Pages

Wednesday, July 30, 2014

မန္တလေးတွင် ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ည၁ဝနာရီမှ နံနက် ၃နာရီသို့ ပြင်ဆင်ထုတ်ပြန်

RangonNewsDaily:: July . 30 .2014
- မန္တလေး တိုင်းဒေသကြီး မန္တလေးခရိုင်တွင် ယခုအခါ တည်ငြိမ်အေးချမ်းမှုရှိနေ သည့်အတွက် ညမထွက်ရအမိန့်ပုဒ်မ- ၁၄၄ကို ဇူလိုင် ၂၈ရက်တွင် ပြင်ဆင် ထုတ်ပြန်လိုက်ကြောင်း ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရ သည်။

''မန္တလေးတိုင်းဒေသကြီး မန္တ လေးခရိုင် ချမ်းအေးသာစံမြို့နယ်၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ညများတွင် လူစုလူဝေးများသည် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်၍ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄အရ ဇူလိုင် ၃ရက်တွင် မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ တားမြစ်အမိန့်အမှတ် ၁/၂ဝ၁၄ နှင့် ဇူလိုင်၎ရက်တွင် ပုသိမ်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ တားမြစ်အမိန့် ၁/၂ဝ၁၄ တို့ကို ထုတ်ပြန်ခဲ့ပါတယ်။

ညမထွက် ရအမိန့်ကို ည၉နာရီမှ နံနက်၅နာရီ အထိ ထုတ်ပြန်ခဲ့ပြီးဇူလိုင် ၂၁ရက်နေ့ မှာလည်း တားမြစ်မိန့်အမှတ်၂/၂ဝ၁၄ ကို တည်ငြိမ်အေးချမ်းမှု အခြေအနေ များအရ ည၉နာရီမှ နံနက်၃နာရီထိ ပြင်ဆင် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။


ထပ်မံပြီး ဇူလိုင်၂၈ရက်မှာလဲ တည် ငြိမ်အေးချမ်းတဲ့ အခြေအနေရရှိလာ တဲ့အတွက် တားမြစ်အမိန့်အမှတ် ၃/၂ဝ၁၄ကို ထုတ်ပြန်ပေးခဲ့ပါတယ်။


ယခု ည ၁ဝနာရီမှ နံနက် ၃နာရီထိ အချိန်ကို ပြင်ဆင်သတ်မှတ်ပေးခဲ့ပါ တယ်'' ဟု မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ် ရေးမှူး ဦးဝင်းဇော်နိုင်က ပြောသည်။

မန္တလေးခရိုင်အတွင်း အောင် မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့ နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြ သာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့ နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်တို့တွင် ဥပဒေ ပုဒ်မ-၁၄၄ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယခုအခါ မန္တလေးမြို့အခြေအနေသည် တည် ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။

Yangon Media, KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment