Pages

Saturday, February 8, 2014

ယာဉ်တိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်၍ ယာဉ်မောင်းက ဓားဖြင့်လိုက်ခုတ်

RangonNewsDaily: February . 8 .2014
မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ် ဂန္ဓမာလမ်းထောင့်ရှိ မီးပွိုင့်တွင် ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်က မီးပွိုင့်မီးနီ ပြထားသောကြောင့်ယာဉ်များ ရပ်ထားစဉ် ယာဉ်တိုက်မှု ဖြစ်ခဲ့ရာ မှတ်တမ်းတင် ဓာတ်

ပုံရိုက်သည့် အတိုက်ခံရသူကို ယာဉ်နှစ်စီးတိုက်မှု ကျူးလွန်ခဲ့သူ ယာဉ်မောင်း အမျိုးသားက ဓားဖြင့် လိုက်ခုတ်
ခဲ့ကြောင်း မရမ်းကုန်း မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

(၅၃) အထူးယာဉ်ကြီး ပလက်ဖောင်းပေါ်တက် သစ်ပင်ကိုဝင်တိုက်

Photo: (၅၃) အထူးယာဉ်ကြီး ပလက်ဖောင်းပေါ်တက် သစ်ပင်ကိုဝင်တိုက်
Saturday, February 8, 2014

ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က အလုံမြို့နယ် ကမ်းနား လမ်းနှင့်အလုံလမ်းထောင့် မီးပွိုင့်MAX စက်သုံးဆီဆိုင်အနီးတွင် သစ် တောလမ်းဘက်မှ ကွေ့လာသော ထောက်ကြန့်-ဆူးလေ ပြေးဆွဲ
သည့် (၅၃) အထူးယာဉ် ၂ခ/...သည် ဘရိတ်ပေါက်ပြီး ပလက်ဖောင်းပေါ် ရှိ သစ်ပင်ကို ဝင်ရောက်တိုက်ပြီးရပ် တန့်သွားခဲ့သည်။
ယာဉ်ပေါ်တွင် ခရီးသည်များ မပါရှိသည့်အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ပါ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့သော်လည်း ယာဉ် တိုက်မှုအရှိန်ကြောင့် ရှေ့ညာဘက် ဘန်ပါ ပျက်စီးသွားခဲ့သည်။ ယာဉ် တိုက်မှုကို အလုံမြို့နယ် ယာဉ်စစ် အဖွဲ့က လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
The Mirror Daily

RangonNewsDaily: February . 8 .2014
ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က အလုံမြို့နယ် ကမ်းနား လမ်းနှင့်အလုံလမ်းထောင့် မီးပွိုင့်MAX စက်သုံးဆီဆိုင်အနီးတွင်သစ် တောလမ်းဘက်မှ ကွေ့လာသော ထောက်ကြန့်-ဆူးလေ ပြေးဆွဲသည့် (၅၃)
အထူးယာဉ် ၂ခ/...သည် ဘရိတ်ပေါက်ပြီး ပလက်ဖောင်းပေါ် ရှိ သစ်ပင်ကို ဝင်ရောက်တိုက်ပြီးရပ် တန့်သွားခဲ့
သည်။

မြန်မာသင်္ဘောသားများ ငွေကြေးကိစ္စ သတိထား ဆောင်ရွက်ရန် ကြေညာချက်ထုတ်

RangonNewsDaily: February . 8 .2014
မြန်မာသင်္ဘောသားများ အနေနှင့် လာမည့် ဧပြီလ ၁ ရက်နေ့ မတိုင်မီအထိ ငွေကြေး ကိစ္စရပ်များကို သတိ

ထားပြီးလုပ်ကိုင် ဆောင်ရွက်ရန် မြန်မာ့ပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ်(MMWF) က ဖေဖော်
ဝါရီလ ၇ ရက်နေ့တွင် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျဆုံးရဲဘော်တွေကို ABSDF ဂုဏ်ပြု

Photo: ကျဆုံးရဲဘော်တွေကို ABSDF ဂုဏ်ပြု
Saturday, February 8, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖြတ်သန်းမှု ၂၅ နှစ်တာအတွင်း ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ကယားပြည်နယ် လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။

ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေအတွက် အခုလို အခမ်းအနားနဲ့ ဂုဏ်ပြုပွဲကျင်းပတာ ဖြစ်တယ်လို့ ABSDF ဥက္ကဌ ကိုသံခဲက ပြောပါတယ်။

“၂၅ နှစ်တာအတွင်းမှာ ကျဆုံးသွား ကျနော်တို့ရဲ့ ရဲဘော်တွေကို ဂုဏ်ပြုတယ်၊ နောက်တစ်ခုကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို သူတို့ရဲ့ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေဟာ အခုလို ဒီမိုကရေစီတိုက်ပွဲမှာ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ပြီး ကျဆုံးသွားတဲ့အပေါ်မှာ အသိအမှတ်ပြုတာလည်း ဖြစ်ပါတယ်”

ဒီနေ့ဂုဏ်ပြုမှတ်တမ်း ပေးအပ်ပွဲဟာ ကယားပြည်နယ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၃၄ ဦးကို ရည်စူးပေးအပ်တာဖြစ်ပြီး လာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အလားတူအခမ်းအနား ကျင်းပသွားမယ်လို့ သိရပါတယ်။

၂၅ နှစ်အတွင်း ကျဆုံးသွားကြတဲ့ ABSDF အဖွဲ့ဝင် ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီနေ့အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ရ.လ.လ.ဖ)၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းစတဲ့ အဖွဲ့ဆယ်ဖွဲ့ က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

RFA

RangonNewsDaily: February . 8 .2014
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖြတ်သန်းမှု ၂၅ နှစ်တာအတွင်း ကျ
ဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ကယားပြည်နယ် လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းတော်ကြီး
ကျောင်းမှာ ဒီနေ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။

အမေရိကန် အကြီးတန်းအရာရှိ စစ်တွေမှာ RNDP ပါတီနဲ့ တွေ့ဆုံ

Photo: အမေရိကန် အကြီးတန်းအရာရှိ စစ်တွေမှာ RNDP ပါတီနဲ့ တွေ့ဆုံ
Saturday, February 8, 2014

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အကြီးတန်း အကြံပေးအရာရှိ Ms. Judith Belth Cefkin နဲ့ အမေရိကန် သံရုံးအရာရှိတွေဟာ ဒီနေ့ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဗဟိုဌာနချုပ်မှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့အတွက် အဓိကထား မေးမြန်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“သူတို့လိုချင်တဲ့ အတိုင်းအတာကတော့ ပဋိပက္ခဆက်ဖြစ်တာကို မလိုချင်ဘူး၊ နောက်ပြီးတော့ နိုင်ငံတကာရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ အကူအညီတွေက ဒီရခိုင်ပြည်နယ်အတွင်းကို ရောက်လာစေချင်တယ်၊ အဲဒါကြောင့်မို့ ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့အမြင် သဘောထား အဲဒါတွေကိုမေးတာပါ”

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရာမှာ အမေရိကန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်တိုင်းမှာ ရခိုင်တိုင်းရင်းသားတွေ ဘက်ကရပ်တည်ပြီး လူသားချင်း စာနာထောက်ထားကြောင်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုမှုတွေ မရှိခဲ့ဘူးသလို ရခိုင်ပဋိပက္ခကို ဖြေရှင်းရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ လိုလားချက်တွေကို ထည့်သွင်းစဉ်းစားပေးရေးမှာ အဓိကကျကြောင်း တင်ပြပြောဆိုခဲ့တယ်လို့ ဦးခင်မောင်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အကြီးတန်း အကြံပေးအရာရှိ Ms. Judith Belth Cefkin နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေမြို့တွေမှာ ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေ၊ ရခိုင်နဲ့ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ အမြင်တွေကို မေးမြန်းလေ့လာခဲ့တယ်လို့ သိရပါတယ်။

RFA

RangonNewsDaily: February . 8 .2014
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အကြီးတန်း အကြံပေးအရာရှိ Ms. Judith Belth Cefkin နဲ့ အမေရိကန် သံရုံးအရာရှိတွေဟာ ဒီနေ့ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဗဟိုဌာနချုပ်မှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့  မင်္ဂလာတောင်ညွန့် မြို့ နယ်တွင် မီးလောင်မှုဖြစ်ပွား

Khin Mg Latt's photo.

RangonNewsDaily: February . 8 .2014
ရန်ကုန်မြို့  မင်္ဂလာတောင်ညွန့် မြို့ နယ် ၁၀၁ လမ်း အိမ်အမှတ် ( 24 ) ၆ လွှာ ညနေ ၄:၁၅ မိနစ်အချိန်တွင်မီး
လောင်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ဒီဂီယာကို (၄)နှစ် သက်တမ်းတိုးရန် မန်ချက်စတာ ယူနိုက်တက် အသင်း စီစဉ်နေ

Photo: ဒီဂီယာကို (၄)နှစ် သက်တမ်းတိုးရန် ယူနိုက်တက် စီစဉ်နေ
Saturday, February 8, 2014

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဂိုးသမား ဒေးဗစ်ဒီဂီယာကို (၂၀၁၈)ထိ သက်တမ်းတိုး စာချုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

လက်ရှိတွင် ဆွေးနွေးမှု ရလဒ်များ ကောင်းမွန်နေသလို စပိန်လက်ရွေးစင် ဂိုးသမားလေး အနေဖြင့် စာချုပ်သစ်တွင် လက်မှတ်ရေးထိုးနိုင်ရန် အလွန်နီးစပ်နေပြီဟု ဆိုသည်။ ဒီဂီယာ၏ လက်ရှိစာချုပ်သည် (၂)နှစ်မျှ သက်တမ်းကျန်နေသေးသော်လည်း အင်္ဂလန် ချန်ပီယံ အသင်းက လုပ်ခလစာ ခံစားခွင့် တိုးမြှင့်ပြီး ၎င်းကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးစားလာခြင်း ဖြစ်သည်။ ဒီဂီယာသည် စာချုပ်သစ်အရ တစ်ပတ်လုပ်ခ စတာလင်ပေါင် (၉၀၀၀၀)ဝန်းကျင်မျှထိ ခံစားခွင့်ရှိမည်ဟု ဆိုသည်။

ဘာစီလိုနာ အသင်းသည် အစောပိုင်းက ဒီဂီယာ၏ အနေအထားကို အနီးကပ် လေ့လာခဲ့သေးသော်လည်း နောက်ပိုင်းတွင်မူ ပေါင်စတာလင် (၂၅)သန်းတန် ဂိုးသမားလေးအတွက် အာရုံလျော့သွားခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဒီဂီယာသည် အက်သလက်တီကို မက်ဒရစ်မှ ပြောင်းရွှေ့လာကာစတွင် အမှားအယွင်း အချို့ကြောင့် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ယူနိုက်တက်၏ အငြင်းပွားစရာမရှိ နံပါတ်(၁) ဦးစားပေး ဂိုးသမား ဖြစ်လာခဲ့သည်။ 

ယူနိုက်တက်သည် နွေရာသီတွင် နီမန်ယာဗီဒစ်၊ ရီယိုဖာဒီနန်နှင့် ပက်ထရစ်အီဗရာတို့ကို လက်လွှတ်ရန် သေချာသလောက် ရှိနေပြီး ခံစစ်ဇုန်ကို အပြောင်းအလဲဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ ဒီဂီယာသည် မန်နေဂျာ ဒေးဗစ်မိုယက်စ်အတွက် ရေရှည်ထိန်းသိမ်းထားရန် အလိုအပ်ဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

Source: Mirror

Soccer Myanmar

RangonNewsDaily: February . 8 .2014
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဂိုးသမား ဒေးဗစ်ဒီဂီယာကို (၂၀၁၈)ထိ သက်တမ်းတိုး စာချုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

ရှမ်းပြည်အမျိုးသားနေ့ SSA ဌာနချုပ်မှာ ကျင်းပ

Photo: ရှမ်းပြည်အမျိုးသားနေ့ SSA ဌာနချုပ်မှာ ကျင်းပ
Saturday, February 8, 2014

၆၇ ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချူပ်ရှိရာ လွယ်တိုင်းလျန်းမှာ မနေ့က ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ထောင်ခန့်က စစ်ရေးပြ ဖွင့်လှစ်ခဲ့တယ်လို့ဆိုပါတယ်။ RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ က ဒီနေ့ဟာ နေ့ထူးနေ့မြတ်တစ်ခုပဲလို့ RFA ကို ပြောပါတယ်။

“ဒီနေ့ဟာ ကျနော်တို့ ဒီရှမ်းပြည်ကို အုပ်ချူပ်ခဲ့တဲ့ စော်ဘွားများကောင်စီနဲ့ ဒီ ရပလ ပြည်သူလူထု ကိုယ်စားလှယ်များစုစည်းပြီး ညီညွတ်ရေး တည်ဆောက်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်နေတဲ့ ကြားကာလမှာ ကျနော်တို့ ပြည်သူလူထုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ ပြည်တွင်းထဲမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ ပြည်သူလူထုထဲမှာရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရရှိပြီးတော့ အနာဂတ်နိုင်ငံရေးကို ကျနော်တို့ ညှိနှိုင်းဆွေးနွေး တိုင်ပင်နိုင်ဖို့အရေးတွေကို ကျနော်တို့ ရည်စူးပြီးတော့ ဒီအခမ်းအနားကို ကျင်းပရခြင်းပဲ ဖြစ်ပါတယ်”

RCSS ဌာနချူပ်မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း တို့အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် အဖွဲ့အစည်းတွေကလည်း သ၀ဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ်က ရှမ်းအမျိုးသားနေ့ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရေးကိစ္စတွေကို ရှင်းလင်းပြောဆိုသွားခဲ့တယ်လို့လည်း ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“ပြည်ထောင်စုထဲမှာ ရသင့်ရထိုက်တဲ့ ကျနော်တို့ အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့နော်၊ ဒီတန်တူရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ စသည့်အရေးတွေကို ဘယ်လိုပုံဘယ်လိုနည်းနဲ့ ကျနော်တို့ တောင်းဆိုသွားကြမလဲ၊ ဘယ်လိုပုံဘယ်လိုနည်းနဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားကြမလဲဆိုတာတွေ ထည့်သွင်းပြောကြားသွားပါတယ်၊ ဘာလို့လည်းဆိုတော့ အခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် ကျနော်တို့ ပြည်သူလူထုတွေကလည်း ကျနော်တို့ RCSS ဖော်ဆောင်နေတဲ့ ဒီနိုင်ငံရေးကိစ္စရပ်တွေမှာ သူတို့နားလည်မှု ရှိစေချင်တဲ့သဘောနဲ့ ထည့်သွင်းပြောကြားခြင်းပဲ ဖြစ်ရပါတယ်လို့ ကျနော်အဲ့လိုပဲ သုံးသပ်တယ်”

ဒီအခမ်းအနားကို တိုင်းရင်းသား မဟာမိတ် ကိုယ်စားလှယ်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း လူပရိသတ် လေးထောင်နီးပါး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

RFA Burmese

RangonNewsDaily: February . 8 .2014
၆၇ ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းပြည်ပြန်လည်ထူ
ထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချူပ်ရှိရာ လွယ်တိုင်းလျန်းမှာ မနေ့က ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားများ ကျင်းပ

Photo: ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားများ ကျင်းပ
Saturday, February 8, 2014

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ဒါမှမဟုတ် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွေကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီး၊ မြို့တော်ရန်ကုန် နဲ့တကွ ရှမ်းပြည်နယ်အနှံ့အပြားနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချုပ်မှာ ကျင်းပခဲ့ကြ ပါတယ်။

ဒီနှစ် ရှမ်းပြည်နယ်နေ့ရဲ့ ပထမဆုံး ထူးခြားမှုတရပ်ကတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၆၇ နှစ်မြောက် ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာကို ပထမဆုံးအကြိမ် ပေးပို့ခဲ့တာဘဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင်တွေ ယုံကြည်မှု တည်ဆောက်ပြီး ပင်လုံစာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ အခြေပြုခဲ့တဲ့ သမိုင်းဝင် နေ့တနေ့ဖြစ်သလို ပြည်ထောင်စုနေ့ကိုလည်း ဖြစ်ပေါ်စေခဲ့တဲ့အတွက် ဒီနေ့ဟာ ရှမ်းပြည်နယ် သူပြည်နယ်သားတွေ အတွက်တင်သာမက မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့နေ့လည်း ဖြစ်တယ်လို့ သမ္မတကြီး ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ခေတ်မီတိုးတက်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းလာဖို့အတွက် ပင်လုံစိတ်ဓာတ်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့၊ လက်ရှိဖော်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွေမှာ နိုင်ငံရေးအင်အားစုတွေ၊ ပါတီတွေ၊ လွှတ်တော်တွေ၊ စီးပွားရေးအသင်းအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကပါ ပါဝင်ကြိုးပမ်းဖော်ဆောင်ကြဖို့ သမ္မတကြီးက တိုက်တွန်းထားပါတယ်။

သမ္မတကပေးပို့တဲ့ သ၀ဏ်လွှာကို ရန်ကုန်၊ တောင်ကြီးနဲ့ အခြားဒေသတွေမှာ ကျင်းပတဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားတွေမှာလည်း ဖတ်ကြားခဲ့ကြပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် မြက်ခင်းပြင်မှာ ဒီကနေ့ည ၆ နာရီက စတင်ကျင်းပတဲ့ ရှမ်းပြည်နယ် အမျိုးသားနေ့ အခမ်းအနားမှာ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တအာင်း၊ အခါ အစရှိတဲ့ ရှမ်းပြည် နယ်တိုင်းရင်းသားလူမျိုးစုတွေရော၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ရှမ်းနီနဲ့ ခန္တီးရှမ်း ကိုယ်စားလှယ်တွေပါ ယဉ်ကျေးမှုအက အမျိုးမျိုးနဲ့ ဖျော်ဖြေခဲ့ပြီး ရိုးရာအစားအစာနဲ့ ဒေသထွက် ကုန်ရောင်း ချပွဲတွေပါ ကျင်းပခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းကျောဝ်တစ်ပ်က ပြောပါတယ်။

အခမ်းအနားကို ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ စစ်တိုင်းမှူး ဗိုလ်ချုပ်သန်းဦးနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးအချို့ တွေပါ တက်ရောက်အားပေးခဲ့ပြီး ပရိသတ်ပေါင်း ၁ သောင်းကျော် ၀င်ရောက်ဆင်နွှဲခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ် မြို့တော်တောင်ကြီးမှာလည်း ပြည်နယ်အစိုးရက ဦးစီးပြီး မနက်ပိုင်းက အဝေရာကွင်းမှာ လူထုဟောပြောပွဲလုပ်ခဲ့သလို ညနေပိုင်း မြို့တော်ခန်းမမှာ ယဉ်ကျေးမှုပဒေသာ ကပွဲ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းစာပေအသင်းတိုက်မှာလည်း ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနု၊ တောင်ရိုး၊ ကိုးကန့်၊ လီစူး အစရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်း ၇ ဖွဲ့ပူးပေါင်းပြီး ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပခဲ့တယ်လို့ ဗဟိုရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်စိန်က ပြောပါတယ်။

ရှမ်းတော်လှန်ရေးနယ်မြေက ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ဒီနှစ်မှာ ထူးထူးခြားခြား နိုင်ငံတော်အစိုးရက တရားဝင် အသိအမှတ်ပြုခဲ့တဲ့အတွက် ပြည်တွင်းက လူမှုအဖွဲ့အစည်းနဲ့ ပြည်သူတွေပါ ထောင်နဲ့ချီ ၀င်ရောက်ဆင်နွှဲခွင့်ရခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ရှမ်းပြည်တပ်မတော် စစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ရှမ်းပြည်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနဲ့ ပင်လုံစာချုပ်ပါ ကတိက၀တ်အတိုင်း ပြန်ရရှိရေး၊ တိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ လက်ရှိအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ပြောကြားသွားတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ရှမ်းလူငယ်ကွန်ရက်အဖွဲ့က လူငယ် ပေါင်း ၂၅၀ ကျော်ကလည်း ရှမ်းပြည်နယ်က အမြင့်ဆုံး တောင်ထွတ် တခုဖြစ်တဲ့ မိုင်းရယ်မြို့နယ်ထဲက အမြင့်ပေပေါင်း ၈၇၈၀ ရှိ လွယ်လိန်းတောင်ပေါ် ခြေလျင် တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် အလံကို လွှင့်ထူကာ ဒီရှမ်းပြည် အမျိုးသားနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်နယ်နေ့ကို လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က စော်ဘွားနဲ့ ပြည်သူ့ကိုယ်စားလှယ်တို့ ပူးပေါင်းပြီး ရှမ်းပြည်ကောင်စီထူထောင်နိုင်ခဲ့ခြင်း၊ လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်း အထိမ်းအမှတ်အနေနဲ့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာဘဲ ၀ါစိမ်းနီ သုံးရောင်ခြယ် အလယ်က လ၀န်းဖြူုပုံသဏ္ဍန်ရှိ ရှမ်းပြည်နယ်ရဲ့ အမျိုးသားအလံနဲ့ ယာယီအမျိုးသားသီချင်းကို သတ်မှတ်ခဲ့ပြီး ပလောင် တောင်ပိုင်စော်ဘွားကြီး စစ်ခွန်ပန်းစိန်က အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

DVB

RangonNewsDaily: February . 8 .2014
ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ဒါမှမဟုတ် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွေကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီး၊ မြို့တော်ရန်ကုန် နဲ့တကွ ရှမ်းပြည်နယ်အနှံ့အပြားနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချုပ်မှာ ကျင်းပခဲ့ကြ ပါတယ်။

ခြေချောင်းလေးများ ဖြူဖွေး လှပ စေချင်လား

Photo: ခြေချောင်းလေးများ ဖြူဖွေး လှပ စေချင်လား
Saturday, February 8, 2014

ခြေချောင်းလေးများ ဖြူဖွေး လှပနေစေမည့် အိမ်တွင်း ဂရုစိုက်မှု နည်းလမ်းများ

ခြေထောက်ဆေးပါ

ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြော ပေးတာဟာ သက်သောင့်သက်သာ ရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ၊

ရေလောင်းပြီး ခြေထောက် ဆေးတာထက် ပိုပြီး ခြေထောက်ကို သန့်စင် စေနိုင်ပါတယ်။ ပြီးရင် Foot Cream တစ်မျိုးကို လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာ စေပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက် စိမ်ထားပေးလို့ ရပါတယ်။

ခြေချောင်းကြား ကြေးချွတ်ပါ

ရေချိုးချိန်မှာ ခြေချောင်း ကြားလေးတွေကို ကြေးချွတ် သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ခြေထောက်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်မျိုးတွေစီးပြီး အမြဲတမ်း အပြင်ထွက်ရတဲ့ အခါမျိုးမှာ သင့်ခြေချောင်း ကြားထဲမှာ ချွေး၊ သဲ၊ မြေမှုန့်တွေကြောင့် အညစ်အကြေးတွေ ရှိနေ တတ်ပါတယ်။ တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ် ပေးသင့်ပါတယ်။ ဒါဟာ ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြား ရောဂါတချို့ကို သက်သာ စေနိုင်ပါတယ်။

ဖိနပ်ဝယ်တဲ့အချိန် မှန်ပါစေ

ဖိနပ်ဝယ်တော့မယ် ဆိုရင် ညနေခင်းပိုင်းမှာ ဝယ်ပါ။ ဖိနပ်ကို စီးကြည့်လိုက်လို့ သက်သောင့်သက်သာ ရှိပြီး လမ်းလျှောက်ရတာ အဆင်ပြေမယ် ဆိုရင်တော့ သင့်အတွက် ဖိနပ်ကောင်း တစ်ရန်ပါပဲ။

နေရောင်ကာခရင်မ်ကို သုံးပါ

သင့်ခြေထောက်ဟာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေထက် နေရောင်ခြည်ရဲ့ထိခိုက်မှုကို ခံရလေ့ ရှိပါတယ်။ ခြေစွပ်ဝတ်ရတဲ့ ဖိနပ်မျိုးနဲ့၊ ဖိနပ် အပိတ်တွေကို ဝတ်ဆင်သူ ဆိုရင်တော့ ပြဿနာ မရှိပေမယ့်၊ ဖိနပ်အပွင့်မျိုးတွေ စီးသူဆိုရင်တော့ နေရောင်ကာတဲ့ ခရင်မ်တစ်မျိုး လိမ်းပေးဖို့ လိုပါတယ်။

ကြေးချွတ်သန့်စင်ပါ

ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်တော်တဲ့ ပစ္စည်းတစ်မျိုးကို သုံးပြီး ပုံမှန်ခြေ ဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသ လုံး နေရာတွေ အထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှား ပေးနိုင်တဲ့ အပြင် အရေပြား ကိုလည်း ချောမွေ့နေစေပါတယ်။

ခြေသည်းကို ဂရုစိုက်ပါ

အရမ်းရှည်လွန်းတဲ့ လက်သည်းဟာ သိပ်ပြဿနာ မရှိပေမယ့် ခြေသည်း ကတော့ အရမ်း ရှည်လွန်းရင် ပိုထိခိုက် လွယ်ပါတယ်။ ဒါကြောင့် ပုံမှန်ညှပ်ပေးဖို့ လိုပါတယ်။ ခြေသည်းထောင့် နေရာတွေကို မှန်မှန်ညှပ်ပြီး ကြေးတွေထုတ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ရေချိုးပြီးချိန်နဲ့ ခြေထောက် ဆေးကြောသန့်စင်ပြီးချိန်မှာ ခြေသည်းညှပ်ပါ။

ကျန်းမာပါစေ

လှပပြီး ကျန်းမာတဲ့ ခြေထောက် ဖြစ်ဖို့ကတော့ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုပါတယ်။ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း ကတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာ သုံးတဲ့ ဖိနပ်ကလည်း အရမ်းကျပ်လွန်း၊ ချောင်လွန်းတာမျိုး မဟုတ်ဘဲ ခြေဖဝါး၊ ခြေချောင်း လေးတွေနဲ့ ဖိနပ်ကြားမှာလေဝင်၊ လေထွက်ရအောင်တော့ ချောင်နေသင့်ပါတယ်။

Foot Spray သုံးပါ

ခြေထောက်ကိုဖျန်းတဲ့ စပရေးကို သုံးပေးတာဟာ ဖိနပ်ပေါက်တာနဲ့ ခြေထောက် ချွေးနံ့ကို သက်သာ စေပါတယ်။ ခြေထောက်အပိတ် ဖိနပ်တွေကိုပြင်ပ လေဝင်လေထွက် ကောင်းတဲ့ နေရာမျိုးမှာ သိမ်းဆည်းပေးပါ။ သံလွင်၊ လီမွန်စတာ တွေပါဝင်တဲ့ Foot Spray မျိုးဟာ အရေပြား ထဲကို စိမ့်ဝင်မှုအား ပိုကောင်းပါတယ်။

သန့်ရှင်းစေပါ

ခြေထောက် ညစ်ပေနေတိုင်း ဆပ်ပြာသုံးပြီး ခြေချောင်းနဲ့ ခြေသည်းကြားတွေကို ပွတ်တိုက် သန့်စင်ပေးပါ။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ ပုံမှန် သန့်စင်ပေးပါ။

ရေဓာတ်ဖြည့်ပါ

ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန် လိမ်းပေးပါ။ ခရင်မ် မလိမ်းခင် အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးရင် ရေဓာတ် စိမ့်ဝင်မှု ပိုပြီး ကောင်းမွန် စေပါတယ်။

ပြန်လည် လန်းဆန်းပါစေ

ပုံမှန် ရေနွေးနွေးနဲ့ မသန့်စင်နိုင်ရင်တောင် တစ်ပတ် တစ်ကြိမ်လောက်တော့ ရေနွေးနွေးနဲ့ စိမ်ပေးပြီး သွေးလည်ပတ်မှု အတိုင်း နှိပ်နယ်ပေးပါ။ တစ်လလုံး ခြေသည်းနီး ဆိုးတာမျိုး မလုပ်ဘဲ တစ်လမှာ ရက်အနည်းငယ် လောက်တော့ ခြေသည်းကို အားဖြည့်ပေးတဲ့ ခြေသည်းနီ မျိုးတွေ ဆိုးပေးပါ။ မြက်ခင်းနဲ့ သဲပြင်လို နေရာမျိုးတွေမှာ ဖိနပ်မစီးဘဲ လမ်းလျှောက် ပေးတာဟာ သင့်ခြေဖဝါးတွေကို သက်သောင့် သက်သာ ဖြစ်စေပါတယ်။

ဖိနပ်အမြင့်ကြီးတွေ ရှောင်ပါ

ဒေါက်ဖိနပ် တွေက သင့်ကို အရပ်ပိုမြင့်စေပြီး စမတ်ကျ စေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ လမ်းအများကြီး လျှောက်ရမယ်ဆိုရင်တော့ နှစ်လက်မဒေါက်လောက်ပဲ စီးသင့် ပါတယ်။ ကြာရင် သင့်ခြေထောက်ကို သာမကဘဲ ခါးကိုပါ ထိခိုက် စေနိုင်တာကြောင့်ပါ။

လက်သည်းဖျက်ဆေး ကောင်းကောင်း သုံးပါ

အရက်ပြန် တစ်မျိုးတည်း ပါဝင်တဲ့ လက်သည်း ဖျက်ဆေးမျိုးကို မသုံးပါနဲ့။ ဒါဟာ လက်သည်းအရောင် တောက်ပမှုနဲ့ သဘာဝ လက်သည်း အရောင်ကို မွဲခြောက် သွားစေပါတယ်။ ဒါကြောင့် အကောင်းဆုံး Nail Polish Remover ကို ရွေးချယ်ပါ။

နှိပ်နယ်ပေးပါ

ပုံမှန်ခြေထောက် နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ခြေထောက် ရောင်ရမ်းမှု တွေကို သက်သာ စေပါတယ်။

ခြေသည်းအလှပြင်ပါ

ပုံမှန် ညှပ်ပေးတာကတော့ ပုံမှန် သန့်စင်မှုတွေပါပဲ။ ပိုပြီး တောက်ပြောင်ပြီး ဆွဲဆောင်မှုရှိတဲ့ ခြေသည်း အရောင်လေး ဖြစ်နေဖို့ကတော့ ခြေသည်းကို အလှဆင်ပေးဖို့ လိုပါတယ်။ ခြေထောက် သန့်စင်ပြီးချိန်မှာ ကြိုက်နှစ်သက်တဲ့ အရောင်လေး ဆိုးပေးနိုင်သလို ပုံစံဒီဇိုင်းမျိုး ပုံဖော်ပြီး အလှဆင်ပေးပါ။ ဖော်ပြပါအချက်တွေကို ပုံမှန်ပြုလုပ်ပေးရင်း ကျန်းမာတဲ့ ခြေထောက် လှလှလေးကို ပိုင်ဆိုင် နိုင်ကြပါစေ။

နန္ဒာမ( By လမင်းလေး Good Healthy )

RangonNewsDaily: February . 8 .2014
ခြေချောင်းလေးများ ဖြူဖွေး လှပနေစေမည့် အိမ်တွင်း ဂရုစိုက်မှု နည်းလမ်းများ

အခွန်မဆောင်သူများကို လာမည့် ဘဏ္ဍာနှစ်မှစတင် အရေးယူမည်

RangonNewsDaily: February . 8 .2014
အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း အခွန်မဆောင်သူ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို အခွန်ပေးဆောင်ရန် ခေါ်ယူတွေ့ဆုံခြင်းများ ပြုလုပ်လျက် ရှိပြီး လာမည့် ဘဏ္ဍာနှစ် (၂၀၁၄-၂၀၁၅) မှစတင်၍ အခွန်ဥပဒေများနှင့်အညီ ကြပ်မတ် အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကမ&