ပေါက်တတ်တဲ့ မှဲ့၊အသားပိုအသေးလေးတွေကို အများစု ဖယ်ထုတ်ချင်ကြပါတယ်။ အထူးသဖြင့် သူတို့တွေဟာ လည်ပင်းမှာ ပိုပေါက်တတ်ပါတယ်။

ဒီနေရာမှာ တစ်ခုကောင်းတာက ဆရာဝန်ဆီတကူးတကသွားစရာမလိုပဲ မိမိအိမ်မှာတင် ၄င်းတို့ကို ဖယ်ထုတ်နိုင်ပါတယ်။ အဲဒီအတွက် (apple cider vinegar) ပန်းသီးရှာလကာရည် တစ်မျိုးတည်းကိုသာ လိုအပ်ပါတယ်။ သွေးမထွက်၊ အမာရွက်တစ်ခုမှ မကျန်ဘဲ ဖယ်ရှားဖို့ လိုအပ်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။

အနာကပ်တစ်ခုပေါ် ပန်းသီးရှာလကာရည်(apple cider vinegar) အစက်နှစ်စက်ချပြီး အနာကပ် ပလာစတာဖြင့် ၄င်းအပေါ် ကပ်ပေးရမှာဖြစ်ပါတယ်။ ၅ ရက်ကြာ ထားပေးရမှာဖြစ်တယ်။ ဒါပေမယ့် ၅ ရက်ဆိုတဲ့ အချိန်အတောအတွင်း တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် ရေချိုးဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ရေချိုးပြီးတိုင်း ခြောက်အောင်သုတ်၊ ပထမက လုပ်ထားသလို အနာကပ် အသစ်လဲပြီး apple cider vinegar နှစ်စက် ချကာ ပြန်ပြန်ကပ်ပေးရမှာဖြစ်ပါတယ်။ 

အဲဒီအတိုင်း ပုံမှန်လုပ်ပေးလို့ ၅ ရက်ကြာလာတဲ့အချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မှဲ့အသားပိုတွေနဲ့ လုံးဝ ကင်းဝေးသွားမှာလိမ့်မယ်။

Ref:healthyfoodteam , KOLATT(PBDN)
RangonNewsDaily