ရန်ကုန်။ ဇူလိူင် ၂၉. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ မြိတ်လမ်းနှင့်ဂျိုးဖြူလမ်းထောင့်တွင် ဇူလိူင် ၂၉ရက် နံနက် ၀၂ ၀၅ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး နံနက် ၀၂ ၁၆ အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။
Photo: MFSD

