Pages

Tuesday, March 19, 2013

စက်ရုပ်စစ်ပွဲများ ဖြစ်လာရန် အလှမ်းမဝေးတော့ကြောင်း ပညာရှင်များ သုံးသပ်

စက်ရုပ်စစ်ပွဲများ ဖြစ်လာရန် အလှမ်းမဝေးတော့ကြောင်း ပညာရှင်များ သုံးသပ်
Tuesday,March 19, 2013

အနာဂတ်ကာလတွင် စက်ရုပ်ချင်းတိုက်သော စစ်ပွဲများ ဖြစ်လာရန် အလှမ်းမဝေးတော့ဟု ပညာရှင်များက သုံးသပ် ပြောဆိုလိုက်သည်။ 
လက်ရှိ အချိန်တွင် မောင်းသူမဲ့ လေယာဉ်များကို စစ်ရေးတွင် တွင်ကျယ်စွာ အသုံးပြုရန် အားယူနေပြီ ဖြစ်ကာ အနာဂတ်တွင် ယင်းကဲ့သို့ လူကိုင်တိုင် ပါဝင်မောင်းနှင်ခြင်း မရှိသည့် စက်ယန္တရားများသည် စစ်ဆင်ရေး နယ်ပယ်တွင် အဓိက အားပြုလက်နက်များ ဖြစ်လာနိုင်ကြောင်း သိရသည်။

X-47B လေယာဉ်သည် အဆိုပါ ခေတ်သစ်ကို ချဉ်းနင်းဝင်ရောက်ရန် အဓိက ခြေလှမ်းတစ်ခု၊ ပြယုဂ်တစ်ခုသဖွယ် ရှိနေသည်။ အတ္တလန္တာရှိ ဂျော်ဂျီယာ နည်းပညာဌာနမှ ပရော်ဖက်ဆာ ဟင်းရစ်ခ် ခရစ္စတီယန်ဆန်၏ စက်ရုပ် ယန္တရားများသည် ယခုအခါ လက်နက်ကိုင် အကြမ်းဖက်သမားများကို ရှာဖွေ ချေမှုန်းရာတွင် ပိုမို၍ ထဲထဲဝင်ဝင် အသုံးတွင်ကျယ်လာခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21223

Planet Myanmar Network

Tuesday,March 19, 2013

အနာဂတ်ကာလတွင် စက်ရုပ်ချင်းတိုက်သော စစ်ပွဲများ ဖြစ်လာရန် အလှမ်းမဝေးတော့ဟု ပညာရှင်များက သုံးသပ် ပြောဆိုလိုက်သည်။ လက်ရှိ အချိန်တွင် မောင်းသူမဲ့ လေယာဉ်များကို စစ်ရေးတွင် တွင်ကျယ်စွာ အသုံးပြုရန် အားယူနေပြီ ဖြစ်ကာ အနာဂတ်တွင် ယင်းကဲ့သို့ လူကိုင်တိုင် ပါဝင်မောင်းနှင်ခြင်း မရှိသည့် စက်ယန္တရားများသည် စစ်ဆင်ရေး နယ်ပယ်တွင် အဓိက အားပြုလက်နက်များ ဖြစ်လာနိုင်ကြောင်း သိရသည်။

X-47B လေယာဉ်သည် အဆိုပါ ခေတ်သစ်ကို ချဉ်းနင်းဝင်ရောက်ရန် အဓိက ခြေလှမ်းတစ်ခု၊ ပြယုဂ်တစ်ခုသဖွယ် ရှိနေသည်။ အတ္တလန္တာရှိ ဂျော်ဂျီယာ နည်းပညာဌာနမှ ပရော်ဖက်ဆာ ဟင်းရစ်ခ် ခရစ္စတီယန်ဆန်၏ စက်ရုပ် ယန္တရားများသည် ယခုအခါ လက်နက်ကိုင် အကြမ်းဖက်သမားများကို ရှာဖွေ ချေမှုန်းရာတွင် ပိုမို၍ ထဲထဲဝင်ဝင် အသုံးတွင်ကျယ်လာခဲ့သည်။

Planet Myanmar Network
Rangonnewsdaily
RND:  :19.3.2013

0 comments:

Post a Comment