Pages

Wednesday, July 30, 2014

တရားရုံးတွေဟာ မွတ်စလင်တွေ ထိခိုက်နစ်နာမှု ဆုံးဖြတ်ရာမှာ ကြာမြင့်တယ်-ဦးကိုနီ


RangonNewsDaily:: July . 30 .2014
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၂၀၁၂ ခုနှစ်က လူ ၁၀ သတ်ဖြတ်ခံခဲ့တဲ့အမှုနဲ့ သံတွဲခရိုင်တရားရုံးက လူသတ်မှုနဲ့ ကြံစည်မှုတွေနဲ့ စွဲချက်တင်တဲ့အပေါ် တရားခံတွေဘက်က ပြင်ဆင်ချက်လျှောက်ခဲ့တာ ၁၉ ရက်ကြာမြင့်တဲ့တိုင် ပြည်နယ်လွှတ်တော်က အမိန့်ချမှတ်ခြင်း မရှိသေးပါဘူး။

စည်းကမ်းဖောက်သည်ဆိုကာ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ကျောင်းထုတ်ပယ်

RangonNewsDaily:: July . 30 .2014
နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ကျောင်းစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အဆင့်ဆင့်ခေါ်ယူ သတိပေးမှုများ မလုပ်ဘဲ ကျောင်းသူကျောင်းသား ၁၁ ဦးကို ဆရာ၊ ဆရာမများ၏ ဆိုဆုံးမမှုကို မနာခံခြင်း

၊ ကျောင်းကန်တင်းတွင် ဖဲဝိုင်းလောင်းကစားမှုပြုလုပ်ခြင်းစသည့် ကျောင်းစည်းကမ်းဖောက်ဖျက်သည့်ပြစ်မှု ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ ၂၀၁၃-၁၄ ခုနှစ် လက်ရှိစာသင်နှစ်တစ်နှစ်ကျအဖြစ် ဒုတိယပါမောက္ခချုပ် လက်မှတ်ဖြင့် ဇူလိုင် ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

မျက်နှာဖုံးစွပ်ပြီး ၁၀နှစ်ကျော်နေခဲ့ရတဲ့ GQ မဂ္ဂဇင်း မျက်နှာဖုံးရှင်


RangonNewsDaily:: July . 30 .2014
ကမ္ဘာကျော် GQ မဂ္ဂဇင်းက သြဂုတ်လထုတ် အမျိုးသား မဂ္ဂဇင်းမှာ ရစ်ချက်နောဝစ်ဆိုသူကို မျက်နှာဖုံးရှင်

အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ရစ်ချက်နောဝစ်ဟာ သေနတ် မတော်တဆမှုကြောင့် မျက်နှာတစ်ခုလုံး မြင်
မကောင်းအောင် ပျက်စီးသွားခဲ့ပြီး မျက်နှာဖုံးစွပ် ဘ၀နဲ့ ၁၀နှစ်ကျော် နေထိုင်ခဲ့ပြီးနောက် မျက်နှာအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့လို့ သာမန်ရုပ်သွင်ရဲ့ ၅၀ရာခိုင်နှုန်းလောက် ပြန်ရခဲ့တာပါ။

အူရီးဒူး ဆင်းမ်ကတ်များ မန္တလေးနှင့် နေပြည်တော်တွင် စတင် ရောင်းချပြီ

RangonNewsDaily:: July . 30 .2014
ပြည်တွင်း လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော အူရီးဒူး၏ ဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်နှင့် မန္တလေးရှိ အရောင်းဆိုင် အချို့က စတင် ရောင်းချပေးနေသည်ဟု မိုဘိုင်းဆိုင်များနှင့် ကိုယ်တိုင် ဝယ်ယူခဲ့သူများက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

လွှတ်တော်တွင်းစကားများ ဖေစ့်ဘွတ်ခ်ပေါ် ရောက် ကိစ္စ မွန်ဝန်ကြီးချုပ် ပြောပြီ

RangonNewsDaily:: July . 30 .2014
လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင် ပြောဆိုခွင့်ရနေသည် များကို လူမှုကွန်ရက် စာ

မျက်နှာများ တွင်မရေးသင့်ဟု မွန်ပြည်နယ် ဝန် ကြီးချုပ်ဦးအုန်းမြင့်က ဝေဖန်ပြောဆို လိုက်သည်။မွန်ပြည်
နယ်ကုန်စည် ဒိုင်ခန်းမ တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဇူလိုင်၂၆ရက်က တွေ့ဆုံရာတွင်ယင်း ကဲ့သို့
 ပြောကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့လယ်၌ လူပေါင်းရာနှင့်ချီ စုဝေးမှုဖြစ်



RangonNewsDaily:: July . 30 .2014
ရန်ကုန်မြို့လယ် ဆူးလေစေတီအနီး မဟာဗန္ဓုလလမ်းဘေးတွင် ရပ်ထားသည့် ကားများကို လမ်းပြောင်းပြန်

 မောင်းဝင်လာသော ကားတစ်စီးက ဆင့်တိုက်ခဲ့ပြီး ဆူးလေးစေတီဘက်ကို ပြန်ကွေ့ထွက်ပြေးရာ ဆူးလေ
ဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ်အနီး လမ်းလယ်ကျွန်းတွင် ရှိနေသည့် လူများကိုပါ တိုက်သွားသဖြင့် အဆိုပါ ကားတိုက်မှုကြောင့် ရန်ကုန်မြို့လယ်တွင် လူပေါင်းရာနှင့်ချီ စုဝေးမှု ဖြစ်ပွားခဲ့သည်။

လက်ထပ်ဖို့ငြင်းပယ်သူကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေ


RangonNewsDaily:: July . 30 .2014
သမီးရည်းစား မိန်းကလေးအား လက်ထပ်ရန်ပြောဆိုရာခဲ့ရာ ငြင်းဆန်ခြင်းခံခဲ့ရတဲ့အတွက် မိန်းကလေးကို

သတ်ပြီး မိမိကိုယ်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်တခု ပြီးခဲ့တဲ့ စနေနေ့ မနက်က ပဲခူး
တိုင်း ရွှေတောင်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

အိမ်ဖြူတော်ကို နျူကလီးယား လက်နက်ဖြင့် တိုက်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်


RangonNewsDaily:: July . 30 .2014
ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု မြင့် တက်အောင် အမေရိကန်က ဆောင်ရွက်နေသည်ဟု စွပ် စွဲပြီးနောက် အိမ်ဖြူတော်နှင့် ပင်တဂွန်ကို နျူကလီးယား တိုက်ခိုက်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယား၏ ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ခြိမ်းခြောက်လိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အခက်အခဲရှိပါက ၂၀၁၅ မတိုင်မီ မဲဆွယ်ခွင့် ညွှန်ကြားချက် ပြန်လည်ပြုပြင်မည်

RangonNewsDaily:: July . 30 .2014
ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆင်မပြေမှုများရှိပါက၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ပြန်ပြင်ပေးမည်ဟု ပြည်ထောင်

စုရွေး ကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇူလိုင် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

၂၄ နာရီအတွင်း အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်မှု နှစ်မှုဖြစ်ပွား

RangonNewsDaily:: July . 30 .2014
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ်၌ ၂၄ နာရီ အတွင်း အလို မတူဘဲ သားမယား အဖြစ် အဓမ္မ ပြုကျင့်မှု နှစ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားပြု အဖြစ်မှ ရပ်စဲခံရတဲ့ အပေါ် အလှမယ် ဂျူးစံသာရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ


RangonNewsDaily:: July . 30 .2014
မလှနုထွန်း၏ သတင်း ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး ဂျူးစံသာက ဇူလိုင် ၂၆ ရက်နေ့၊ ညနေ ၄နာရီက Park Royal ဟိုတယ်မှာ စာနယ် ဇင်းရှင်းလင်းပွဲ ပြု လုပ်ခဲ့ ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျူးစံသာ က “ဆရာမ လှနုထွန်းက သမီးကို Crown သိမ်းတာက အချက် ၃ချက် နဲ့ သိမ်းတယ် လို့ ပြောခဲ့ပါတယ်။

မန္တလေးတွင် ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ည၁ဝနာရီမှ နံနက် ၃နာရီသို့ ပြင်ဆင်ထုတ်ပြန်

RangonNewsDaily:: July . 30 .2014
- မန္တလေး တိုင်းဒေသကြီး မန္တလေးခရိုင်တွင် ယခုအခါ တည်ငြိမ်အေးချမ်းမှုရှိနေ သည့်အတွက် ညမထွက်ရအမိန့်ပုဒ်မ- ၁၄၄ကို ဇူလိုင် ၂၈ရက်တွင် ပြင်ဆင် ထုတ်ပြန်လိုက်ကြောင်း ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရ သည်။

နောက်ကြောင်းပြန်လှည့်မှုတွေ ရှောင်ကျဉ်ဖို့ ကုလ အရာရှိတိုက်တွန်း


RangonNewsDaily:: July . 30 .2014
မြန်မာအစိုးအနေနဲ့ လက်ရှိတိုးတက်ပြောင်းလဲမှုတွေကနေ နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်မှုတွေကို ရှောင်

ကျဉ်ဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီက တိုက်တွန်းလိုက်ပါ
တယ်။ မြန်မာနိုင်ငံကို ၁ဝ ရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်က ဇူလိုင်လ ၂၈ ရက် မနေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ သူမရဲ့ တိုက်တွန်းချက်ကို အခုလို ဖေါ်ပြထား
တာဖြစ်ပါတယ်။