Pages

Sunday, June 30, 2013

ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဘန်ကောက်မြို့တွင် ခါးဆစ်ရိုး ခွဲစိတ်ကုသမှု ခံယူရန်ငွေကြေးအလှူခံ

Photo: ဗိုလ်ကြီးဟောင်းနေမျိုးဇင် ဘန်ကောက်မြို့တွင် ခါးဆစ်ရိုး ခွဲစိတ်ကုသမှု ခံယူရန်ငွေကြေးအလှူခံ
Sunday, June 30, 2013

လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ

ယခုဘန်ကောက်မြို့တွင် ခါးဆစ်ရိုး ခွဲစိတ်ကုသမှု ခံယူရန် ရောက်ရှိနေသည့် မိမိထံ မိတ်ဆွေ တဦး၏ ကူညီမှုဖြင့် ကျနော် ကိုယ်တိုင် တိုက်ရိုက်ထုတ်သွင်း ပြုနိုင်သော နိုင်ငံတကာနှင့် တိုက်ရိုက် ချိတ်ဆက် ငွေလွဲ ပေးပို့ နိုင်သည်အကောင့် တခုကို ကျနော် ကိုယ်တိုင် ထုတ်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။

ခါးဆစ် ခွဲစိတ် ဆေးကုသရန် ဆေးကုသစရိတ် လှူဒါန်းလိုသူ မိတ်ဆွေများ အတွက် ငွေလွဲလှုဒါန်း ပေးပို့နိုင်ရေး ပြင်ဆင်ထားပါသည်။

မိမိထံ ဆေးကုသရန် အလှူငွေ ပေးပို့လှူဒါန်းလိုသူများ နေမျိုးဇင် ထိုင်းနိုင်ငံ ဖုန်းနံပတ် ၀၉၂၁၁၂၀၉၅၄ email - msdn.myanmar@gmail.com သို့ ဆက်သွယ် အကြောင်းကြားပြီး VISA ကဒ် ဖြင့် ထုတ်ယူနိုင်သည့် Bangkok Bank Account No-200-0-88808-7 - MRS NILAR AUNG အမည် ဖြင့် ကျနော့် ထံ သို့ တိုက်ရိုက် ဆက်သွယ်ပေးပို့လှူဒါန်းပြီး ထိုင်းဖုန်းနံပတ် ၀၉၂၁၁၂၀၉၅၄ သို SMS ပေးပို့ အကြောင်းကြားခြင်းဖြင့် ဖြစ်စေ။

မိမိ ဆေးကုသရန် အတွက် တတ်နိုင်ရာမှ ကူညီပေးနေသော ကူညီကယ်ဆယ်ရေး ဆရာတော် ဦးဇောတိက ဖုန်း ၀၈၂၄၉၅၆၂၈၉ သို့ ဆက်သွယ်ပြီး western union bank ထိုင်း ဘန်ကောက်မြို့ မှ zaw ti ka က ထုတ်ယူမည် ဟု လည်း ပေးပို့လှူဒါန်း ကူညီပေးနိုင်ပါသည်။

ဆရာတော် ဦးဇောတိက ဖေ့ဘုပ် နှင့်  မေးလ် - zaw.tika305@gmail.com သို့ ပေးပို့လှူဒါန်းမှုကို အကြောင်းကြားစေလိုပါသည်။ ဘဏ်မှ တိုက်ရိုက်ပေးပို့လှူဒါန်းလိုသူများ miss choy 439 2530 504 kasikorn bank မှ တဆင့် တိုက်ရိုက်ဆက်သွယ် ပေးပို့ လှူဒါန်းခြင်းဖြင့် ဖြစ်စေ ကူညီပေးနိုင်ပါရန် ရိုးသားစွာ တင်ပြပါသည်။

ခွဲစိတ်ကုသရန် စ၇ိတ် လုံလောက်သည်နှင့် ခါးဆစ်အရွက် ခွဲစိတ်ကုသခြင်းကို အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ပါသည်။

Nay Myo Zin Facebook

Sunday, June 30, 2013

လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ

ယခုဘန်ကောက်မြို့တွင် ခါးဆစ်ရိုး ခွဲစိတ်ကုသမှု ခံယူရန် ရောက်ရှိနေသည့် မိမိထံ မိတ်ဆွေ တဦး၏ ကူ
ညီမှုဖြင့် ကျနော် ကိုယ်တိုင် တိုက်ရိုက်ထုတ်သွင်း ပြုနိုင်သော နိုင်ငံတကာနှင့် တိုက်ရိုက် ချိတ်ဆက် ငွေလွဲ
 ပေးပို့ နိုင်သည်အကောင့် တခုကို ကျနော် ကိုယ်တိုင် ထုတ်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်။

ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား

Sunday, June 30, 2013

ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသ
ခံများထံမှ သိရသည်။

ကက်စ်ပီယန်ပင်လယ်အတွင်းရုရှားအီရန်ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့် ခန်း ပြုလုပ်မည်

Photo: ကက်စ်ပီယန်ပင်လယ်အတွင်းရုရှားအီရန်ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့် ခန်း ပြုလုပ်မည် 
Sunday, June 30, 2013

ယခုနှစ်၏ ဒုတိယနှစ်ဝက် အတွင်း ရုရှားနိုင်ငံနှင့် အီရန်နိုင်ငံတို့ ပူးပေါင်း၍ ကက်စ်ပီယန် ပင်လယ်အတွင်း ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်ခန်းတစ်ရပ် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ရုရှား တပ်မတော်

အကြီးအကဲတစ်ဦး က ဇွန် ၂၈ ရက်တွင်  ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်အား အက်စ်ထရာခန် ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အီရန်နိုင်ငံမှ ပဲ့ထိန် ဒုံးကျည်တပ် ဆင်ထားသော သင်္ဘောရေယာဉ်စု တပ်မှူးနှင့် တွေ့ဆုံပြီးနောက် ရုရှားနိုင်ငံ ကက်စ်ပီယန် ရေယာဉ်စု ဒုတိယတပ်မှူး နီကိုလိုင်းယာကူ ဘော့ဗ်စကီက ပြော ကြားခဲ့ခြင်းဖြစ်သည်။

ထိုကြေညာချက်အား အီရန်နိုင်ငံက လှိုက်လှဲစွာ ကြိုဆိုကြောင်းနှင့် အသေးစိတ် အချက် အလက်များနှင့် ပတ်သက်၍  ဆွေးနွေးရန်  ငြင်းဆိုခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံနှင့် အီရန်နိုင်ငံတို့၏ ပထမဆုံး ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်မှုကို ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စစ်သင်္ဘော အစင်းရေပေါင်း ၃ဝ ခန့်ပါဝင် ခဲ့သည်။

မြ၀တီ

Sunday, June 30, 2013

ယခုနှစ်၏ ဒုတိယနှစ်ဝက် အတွင်း ရုရှားနိုင်ငံနှင့် အီရန်နိုင်ငံတို့ ပူးပေါင်း၍ ကက်စ်ပီယန် ပင်လယ်အတွင်း ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်ခန်းတစ်ရပ် ပြုလုပ်သွားရန်စီစဉ်ထားကြောင်းရုရှားတပ်မတော် အကြီးအကဲ
တစ်ဦး က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဒီမိုဖက်တီး၊ ခွန်ဒီးယမ်၊ ညီသစ်တို့အား ELEVEN မှ ဆောင်းပါးရှင် သူရိန်လှိုင်ဝင်းမှ စိန်ခေါ်

Photo: ဒီမိုဖက်တီး၊ ခွန်ဒီးယမ်၊ ညီသစ်တို့အား ELEVEN မှ ဆောင်းပါးရှင် သူရိန်လှိုင်ဝင်းမှ စိန်ခေါ်
Sunday, June 30, 2013

ဒီမိုဖက်တီးကို အစတုန်းက သတ္တိရှိလို့ စိန်ခေါ်နေတယ်ထင်တာ။ အခုတော့ သူနဲ့ တန်းညှိပြီး စကားပြောတဲ့ ကိုယ့်ကိုကိုယ်တောင်ရှက်သွားတယ်။ အစတုန်းက လေတစ်လုံး မိုးတစ်လုံးနဲ့ ၂၄နာရီအတွင်း တရားစွဲမလေး ဘာမလေးဆိုလို့ အားရ၀မ်းသာနဲ့ စွဲချင်စွဲ၊ ဖြေရှင်းကြရအောင်လည်းဆိုရော သူက လှန့်လုံးလေး သုံးလိုက်တာပါတဲ့။ တကယ်မစွဲပါဘူးတဲ့။ မင်းလန့်သွားရင်ပဲ ကျေနပ်ပါပြီတဲ့။ ဘယ်လိုဖြစ်လို့ သူ့စိန်ခေါ်ချက်ကို လက်ခံပြီး ပြန်စိန်ခေါ်တဲ့သူက ကြောက်တဲ့သူဖြစ်သွားရတာတုန်းဗျဟင်။ ဘယ်လို စဉ်းစားနည်းပါလိမ့်။ ကျွန်တော်တော်တော်တောင်ရယ်ချင်သွားတယ်ဗျာ။ ဒီလောက်ဆို အကြောင်းသိရပြီဖြစ်တဲ့အတွက် ရှေ့လျှောက် သူ့ကို ဘေးမဲ့ပေးလိုက်တော့မယ်။ အစတုန်းက ပြန်ပြောသင့်တဲ့ အဆင့်အတန်းလို့ထင်လို့ ပြန်ပြောနေတာ အခုမှပဲ ပြောစရာမလိုတော့မှန်းသိရတော့တယ်။
အောက်က သူတင်ထားတာလေးတွေပြန်တင်ပေးလိုက်ပါတယ်။
သူရိန်လှိုင်ဝင်း

ကျွန်တော်ရေးတဲ့ဆောင်းပါးအတွက် ဒီမိုဖက်တီးက တရားစွဲမယ်လို့ ပြောပါတယ်။ ကျွန်တော်ဒီကနေပဲ အတိအလင်းပြောပါရစေ။
ဒီမိုဖက်တီး။ ခင်ဗျားကျွန်တော့်ကို မဟုတ်တမ်းတရားတွေလျှောက်ပြောနေမယ့်အစား တရားစွဲမယ် တရားဥပဒေလမ်းကြောင်းပေါ်တက်မယ်ဆိုတဲ့အတွက် ကျွန်တော်ကြိုဆိုပါတယ်။ ခင်ဗျားစွဲဖြစ်အောင် စွဲပါလို့လည်း တိုက်တွန်းပါတယ်။ ခင်ဗျားက ၂၄နာရီအတွင်း မဖြေရှင်းရင် တရားစွဲမယ်လို့ဆိုတယ်။ ကျွန်တော့်ဘက်က ဖြေရှင်းစရာလည်းမရှိဘူး၊ တောင်းပန်နေစရာလည်းမရှိဘူး။ ၂၄နာရီမဟုတ်ဘူး။ ကျွန်တော်ခင်ဗျားကို ၇၂နာရီအချိန်ပေးလိုက်မယ်။ ခင်ဗျားစွဲမယ်ဆိုရင် တရားစွဲဖြစ်အောင်စွဲပါ။ ဘယ်တရားရုံးပဲဖြစ်ဖြစ် ကျွန်တော်တက်မယ်။ ခင်ဗျားက အတိအလင်းပြောတာဆိုတော့ ကျွန်တော်လည်း အတိအလင်းပြန်ကြေငြာမယ်။ ခင်ဗျား ကျွန်တော့်ကို တရားစွဲမယ်လို့ကြေငြာတယ်နော်။ ကျွန်တော်လက်ခံတယ်။ ခင်ဗျားသာ စွဲဖြစ်အောင်စွဲပါ။ ခင်ဗျား အရင်လိုပဲ သွေးရူးသွေးတမ်းလျှောက်ပြောနေသလားဆိုတာ ကျွန်တော်မသိတဲ့အတွက် ကျွန်တော်သဘောတူညီချက်တစ်ခုထားမယ်။ ခင်ဗျားတရားစွဲတာကို ကျွန်တော်ရင်မဆိုင်ဝံ့ဘူးဆိုရင် ကျွန်တော့်အကောင့်ကို ထာဝရပိတ်သိမ်းမယ်။ တကယ်လို့ ခင်ဗျားတရားစွဲမယ် ကျွန်တော့်ကို ကြေငြာပြီးမှ တရားစွဲရဲတဲ့သတ္တိမရှိဘူးဆိုရင် ခင်ဗျား အကောင့်ကို ပိတ်သိမ်းပေးရမယ်။ ခင်ဗျားကို ထပ်ပြီး ကတိတစ်ခုပေးလိုက်ဦးမယ်။ ခင်ဗျားကျွန်တော့်ကို တရားစွဲမယ်ဆိုရင် ခင်ဗျားတရားစွဲတာပဲ ကျွန်တော်ရင်ဆိုင်မယ်။ ခင်ဗျား ကျွန်တော့်ကိုဆဲဆိုထားတဲ့ ဘယ်အကြောင်းရာနဲ့မှ ခင်ဗျားကို ကျွန်တော်တရားမစွဲဘူး။ ခင်ဗျားဘယ်သူလဲဆိုတာကို သိရရင်ပဲ ကျေနပ်ပြီ။ အဲဒီတော့ ခင်ဗျား လူရှေ့ထွက်ဖို့ သတ္တိရှိမယ်ဆိုရင် စွဲသာစွဲပါ။ ခင်ဗျား နို့တစ်စာပို့ရလွယ်အောင် ခင်ဗျားတရားစွဲမှာ ကျိန်းသေပြီဆိုရင် ကျွန်တော့်အိမ်လိပ်စာကို ခင်ဗျားဆီမေးလ်ပို့ပေးမယ်။ ကျွန်တော်အခု လူကြားထဲမှာ ကတိပေးတယ်နော်။ ခင်ဗျားဘက်ကသေချာရင် တရားစွဲလိုက်ပါ။ သွေးရူးသွေးတမ်း ပေါက်ကရလှန့်လုံးတွေလောက်နဲ့တော့ မလုပ်နဲ့။ ခင်ဗျားတရားစွဲမယ်ဆိုရင် ကျွန်တော်စောင့်နေလိုက်မယ်။ သတ္တိမရှိဘဲနဲ့တော့ သတ္တိရှိသယောင် ကျွန်တော်ရမ်းသမ်းရေးသယောင် လုပ်မနေနဲ့။
သူရိန်လှိုင်ဝင်း



++ ဒီမိုဖက်တီး။ တချို့ Screenshot တွေ ကျွန်တော်ပေးထားတယ်။ တချို့တွေ သူတို့ ဘာသာရွေးပြီး တင်တယ်။

>> ရွေးလို့ရအောင် များများပို့ပေးလိုက်တယ်နဲ့တူပါတယ် ။

++ တရားဥပဒေလမ်းကြောင်းပေါ်တက်ချင်ရင် ကျွန်တော့်ဘက်တော့ ပြောစရာမရှိပါဘူး။ အချိန်မရွေး ပါပဲ။ ခင်ဗျားက စော်ကားတုန်းက စော်ကားခဲ့ပြီးပြီမလား။ ကိုယ်လုပ်တဲ့ အရာအတွက် တာဝန်ခံမှု ရှိရမှာပေါ့။ ဖေ့ဘွတ်ပေါ်မှာ ရေးတာတွေအတွက် တာဝန်မခံရဘူးလို့ ထင်နေတာလား။

>> ခံပါတယ် ။ ဘယ်သူက မခံဘူးလို့ ပြောနေလို့လဲ ။ ငါ့ပို့စ်မဟုတ်ဘူးလို့များ ငြင်းမိလို့လား။

++ ကျွန်တော်ရေးခဲ့တာတွေအတွက် ကျွန်တော်တာဝန်ခံမယ်။ ခင်ဗျားလည်း ဒီလိုအတိုင်းပဲ။

>> အေး ကောင်းတယ်

++ ပထမတစ်ခါမှာ ကျွန်တော်တင်တဲ့အချိန် ခင်ဗျားရဲ့ Screenshot တွေမသုံးခဲ့ဘူး။ ခင်ဗျား မှတ်မိ မှာပါ။ ဒါပေမယ့် ခင်ဗျားက ဘယ်တုန်းကမှ မစော်ကားဘူးဆိုပြီး ပိတ်ငြင်း တဲ့အတွက် ကျွန်တော် ခင်ဗျားကို သေချာအောင်မေးခဲ့တယ်။ ခင်ဗျားသေချာပြီဆိုရင် ကျွန်တော် တင်ပေးလိုက် ရမလား ဆိုတော့ ခင်ဗျားပြောခဲ့တာက တင်ချင်တင် မတင်ချင်နေ ဂရုမစိုက်ဘူးလို့ဆိုတယ်မလား။

>> အေးလေ ။ ဟုတ်တယ် ။ မင်းက ငါပြောတာတဲ့ ဘယ်အရာဟာ စော်ကားတယ်လို့ ထင်သလဲ ဆိုတာ ကြည့်ဖို့ မင်းကို တင်ခိုင်းတာ ။ မင်းနဲ့ ငါနဲ့ ကြားထဲမှာ ငြင်းဖို့ တင်ခိုင်းတာ ။ မင်းပထွေး ဂျာနယ်ထဲမှာ ထည့်ဖို့ ပို့ခိုင်းတာ မဟုတ်ဘူး။

++ ခင်ဗျား စွဲမယ်ဆိုတဲ့ဥပဒေတွေနဲ့ အရင်ကြည့်ရအောင်။ ခင်ဗျားက Libel suit နဲ့စွဲမယ်ပြော တယ်နော်။ ကျွန်တော် ခင်ဗျား Screenshot ကိုသုံးတာ မမှန်မကန်မပြောဘူး၊ သတင်းအမှား မပေးဘူး။ ခင်ဗျား တကယ်တမ်းရေးခဲ့တာတွေကိုပဲ ပြောတယ်။ ခင်ဗျား အဲဒီကိစ္စကို Libel suit နဲ့ မလွတ်ဘူးထင်ရင် စွဲကြည့်လေ။

>> တရားစွဲမယ်တို့ ၊ ဥပဒေအရ အရေးယူမယ်တို့ ဆိုတာ မင်းပထွေးဂျာနယ်ရဲ့ လက်သုံးတော် ခြောက်ကွက်တွေပါကွာ ။ ငါက အငှားသုံးကြည့်တာပါ ။ ပြာသွားသလား ညီ ...

++ မူပိုင်ခွင့်နဲ့စွဲမယ်ဆိုရင် Facebook terms and Regulations ကို အရင်ဖတ်ကြည့်ပါ ။ ဖေ့ဘွတ်ပေါ် မှာတင်တာမှန်သမျှ ဖေ့ဘွတ်က Copyright ရတယ်။

>> အင်းလေ ။ မြန်မာလို နားမလည်းဘူးလား ။ ငါရေးတာ ဖေ့ဘုတ်အတွက်ပဲ ။ မင်းနဲ့ မင်းပထွေး ဂျာနယ် စီးပွားဖြစ်လုပ်ဖို့ မဟုတ်ဘူး ။

++ နစ်နာစေလိုမှု။ နစ်နာအောင် ကျွန်တော့် ဘက်က မဟုတ်မမှန်လုပ်ကြံမဖန်တီးခဲ့ဘူး။ ခင်ဗျားရေးသားတာတွေအတွက် နစ်နာမယ်ဆိုရင် ခင်ဗျားလုပ်ထားတဲ့အတွက် ခင်ဗျားပြန်ခံရတာပဲလေ။

>> ငါကို မနစ်နာစေချင်ပေမယ့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နစ်နာစေချင်တဲ့ စိတ်အပြည့် အ၀နဲ့ လုပ်လိုက်တယ်ဆိုတာ စာဖတ်ပရိသတ်အပေါင်း သိရှိကြပါတယ် ။

>> ခံရတယ်လို့ကို မထင်ပါဘူးကွာ ။ ငါ့ ကလောင် မင်းပထွေးဂျာနယ်မှာ ခေတ် အဆက်ဆက်က ပါခဲ့တာ ကြာပေါ့ ။

++ ကိုယ့်တာဝန် ကိုယ်ယူရတယ်ဆိုတာ ဒါပဲပေါ့။ ခင်ဗျားရေးခဲ့တာတွေအတွက် ဥပဒေအရ လွတ်ကင်းပါတယ်လို့ ခင်ဗျားယူဆရင် အချိန်မရွေး ကြိုက်တဲ့တရားရုံးကနေ ရှင်းလို့ရပါတယ်။ ကျွန်တော့်ဘက်က ဘာမှ ဖြေရှင်းစရာမရှိဘူး။

>> တာဝန်ယူပါတယ် ။ မင်းလန့်သွားတယ် ဆိုရင်ပဲ ငါ ၀မ်းသာလှပါပြီ ။ အခုလို ၂၄ နာရီ မပြည့်မီ အူယားဖားယား အကြောင်းပြန်တဲ့အတွက် ကျေးဇူးပါ ။

++ သူရိန်လှိုင်ဝင်း

>> ဒီမိုဖက်တီး

သူရိန်လှိုင်ဝင်း ၏ Daily Eleven သတင်းစာ ပါ ထောင်ချောက်ထဲ တိုးဝင်တော့မှာလား ဆောင်းပါး
https://www.facebook.com/photo.php?fbid=260562180749070&set=a.126988517439771.20599.100003858691121&type=1&theater

ref
သူရိန်လှိုင်ဝင်း Facebook
https://www.facebook.com/thurein.hlaingwin

Sunday, June 30, 2013

ဒီမိုဖက်တီးကို အစတုန်းက သတ္တိရှိလို့ စိန်ခေါ်နေတယ်ထင်တာ။ အခုတော့ သူနဲ့ တန်းညှိပြီး စကားပြောတဲ့ ကိုယ့်ကိုကိုယ်တောင်ရှက်သွားတယ်။ အစတုန်းက လေတစ်လုံး မိုးတစ်လုံးနဲ့ ၂၄နာရီအတွင်း တရားစွဲမလေး ဘာမလေးဆိုလို့ အားရ၀မ်းသာနဲ့ စွဲချင်စွဲ၊ ဖြေရှင်းကြရအောင်လည်းဆိုရော သူက လှန့်လုံးလေး သုံးလိုက်
တာပါတဲ့။ တကယ်မစွဲပါဘူးတဲ့။

ရုံးချိန်းရက် မှားရေးမိ၍ တရားခံ နှစ်ဦး ရဲစခန်းတွင် သုံးညအိပ်ခဲ့ရ

Sunday, June 30, 2013

ဗဟန်းမြို့နယ် တရားရုံးရီမန်ရုံးချိန်းရက် မှားယွင်းရေးသားခဲ့သဖြင့် အချုပ် တရားခံနှစ်ဦး အင်းစိန်အကျဉ်း

 ထောင်သို့မပြန်ရဘဲ ဗဟန်းရဲစ ခန်းတွင် သုံးညအိပ်ခဲ့ရကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သိရ သည်။ မူးယစ်
တရားခံနှစ်ဦးဖြစ် သည့် အေးကျော်အောင်နှင့် ကျော်ငြိမ်းဦးတို့နှစ်ဦး၏ရုံးချိန်း ရက်မှာ ဇူလိုင် ၉ရက်ဖြစ်သည်
ကို ဗဟန်းမြို့နယ်တရားရုံးက ဇွန် ၉ရက်ဟုဆိုပြီး ဇွန်၂၃ရက်တွင်

TIME MAGAZINE အားကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့နေ့လည် ၁နာ၇ီခန့်က ကျင်းပပြုလုပ်



ယနေ့၃၀.၆.၂၀၁၃ နေ့လည် ၁နာ၇ီခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် TIME MAGAZINE အား ကန့်
ကွက်ဆန္ဒပြပွဲနှင့် နိုင်ငံတော်သမ္မတဦးသိန်းစိတ်ရဲTIME MAGAZINEအပေါ်ကန့်ကွက်မှုကိုကြိုဆိုထောက်
ခံ သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခုပြုလုပ်နေကြောင်းသတင်းရရှိပါသည်။

အေးရှားဝေါ(လ်)ကုမ္ပဏီနှင့်ဒေသခံများမြေယာပိုင်ဆိုင်မှုအငြင်းပွားနေ

Photo: အေးရှားဝေါ(လ်)ကုမ္ပဏီနှင့်ဒေသခံများမြေယာပိုင်ဆိုင်မှုအငြင်းပွားနေ
Sunday, June 30, 2013

လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံများနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခါးသျှီးကျေးရွာတွင် ယခင်နှစ်ပေါင်းများစွာမှ နေထိုင်ကြသော လီဆူးတိုင်းရင်းသားများ ရွှေ့ပြောင်းလုပ်သားများမှာ ၀မ်းစာအတွက် တောင်ယာစိုက်ခြင်း၊ ထင်းခုတ်၊ မျှစ်ချိုး၊ ၀ါးတိုက်၊ ပြောင်းစိုက်ခြင်းနှင့် လမ်းခင်းကျောက် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရာ အေးရှားဝေါ(လ်) ကုပ္မဏီမှ ဒေသခံတိုင်းရင်းသားများ နေထိုင်လျှက်ရှိသော မြေဧက နှစ်ရာကျော်ကို ၎င်းတို့ ကုပ္မဏီပိုင်မြေအဖြစ် သတ်မှတ်ပြီး ဇွန်လ ၂၄ရက်နေ့ နံနက်ဆယ်နာရီခွဲ အချိန်တွင် တာဝန်ခံ ဦးမောင်မောင်လတ်မှ ဦးစီး၍ အလုပ်သမား (၁၅)ဦးခန့်နှင့် ကွန်ကရစ်တိုင်ဖြင့် ခြံစည်းရိုးများ ကာရံခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ခါးသျှီးရွာသားများက ပြောကြသည်။

“ကျနော်သိတာ အရင်ပိုင်ရှင်တရုတ်ကသူ့ခြံကို အေးရှားဝေါ(လ်)ကို ရောင်းလိုက်တာ အဲဒါ ဒီနေရာတွေမပါဘူး။ အခု
သူ့နေရာလို့ပြောပြီး ခြံတွေခတ်နေတယ်”ဟု ဒေသခံရွာမှ ပြည်သူ့စစ် လီဆူးတိုင်းရင်းသားတစ်ဦးက ပြောကြားသည်။

ယင်းနေရာတွင် ပုံစံ ၁၀၅ဖြင့် နေထိုင်သူ ဒေသခံ ဦးမင်းနိုင်က “ကျနော်မှာ ပုံစံ (၁၀၅)ရှိတယ် ဒါပေမယ့် ရှိလဲသူတို့က ခြံစည်းရိုးတောင် လာခတ်သွားပြီ။ လျော်ကြေးပေးတာတို့ ၊ အစားပြန်ပေးတာတို့လည်း မရှိဘူး။ ခြံစည်းရိုး လာခတ်တော့လည်း မြေတိုင်းတာတို့ စာရွက်စာတမ်းတွေကို စစ်တာတို့လည်း မရှိဘူး။ မြေစာရင်းရုံးတို့ မြို့နယ်က တာဝန်ရှိသူတွေ လည်းမပါဘူး၊ ရွာသူကြီး တောင်မပါဘူး။ ဘာလို့သိမ်းလို့ သိမ်းမှန်းကို မသိတာ။ ကျနော်တို့က စာမတတ်တော့ သူတို့လုပ်ချင်သလို လုပ်နေတာ။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘူး။ ကုပ္မဏီက မြေတွေကို သူတို့သိမ်းချင်တိုင်း သိမ်းလို့ ရတယ်လို့ ထင်နေလားမသိဘူး။ သူတို့ဘက်က တစ်ခုခုမလုပ်ပေးဘဲ ဒီနေရာကနေ ဘာဖြစ်ဖြစ် လုံးဝမရွှေ့ပေးနိုင်ဘူး။ အခုကျွန်တော်တို့မြို့နယ် ထွေအုပ်ရုံးကိုသွားပြီး စာတင်ဖို့ လုပ်နေတယ်”ဟု ပြောကြားသည်။

ယခင်ကလည်း အေးရှားဝေါ(လ်)တာဝန်ခံ ဦးမောင်မောင်လတ်မှ ၂၀၁၃ခုနှစ်၊ (၁)လပိုင်းက ၎င်းတို့လမ်းခင်းကျောက် ထုတ်လုပ်လျှက်ရှိသော ပတ်ဝန်းကျင်ဒေသတွင် နေထိုင်သူ အိမ်ထောင်စုများအား ပုံစံ (၁၀၅)နှင့် အရောင်းအ၀ယ် စာချုပ်များကို တောင်းသဖြင့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများမှ မိတ္တူကူးပြီး၊ တာဝန်ခံထံ သွားရောက် ပေးခဲ့ရသည်ဟု သိရသည်။

ယင်းမြေယာကိစ္စအား လားရှိုး အေးရှားဝေါ(လ်)ရုံးနှင့် တာဝန်ခံ ဗိုလ်ကြီးထွန်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

Sunday, June 30, 2013

လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံများနှင့်
အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာထပ်ဆင့် အသံလွှင့်မှု ကမ္ဘောဒီးယားပိတ်ပင်

Photo: နိုင်ငံတကာထပ်ဆင့် အသံလွှင့်မှု ကမ္ဘောဒီးယားပိတ်ပင်
Sunday, June 30, 2013

ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင် ပြည်တွင်း ရေဒီယိုအသံလွှင့်ဌာနတွေကနေ နိုင်ငံခြားမီဒီယာတွေရဲ့ အသံလွှင့်ချက်တွေကို တဆင့်ပြန်လွှင့်ပေးမှုကို အစိုးရက တားမြစ်လိုက်တဲ့ အပေါ် အမေရိကန်အစိုးရက ဝေဖန်လိုက်ပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ မတိုင်ခင် ၃၁ ရက်အတွင်း နိုင်ငံခြားမီဒီယာတွေရဲ့ အသံလွှင့်အစီအစဉ်တွေကို တဆင့်ပြန် ထုတ်လွှင့်မှုတွေ တားမြစ်တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ် ပိတ်ပင်ထားပါတယ်။

ညွှန်ကြားချက်ထဲမှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံခြားသားတွေ ဘယ်လိုအခန်းကဏ္ဍကမဆို ပါဝင်နေတာနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း မထုတ်ပြန်ရဘူးလို့ တားမြစ်ထားပါတယ်။ ဒီလိုညွှန်ကြားချက် ထုတ်ပြန် တားမြစ်တာဟာ သတင်းလွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်တာပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Patrick Ventrell ကပြောပြီး ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိပါ့မလားလို့ မေးခွန်းထုတ်ခဲ့ ပါတယ်။

ခုလို တားမြစ်လိုက်တဲ့အတွက် ဗွီအိုအေ နဲ့ အာအက်ဖ်အေ အသံလွှင့်ချက်တွေကိုလည်း ကမ္ဘောဒီးယား ပြည်တွင်းသတင်းဌာနတွေက တဆင့် ပြန်လည်ထုတ်လွှင့်မှု ပိတ်ပင်ခံရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ မှန်ကန် မျှတတဲ့ သတင်းနဲ့ အချက်အလက်တွေကို လူအများသိရှိနိုင်ဖို့ အရေးကြီးတယ်လို့ ဗွီအိုအေရဲ့ အမှုဆောင်အယ်ဒီတာချုပ် Steve Raddish က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မီဒီယာကို နှုတ်ပိတ်ဖို့ ကြိုးစားမှု မှန်သမျှကို ကြေညာချက်ထဲမှာ ဝေဖန် ပြစ်တင်ထားပါတယ်။

ကမ္ဘောဒီးယား ပြန်ကြားရေးဌာနကတော့ နိုင်ငံခြားအသံလွှင့်ဌာနတွေကို ပိတ်ပင်တာ မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။ နိုင်ငံတကာ ရေဒီယို အသံလွှင့်မှုတွေဟာ လှိုင်းတို လှိုင်းလတ်တွေကတဆင့် အသံလွှင့်နေတာဖြစ်ပြီး အဲဒီအသံလှိုင်းတွေကို ကန့်သတ်ပိတ်ပင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

VOA Burmese

Sunday, June 30, 2013

ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင် ပြည်တွင်း ရေဒီယိုအသံ
လွှင့်ဌာနတွေကနေ နိုင်ငံခြားမီဒီယာတွေရဲ့အသံလွှင့်ချက်တွေကိုတဆင့်ပြန်လွှင့်ပေးမှုကိုအစိုးရကတားမြစ်
လိုက်တဲ့ အပေါ် အမေရိကန်အစိုးရက ဝေဖန်လိုက်ပါတယ်။

EU ရုံးတွေကို အွန်လိုင်းကနေ US ခိုးဝင်ထောက်လှမ်း

Photo: EU ရုံးတွေကို အွန်လိုင်းကနေ US ခိုးဝင်ထောက်လှမ်း
Sunday, June 30, 2013

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူ ရုံးတွေကို အွန်လိုင်းပေါ်ကနေ ခိုးဝင် ထောက်လှမ်းခဲ့ပြီး ရုံးတွင်း ကွန်ပြူတာတွေကို ဝင်ရောက် အချက်အလက် ရယူခဲ့ကြောင်း ဖော်ပြထားတဲ့ လျို့ဝှက်စာ ရွက်စာတမ်း တခုကို သူတို့ရထားတယ်လို့ ဂျာမန် မဂ္ဂဇင်း der spiegel က ပြောပါတယ်။

အဲဒီ စာရွက်စာတမ်းကို အခုထွက်ပြေး တိမ်းရှောင်နေရတဲ့ စီအိုင်အေ အရာရှိဟောင်း အက်ဒွပ် စနိုဒင် က သူတို့ကို ပြခဲ့တာလို့ ဒက်ရှ် စပီးဂဲလ် က ဆိုပါတယ်။ အဲဒီ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA ဟာ အီးယူကို ပစ်မှတ်ထား ထောက်လှမ်းခဲ့တာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်လို့ ပြောပါတယ်။

အခု စွပ်စွဲ ပြောဆိုနေတဲ့ သူလျှိုလုပ်မှုသာ မှန်ခဲ့တယ် ဆိုရင် အီးယူနဲ့ အမေရိကန်ကြား ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်သွားစေလိမ့်မယ်လို့ ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz က ပြောပါတယ်။
တခါ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီအိုင်အေ အရာရှိဟောင်း အက်ဒွပ် စနိုဒင် ရဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုနဲ့ ပတ်သက်လို့ အီကွေဒေါ သမ္မတ ဆီကို အမေရိကန် ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒင်က ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ စနိုဒင်ရဲ့ ခိုလှုံခွင့် တောင်းခံမှုကို ပယ်ချပေးဖို့ မစ္စတာ ဘိုင်ဒင်က ပြောကြားခဲ့ကြောင်း အီကွေဒေါ သမ္မတ ရက်ဖာရာ ကော်ရေးရား က ဆိုပါတယ်။

အခုတော့ မစ္စတာ စနိုဒင်ဟာ မော်စကို နိုင်ငံတကာ လေဆိပ်ထဲမှာ ရှိနေပြီး အီကွေဒေါက အဆုံးအဖြတ်ကို စောင့်နေ တယ်လို့ ယူဆ နေကြပါတယ်။
အမေရိကန် အစိုးရက လူတွေရဲ့ အင်တာနက်နဲ့ ဖုန်းဆက်သွယ်မှုတွေကို စောင့်ကြည့်နေတယ် ဆိုတဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ အတွက် သူဟာ လျို့ဝှက် ပေါက်ကြားမှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

BBC

Sunday, June 30, 2013

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူ ရုံးတွေကို အွန်လိုင်းပေါ်
ကနေ ခိုးဝင် ထောက်လှမ်းခဲ့ပြီး ရုံးတွင်း ကွန်ပြူတာတွေကိုဝင်ရောက်အချက်အလက် ရယူခဲ့ကြောင်း ဖော်
ပြထားတဲ့ လျို့ဝှက်စာ ရွက်စာတမ်းတခုကိုသူတို့ရထားတယ်လို့ ဂျာမန် မဂ္ဂဇင်း der spiegel က ပြောပါတယ်။

အမရပူရမှာ ရှိတဲ့ ထိုင်းဘုရင့်ဂူရဲ့ ရှေ့ရေး

Photo: အမရပူရမှာ ရှိတဲ့ ထိုင်းဘုရင့်ဂူရဲ့ ရှေ့ရေး
Sunday, June 30, 2013

အယုဒ္ဓယဘုရင့်ဂူ တူးဖော်ရေးနှင့် ရှေ့လုပ်ငန်းများ အကြောင်း ရှင်းလင်းပွဲကို သင်္ချိုင်းဂူရှိရာ အမရပူရမြို့ နယ် ဦးပိန်တံတားအနီး လင်းဇင်းကုန်းသုသာန်ရှိ
ဇရပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဘုရင်၏ ဘွဲ့အမည်များမှာ ကျောက်ဘွားခေါက်မဒူးဝါး၊ မင်းသားကြီးဥတွန်ပုံ၊ မဟာထေရ်ဥဒုမ္ဗရ စသည်တို့ဖြစ်သည်။

ဘုရင့်ဂူ ပြုပြင်ထိန်းသိမ်းရန်အတွက် ထိုင်းကော်မတီနှင့်၊ မြန်မာကော်မတီဟူ၍ သီးခြား ဖွဲ့စည်းထားကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့်  သမိုင်းဝင်နေရာတခုအဖြစ် အကောင်အထည်ဖော်သွားရန် ထိုင်းတို့က ဆန္ဒရှိနေသည်။
ခန့် မှန်းချေ ဘတ်သန်းတရာအထက် ကုန်ကျမည့် စရိတ်ကို ထိုင်းတို့က ကျခံမည်ဟု ဆိုသည်။

ဧရာဝတီBlog

Sunday, June 30, 2013

အယုဒ္ဓယဘုရင့်ဂူ တူးဖော်ရေးနှင့် ရှေ့လုပ်ငန်းများ အကြောင်းရှင်းလင်းပွဲကိုသင်္ချိုင်းဂူရှိရာအမရပူရမြို့ နယ်
ဦးပိန်တံတားအနီး လင်းဇင်းကုန်းသုသာန်ရှိ ဇရပ်တွင် ယနေ့ ကျင်းပခဲ့သည်။

Samsung Galaxy S4 နဲ့ HTC One ဘယ်ဟာပိုကောင်းသလဲ