နေ့ စဉ်နဲ့ အမျှ Google Reader ကနေတဆင့် စာဖတ်နေတဲ့သူများအတွက်
အံ့အားသင့်သွားမယ့် သတင်းတပုဒ်ကို Google က ကြေညာလိုက်ပါတယ်။ အဲဒါကတော့
သူ့ရဲ့ application ၀န်ဆောင်မှု တခု ဖြစ်တဲ့ Google Reader ကို လာမယ့်
ဇူလိုင် ၁ ရက်နေ့မှာ ပိတ်သိမ်းတော့မယ် ဆိုတာပါပဲ။ ကမ္ဘာအနှံ့က လူအများအပြား
ပွက်လောရိုက်သွားအောင် လုပ်ခဲ့တဲ့ ဒီသတင်းက အခုတော့ Twitter စာမျက်နှာမှာ
နံပါတ် ၁ နေရာ ယူသွားပါပြီ။
Friday, March 15, 2013
ဖေဖော်ဝါရီလတွင် ကားစီးရေ ကိုးသောင်းကျော် မဆေးဒီးစ်ကုမ္ပဏီ ရောင်းချနိုင်ခဲ့

ဂျာမနီ ထိပ်တန်း ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မဆေးဒီးစ်သည် ပြီးခဲ့သည့်
ဖေဖော်ဝါရီလအတွင်း ကား စီးရေ ၉၀,၀၈၃ စီး ရောင်းချနိုင်ခဲ့ကြောင်း
နိုင်ငံတကာ မီဒီယာများက မတ် ၉ ရက်၌ ရေးသား ဖော်ပြခဲ့သည်။ မဆေးဒီးစ်အနေဖြင့်
မြောက်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသ
စသည့်ဒေသများ၌ ရောင်းအားကိုယ်စီ မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ရောင်းအား
အကောင်းဆုံးမှာ တူရကီနိုင်ငံတွင် ဖြစ်သည်ဟု “AFP သတင်းဌာန”က ဆိုသည်။
![]() |

ပြည်ထဲရေးဝန်ကြီး လက်ပန်းတောင်း ဒုံးတောရွာသားများနှင့် ဆွေးနွေး
၁၅ မတ်လ ၂၀၁၃
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသ ဒုံးတောကျေးရွာကို
ရောက်ရှိပြီး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်ပြီး ကုစားပေးမယ့်အခြေအနေတွေကို ဒီနေ့မွန်းလွဲပိုင်းမှာ ညှိနှိုင်းနေပါတယ်။
မြို့ပတ်ရထားများတွင် အထူးသီးသန့် တွဲဆိုင်းများ ထည့်သွင်းပြေးဆွဲတော့မည်
မြို့ပတ်ရထား
ပြေးဆွဲရေးတွင် အထူးသီးသန့် တွဲဆိုင်းများ ထည့်သွင်းပြေးဆွဲခြင်းကို
မြန်မာ့မီးရထားက မကြာမီ ပြုလုပ်တော့မည်ဟု အဆိုပါဌာနမှ
လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ယနေ့တွင်
ပေါ်ပြူလာနယူးစ်သို့ပြောဆိုလိုက် သည်။
သီးသီးသန့်သန့်နှင့် အဆင့်မြင့်မြင့်စီးလို့ရအောင် ဆောင်
ရွက်ခြင်းဖြစ်ကြောင်းနှင့် မြို့ပတ်ရထားတွင်းတွင် ထည့်သွင်းပြေးဆွဲရန်
အထူးတွဲ ငါးတွဲလည်းရန်ကုန်မြို့သို့ ရောက်ရှိနေပြီဟုလည်း
ဦးကျော်ကျော်မျိုးက ဆက်ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို တရားဝင်ဆိုင်းငံ့လိုက်ပြီ
ရန်ကုန်၊ မတ် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးခြင်းမပြုဘဲ တရားဝင်ဆိုင်းငံ့လိုက်ပြီဖြစ်ြေ ကာင်း အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောကြားသည်။
လက်ပတောင်းတောင် ဒေသမှာ ဆန္ဒပြမှုတွေကို ဦးဆောင်နေတဲ့ သွဲ့သွဲ့ဝင်းနောက်မှာ မိုးသီးဇွန်၊ နိုင်အောင် နှင့် ခင်ဥမ္မာ တို့ရှိနေပါတယ်
![]() |
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂)ကြိမ်မြောက် အမျိုးသမီးနှီးနှောဖလှယ်ပွဲကိုတတ်ရောက်ရန်
မသွဲ့သွဲ့ကို လှမ်းခေါ်ခဲ့ပါ။ထို့နောက် မြန်မာနိုင်ငံက မထင်ရှာတဲ့
တောရွာလေးမှ တောသူမ သွဲ့သွဲ့ဝင်း တစ်ယောက်မုံရွာမြို့ပေါ်ပင် တစ်နှစ်နေလို့
တစ်ခေါက်ပင် ရောက်ရန်မရှိသော မသွဲ့သွဲ့ဝင်မှာနိုင်ငံခြာမှ အဆိုပါပွဲအား
တတ်ရောက်ရန် ဖိတ်ခေါ်ခံရသောကြောင့် မိမိကိုယ့်ကို အလိုလို နေရင်း သွေးနထင်
ရောက်ပြီး ဘ၀င် လေဟပ်နေပါတယ်။
ရိုးသားတဲ့ တောသူတောင်သားတွေကို အသုံးချပြီး လက်ပန်တောင်တောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကားပေါ်ကလမ်းဆင်းလျှောက်ခိုင်းခဲ့သူ

ဟန်ဝင်းအောင် (သို့) ဆန္ဒပြပွဲအများစု ကိုသွေးထိုးလှုံဆော်ပေးသူ
proposalများများချပေးဘို့ကိုအသုံးချခံနေရတဲ့ဟန်ဝင်းအောင်.....မင်း အကျိုးစီးပွားအတွက် ဒေါ်စုနဲ့ ဒေသခံ
ရွာသူရွာသားတွေကို ရန်တိုက်မပေးပါနဲ့....။ သမိုင်း တရားခံဖြစ်လိမ့်မယ်ပြောရအောင်ကလဲ...အခုကို မင်း
က သမိုင်းတရားခံဖြစ်နေပြီဆိုတော့. ..ကတ္တရာစေးပုံး ...အိုးမဲသုတ်သလိုဖြစ်မယ်.....။
![]() |
ဟန်ဝင်းအောင် (သို့) ဆန္ဒပြပွဲအများစု ကိုသွေးထိုးလှုံဆော်ပေးသူ |
proposalများများချပေးဘို့ကိုအသုံးချခံနေရတဲ့ဟန်ဝင်းအောင်.....မင်း အကျိုးစီးပွားအတွက် ဒေါ်စုနဲ့ ဒေသခံ
ရွာသူရွာသားတွေကို ရန်တိုက်မပေးပါနဲ့....။ သမိုင်း တရားခံဖြစ်လိမ့်မယ်ပြောရအောင်ကလဲ...အခုကို မင်း
က သမိုင်းတရားခံဖြစ်နေပြီဆိုတော့. ..ကတ္တရာစေးပုံး ...အိုးမဲသုတ်သလိုဖြစ်မယ်.....။
က သမိုင်းတရားခံဖြစ်နေပြီဆိုတော့.
ဘ၀နတ်ထံပျံလွန်တော်မူသွားတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မဇရဲ့ သက်ရှိထင်ရှားရှိစဉ်က နိုင်ငံအရေး မိန့်မှာချက်
![]() |
ဆရာတော်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တရား(၁၃၇၃-ခု၊ ၀ါဆိုလ) အေး - မင်းတို့ လွပ်လပ်ရေးရတာ အခု နှစ်ပေါင်း(၆၃)နှစ် ကျော်လာပြီကွ၊ ဟုတ်လား၊ (၆၃)နှစ် ရှိပါပြီ၊ သူများနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု ရှိရဲ့လား၊ အင်မတန်ကို နိမ့်ကျတယ်၊ အဲဒါ ဘာကြောင့်လဲဆို မင်းတို့ နိုင်ငံရေး အမြင်မကျယ်ဘူးကွ၊ နိုင်ငံကောင်းအောင် လုပ်တာ နိုင်ငံရေးကွ၊ ကိုယ့်အတ္တအတွက် ကောင်းအောင်လုပ်တာ နိုင်ငံရေး မဟုတ်ဘူး၊