Pages

Thursday, February 27, 2014

တမန်တော်မုဟမ္မဒ် (PBUH) ဖွားမြင်သည့်နေရာအား ဆောက်လုပ်ရေးလုပ်ငန်း မလွတ်သည့်အတွက် ဖြိုချဖယ်ရှားရန် ဆော်ဒီ အာဏာပိုင်များ စီစဉ်နေ


RangonNewsDaily: February . 27 .2014
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ပြန်လည်စတင်ခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏  ကာဗာဝတ်ပြုကျောင်းတော် မတ်စဂျဒ် ဟာရမ် ပြန်လည်ပြင်ဆင်ချဲထွင်ရေးအစီအစဉ် တစိတ်တပိုင်း အဖြစ် တမန်တော်မြတ်ဖွားမြင်သည့် နေရာဟု ယူစရသည့် နေရာအား ဖြိုချရန် ဆော်ဒီအာဏာပိုင်များက အစီအစဉ်နေကြောင်း သိရသည်။
ဆော်ဒီအာရေဗီးယားနိုင်ငံတွင် သမိုင်းဝင်နေရာများ များစွာရှိသည့်အနက် ပြန်လည်ပြင်ဆင်မှုများကြောင့် သမိုင်းဝင်နေရာများမှာ ကွယ်ပျောက်ခဲ့ရပြီး၊ ယခု တမန်တော်မြတ် ဖွားမြင်တဲ့နေရာမှာ နောက်ဆုံး ကျန်ရှိနေတဲ့ သမိုင်းဝင်နေရာတခုဖြစ်ကြောင်း၊ 

ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် စွန်နီ၊ ရှီအာဟ်တွေရဲ့ အရေးကြီးတဲ့နေရာတစ်ခုဖြစ်နေကြောင်း၊ အခုလိုဖျက်ဆီးဖယ်ချတော့မှာကို လူတော်တော်များများ သိရှိခြင်းမရှိသေးဘူးလို့လည်း ဗြိတိန်အခြေစိုက် အစ္စလာမ်ယဉ်ကျေးမှု သုတေသနဖောင်ဒေရှင်းမှ ဒေါက်တာအိရ်ဖာန်းအလ်အလာဝီက ဆိုပါတယ်။

၂၀၁၃ ခုနှစ်ကလည်း အဆိုပါ တမန်တော်ဖွားမြင်ရာနေရာတွင် မီးရထားဘူတာရုံ ဆောက်လုပ်မည့် အစီအစဉ်အား ဆော်ဒီဘုရင်မိသားစုက ပယ်ချခဲ့တာပါ၊ သို့သော ယခုဆောင် ရွက်နေသော ချဲ့ထွင်ရေး အစီအ စဉ်အရ ခေတ်မီအဆောက်အဦးများ၊ အီမာမ်ရှေ့ဆောင်နေအိမ်နှင့် အဆင့်မြင့်ဧည့်သည် များနားနေရာတို့ ပါဝင်မည်ဟု ဆောက်လုပ်ရေး ကုမဏီက အတည်ပြုပြောကြားသည်။

ဟာရမ် နယ်နမိတ်ထဲ မှာရှိသည့် ၎င်းပြင်ဆင်ချဲ့ထွင်းရေးနေရာတွင် (၁၉၅၀) ခုနှစ် က ဆောက်လုပ်ထားသည့် စာကြည့်တိုက် တစ်ခုလည်း တည်ရှိနေတာဖြစ်ပြီး ၎င်းစာကြည့်တိုက်ကိုလည်း ရှင်းလင်းပြီးဖြစ်တဲ့အတွက် မတ်စဂျဒ်ဟာရမ်တွင် ၀တ်ပြုသူ အရေအတွက် ပိုမိုများပြားစွာ ၀င်ဆံ့နိုင်မှာဖြစ်ပေမယ့်လည်း တဖက်မှာတော့ အစ္စလာမ့် သမိုင်း ၀င်နေရာ အများအပြားမှာတော့ ဖယ်ချနေရပါတယ်။

လက်ရှိအကျယ်အ၀န်းမှာ စတုရန်းမီတာ ၃၆၅၀၀၀မှ ၄၀၀၀၀၀ ချဲ့ထွင်ပြီးဖြစ်တာကြောင့် ၀တ်ပြုသူ ၁.၂ သန်းအထိ ၀င်ဆံ့နိုင်ရန် ဆောက်လုပ်ရေးအစီအစဉ်သစ်ကြီးကို ဆော်ဒီဘုရင်မင်းမြတ်မှ ခွင့်ပြု ပေးထားဖြစ်ပါတယ်။

မက္ကာမြို့ဒေသခံပြည်သူများကပင် မိမိတို့မက္ကာမြို့အား လာစ်ဗီးဂစ်မြို့နှင့် နှိုင်းယှဉ်လာကြတာကို တွေ့ရပြီး၊ လုပ်ငန်းခွင်ကြောင့် ဖြိုချခြင်းခံခဲ့ရတဲ့ အဆောက်အဦးပေါင်း (၁၈၀၀)ကျော် ခေတ်မှီဟော်တယ်ပေါင်း (၄၀၀)ကျော်နှင့် အပန်းဖြေစခန်း (၁)ခုထဲတွင် အခုလိုသမိုင်းဝင်နေရာပေါင်း (၄၀၀)ကျော်ပါဝင်ခဲ့ပြီး၊ အဲ့ဒီ့အထဲတွင် အော်သိုမန် နှင့် အဗာဆီ လက်ထက် အဆောက် အဦးများပါဝင်နေပြီး၊ တမန်တော်မြတ်၏ ဦးရီးတော်ဖြစ်သူ ဟမ်ဇာသခင်၏ နေအိမ်နေရာများလည်း ပါဝင်တယ်လို့ အာရဗ်သတင်းများ၏ ဖော်ပြချက်အရ သိရပါတယ်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းရှိခဲ့သည့် အစ္စလာမ်ဘာသာ၏ အထွဋ်အမြတ် နယ်မြေ၏ မြင်ကွင်းမှာတော့ မြန်ဆန်စွာပြောင်းလဲခဲ့ပြီး ကမ္ဘာတ၀ှမ်းက မွတ်စ်လင်မ်များ၏ သဘောထားအမြင်များကိုပါ ပြောင်းလဲစေခဲ့သည်။

အလင်းမျက်ဝန်း , kolatt(PBDN)
RangonNewsDaily






0 comments:

Post a Comment