Pages

Thursday, February 27, 2014

မိုင်ပေါင်း သန်း ၁ဝဝ ဝေးသော အင်္ဂါဂြိုလ်မှ စူးစမ်းရေးယာဉ် ဓာတ်ပုံရိုက်ပြီး ကမ္ဘာမြေပြန်ပို့


RangonNewsDaily: February . 27 .2014
လွန်ခဲ့သည့် ခြောက်ရက်ခန့်က အင်္ဂါဂြိုဟ် မျက်နှာပြင်တွင် အာကာသ စူးစမ်းရေးယာဉ် ''Curiosity'' မှရိုက်ယူ ထား သော ဓာတ်ပုံများအနက် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် နာဆာ (NASA) မှ ဂြိုဟ်တု On -line ပေါ်၌ ဓာတ်ပုံတစ် ပုံ
ကို ဖော်ပြပေးလိုက်သည်။

Curiosity RoverofTwitter တွင် ''Look Back inWonder'' စာသားနှင့်အတူ မိုးကုပ် စက်ဝိုင်း၌ ကမ္ဘာမြေကို အစက်အပြောက်အဖြစ် တွေ့မြင်နေရပုံကို ညွှန်ပြပေးထားသည်။ ''အင်္ဂါဂြိုဟ် မျက်နှာပြင်မှ ကျုပ်ရဲ့ ပထမဆုံး ကမ္ဘာမြေရဲ့ဓာတ်ပုံပါ ''အကြမ်းဖျင်း SUV အမြန်မောင်းယာဉ် တစ်တန်ခန့် အလေးချိန်ရှိ Curiosity အာကာသ စူးစမ်းရေးယာဉ်ကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၂၆ရက်က အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည် နယ် ကိပ်ကင်နာဗာရယ် (CapeCanaveral) မှ NASA ၏ အာကာသသွား ဒုံးယာဉ်ဖြင့် ပစ်လွှတ်တင်ပေးခဲ့ ခြင်းဖြစ် သည်။

မိုင်ပေါင်း ၃၅၂ သန်း ဝေးသည့် ခရီးစဉ်ကို ရှစ်လခွဲကြာမြင့်အောင် မောင်းနှင်ဖြတ်သန်းခဲ့ကာ အာကာသ စူး စမ်းရေးယာဉ် (Rover) သည် အန္တရာယ်ကင်းရှင်းစွာ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။

Curiosity ယာဉ်ပေါ်တွင်ပါလာသည့် ကင်မရာ ၁၇ လုံးနှင့် တခြားသိပ္ပံဆိုင်ရာ ပစ္စည်းများအားလုံး အင်္ဂါဂြိုဟ်ပေါ်သို့ အကောင်းပကတိအတိုင်း ရောက်ရှိသွားခဲ့သည်။ အဓိကကျ အရေးပါဆုံး ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ တန်သော Curiosity သည် ချက်ချင်းဆိုသလိုပင် ဓာတ်ပုံများကို ကမ္ဘာမြေသို့ ပြန်ပို့ပေးခဲ့သည်။ သို့သော်လည်း ပြန်ပို့ပေး လိုက်သည့် ဓာတ်ပုံများတွင် ကမ္ဘာမြေ၏ ပုံများမပါရှိပေ။ 


Curiosity ၏ Mastcam လက်ဝဲဘက်ရှိ ကင်မရာမှ အင်္ဂါ ဂြိုဟ် နေဝင်ချိန်မှ ၈ဝ မိနစ်အကြာ ဓာတ်ပုံရိုက်ယူကာ စကြဝဠာဆိုင်ရာ ရောင်ခြည်တန်းများကို ဖယ်ထုတ်ပေးပြီး မှပြန်လည်ပို့ပေးလိုက်သည့် ဓာတ်ပုံဖြစ်သည်။ ၎င်းတွင် ကမ္ဘာမြေပုံ ပါရုံမျှ မကသေးဘဲ နောက်ထပ် အစက်တစ်ခု ပါဝင်နေလေရာ 

NASA ၏အဆိုအရ ကျွန်ုပ်တို့၏ လကမ္ဘာဖြစ်ကြောင်းနှင့် ထိုစဉ်က ကမ္ဘာမြေသည် ၉၉ သန်း မိုင် အဝေးသို့ရောက်နေပြီး ၎င်းဂြိုဟ်နှစ်ခုစလုံးသည် ထာဝရလှုပ်ရှား နေကြခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ အထူးပြုလုပ်ထားသည့် ကင်မရာကြောင့်သာ တစ်မျိုးတည်းအဖြစ် မြင်တွေ့နေရခြင်း ဖြစ်သည်။

''လူသားတစ်ဦး အနေဖြင့် အင်္ဂါဂြိုဟ်ပေါ်တွင် ရပ်နေပါက ကမ္ဘာမြေနှင့် လကမ္ဘာကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင် ပါတယ်။ Curiosity ဟာ အင်္ဂါဂြိုဟ်ကို ဓာတ်ပုံရိုက်ယူရုံသာ မဟုတ်သေးဘဲ စူးစမ်းရှာဖွေ သုတေသန ပြုမှုကို လည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ 


အာကာသ စူးစမ်းရေးယာဉ်သည် Gale Crater ဟုခေါ်သည့် ''လေပြင်းတိုက် မီးတောင်ဝ'' ပေါ်တွင် ဆင်းသက်ခဲ့ကတည်းက Yellow Knife Bay တွင် ရှေးခေတ်ကာလက သက်ရှိများ ရှိခဲ့ဖူး ခြင်းရှိ၊ မရှိ သိပ္ပံပညာရှင်များ ဆုံးဖြတ်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။ ဤ မီးတောင်ဝနှုတ်ခမ်းမှ ချောင်းရေ စီးဆင်း နေသည့် ရေကန်၊ ချောင်း၊ မြေအောက်ရေ အနှစ်သည် လွန်ခဲ့သည့်နှစ် သန်းပေါင်းများစွာက ရှိခဲ့ဖူးဟန်တူကြောင်း လွန်ခဲ့သည့် ဇန်နဝါရီလထုတ် Science သိပ္ပံဂျာနယ်တွင် Curiosity ပညာရှင်အကြောင်း ခေါင်းဆောင် စာရေးသား ခဲ့သူ ဂျွန်ဂရော့ဇင်လျာ (John Grotziuger) က ပြောကြားခဲ့သည်။

မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment