Pages

Tuesday, November 27, 2012

စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိ

စစ်ကိုင်းမြို့ရဲ့ပထမဦးဆုံးတက္ကသိုလ်ကိုဒီဇင်ဘာ၅ရက်နေ့မှာစတင်ဖွင့်လှစ်မည်ဖြစ်ပြီးစစ်ကိုင်းခရိုင် အတွင်းမှ 
 ကျောင်းသားကျောင်းသူ ၇၃၅ ဦးကို လက်ခံသင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ယနေ့ထွက်ပြီ

 
“အရွယ်မရောက်သေးသူများ မဖတ်ရ” သတိပေးစာတန်းပါ လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ပထမဆုံး ထုတ် မဂ္ဂဇင်း ယနေ့ စတင်ထွက်ရှိလာပါတယ်။ 

NLD ပါတီအတွင်း စိတ်ဝမ်းကွဲမှုနှင့် မကြေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိ

လူထုထောက်ခံမှုအများဆုံးရရှိထားသည့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောNLDပါတီအတွင်းအကွဲအပြဲများ
အချင်းချင်းတရားစွဲဆိုမှုများ အုပ်စုလိုက် နုတ်ထွက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း တွေ့ရှိ ရသည်။

“Mobile Internet သုံးခ ကောက်ခံသည့်ပုံစံ ပြောင်းလဲမည်ဟု MPT သတင်းထုတ်ပြန်”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်မိုဘိုင်းဖုန်းမှတစ်ဆင့်အင်တာနက်သုံးစွဲခအားယခင်ကသုံးစွဲချိန်အပေါ်မူတည်
၍တွက်ချက်သောTimeBasedChargingစနစ်ဖြင့်ကောက်ခံခဲ့ရာမှ၂၀၁၂ခုနှစ်ဒီဇင်ဘာ၁ရက်မှစတင်၍မိမိအသုံးပြု
သာပမာဏအလိုက်ပေးချေရမည့်VolumeBased Charging ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။

ဝန်ကြီးဌာနများနဲ့ သူတို့ရဲ့ အင်တာနက် စာမျက်နှာ

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာ
အစိုးရ၀န်ကြီးဌာနတွေကိုယ်ပိုင်ဝက်ဆိုက်ဖန်တီးကြဖို့၊ဌာနရဲလုပ်ဆောင်ချက်တွေကိုအချိန်နဲ့တပြေးညီ တင်ဖို့အ
ထက်ကညွှန်ကြားထားတယ်လိုသိရပါတယ်။ဒီနှစ်မကုန်ခင်အွန်လိုင်းမှာဌာနစုံ ရှိနေရမယ်လို့ ဆိုပါတယ်။

"လင်းလင်းရေးတဲ့ သီချင်းတစ်ပုဒ်ကြောင့် ငိုခဲ့ရသူ ချစ်သုဝေ"

ချစ်သုဝေက လူကုန်ကူးမှုဆိုင်ရာ ပညာပေးရေး အတွက်ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကြီးမှာ ပါဝင် ဖျော် ဖြေ မှာဖြစ်ပြီး ဒီပွဲမှာဂရမ်မီနှစ်ဆုရနာမည်ကျော်အဆိုတော်ဂျေဆင်မရတ်လည်းပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး
ချစ်သုဝေက.."MTV EXIT က ထရီဇာကိုသီချင်းဆိုပေးဖို့ကမ်းလှမ်းတယ်။ ဂျေဆင် မရတ်လည်းလာ မယ်။

ရန်ကုန်-မန္တလေးကားလမ်းမပေါ်ယာဉ်တိမ်းမှောက် တရုတ်အမျိုးသား သုံးဦးသေဆုံး




ရန်ကုန်-မန္တလေးကားလမ်းပေါ် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ရာ တရုတ်နိုင်ငံသားသုံးဦး ပွဲချင်း ပြီးသေဆုံး သွားကြောင်း သိရသည်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြခေါင်းဆောင် ၆ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

ကြေးနီစီမံကိန်း ဆန္ဒပြသူ ၆ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

ဒီဗွီဘီ ၂၀၁၂ နိုဝင်ဘာလ ၂၇ ရက် ( အင်္ဂါနေ့ )

လက်ပန်းတောင်းတောင် စီမံကိန်းရပ်တန့်ဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေထဲက ၆ ဦးကို ပန်းဘဲတန်းမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။

မနေ့က ဆန္ဒပြသူတွေထဲက ခေါင်းဆောင် ၁၀ ဦးကို ရဲစခန်းက ပုဒ်မ ၁၈ ဖြစ်တဲ့ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတဲ့အပေါ် လာရောက်ရှင်းလင်းပါလို့ ဆင့်ခေါ်ရာမှာ သွားရောက်ရှင်းလင်းသူ ၆ ဦးကို ကျောက်တံတားရဲစခန်းနဲ့ ပန်းဘဲတန်း ရဲစခန်းတွေမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ခံဝန်ထိုးခိုင်းပြီး ပန်းဘဲတန်းတရားရုံးကို ထပ်မံခေါ်ဆောင်ပြီး တရားစွဲဆိုလိုက်တာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ပြောပါတယ်။

“လက်ပန်းတောင်းတောင် ကိစ္စ မနေ့က ဆန္ဒပြတာကို မေးဖို့ ခေါ်ထားတယ်ဆိုပြီး သူတို့ပြောတယ်။ ကျနော်ကလည်း ကိုယ့်ရဲဘော်တွေ အဲလိုဖြစ်နေတယ်ဆိုပြီး သွားတော့ ပန်းဘဲတန်းနဲ့ ကျောက်တံတား မြို့နယ် ၂ ခုက ရဲစခန်းတွေမှာ ပုဒ်မ ၁၈ ကို ခံဝန်ထိုးခိုင်းတယ်။ ပြီးတော့ တရားရုံးလည်း ခေါ်သွားရော ပုဒ်မ ၁၈ မဟုတ်တော့ဘဲ ၅၀၅ (ခ) ဆိုပြီး ပြောင်းလိုက်တယ်။ ၅၀၅ (ခ)က အာမခံမရတဲ့အခါကျတော့ အကုန်လုံးကို တရားရုံးကအထွက် ရဲစခန်းကို တခါတည်း လက်ထိတ်ခတ်ပြီး ခေါ်သွားကြတယ်။”

ဆန္ဒပြသူ ၆ ဦးကို အစိုးရဘက်က ညာပြီးခေါ်ယူတာဟာ မဖြစ်သင့်ဘူးလို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံလည်းဖြစ်တဲ့ ကိုဝေမှူးသွင်က ပြောပါတယ်။

“အစိုးရကို ကိုယ်စားပြုတဲ့ ၀န်ကြီးဌာနတွေ ပြည်ထဲရေးဖြစ်ဖြစ်၊ ရဲစခန်းပဲဖြစ်ဖြစ်၊ တရားရုံးပဲဖြစ်ဖြစ် သူတို့ကို လိမ်လည်ခေါ်ပြီး၊ ခေါ်တုန်းကတော့ ပုဒ်မ ၁၈ နဲ့ခေါ်ပြီးတော့ တကယ်ကျတော့ အာမခံပေးလို့မရတဲ့ ၅၀၅ (ခ)နဲ့ ဖွင့်တယ်ဆိုတော့ ဒါဟာ ဖမ်းဖို့သက်သက် ကြံစည်ပြီး လိမ်ညာခေါ်သလိုပဲဖြစ်တယ်။ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။ ဒီမိုကရေစီအစိုးရအနေနဲ့ ဒီလိုအပြုအမူမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။”

တရားစွဲခံရသူ ၆ ဦးကတော့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ဖြစ်ပြီး ရဲစခန်းမှာ လာမရှင်းလို့ လွတ်မြောက်သူ ၄ ဦးကတော့ ကိုဟန်ဝင်းအောင်၊ ကိုအောင်နိုင်သူ၊ ကိုမိုဃ်းသွေး၊ ကိုသီဟ၀င်းတင်တို့ ဖြစ်ပါတယ်။

ဆန္ဒပြပွဲ မဖြစ်ခင်ကတည်းက ကိုသီဟ၀င်းတင်ကို ရဲအထူးသတင်းတပ်ဖွဲ့က နေ့ခင်းပိုင်းမှာ ခေါ်ယူပြီး ကြိုတင်ဆန္ဒပြခွင့် တောင်းရတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ကိုသီဟ၀င်းတင်က “ကျနော်တို့ကို ခေါ်ပြောတုန်းက ပုဒ်မ ၁၈ လို့ ပြောတယ်။ ဒါက အရင်စစ်အစိုးရလက်ထက်ကလိုပဲ ရှေ့တမျိုး နောက်တမျိုး ပြောတဲ့ပုံစံမျိုး ဖော်ပြလိုက်တာပဲ။ အခုလောလောဆယ်မှာလည်း တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံမရတဲ့ ပုံစံမျိုးကို ပြောင်းလိုက်တယ်ဆိုကတည်းက ဒါဟာ စစ်အစိုးရရဲ့ သရုပ်သကန်ကို ဖော်ပြသွားတဲ့ အနေအထားလို့ ပြောချင်ပါတယ်။ ”

နိုဝင်ဘာ ၂၃ ရက်ကလည်း နေပြည်တော်ကိုချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သားတွေထဲက ခေါင်းဆောင် ၄ ဦးကို ရဲကဖမ်းပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲဆိုခဲ့ပါတယ်။

၂၀၁၂ နိုဝင်ဘာလ ၂၇ ရက် ( အင်္ဂါနေ့ )

လက်ပန်းတောင်းတောင် စီမံကိန်းရပ်တန့်ဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေထဲက၆ ဦးကို ပန်းဘဲတန်းမြို့နယ်တရား
ရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။

မိန်းမတစ်ယောက်ရဲ့ နောက်ဆုံး " အပျိုစင်"


"အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။

အိမ်သာကျင်းထဲ ပြုတ်ကျသွားသော ဟန်းစက်ကိုဆင်းဆယ်ရမှ အမျိုးသား ၃ ဦး သေဆုံး

၂၅-၁၁-၂၀၁၂ ရက်နေ့ ၁၉:၃၀  အချိန် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာနေ ဦးချစ်လှိုင် (၅၈)နှစ်၏ နေအိမ်ဝိုင်းရှိ  ရေလောင်းအိမ်သာမြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံးနေကြောင်း သတင်းရရှိ သဖြင့် ငါန်းဇွန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ထိုင်းတွင် ကျောင်းသူများ အဝတ်အစားကိစ္စတွင် မြန်မာကျောင်းသူများအား အတုခိုးရန် ကြေငြာထား

အရှေ့တောင်အာရှမှအထက်တန်းကျောင်းသူများ၏၀တ်စားဆင်ယင်မှုအားယှဉ်ပြထားပါတယ်။မြန်မာ၊လားအို၊ကမ်
ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း (မြန်မာအား အတုယူရန် ထိုင်းစာဖြင့် ထိုင်းအချင်းချင်း ဆုံးမထား သည်)  

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာန ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ-၂၇ ရက်

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာန၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှု 
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွဲကပင်ဆောင် စာစစ်ဌာန၏ အနောက်ဘက် ဧရာဝတီတိုင်းဒေသကြီး စာစစ်စာရင်းများထားရှိသည့် အခန်းတွင် စတင်လောင်
ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၂၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်မြို့နယ် 
မီးသတ်စခန်းမှ အရာရှိတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် စုံမ်စးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

"မီးခိုးတွေ အူပြီးထွက်လာတာတော်တော် ကြာနေပြီ။ နောက်မှ မီးလောင်နေမှန်း သိတာ" ဇွဲကပင်ဆောင်အနီးတွင် ဈေး
ရောင်းချနေသူ ဈေးသည်တစ်ဦးက ပြောသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဇွဲကပင်ဆောင်သို့ ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ပြောပြပေးနိုင်ခြင်း မရှိကြောင်း
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စုံစမ်းနေသေးကြောင်း ပြန်လည်ပြောကြားသည်။

ယင်းမီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မီးသတ်ယာဉ်စုစုပေါင်း ၁၇ စီး မီးသတ်အင်အား ၁၂ ကျော်ဖြင့် 
မီးငြှိမ်းသတ်ခဲ့ကြောင်း လှိုင်မြို့နယ်မီးသတ်စခန်းမှ ထုတ်ပြန်သည်။

ဓာတ်ပုံ - ကျော်ဇင်သန်း

ရန်ကုန်၊ နိုဝင်ဘာ-၂၇ ရက်

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာန၌ယနေ့ နံနက်အစောပိုင်းကမီးလောင်
ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇွဲကပင်ဆောင်စာစစ်ဌာန၏အနောက်ဘက်ဧရာဝတီတိုင်းဒေသ
ကြီး စာစစ်စာရင်းများထားရှိသည့် အခန်းတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးနံနက် ၆ နာရီခွဲကစတင်ခဲ့ခြင်း
ဖစ်သည်။ မိနစ် ၂၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်မြို့နယ် မီးသတ်စခန်းမှ အရာရှိတစ်ဦးကပြော
သည်။

အစ္စရေး တို့၏ တိုက်ခိုက် မှုကြောင့် ဂါဇာ ကမ်းမြောင် ဒေသ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရှိ

Photo: အစ္စရေး တို့၏ တိုက်ခိုက် မှုကြောင့် ဂါဇာ ကမ်းမြောင် ဒေသ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရှိ

ဟားမာ့စ်နှင့် အစ္စရေးတို့ အကြားတွင် သီတင်းပတ် တစ်ပတ်ကျော် အကြာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် ဂါဇာ ကမ်းမြောင် ဒေသရှိ အပျက်အစီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒသ မ ၂ ဘီလီယံ ရှိကြောင်း ဟားမာ့စ် အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ဂါဇာကမ်းမြောင် ဒေသအား အစ္စရေး တို့က ဗုံးကြဲ တိုက်ခိုက် မှုကြောင့် တိုက်ရိုက် ပျက်စီးမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၅၄၅ သန်း ရှိပြီး အခြား ပျက်စီးမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ရှိ ကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ရှစ်ရက် ကြာမြင့်သော အပြန်အလှန် တိုက်ခိုက်မှုတွင် မိမိတို့ ဒေသမှ အိမ်ခြေ ၂ဝဝ လုံးဝ ပျက်စီးခဲ့ပြီး အခြားအိမ်ခြေ ၈ဝဝဝ ကျော်လည်း ပျက်စီး ခဲ့ရကြောင်း၊ အစ္စရေး တို့၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ် ဝန်ကြီးချုပ်ရုံး အပါအဝင် ရဲဌာနချုပ် တစ်ခုနှင့် လူနေအိမ် မဟုတ်သည့် အဆောက် အအုံ ၄၂ လုံး၊ ဘာသာရေး အဆောက်အအုံ သုံးခုနှင့် အစိုးရရုံး ရာပေါင်းများစွာ ပျက်စီး ခဲ့ရသည်ဟု ၎င်း၏ ပြောကြားချက် အရ သိရသည်။

http://www.myawady.net.mm/all-news/international-news/2012-11-27-02-50-13

အေးချမ်းမွန်မှ မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
ဟားမာ့စ်နှင့်အစ္စရေးတို့အကြားတွင်သီတင်းပတ်တစ်ပတ်ကျော်အကြာ အပြင်းအထန်တိုက်ခိုက်မှုများ ဖြစ်
ပွားခဲ့ခြင်းကြောင့်ဂါဇာကမ်းမြောင်   ဒေသရှိ အပျက်အစီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဒသ မ ၂ ဘီလီယံ ရှိကြောင်း ဟားမာ့စ် အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေးဆုရရှိ

Photo: သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေးဆု တခု ရရှိ
Tuesday, November 27, 2012  

သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေး
အဇွဲ့တခုဖြစ်သည့် International Crisis Group - ICG က  In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

ICG က လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့  အမေရိကန်
ပြည်ထောင်စု နယူးယောက်မြို့ တွင် ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြီး ဆုရရှိသူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ 

ဆုရရှိသူတွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း မစ္စတာ  Luiz Inácio Lula da Silva တို့အား ထိုနေ့မှာ ညစာစားပွဲနဲ့
အတူ ဂုဏ်ပြုဆုချီးမြှင့်မှာဖြစ်ပါတယ်။ 

ဒီဆုဟာ  လူသန်းပေါင်းများစွာကိုအမြင်ကျယ်တဲ့ ခေါင်းဆောင်မှုနဲ့
ပဋိပက္ခတွေအဆုံးသတ်ရေး ကမ္ဘာကတိ က၀တ်ကိုအကောင်အထည်ဖော်
တဲ့ အစိုးရ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံသားဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေကို
 ပေးအပ်တဲ့ ဆုလည်းဖြစ်ပါတယ်။ 

နိုင်ငံပိုင် သတင်းစာကလည်း  သမ္မတ ဆုရရှိခြင်းသတင်းကို ဖော်ပြထား
ပါတယ်။
သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေးအဇွဲ့တခုဖြစ်သည့် International Crisis
 Group - ICG က In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါ တယ်။

ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူများအား မျက်ရည်ယို ဗုံးများ အသုံးပြု၍ နှိမ်နင်း

Photo: ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူများအား မျက်ရည်ယို ဗုံးများ အသုံးပြု၍ နှိမ်နင်းခဲ့ခြင်း

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ယင်လပ်ရှီနာ ဝပ်ထရာ၏ အစိုးရ အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒပြမှု များ၌ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြားခဲ့သည်ဟု AFP သတင်း တစ်ရပ် အရ သိရှိရပါသည်။ အဆိုပါ ဆန္ဒပြ အဖွဲ့ဖြစ်သည့် Pitak Siam အဖွဲ့အား ထိန်းသိမ်းရန် အတွက် ဘန်ကောက် မြို့၏ခရိုင် ၃ ခုတွင် ရဲတပ်ဖွဲ့ဝင် ၁၇,ဝဝဝ ခန့် ဖြန့်ကြက် ချထားခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့ လည်ပိုင်းတွင် ဆန္ဒပြသူ ၁၂,ဝဝဝ ခန့်ရှိကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို က ပြောကြား ခဲ့ပါသည်။ Pitak Siam အဖွဲ့နှင့် ဆန္ဒပြသူများသည် လက်ရှိ အစိုးရအား ဖြုတ်ချသွားမည်ဟု ကတိပြု ခဲ့ကြ ကြောင်း ၎င်းဆန္ဒပြ အဖွဲ့ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟောင်း ဆွန်လက် ကောပရာဆစ် က ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ဆန္ဒပြသူများမှ...အဖွဲ့တစ်ဖွဲ့သည် ၎င်းတို့ ဆန္ဒပြရာ နေရာအနီးရှိ ကုလသမဂ္ဂ အဆောက် အဦ၏ ရှေ့တွင် တားဆီးထားသော သံဆူးကြိုးများနှင့် အတားအဆီးများကို ဖယ်ရှားရန် ကြိုးပမ်း မှုကြောင့် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် ခဲ့ကြောင်းနှင့် ဆန္ဒပြသူ များသည် သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်း များအား လိုက်နာမှု မရှိသောကြောင့် ၎င်းနေရာ တစ်ခုတည်း တွင်သာ မျက်ရည်ယို ဗုံးများကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁ဝဝ ခန့်ထံမှ ဓားများနှင့် ကျည်ဆံများ သိမ်းဆည်း ရမိခဲ့ပြီးနောက် ၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထိုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၅၇ဝဝ အား ထပ်မံချ ထားခဲ့ ကြောင်းနှင့် ၎င်းဆန္ဒပြမှု များတွင် ရှပ်ဝါ အဖွဲ့အား ထောက်ခံ သူများလည်း ပါဝင်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို ကပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။


http://myawady.net.mm/all-news/international-news/2012-11-26-08-27-54

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ



ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ယင်လပ်ရှီနာ ဝပ်ထရာ၏ အစိုးရ အဖွဲ့အားဆန့်ကျင်သည့်ဆန္ဒပြမှု များ၌ ထိပ်တိုက်
ရင်ဆိုင်မှုများ ဖြစ်ပွား ခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မျက်ရည်ယို ဗုံးများဖြင့် ပစ်
ခတ် နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြားခဲ့သည်ဟု AFP သတင်း တစ်ရပ် အရ သိရှိရပါသည်။

ပုံမှန် အခြေအနေ ပြန်လည် ရရှိမှသာ ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည်ဟု ထိုင်း ဝန်ကြီးချုပ် ပြော

Photo: ပုံမှန် အခြေအနေ ပြန်လည် ရရှိမှသာ ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည်ဟု ထိုင်း ဝန်ကြီးချုပ် ပြော

လမ်းများပေါ်တွင် လုံခြုံရေး အခြေအနေ ပုံမှန် ရောက်ရှိမှုကို လုံခြုံရေး အေဂျင်စီများက အာမခံချက် ပေးချိန်တွင် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းရန် ထိုင်းအစိုးရမှ အသင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ရင်လက် ရှင်နာဝပ်မှ ပြောကြားခဲ့ ပါသည်။ ရင်လက်အား အယုံအကြည် မရှိ အဆို တင်သွင်း ထားသည့် လွှတ်တော် အစည်းအဝေး မတက်ရောက်မီ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အခြေအနေ အား အစိုးရ အဖွဲ့သို့ အစီရင်ခံစာ မတင်သွင်းမီ လုံခြုံရေး အေဂျင်စီ များသည် အစည်းအဝေး ကျင်းပလျက် ရှိကြောင်း ရင်လက်မှ ပြော ကြား ခဲ့ပါသည်။

နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ရဲတပ်ဖွဲ့ များနှင့် ပဋိပက္ခ ဖြစ်ပွားစဉ် ဒဏ်ရာ ရရှိခဲ့သော ကန့်ကွက် ဆန္ဒပြသူများအား ဂရု စိုက်ရန် ပြည်သူ့ ကျန်းမာရေး ဝန်ကြီး ဌာနမှ ၎င်းအဖွဲ့အား ညွှန်ကြား ထားပြီး ဖြစ်ကြောင်း သူမက ပြောကြားခဲ့ ပါသည်။ ပုံမှန် အခြေ အနေ ပြန်လည် ရရှိမှသာ အစိုးရ အဖွဲ့မှ ထုတ်ပြန် ထားသည့် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းမည် ဖြစ်သော်လည်း ရုပ်သိမ်းမည့် ရက်အား အတိအကျ မသိရှိ ရသေးကြောင်းနှင့် ဆန္ဒပြမှု များတွင် ဖမ်းဆီး ရမိသည့် သူများအား တရားဥပဒေ နှင့်အညီ စီရင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းမှ ထပ်လောင်း ပြောကြားခဲ့ ပါသည်။ 

http://myawady.net.mm/all-news/international-news/2012-11-26-07-51-32

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ



လမ်းများပေါ်တွင် လုံခြုံရေး အခြေအနေ ပုံမှန် ရောက်ရှိမှုကို လုံခြုံရေး အေဂျင်စီများက အာမခံချက် ပေးချိန်
တွင် ပြည်တွင်း လုံခြုံရေး အက်ဥပဒေအား ရုပ်သိမ်းရန် ထိုင်းအစိုးရမှ အသင့် ရှိေ ကြာင်း ထိုင်း ဝန်ကြီးချုပ် ရင်လက် ရှင်နာဝပ်မှ ပြောကြားခဲ့ ပါသည်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ

ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်း သည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။

ခွင့်ပြုချက်မရှိဘဲ ဘုရားများပင့်လာသူ ဖမ်းခံရ

၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၆၂၀ အချိန် ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်း ပူးပေါင်း စစ်ဆေးရေးစခန်းတွင်ကျိုင်းတုံမှတာချီလိတ်သို့သွားမည့်ပင်လုံမြို့၊ရပ်ကွက်(၁)နေ ထွန်းမြင့်(၃၈)နှစ်မောင်း
နှင်၍ ဇနီးဖြစ်သူ နန်းခမ်းဆာ(၂၈)နှစ်လိုက်ပါလာသော ယ/