Pages

Wednesday, July 30, 2014

လွှတ်တော်တွင်းစကားများ ဖေစ့်ဘွတ်ခ်ပေါ် ရောက် ကိစ္စ မွန်ဝန်ကြီးချုပ် ပြောပြီ

RangonNewsDaily:: July . 30 .2014
လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင် ပြောဆိုခွင့်ရနေသည် များကို လူမှုကွန်ရက် စာ

မျက်နှာများ တွင်မရေးသင့်ဟု မွန်ပြည်နယ် ဝန် ကြီးချုပ်ဦးအုန်းမြင့်က ဝေဖန်ပြောဆို လိုက်သည်။မွန်ပြည်
နယ်ကုန်စည် ဒိုင်ခန်းမ တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဇူလိုင်၂၆ရက်က တွေ့ဆုံရာတွင်ယင်း ကဲ့သို့
 ပြောကြားလိုက်ခြင်းဖြစ်သည်။
''လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ လွှတ်တော်မှာ တင်ပြလို့ ရနေတာကို ဖေ့စ်ဘွတ်ခ်တွေကနေ လုပ်နေကြတယ်။ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်လဲ ဖြစ် တယ်။ ဝန်ကြီးချုပ်လဲဖြစ်တယ်။ ပြဿ နာပေါင်းစုံ ရှင်းပေးနေတယ်။

ကျွန်တော့်မဲဆန္ဒနယ်မှာ ကျွန်တော် သိတယ်။ လုပ်လဲလုပ်ပေးနေတယ်။ အဲဒီမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်က ကျွန်တော့်ကို ဘာ မှမပြောဘဲ လွှတ်တော်တက်အော် ရင် ဘယ်လိုနေမလဲ။ သူကဘာမှ မလုပ်တဲ့သူ။ ဝန်ကြီးချုပ်က အကုန် လုပ်ပေးတဲ့သူ။ အော်သင့်သလား မအော်သင့်ဘူးလား။ ကျွန်တော်တို့ တာဝန်ပေးတဲ့အခါကျရင်အော်ပါ'' ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့် က အဆိုပါတွေ့ဆုံပွဲ၌ပြော
ကြားလိုက် ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်အနေဖြင့်အုပ်ချုပ် ရေးနှင့် လွှတ်တော်လုပ်ကိုင်ခွင့်ကွဲ ပြားမှုကို သတိထားသင့်ပြီးလွှတ်တော် ကိုယ်စားလှယ်များအား ယခုကဲ့သို့ ဝေဖန်လိုက်ခြင်းမှာ မသင့်တော် ကြောင်း ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောကြားလိုက် သည်။

''လွှတ်တော် ကိုယ်စား လှယ်တွေ မှာ လူထုကိုဆက်သွယ် ဖို့ဖေ့စ်ဘွတ်ခ် တွေ ရှိကြ တယ်။ လူထုဆီက

ထင်မြင် ယူဆချက်တောင်း တာတွေ လုပ်တယ်။ တချို့ကိစ္စတွေ ကို လူထုကိုပြောပြ တယ်။ ဒါကိုမသုံးရဘူး
ဆိုတာ ဘာ သဘောလဲ။ 

အစိုးရဆိုတာပြည် သူတွေရဲ့ အသံကိုနားထောင်ဖို့လိုပါတယ်။ မှားတယ်၊ မှန်တယ်ဆိုတာတော့ သတိထားရ
မယ်။ အုပ်ချုပ်ရေးနဲ့ လွှတ်တော် လုပ်ပိုင် ခွင့်ကွဲပြားဖို့လိုတယ်''ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီမှ မွန်ပြည်နယ်လွှတ် တော် ဥပဒေ မေးခွန်းအဆိုများ အ ကောင်အထည်ဖော် မှု လေ့လာသုံး သပ်ရေးကော်
မတီဥက္ကဋ္ဌ ဒေါက် တာ အောင်နိုင်ဦးက ပြောသည်။

ဝန်ကြီးချုပ်ထောက်ပြပြောဆို သောမြို့နယ်များတွင်ဖြစ်ပွားနေသော ကိစ္စများကို လွှတ်တော်တွင်တင်ပြ

 နေရခြင်းမှာ ဌာနဆိုင်ရာ များကို ယုံ ကြည်စိတ်ချရမှု မရှိခြင်း၊ ကော်မတီ များတွင် အမှန်တကယ်လုပ်ပိုင်ခွင့် မရှိခြင်းစသော အချက်များကြောင့် လွှတ်တော်တွင် တင်ပြနေရခြင်းဖြစ် သည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အနေ ဖြင့် မြို့ရွာပြဿ နာများကို ဖြေရှင်း ရာတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အ

ကူပြုကော်မတီ၊ စည် ပင် သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုကော်မတီများတွင် အဆုံး အဖြတ်များပြီး
စီးကြောင်း၊ မကြာခဏ ပြောဆို လျက်ရှိသော် လည်း အမှန် တကယ်တွင်မူ အဆိုပါကော်မတီ များအနေနှင့် ဆုံးဖြတ်ပိုင်ခွင့်နည်း ပါးနေကြောင်း ကော်မတီဝင် များက ဝေဖန်သံများထွက်ပေါ်နေခြင်း ဖြစ် သည်။

Yangon Media, KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment