Pages

Thursday, February 27, 2014

စမ်းချောင်းက အလှပြင်ဆိုင်မှာ အနှိပ် ခံယူနေတဲ့ ထိုင်းနိုင်ငံသားကို မြန်မာတစ်ဦးက ဆိုင်ထဲဝင်ထိုးကြိတ်


RangonNewsDaily: February . 27 .2014
စမ်းချောင်းမြို့နယ် ဆံပင်ညှပ်ဆိုင် အတွင်း နိုင်ငံခြားသားတစ်ဦး လက်သီး ဖြင့်ထိုးခံရကာ အနာတရမှု တစ်မှု ဖြစ် ပွားခဲ့သည်။
ယခုလ ၂၄ ရက်နေ့တွင် ထိုင်းလူမျိုး Mr.Taweesak Visanuyotin (၅၁) နှစ်သည် ၄င်း၏ မိတ်ဆွေသုံးဦးနှင့် အတူ စမ်းချောင်း မြို့နယ် ရှင်စောပု ရပ်ကွက်၊ ဗားဂရာ လမ်း၊ ပဒုမ္မာကွင်း အနီးရှိ အလှ ပြင် ဆိုင်သို့ ရောက်ရှိလာခဲ့ပြီး ၄င်းဆိုင် တွင် လက်သည်းညှပ်၊ ခြေထောက် အနှိပ် ခံယူနေချိန်တွင် ယခင်က ၄င်းနှင့် အတူ Spa လုပ်ငန်း တွဲဖက် လုပ်ကိုင်ဖူးသူ အ မျိုးသမီးနှင့် လက်ထပ်တော့မည့် သူဟု သိရသော အမျိုးသား တစ်ဦး ရောက်ရှိ လာခဲ့ကြောင်း၊

၎င်းမှ Mr. Tawessak Visanuyotin အား အချင်း တစ်ပေခွဲခန့်၊ အမြင့် တစ်ပေခန့်ရှိ ဆိုဖာခုံ အသေးဖြင့် ရိုက်မည်ပြုကာ မရိုက်ဘဲ ရင်ဘတ်အား ဆောင့်ဆွဲပြီး မျက်နှာကို လက်သီးဖြင့် ထိုးခဲ့၍ အင်္ကျီကြယ် သီးပြုတ်ထွက်၊ လည်ပင်းရှိ ရွှေဆွဲကြိုး ပြုတ်ထွက်ကာ ယာ ဘက်ပါးဖူးရောင်၊ ယာဘက်ပါးအောက် ပွန်းခြစ်ဒဏ်ရာ၊ ယာဘက် မျက်စွန်းအောက် ပါးပြင်ပွန်းခြစ်ဒဏ်ရာ များ ရရှိခဲ့ကြောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ပြင်ပ လူနာ အဖြစ် ဆေးကုသ ခံယူမှု မှတ်တမ်း အရ သိရသည်။

အဆိုပါ လုပ်ရပ်များကြောင့် ထိုင်း နိုင်ငံသား Mr.Taweesak Visanuyotin က တရားလို ပြုလုပ်ကာ စမ်းချောင်း မမစ (ပ)၉၉/၁၄၊ ပြစ်မှု ပုဒ်မ- ၂၉၄/ ၃၂၅ ဖြင့် အမှု ဖွင့်ခဲ့သည်။ အမှုစစ်ဒုရဲ အုပ်သန်းထိုက်မှ တရားခံ ဖမ်းဆီးရေးအ တွက် စုံစမ်းခဲ့ရာ တရားခံ မြောက်ဥက္ကလာပ မြို့နယ်နေသူ အား သွားရောက် ခေါ်ယူ ခဲ့၍ 


ယခုလ ၂၅ ရက်တွင် ဖမ်းဆီးစစ် ဆေးမေးမြန်းခဲ့သည်။ ၄င်းအမှုမှာ အာ မခံပေးနိုင်သည့် အမှုဖြစ်သည့် အပြင် တရားခံ မှလုံလောက်သော ခံဝန်သူများ နှင့် အာမခံ တောင်းခံ လာ၍ အာမခံ တင်ပြပြီး ကျင့် ၁၇ဝ (၁)အရ အာမခံပေး ထားရှိခဲ့ကြောင်း ရဲတိုင်းရုံးမှ သိရသည်။

Popular Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment