Pages

Wednesday, January 7, 2015

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ညင်းထွေးကျေးရွာတွင် ဘုန်းကြီးပျံပွဲ မီးရှူးမီးပန်း ပရိသတ်အကြား ကျရောက်မှုကြောင့် လူ ၂၀ ဒဏ်ရာရ


RangonNewsDaily:: January . 7 .2015
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ညင်းထွေးကျေးရွာတွင် ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီခန့်က ပြုလုပ်သည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒ မဟာထေရ်မြတ်၏ အန္တိမဈာပန (ဘုန်းကြီးပျံပွဲတွင်) ပစ်ဖောက်သည့် မီးရှူးမီးပန်းသည် ပွဲတော်လာ ပရိသတ်ကြား ကျပေါက်သည့်အတွက် လူ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်သည်။

နှစ်နှစ်ဆက်တိုက်စာမေးပွဲကျသော နည်းပညာတက္ကသိုလ် COE ကျောင်းသားများ နည်းပညာတက္ကသိုလ်များ၏ ကျောင်းသားစာရင်းမှ ပယ်ဖျက်ခြင်းခံရမည်ဟုဆို


RangonNewsDaily:: January . 7 .2015
နည်းပညာ တက္ကသိုလ် COE ကျောင်းများတွင် တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများသည် နှစ်နှစ်ဆက် တိုက်စာမေးပွဲကျရှုံးပါက သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များအားလုံး ၏ ကျောင်းသား စာရင်းမှပယ်ဖျက် ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်မှ ချီးမြှင့်သော ထူးချွန်ဧည့်လမ်းညွှန်ဆု မြန်မာဧည့်လမ်းညွှန် ခေါင်းဆောင်မဟေမာအောင်ရရှိ


RangonNewsDaily:: January . 7 .2015
ရန်ကုန်- အင်္ဂလန်နိုင်ငံ အခြေ စိုက် ခရီးသွားလုပ်ငန်းစုကြီး ဖြစ် သော Explore World Wide ကုမ္ပဏီမှပေးအပ်သည့် ၂၀၁၄ ထူးချွန်ဧည့်လမ်းညွှန်ဆု(The DeepenRai Oustanding Achievement Award) ကို မြန်မာနိုင်ငံမှ ဧည့်လမ်းညွှန်ခေါင်းဆောင်မဟေမာအောင် ရရှိခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယနေ့လာမည်


RangonNewsDaily:: January . 7 .2015
ကုလသမဂ္ဂ၏ မြန်မာနိုင် ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီ ဇန်န၀ါရီ ၇ ရက် (ယနေ့)တွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း ကုလက သတင်းထုတ်ပြန်သည်။

ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် လူရွှင်တော်ပိစိ နှလုံးရောဂါဖြင့် ကွယ်လွန်


RangonNewsDaily:: January . 7 .2015
ရုပ်ရှင်နှင့် ဗီဒီယိုဟာသသရုပ်ဆောင် ဦးပိစိ(ခ)ဦးဌေးအောင်မှာ ဇန်နဝါရီ ၆ရက်၊ မွန်းလွဲ ၁၂နာရီမိနစ် ၂ဝတွင် နှလုံး ရောဂါဝေဒနာဖြင့် မန္တလေးမြို့တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ချစ်လို့ဆိုတဲ့ သီချင်း အခွေထဲမှာ မပါပေမယ့် ပရိသတ်ကို ချစ်တဲ့အတွက် ချစ်လို့ဆိုတဲ့နာမည် သပ်သပ် ပေးခဲ့တာပါလို့ဆိုတဲ့ အိုင်ရင်းဇင်မာမြင့်


RangonNewsDaily:: January . 7 .2015
ယိမ်းလိုက်ဆိုတဲ့ ပထမအခွေလေးနဲ့လဲ ပရိသတ်အများ လက်ခံအားပေးခဲ့သလို ဒုတိယ တေးစီးရီးခွေဖြစ်တဲ့ ချစ်လို့ဆိုတဲ့ အခွေလေးကလဲ ပရိသတ်တွက် သူမရဲ့ ဒုတိယမြောက် ဖန်တီးပေးဆပ်မှုတစ်ခုပါလို့ပြောပြလာတဲ့ အိုင်းရင်းဇင်မာမြင့်နဲ့တွေ့ဆုံခိုက် “ဒီအခွေလေးကို ထပ်လုပ်ဖြစ်တာကလဲ အိုင်းရင်း မေမေရဲ့ အားပေးမှုတွေကြောင့်ပါ။

ဒုတိယသမ္မတ၏ လားရှိုးနေအိမ် ရှေ့မျက်နှာစာ ဖျက်ဆီးခံရ


RangonNewsDaily:: January . 7 .2015
နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ရှမ်းပြည်နယ် လားရှိုးမြို့တွင်ရှိသည့် နေအိမ် ရှေ့မျက်နှာစာတွင် ချိတ်ဆွဲထားသော ဆေးခန်း ဆိုင်းဘုတ်များကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထုရိုက်ဖျက်ဆီးခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း လားရှိုးမြို့နယ် မြို့နယ်မှူး ရဲမှူးတင်ဖေဝင်းက ပြောကြားသည်။

''အနုပညာသက်တမ်းနှစ်(၂ဝ)ကျော်အတွင်းမှာ အကယ်ဒမီဆုကိုရရှိခဲ့တာ ပရိသတ်တွေကြောင့်ပါ'' အကယ်ဒမီမင်းဦး


RangonNewsDaily:: January . 7 .2015
အနုပညာလမ်းကြောင်းဟာ ဝေဖန်မှု၊ တိုက်ခိုက်မှုတွေ အများကြီးရှိခဲ့တယ်။ ဇာတ်ကောင်စရိုက်မျိုးစုံကို ပရိသတ်တွေ ကြိုက်ကြိုက် မကြိုက်ကြိုက် ပီပြင်စွာသရုပ်ဖော်ခဲ့ကြောင်းကို အကယ်ဒမီမင်းဦးက ယခုလိုပြောပြခဲ့ပါတယ်။

မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရန် သက်ဆိုင်ရာက လိုက်လျော


RangonNewsDaily:: January . 7 .2015
မန္တလေးမြို့မှာ လူပေါင်းထောင်သောင်းချီဆန္ဒပြတောင်းဆိုခဲ့တဲ့ မန္တလေး ကျောက်ဝိုင်း မပြောင်းရွေှ့ရေးကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက အထိုက်အလျောက် လိုက်လျောလိုက်ပါတယ်။

ပြသရန်မသင့် မှတ်ချက်ပေးခံရသည့် “ဇာတ်သိမ်းထိမကြည့်နဲ့” ဇာတ်ကား ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်


RangonNewsDaily:: January . 7 .2015
ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူပြီး နေတိုး၊ မင်းခ၊ အိချောပို၊ စိုးနန္ဒာကျော်တို့ ပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်သိမ်းထိ မကြည့်နဲ့ ဗီဒီ ယိုဇာတ်ကားသည် ဇန်န၀ါရီ ၅ရက် ဖြန့်ချိသည့်နေ့၌ပင် ပရိသတ်များ စိတ်ဝင် တစားရှိခြင်းကြောင့် ဗီဒီယိုအငှားဆိုင်များ၌ ကြိုတင်မှာကြားကာ ငှားရမ်းရသည် အထိ ရှိနေသည်။

ကမ္ဘာ့အဆင့်မြင့်ဆုံး Miss Universe 2015 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမယ်စကြ၀ဠာ ပန်ထွာဘုရင်မ သျှားထွဋ်အိန္ဒြာ


RangonNewsDaily:: January . 7 .2015
ကမ္ဘာ့အဆင့်မြင့်ဆုံးအလှမယ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ Miss Universe 2015 ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သျှားထွဋ်အိန္ဒြာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။