Pages

Tuesday, March 19, 2013

အေဂျင်စီ ၁၆၁ ခုဖြင့် ပြည်ပသို့ မြန်မာလုပ်သားများ တရားဝင် တင်ပို့ခွင့်ပြုနေ

အင်္ဂါနေ့၊ မတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ်
မတ်လဆန်းမှစ၍ ပြည်ပနိုင်ငံစုံသို့ မြန်မာလုပ်သားများ တရားဝင် တင်ပို့ခွင့် ပြုနေကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ သိရသည်။“ခွင့်မရှိဘဲ ပို့နေတာတွေရှိတော့ အလုပ်သမားပြဿနာ ပေါ်ပေါက်တဲ့အခါ အစိုးရက တရားဝင် အကာအကွယ် မပေးနိုင်ဘဲ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အတွက် အဲဒီလို ထပ်မဖြစ်ရအောင် တရားဝင် ခွင့်ပြုရတာပါ။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၆၁ ခုကို တရားဝင် လုပ်ကိုင်ခွင့်ပေးထားပါတယ်” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ အရှေ့အလယ်ပိုင်း အပါအဝင် ၁၅ နိုင်ငံသို့ မြန်မာလုပ်သား အများဆုံး သွားရောက် လုပ်ကိုင်လျက်ရှိသည်။

“အရင်က အမျိုးသမီး အလုပ်သမားတွေကို ပြည်ပကို စေလွှတ်ခြင်း မရှိပေမယ့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာကစပြီး တရားဝင် စေလွှတ်ပေးနေပါတယ်။ ၂၀၁၂ နှောင်းပိုင်းမှာလည်း (ကိုရီးယားနဲ့) နှစ်နိုင်ငံ သဘောတူညီချက်နဲ့ မြန်မာလုပ်သား ၄၀,၀၀၀ ကို တရားဝင် စေလွှတ် လုပ်ကိုင်ခွင့် ပြုတာ တွေ့ရပါတယ်” ဟု ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ မန်နေဂျာ ဦးနေအောင် က ပြောသည်။

တရားမဝင် ရွှေ့ပြောင်း မြန်မာ လုပ်သားများအဖြစ်မူ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင် အများဆုံး လုပ်ကိုင်နေကြသည်။
ရန်ကုန် (မဇ္ဈိမ)
Rangonnewsdaily
RND:  :19.3.2013
 
 
world time