၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ မကိုက်ညီတော့တဲ့ ဥပဒေအချက်တွေကို ပြင်ဆင်ဖို့အတွက် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ကြပါတယ်။ အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ပညာရှင်များပါဝင်တဲ့ ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင်ရွက်နိုင်ဖို့အတွက်စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မဲဆန္ဒနယ် ကိုယ်စားလှယ် သူရဦးအေးမြင့်ကပြည်သူ့လွှတ်တော်မှာတင်သွင်းခဲ့ရာမှာကန့်ကွက်သူမရှိပဲ
အတည်ပြုလိုက်ကြပါတယ်။သူ
ရဦးအေးမြင့်က အခုလိုပြောကြားလိုက်တာပါ။
"နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်မြင့်မားမှုကြောင့်ခေတ်ကာလအခြေနေ အချိန်အခါနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့တဲ့ လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေအချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါတယ်၊ ဒီအချက်တွေကို အခြေနေအချိန်အခါနဲ့ အန်ဝင်ခွင်ကျဖြစ်အောင် ပြန်လည်လေ့လာသုံးသပ်ဖို့လိုပြီလို့
ယူဆမိပါတယ်၊
"နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်မြင့်မားမှုကြောင့်ခေတ်ကာလအခြေနေ အချိန်အခါနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့တဲ့ လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေအချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါတယ်၊ ဒီအချက်တွေကို အခြေနေအချိန်အခါနဲ့ အန်ဝင်ခွင်ကျဖြစ်အောင် ပြန်လည်လေ့လာသုံးသပ်ဖို့လိုပြီလ
လေ့လာသုံးသပ်ရာမှာတော့ တစ်ဦးချင်းတစ်ဖွဲ့ချင်း
လိုရာဆွဲပြီးဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့အတွက်
သင့်တော်တဲ့ ဥပဒေပညာရှင်များ၊ အသိပညာပြည့်ဝသူများ၊ အတွေ့အကြုံ
ရင့်ကျက်သူများနဲ့ ကော်မတီ၊ ကော်မရှင်များ ဆောင်ရွက်ကြရပါမယ်"
ဒီအဆိုကိုကန့်ကွက်မယ့်သူမရှိတဲ့အတွက်အတည်ပြုကြောင်းပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ကြေ
ဒီအဆိုကိုကန့်ကွက်မယ့်သူမရှိတဲ့အတွက်အတည်ပြုကြောင်းပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ကြေ
ညာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလ
၁၀ ရက်နေ့က ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး မေလ ၂၉ ရက်နေ့မှာ အရင်စစ်အစိုးရလက်ထက်က
အတည်ပြုခဲ့တာဖြစ်ပါတယ်။
RFA (Burmese),Rangonnewsdaily
RND: :15.3.2013
RND: :15.3.2013
0 comments:
Post a Comment