Pages

Saturday, June 29, 2013

အာဆီယံ ၁ဝ နိုင်ငံအတွင်း ဆေးရွက်ကြီး ဥပဒေ မလိုက်နာမှုတွင် မြန်မာနိုင်ငံက အဆင့် ၁ဝ ဖြင့် အောက်ဆုံး ရောက်ရှိ

Photo: အာဆီယံ ၁ဝ နိုင်ငံအတွင်း ဆေးရွက်ကြီး ဥပဒေ မလိုက်နာမှုတွင် မြန်မာနိုင်ငံက အဆင့် ၁ဝ ဖြင့် အောက်ဆုံး ရောက်ရှိ 
Saturday, June 29, 2013

ဆေးရွက်ကြီး ထိန်းချုပ်သော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း (WHO FCTC) ၏ ဥပဒေ အပိုဒ် (၁၁)တွင် ပါသော အဓိက အချက် ရှစ်ချက်ကို လိုက်နာ အကောင်အထည် ဖော်ရာတွင်အရှေ့တောင် အာရှ အာဆီယံ ၁ဝ နိုင်ငံ၌ မြန်မာနိုင်ငံသည် လိုက်နာ ဆောင်ရွက်မှု အားနည်းချက် များစွာကြောင့် နံပါတ် ၁ဝ ဖြင့် အောက်ဆုံး အဆင့် ရောက်ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ပြီးသော သုတေသန အရ သိရသည်။

မြန်မာ နိုင်ငံသည်  (WHO FCTC) အဖွဲ့ဝင် နိုင်ငံဖြစ်ပြီးနောက် ၂ဝဝ၆ ခုနှစ်တွင် မြန်မာ နိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် ဥပဒေ အခန်း (၅)ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို အပိုဒ်(၈) (င) ဆေးလိပ်ထုပ်တွင် ဖော်ပြ ပါရှိရမည့် ဆေးလိပ် သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း မြန်မာဘာသာဖြင့် သတိပေး စာတန်းကိုလည်းကောင်း၊ အခြား လိုအပ်သော သတိပေးချက် များကိုလည်း သတ်မှတ်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

ပြည်တွင်း ဆေးရွက်ကြီး ထုတ်ကုန်များတွင် လက်ရှိ အခြေအနေ အရ ''စီးကရက် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်  စေပါသည် ''နှင့် '' ၁၈နှစ် မပြည့်သေးသူ များကို ရောင်းချခြင်း မပြုရ''ဟုသာ မြန်မာဘာသာဖြင့် ရေးထိုး သတိပေး ထားသောကြောင့် အာဆီယံ ၁ဝ နိုင်ငံနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာ ကွန်ဗင်းရှင်း ဥပဒေပါ အပိုဒ် (၁၁)၏ အဓိအချက် ရှစ်ချက်ကို လိုက်နာရာတွင် အားနည်းချက် များစွာ ရှိနေသေးကြောင်း သိရသည်။

အဆိုပါ ဥပဒေ အပိုဒ်(၁၁)တွင် ပါရှိသော အဓိက အချက် ရှစ်ချက်မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၊ ထုပ်ပိုး ပစ္စည်းများတွင် ကျန်းမာရေး သတိပေး စာတန်း ပါရှိရမည်။ ကျန်းမာရေး သတိပေး စာတန်းများကို အလှည့်ကျ ဖော်ပြပေးရမည်။ ကျန်းမာရေး သတိပေး စာတန်းများကို ရှင်းလင်း ပေါ်လွင်မြင်သာ စေရမည်။ ကျန်းမာရေး သတိပေး စာတန်းများကို ထုပ်ပိုးကုန် ပစ္စည်းများ၏ မြင်သာသော မျက်နှာ နှစ်ဖက်တွင် ၅ဝ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက် မနည်းသော ဧရိယာပေါ် တွင် ဖော်ပြ ထားရမည့် အပြင် ၃ဝ ရာခိုင်နှုန်းထက် မနည်း ရှိရမည် စသော အခြားအချက် လေးချက်လည်း ပါရှိကြောင်း သိရသည်။

ယင်းအချက်အလက် များကို အရှေ့တောင် အာရှ နိုင်ငံများ အားလုံးက လိုက်နာ ဆောင်ရွက်မှု အားကောင်းပြီး မြန်မာနိုင်ငံ အနေဖြင့် သတိပေး စာတန်း တစ်ခုတည်းသာ ရှိသောကြောင့် အဆင့် ၁ဝ ဖြင့် အောက်ဆုံးသို့ ရောက်ရှိ နေကြောင်း သိရသည်။

ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဥပဒေပါ အချက်များကို သဘောတူပြီး ငါးနှစ်အတွင်း မိမိတို့ နိုင်ငံများ၌ ဥပဒေများ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန် ထားရမည် ဖြစ်သည်။

ဥပဒေအရ ကြော်ငြာမျိုးစုံ ပြုလုပ်ခြင်း၊အရောင်း မြှင့်တင်ရန် စည်းရုံးမှုနှင့် လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေး ကဏ္ဍများ အားလုံးကို ပံ့ပိုးမှု ပေးခြင်းများကို အလုံးစုံ ပိတ်ပင် တားမြစ်ရန် ဆောင်ရွက်ခြင်း ပြုမည် ဆိုပါက ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်းများ သုံးစွဲမှုသည် ၇ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း အထိ ကျဆင်း နိုင်ကြောင်း သိရသည်။

မြ၀တီ


Saturday, June 29, 2013

ဆေးရွက်ကြီး ထိန်းချုပ်သော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း (WHO FCTC) ၏ ဥပဒေ အပိုဒ် (၁၁)တွင် ပါသော အဓိက အချက် ရှစ်ချက်ကို လိုက်နာ အကောင်အထည် ဖော်ရာတွင်အရှေ့တောင် အာရှ အာဆီယံ ၁ဝ နိုင်ငံ၌ မြန်မာနိုင်ငံသည် လိုက်နာ ဆောင်ရွက်မှု အားနည်းချက် များစွာကြောင့် နံပါတ် ၁ဝ ဖြင့် အောက်
ဆုံး အဆင့် ရောက်ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ပြီးသော သုတေသန အရ သိရသည်။
မြန်မာ နိုင်ငံသည်(WHO FCTC)အဖွဲ့ဝင် နိုင်ငံဖြစ်ပြီးနောက်၂ဝဝ၆ ခုနှစ်တွင် မြန်မာ နိုင်ငံ၏ ဆေးလိပ်နှင့်

ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် ဥပဒေ အခန်း (၅)ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို အပိုဒ်(၈)(င) ဆေးလိပ်ထုပ်တွင် ဖော်ပြပါရှိရမည့် ဆေးလိပ် သောက်ခြင်းကြောင့်ကျန်းမာရေးကိုဆိုးရွားစွာ
ထိခိုက် စေနိုင်ကြောင်း မြန်မာဘာသာဖြင့် သတိပေးစာတန်းကိုလည်းကောင်း၊ အခြားလိုအပ်သောသတိပေး
ချက် များကိုလည်း သတ်မှတ်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

ပြည်တွင်း ဆေးရွက်ကြီး ထုတ်ကုန်များတွင် လက်ရှိ အခြေအနေ အရ ''စီးကရက် သောက်ခြင်းသည် ကျန်း
မာရေးကိုဆိုးရွာစွာထိခိုက် စေပါသည် ''နှင့် '' ၁၈နှစ် မပြည့်သေးသူ များကို ရောင်းချခြင်းမပြုရ''ဟုသာ မြန်
မာဘာသာဖြင့် ရေးထိုး သတိပေး ထားသောကြောင့် အာဆီယံ ၁ဝ နိုင်ငံနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာ ကွန်
ဗင်းရှင်း ဥပဒေပါ အပိုဒ် (၁၁)၏ အဓိအချက် ရှစ်ချက်ကို လိုက်နာရာတွင် အားနည်းချက် များစွာ ရှိနေသေး
ကြောင်း သိရသည်။

အဆိုပါဥပဒေအပိုဒ်(၁၁)တွင်ပါရှိသော အဓိက အချက် ရှစ်ချက်မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း
များ၊ ထုပ်ပိုး ပစ္စည်းများတွင် ကျန်းမာရေး သတိပေး စာတန်း ပါရှိရမည်။ ကျန်းမာရေး သတိပေး စာတန်းများ
ကိုအလှည့်ကျ ဖော်ပြပေးရမည်။ကျန်းမာရေးသတိပေးစာတန်းများကိုရှင်းလင်း ပေါ်လွင်မြင်သာစေရမည်။
ကျန်းမာရေး သတိပေး စာတန်းများကို ထုပ်ပိုးကုန် ပစ္စည်းများ၏ မြင်သာသော မျက်နှာ နှစ်ဖက်တွင် ၅ဝ ရာ
ခိုင်နှုန်း သို့မဟုတ် ထို့ထက် မနည်းသော ဧရိယာပေါ် တွင် ဖော်ပြ ထားရမည့် အပြင် ၃ဝ ရာခိုင်နှုန်းထက် မ
နည်း ရှိရမည် စသော အခြားအချက် လေးချက်လည်း ပါရှိကြောင်း သိရသည်။

ယင်းအချက်အလက် များကို အရှေ့တောင် အာရှ နိုင်ငံများ အားလုံးက လိုက်နာ ဆောင်ရွက်မှု အားကောင်း
ပြီး မြန်မာနိုင်ငံ အနေဖြင့် သတိပေး စာတန်း တစ်ခုတည်းသာ ရှိသောကြောင့် အဆင့် ၁ဝ ဖြင့် အောက်ဆုံး
သို့ ရောက်ရှိ နေကြောင်း သိရသည်။

ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ဥပဒေပါ အချက်များကို သဘောတူပြီး ငါးနှစ်အတွင်း မိမိတို့ နိုင်ငံ
များ၌ ဥပဒေများ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန် ထားရမည် ဖြစ်သည်။

ဥပဒေအရ ကြော်ငြာမျိုးစုံ ပြုလုပ်ခြင်း၊အရောင်း မြှင့်တင်ရန် စည်းရုံးမှုနှင့် လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေး ကဏ္ဍများ အားလုံးကို ပံ့ပိုးမှု ပေးခြင်းများကို အလုံးစုံ ပိတ်ပင် တားမြစ်ရန် ဆောင်ရွက်ခြင်း ပြု
မည်ဆိုပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးပစ္စည်းများသုံးစွဲမှုသည် ၇ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း အထိကျဆင်း
 နိုင်ကြောင်း သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၉.၆.၂၀၁၃

0 comments:

Post a Comment