Pages

Tuesday, November 27, 2012

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြခေါင်းဆောင် ၆ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

ကြေးနီစီမံကိန်း ဆန္ဒပြသူ ၆ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

ဒီဗွီဘီ ၂၀၁၂ နိုဝင်ဘာလ ၂၇ ရက် ( အင်္ဂါနေ့ )

လက်ပန်းတောင်းတောင် စီမံကိန်းရပ်တန့်ဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေထဲက ၆ ဦးကို ပန်းဘဲတန်းမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။

မနေ့က ဆန္ဒပြသူတွေထဲက ခေါင်းဆောင် ၁၀ ဦးကို ရဲစခန်းက ပုဒ်မ ၁၈ ဖြစ်တဲ့ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတဲ့အပေါ် လာရောက်ရှင်းလင်းပါလို့ ဆင့်ခေါ်ရာမှာ သွားရောက်ရှင်းလင်းသူ ၆ ဦးကို ကျောက်တံတားရဲစခန်းနဲ့ ပန်းဘဲတန်း ရဲစခန်းတွေမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ခံဝန်ထိုးခိုင်းပြီး ပန်းဘဲတန်းတရားရုံးကို ထပ်မံခေါ်ဆောင်ပြီး တရားစွဲဆိုလိုက်တာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ပြောပါတယ်။

“လက်ပန်းတောင်းတောင် ကိစ္စ မနေ့က ဆန္ဒပြတာကို မေးဖို့ ခေါ်ထားတယ်ဆိုပြီး သူတို့ပြောတယ်။ ကျနော်ကလည်း ကိုယ့်ရဲဘော်တွေ အဲလိုဖြစ်နေတယ်ဆိုပြီး သွားတော့ ပန်းဘဲတန်းနဲ့ ကျောက်တံတား မြို့နယ် ၂ ခုက ရဲစခန်းတွေမှာ ပုဒ်မ ၁၈ ကို ခံဝန်ထိုးခိုင်းတယ်။ ပြီးတော့ တရားရုံးလည်း ခေါ်သွားရော ပုဒ်မ ၁၈ မဟုတ်တော့ဘဲ ၅၀၅ (ခ) ဆိုပြီး ပြောင်းလိုက်တယ်။ ၅၀၅ (ခ)က အာမခံမရတဲ့အခါကျတော့ အကုန်လုံးကို တရားရုံးကအထွက် ရဲစခန်းကို တခါတည်း လက်ထိတ်ခတ်ပြီး ခေါ်သွားကြတယ်။”

ဆန္ဒပြသူ ၆ ဦးကို အစိုးရဘက်က ညာပြီးခေါ်ယူတာဟာ မဖြစ်သင့်ဘူးလို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံလည်းဖြစ်တဲ့ ကိုဝေမှူးသွင်က ပြောပါတယ်။

“အစိုးရကို ကိုယ်စားပြုတဲ့ ၀န်ကြီးဌာနတွေ ပြည်ထဲရေးဖြစ်ဖြစ်၊ ရဲစခန်းပဲဖြစ်ဖြစ်၊ တရားရုံးပဲဖြစ်ဖြစ် သူတို့ကို လိမ်လည်ခေါ်ပြီး၊ ခေါ်တုန်းကတော့ ပုဒ်မ ၁၈ နဲ့ခေါ်ပြီးတော့ တကယ်ကျတော့ အာမခံပေးလို့မရတဲ့ ၅၀၅ (ခ)နဲ့ ဖွင့်တယ်ဆိုတော့ ဒါဟာ ဖမ်းဖို့သက်သက် ကြံစည်ပြီး လိမ်ညာခေါ်သလိုပဲဖြစ်တယ်။ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။ ဒီမိုကရေစီအစိုးရအနေနဲ့ ဒီလိုအပြုအမူမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။”

တရားစွဲခံရသူ ၆ ဦးကတော့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ဖြစ်ပြီး ရဲစခန်းမှာ လာမရှင်းလို့ လွတ်မြောက်သူ ၄ ဦးကတော့ ကိုဟန်ဝင်းအောင်၊ ကိုအောင်နိုင်သူ၊ ကိုမိုဃ်းသွေး၊ ကိုသီဟ၀င်းတင်တို့ ဖြစ်ပါတယ်။

ဆန္ဒပြပွဲ မဖြစ်ခင်ကတည်းက ကိုသီဟ၀င်းတင်ကို ရဲအထူးသတင်းတပ်ဖွဲ့က နေ့ခင်းပိုင်းမှာ ခေါ်ယူပြီး ကြိုတင်ဆန္ဒပြခွင့် တောင်းရတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ကိုသီဟ၀င်းတင်က “ကျနော်တို့ကို ခေါ်ပြောတုန်းက ပုဒ်မ ၁၈ လို့ ပြောတယ်။ ဒါက အရင်စစ်အစိုးရလက်ထက်ကလိုပဲ ရှေ့တမျိုး နောက်တမျိုး ပြောတဲ့ပုံစံမျိုး ဖော်ပြလိုက်တာပဲ။ အခုလောလောဆယ်မှာလည်း တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံမရတဲ့ ပုံစံမျိုးကို ပြောင်းလိုက်တယ်ဆိုကတည်းက ဒါဟာ စစ်အစိုးရရဲ့ သရုပ်သကန်ကို ဖော်ပြသွားတဲ့ အနေအထားလို့ ပြောချင်ပါတယ်။ ”

နိုဝင်ဘာ ၂၃ ရက်ကလည်း နေပြည်တော်ကိုချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သားတွေထဲက ခေါင်းဆောင် ၄ ဦးကို ရဲကဖမ်းပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲဆိုခဲ့ပါတယ်။

၂၀၁၂ နိုဝင်ဘာလ ၂၇ ရက် ( အင်္ဂါနေ့ )

လက်ပန်းတောင်းတောင် စီမံကိန်းရပ်တန့်ဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေထဲက၆ ဦးကို ပန်းဘဲတန်းမြို့နယ်တရား
ရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။
မနေ့က ဆန္ဒပြသူတွေထဲက ခေါင်းဆောင် ၁၀ ဦးကို ရဲစခန်းက ပုဒ်မ ၁၈ ဖြစ်တဲ့ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတဲ့အပေါ် လာရောက်ရှင်းလင်းပါလို့ ဆင့်ခေါ်ရာမှာ သွားရောက်ရှင်းလင်းသူ ၆ ဦးကို ကျောက်တံတားရဲစခန်းနဲ့ ပန်းဘဲတန်း ရဲစခန်းတွေမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ခံဝန်ထိုးခိုင်းပြီး ပန်းဘဲတန်းတရားရုံးကို ထပ်မံခေါ်
ဆာင်ပြီး တရားစွဲဆိုလိုက်တာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ စာရေးဆရာ ဝေမှူးသွင်က ပြောပါတယ်။
“လက်ပန်းတောင်းတောင် ကိစ္စ မနေ့က ဆန္ဒပြတာကို မေးဖို့ ခေါ်ထားတယ်ဆိုပြီး သူတို့ပြောတယ်။ ကျနော်က
လည်း ကိုယ့်ရဲဘော်တွေ အဲလိုဖြစ်နေတယ်ဆိုပြီး သွားတော့ ပန်းဘဲတန်းနဲ့ ကျောက်တံတား မြို့နယ်၂ ခုကရဲစခန်း
တွမှာ ပုဒ်မ ၁၈ ကို ခံဝန်ထိုးခိုင်းတယ်။ ပြီးတော့ တရားရုံးလည်း ခေါ်သွားရော ပုဒ်မ ၁၈ မဟုတ်တော့ဘဲ ၅၀၅ (ခ) ဆိုပြီး ပြောင်းလိုက်တယ်။ ၅၀၅ (ခ)က အာမခံမရတဲ့အခါကျတော့ အကုန်လုံးကို တရားရုံးကအထွက် ရဲစခန်း
ကို တခါတည်း လက်ထိတ်ခတ်ပြီး ခေါ်သွားကြတယ်။”
ဆန္ဒပြသူ ၆ ဦးကို အစိုးရဘက်က ညာပြီးခေါ်ယူတာဟာ မဖြစ်သင့်ဘူးလို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ
လည်းဖြစ်တဲ့ ကိုဝေမှူးသွင်က ပြောပါတယ်။
“အစိုးရကို ကိုယ်စားပြုတဲ့ ၀န်ကြီးဌာနတွေ ပြည်ထဲရေးဖြစ်ဖြစ်၊ ရဲစခန်းပဲဖြစ်ဖြစ်၊ တရားရုံးပဲဖြစ်ဖြစ် သူတို့ကို လိမ်
လည်ခေါ်ပြီး၊ ခေါ်တုန်းကတော့ ပုဒ်မ ၁၈ နဲ့ခေါ်ပြီးတော့ တကယ်ကျတော့ အာမခံပေးလို့မရတဲ့ ၅၀၅ (ခ)နဲ့ ဖွင့်တယ်
ဆိုတော့ ဒါဟာ ဖမ်းဖို့သက်သက် ကြံစည်ပြီး လိမ်ညာခေါ်သလိုပဲဖြစ်တယ်။ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။ ဒီမို
ကရေစီအစိုးရအနေနဲ့ ဒီလိုအပြုအမူမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။”
တရားစွဲခံရသူ ၆ ဦးကတော့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ဖြစ်ပြီး ရဲစခန်း
မှာ လာမရှင်းလို့ လွတ်မြောက်သူ ၄ ဦးကတော့ ကိုဟန်ဝင်းအောင်၊ ကိုအောင်နိုင်သူ၊ ကိုမိုဃ်းသွေး၊ ကိုသီဟ၀င်း
တင်တို့ ဖြစ်ပါတယ်။
ဆန္ဒပြပွဲ မဖြစ်ခင်ကတည်းက ကိုသီဟ၀င်းတင်ကို ရဲအထူးသတင်းတပ်ဖွဲ့က နေ့ခင်းပိုင်းမှာ ခေါ်ယူပြီး ကြိုတင်ဆန
္ဒပြခွင့် တောင်းရတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ကိုသီဟ၀င်းတင်က “ကျနော်တို့ကို ခေါ်ပြောတုန်းက ပုဒ်မ ၁၈ လို့ ပြောတယ်။ဒါကအရင်စစ်အစိုးရလက်ထက်ကလိုပဲ ရှေ့တမျိုး နောက်တမျိုး ပြောတဲ့ပုံစံမျိုး ဖော်ပြလိုက်တာ
ပဲ။ အခုလောလောဆယ်မှာလည်း တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံမရတဲ့ ပုံစံမျိုးကို ပြောင်းလိုက်တယ်ဆို
ကတည်းက ဒါဟာ စစ်အစိုးရရဲ့ သရုပ်သကန်ကို ဖော်ပြသွားတဲ့ အနေအထားလို့ ပြောချင်ပါတယ်။ ”
နိုဝင်ဘာ ၂၃ ရက်ကလည်း နေပြည်တော်ကိုချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သားတွေထဲက ခေါင်းဆောင် ၄ ဦးကို ရဲကဖမ်းပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့
စွဲဆိုခဲ့ပါတယ်။
 
 
DVB TV News

0 comments:

Post a Comment