Pages

Sunday, December 9, 2012

အယ်လ်ဂျာဇီးရား ရုပ်သံအဖွဲ့မှ ရိုက်သော ဇာတ်လမ်းတိုသည် အင်ပါလာရပ် ကွက်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိ

အယ်လ်ဂျာဇီးရားရုပ်သံမှအင်ပါလာသို့ ၀င်ရန်ကြိုးစားနေပုံ 

အယ်လ်ဂျာဇီးရား ရုပ်သံအဖွဲ့မှ ရိုက်သော ဇာတ်လမ်းတိုသည် အင်ပါလာရပ် ကွက်တွင် ရိုက်ကူးခဲ့ဖြင်းဖြစ်ကြောင်းသိရပြီး လုံခြုံရေးများအနေဖြင့် ၀င်ထွက်မှု ကို ပိတ်ပင်ခြင်းမရှိခဲ့သည့်ပြင် ရပ်ကွက်အတွင်းသို့ ၀င်ရောက်ကာ ဇာတ်လမ်းရိုက်ကူး ခြင်းကို သိလျက်နှင့် သက်ဆိုင်ရာသို့ အကြောင်းမကြားခြင်းပါဝင်
-----------------------------------------------------
အယ်လ်ဂျာဇီးရား ရုပ်သံအဖွဲ့မှ ရိုက်သော ဇာတ်လမ်းတိုသည် အင်ပါလာ ရပ် ကွက်တွင် ရိုက်ကူးခဲ့ဖြင်းဖြစ်ကြောင်းသိရပြီး လုံခြုံရေးများအနေဖြင့် ၀င်ထွက်မှု ကို ပိတ်ပင်ခြင်းမရှိခဲ့သည့်ပြင် ရပ်ကွက်အတွင်းသို့ ၀င်ရောက်ကာ ဇာတ်လမ်းရိုက်ကူး ခြင်းကို သိလျက်နှင့် သက်ဆိုင်ရာသို့ အကြောင်းမကြားခြင်းများနှင့် ထိုရိုက်ကူးရေး အဖွဲ့သည် AZG အမည်ခံပြီး နေ့စဉ် ထိုရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ် သည့်အပြင် AZG ရုံးတွင် တည်းခိုခဲ့ကြောင်းလည်းသိရသည်။ ယခုကိစ္စတွင် AZG အဖွဲ့လည်း ပူးပေါင်းပါဝင်မှုများရှိခဲ့ပြီး ပံ့ပိုးကူညီသူများမှာ AZGအဖွဲ့တွင်အလုပ် လုပ်ကိုင်နေသော သူများလည်းပါဝင်ကြောင်းသိရသည်။
လုံခြုံရေးတပ်ဖွဲ့များသည် AZG အဖွဲ့မှဟုပြောဆိုသဖြင့် လွှတ်ထားပေးခဲ့ခြင်း သာဖြစ်ပြီး ရွာထဲသို့ ၀င်နေသော အဖွဲ့အား လိုက်လံစိစစ်မှုမရှိခဲ့သဖြင့် ထိုသို့ဖြစ် လာရခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောပါသည်။
'' အဲဒီအဖွဲ့တွေဟာ နေ့တိုင်းသွားနေတာကိုတွေ့ပါတယ်။ လုံခြုံးအဖွဲ့တွေက လည်းလွှတ်ပေးထားတယ်။ ဘာမှမပြောဘူး။ နောက်ပြီး အစိုးရအဖွဲ့အနေနဲ့လည်း နိုင်ငံခြားသားဆိုရင် သွားခွင့်ပြုလိုက်တာဘဲ။ ဒီလိုခွင့်ပြုတာကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ဖိအားတွေပေးတယ်။ အဲဒါကြောင့် ဖြစ်ပါလိမ့်မယ်။ အစိုးရ အနေနဲ့ အကျဉ်းအကြပ်ထဲထဲမှာ ရောက်နေတာကြောင့် ခွင့်ပြုပေးလိုက်တာလို့ ထင် တယ်''ဟု ဒေသခံတစ်ဦးကပြောပါသည်။ 
ထိုသို့ မဟုတ်မမှန်သော ဇာတ်ကားများရိုက်ကူးခြင်းသည် အစိုးရကို ဂုဏ် သိက္ခာ ကျအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် ရခိုင်နှင့်ဘင်္ဂလီများကို ရန် တိုက် ပေးနေခြင်းဖြစ်ကြောင်းလည်းသိရသည်။ 
ယင်းအတွက် အယ်လ်ဂျာဇီးရား ရုပ်သံအဖွဲ့အား မြန်မာနိုင်ငံသို့လာရောက် ခြင်းကို ပိတ်ပင်သင့်ကြောင်းနှင့် AZG အဖွဲ့အားလည်း ထိရောက်စွာအရေးယူသင့် ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ရခိုင်ပြည်နယ်အတွင်းငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေသည့်ကာလအတွင်း ထိုသို့မ ဟုတ်မမှန်သောဇာတ်လမ်းတိုရိုက်ကူး ပြီးထုတ်လွှင်ပြသရန် ကြံစေခြင်းသည် မြန်မာနိုင်ငံကို စော်ကားရာ ရောက်ကြောင်း လေ့လာသူများကသုံးသတ်ကြသည်။
ထိုကစ္စနှင့်ပတ်သတ်ပြီးနိုင်ငံတော်အစိုးရက ကန့်ကွက်လိုက်သကဲ့သို့ ရခိုင် ပြည်နယ်အစိုးရကလည်း ကန့်ကွက်သည့်အပြင် ရခိုင်ပြည်သူ တစ်ရပ်လုံးကပါ ပြင်းထန်စွာကန့်ကွက်လိုက်ကြောင်းသိရသည်။
(ဓါတ်ပုံ အင်ပါဘာလာသို့ ရုပ်သံအဖွဲ့ဝင်ရောက်ရန်ကြိုးနေပုံ) — 


အေးချမ်းမွန်မှRakhine Straight Views  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
အယ်လ်ဂျာဇီးရားရုပ်သံမှအင်ပါလာသ
ို့ ၀င်ရန်ကြိုးစားနေပုံ

အယ်လ်ဂျာဇီးရား ရုပ်သံအဖွဲ့မှ ရိုက်သော ဇာတ်လမ်းတိုသည် အင်ပါလာရပ် ကွက်တွင် ရိုက်ကူးခဲ့ဖြင်းဖြစ်
ကြောင်းသိရပြီး လုံခြုံရေးများအနေဖြင့် ၀င်ထွက်မှု ကို ပိတ်ပင်ခြင်းမရှိခဲ့သည့်ပြင် ရပ်ကွက်အတွင်းသို့ ၀င်
ရောက်ကာ ဇာတ်လမ်းရိုက်ကူး ခြင်းကို သိလျက်နှင့် သက်ဆိုင်ရာသို့အကြောင်းမကြားခြင်းပါဝင် အယ်လ်
ဂျာဇီးရား ရုပ်သံအဖွဲ့မှ ရိုက်သော ဇာတ်လမ်းတိုသည် အင်ပါလာ ရပ် ကွက်တွင် ရိုက်ကူးခဲ့ဖြင်းဖြစ်ကြောင်း
သိရသည်။

လူအယောက် ၃၀ ခန့်က ထုတ်ဖြင့်ရိုက် ဓားများဖြင့် ထိုးမှုကြောင့် တက္ကသိုလ် ကျောင်းသားသေဆုံး

လှော်ကားမြို့နယ်တွင် လူအယောက် ၃၀ ခန့်က ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အောင်ကျော်စိုး(အသက် ၂၂ နှစ်)သည် သူငယ်ချင်းဖြစ်သူများနှင့် လှော်ကားတာဆုံလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်မှ အထွက်၌ တောရွာကလေးနေ သားသား၊ ကျော်မင်းထွန်း၊ ညိုမင်းထွန်း တို့ အပါအ၀င် လူ ၃၀ ခန့်က တုတ်များဖြင့် ရိုက်ပြီး ဓားများဖြင့် ၀ိုင်းဝန်း ထိုးရာမှ သေဆုံးခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ချောင်းဆုံ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ ကြီးကြပ်သောအဖွဲ့အချို့ ဖွဲ့စည်းခြင်း ပွင့်လင်းမှု မရှိဟုဆို

မော်လမြိုင်၊ ဒီဇင်ဘာ ၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာ၌ အချို့သော ရွာများတွင်
ပွင့်လင်းမြင်သာမှု မရှိဟု သိရသည်။

"ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ ဒုတိယအကြိမ် သဘောတူညီမှု လက်မှတ်ရေးထိုး"

"ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ ဒုတိယအကြိမ် သဘောတူညီမှု လက်မှတ်ရေးထိုး"

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်

    ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ တွေ့ဆုံညှိနှိုင်းဆွေးနွေး ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်ရာ ချင်းအမျိုးသားတပ်ဦးက အဆိုပြုသည့် အချက် ၃၁ ချက်တွင် ၂၇ ချက်ကို သဘော တူညီမှု ရရှိခဲ့သည်။

    စစ်တပ်နေရာချထားရေးနှင့် ပတ်သက်သည့် ကျန် ၄ ချက်ကို မှတ်တမ်းတင်၍ ဆက်လက်ဆွေးနွေးရန် သဘောတူညီ မှု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

    ချင်းလူ့အခွင့်အရေးကော်မတီ ချင်းဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းရေး၊ ချင်းအမျိုးသားနေ့နှင့် ချင်းပြည်နယ်နေ့ သတ်မှတ်ရေးတို့ကို သဘောတူညီမှု ရရှိခဲ့ပြီး၊ ချင်းဘာသာဖြင့် အသံလွှင့်ရုံတည်ဆောက်ရေး၊ ချင်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ရာသီမရွေး သွားလာနိုင်သည့် ပြည်ထောင်စုလမ်းမ ဖောက်လုပ်ရေး၊ သင့်တော်သည့်နေရာတွင် နိုင်ငံတကာ အဆင့်မီလေယာဉ်ကွင်းဖောက်လုပ်ရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် အဓိက မူကြီးသုံးရပ်ဖြစ်သည့် အပစ်အခက်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်၍ ပင်လုံကဲ့သို့သော တိုင်းရင်းသားအားလုံးပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်နိုင်ရန် အခြေခံဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မိမိကံကြမ္မာ ဖန်တီးနိုင်ခွင့်တို့ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

PN- SN

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ တွေ့ဆုံညှိနှိုင်းဆွေးနွေး ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်ရာ ချင်းအမျိုးသားတပ်ဦးက အဆိုပြုသည့် အချက် ၃၁ ချက်တွင် ၂၇ ချက်ကို သဘော တူညီမှု ရရှိခဲ့သည်။

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီ Intel မှ ထုတ်ကုန်များကို မြန်မာနိုင်ငံ၌ တရားဝင်ဖြန့်ချိမည်၊ မြန်မာနိုင်ငံအတွက် နည်းပညာနှင့် ပညာရေးပိုင်းတွင် အကူအညီပေးမည်ဟု သိရ

Photo: ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီ Intel မှ ထုတ်ကုန်များကို မြန်မာနိုင်ငံ၌ တရားဝင်ဖြန့်ချိမည်၊ မြန်မာနိုင်ငံအတွက် နည်းပညာနှင့် ပညာရေးပိုင်းတွင် အကူအညီပေးမည်ဟု သိရ	
	
SUNDAY, 09 DECEMBER 2012 10:01

အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive(SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။

''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့ အမျိုးသား ကြီးပွားတိုးတက်ရေးအတွက် ကျွန်တော်တို့ရောက်လာတာဟာ အချိန်မှန်ပဲလို့ ထင်မြင်ယူဆမိပါတယ်'' ဟု အရှေ့တောင်အာရှ အင်တဲလ်စီးပွားရေးလုပ်ငန်းများ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr Uday Marty က ပြောကြားခဲ့သည်။

ထို့ပြင် Intel အနေဖြင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း Multinational Companies (MNCs) အနေနှင့် ဖြစ်လာရန် မျော်လင့်ထားကြောင်းလည်း သိရသည်။

Intel မှ မြန်မာနိုင်ငံအတွက် နည်းပညာပိုင်းဆိုင်ရာများနှင့် ပညာရေးပိုင်းဆိုင်ရာ အစီအစဉ်များတွင် အကူအညီပေးသွားရန်ရှိကြောင်း အရှေ့တောင်အာရှ အင်တဲလ်စီးပွားရေးလုပ်ငန်းများ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr Uday Marty ၏ ပြောကြားချက်အရ သိရသည်။

၎င်းက ''မြန်မာနိုင်ငံရဲ့ အကျိုးတူ မိတ်ဖက်ဖြစ်ဖို့အတွက် မျော်လင့်ပါတယ်။ အများနဲ့မတူ ခြားနားတဲ့ဟာကတော့ အင်တဲလ်အနေနဲ့ နည်းပညာပိုင်းဆိုင်ရာမှာရော၊ ပညာရေးပိုင်းဆိုင်ရာမှာရော ထောက်ပံ့ပေးသွားမှာပါ'' ဟု ထပ်မံပြောကြားခဲ့သည်။

ထိုသို့ အကူအညီပေးရာတွင် မြန်မာအစိုးရနှင့် ပညာရေးပိုင်းများနှင့် ဒီဂျစ်တယ် သင်ကြားမှုပိုင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးချနိုင်အောင်အထိ ကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အင်တဲလ်အနေနဲ့ ကျွမ်းကျင်မှုနဲ့ အရင်းအမြစ်တွေကို အသုံးချပြီး  မြန်မာလူထုရဲ့ လူမှုရေး၊ စီးပွားရေး ဖူလုံမှုစတာတွေ တိုးတက်အောင် အာရုံစိုက်ပေးသွားမှာပါ။ မြန်မာအစိုးရနဲ့လည်း ပညာရေးပိုင်းတွေနဲ့ ဒီဂျစ်တယ် သင်ကြားမှုပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာပါ'' ဟု Mr Uday Marty က ပြောကြားခဲ့သည်။

Intel မှ စာသင်ခန်းများတွင် နည်းပညာများနှင့် သက်ဆိုင်သည့် သင်ကြားမှုပုံစံ တိုးတက်စေရန်Intel Tech Program အား အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမပေါင်း ၁၀ သန်းကျော်အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၄င်းဆရာ၊ ဆရာမများထဲမှ ၂ ဒသမ ၆ သန်းကျော်မှာ အာရှပစိဖိတ် ဒေသများမှဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည့် Intel Easy Steps Program (ကွန်ပျူတာအတွေ့အကြုံ မရှိသူများအား ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ကြားမှုအစီအစဉ်) ဖြင့်လည်း နိုင်ငံပေါင်း ၂၀ ကျော်ရှိ လူပေါင်းခုနစ်သိန်းကျော်၏ အသက်မွေးဝမ်းကြောင်း ပညာရပ်များအား အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

'' မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လုပ်ဆောင်သွားမှာတွေက ပထမအဆင့်အနေနဲ့ ဆရာ၊ ဆရာမတွေကို  ဘယ်လိုအသုံးပြုရမလဲဆိုတာကို သင်ကြားပေးမယ်။ အခြားနိုင်ငံတွေမှာ ကူညီခဲ့သလိုမျိုးပဲ ကူညီသွားမှာပါ။ လုပ်ငန်းခွင်တွေမှာ တကယ်အသုံးချနိုင်အောင် ကူညီသွားမှာပါ''ဟု  Mr Uday Marty ကပင် ထပ်မံပြောကြားသည်။


Intel မှ ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံအား တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Intel မှ ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံအား တွေ့ရစဉ်
SUNDAY, 09 DECEMBER 2012

အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုအနေဖြင့် မြန်
မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive(SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ် န၀ရတ်ဈေးလမ်းဆုံ လူစည်ကားရာနေရာတွင် ထော်လာဂျီတစ်စီးမှ အရှိန်လွန်ပြီး ရှေ့မှမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအားဝင်တိုက်မှုဖြစ်ပွား

Photo: ထော်လာဂျီတစ်စီးမှ အရှိန်လွန်ပြီး ရှေ့မှမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအားဝင်တိုက်မှုဖြစ်ပွား

ယနေ့ နံနက် ၁၀နာရီက ရွှေပြည်သာမြို့နယ် န၀ရတ်ဈေးလမ်းဆုံ လူစည်ကားရာနေရာတွင် ရှေ့မှမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအားသံချောင်းများ နှင့်မော်တာတစ်လုံးတင်ဆောင်လာသော ထော်လာဂျီတစ်စီးမှ ဘရိတ်အုပ်မရပဲ အရှိန်ဖြင့်ဝင်တိုက်ခဲ့ပါတယ်။ ဆိုင်ကယ်မောင်းနှင်သူမှာ ညာဘက်ခြေထောက်တွင်ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ယူဆရသည်။ယခုအခါ ထော်လာဂျီဝင်တိုက်ခံရသူအား ဆေးရုံသို့ပို့ဆောင်လိုက်ပြီဖြစ်သည်။ ယခုအခါ ရွှေပြည်သာမြို့နယ်တွင်း ဆိုင်ကယ်စီးနင်းသူများ များပြားလာကြောင်းသိရှိသည်။

မျိုးချစ် သူရဲကောင်း

အေးချမ်းမွန်မှ Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ယနေ့ နံနက် ၁၀နာရီက ရွှေပြည်သာမြို့နယ် န၀ရတ်ဈေးလမ်းဆုံ လူစည်ကားရာနေရာတွင် ရှေ့မှမောင်းနှင်
လာသော ဆိုင်ကယ်တစ်စီးအားသံချောင်းများ နှင့်မော်တာတစ်လုံးတင်ဆောင်လာသော ထော်လာဂျီတစ်
စီးမှ ဘရိတ်အုပ်မရပဲ အရှိန်ဖြင့်ဝင်တိုက်ခဲ့ပါတယ်။

“““ ကျွန်တော်တို့ ဒီမိုကရေစီ ရနေပြီလား ”””

၁။ လွှတ်တော်ကြီးအတွင်းဝယ် အမတ်မင်းတို့ ပြောကြဟောကြ ဥပဒေပြုနေကြသည်။ ဆန္ဒတွေ တဝေေ ၀ ဖေါ်ထုတ်နေကြသည်။ မီဒီယာတွေ ဖွင့်ကြဖေါ်ကြ အရှုပ်ဖြေကြသည်။ သို့သော် တမျိုးကြီးမှ တကယ့် တမျိုးကြီး။ လွတ်လပ်ရေး ရပြီးစကတည်းမှနေ၍ ကျွန်တော်တို့ သွေးအစက် စက်၊ချွေးအစက် စက်နှင့်ေ တာင့် တခဲ့ကြလေသော ဒီမိုကရေစီသည် ထိုသို့လော။

အဆီများသော အစားအစာများနှင့် ဆေးလိပ်သောက်သုံးသူများ လူ့ သက်တမ်းတိုစေ

Photo: အဆီများသော အစားအစာများနှင့် ဆေးလိပ်သောက်သုံးသူများ လူ့ သက်တမ်းတိုနိုင် …….

ဗြိတိန်ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ အဆီများသော အစားအစာများစားသူများနှင့် ဆေးလိပ်သောက်သုံးသူများသည် လူ့ သက်တမ်း အား ၁၂ နှစ်ခန့်  ပိုမိုတိုစေနိုင်ကြောင်း ပြောကြားသည် ။

ဗြိတိန်နိုင်ငံမှ လူငယ်များအား လေ့လာကြည့်ရာတွင် လူ ၅၀၀၀ ခန့် အား လေ့လာမှု ပြုလုပ်ခဲ့ပြီးနောက် ဆေးလိပ်သောက်သုံးခြင်းနှင့် လေ့ ကျင့်ခန်း မပြုလုပ်ဘဲ အဆီများသော အစားအစာများ စားသူများတွင် သက်တမ်းတိုစေ နိုင်သည့် လက္ခဏာများ တွေ့ ရှိခဲ့ရသည် ။

လေ့ကျင့်ခန်း မပြုလုပ်ဘဲ အဆီများသော အစားအစာများ စားသောက်ခြင်းကြောင့် နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွားခြင်းများဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရသည် ။ News

အေးချမ်းမွန်မှ  Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ဗြိတိန်ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ အဆီများသော အစားအစာများစားသူများ
နှင့် ဆေးလိပ်သောက်သုံးသူများသည် လူ့ သက်တမ်း အား ၁၂ နှစ်ခန့်  ပိုမိုတိုစေနိုင်ကြောင်း ပြောကြား
သည် ။

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်ထားသည့် သီလရှင်က နှစ်ဦးသဘောတူ လိင်မှုပြုခြင်းဖြစ်ကြောင်း ပြန်ဝန်ခံ

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် အသက်(၃၀)နှစ်အရွယ် ဥရောပ သီလရှင်တစ်ဦးက သူမအား အသက် (၄၀)နှစ်
အရွယ် အီရန်နိုင်ငံသား အမျိုးသားက ၎င်း၏အိမ်တွင် သူမအား အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့ပါသည်ဟု ရဲ
များကို တိုင်ကြားခဲ့ရာတွင် သူမအား ကြားနာစစ်ဆေးချက်များအရ နောက်ဆုံး၌ သူမကိုယ်တိုင်က နှစ်ဦး
သဘောတူ အတူနေခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟုသိရသည်။

ကချင်ပြည်နယ် ပန်ဝါဒေသ တိုက်ပွဲပြင်းထန်နေ

ပန်ဝါဒေသ တိုက်ပွဲပြင်းထန်

December 9, 2012 by MKA blog news 

ခလရ(၇၄) (၇၇) (၁၃) (၂၆၀)၊ ခမရ(၃၀၁) ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ(၈)ရက်နေ့ မနက်(၇)နာရီခွဲ မှ (၉)နာရီခွဲအထိ ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)တ၀ိုက်ရှိ KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ KIA တပ်ဖွဲ့က ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်သဖြင့် မြန်မာအစိုးရစစ်ကြောင်းက အထိအခိုက် အကျအရှုံးများစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။ မြန်မာအစိုးရတပ်ဖွဲ့ဝင်(၇)ဦး၏ အလောင်းကို ချန်ရစ်ထားခဲ့ကြောင်း သိရှိရသည်။

ယင်းပူးပေါင်းစစ်ကြောင်းသည် မွန်းလွဲ(၁)နာရီအချိန်တွင် ဒုတိယအကြိမ် ပြန်လည်တိုက်စစ်ဆင်လာခဲ့သော် လည်း KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်သဖြင့် အစိုးရစစ်ကြောင်း၏စီမံချက် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ပန်ဝါဒေသတွင်း စစ်ဆင်ရေးတာဝန်ကို နိုဝင်ဘာလကုန်အထိ တပ်မ(၈၈)မှ ဗျူဟာမှူးအဆင့်က တာဝန်ယူခဲ့ သော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့မှစတင်ကာ တပ်မ(၈၈)တပ်မမှူးက ပန်ဝါမြို့သို့ ရောက်ရှိကာ စစ်ဆင်ရေး ကို ကိုယ်တိုင်တာဝန်ယူ ညွှန်ကြားခဲ့သည်။ စစ်ဆင်ရေးစီမံချက် အကျိုးအမြတ်မရရှိဘဲ အထိအခိုက်အကျအရှုံး များနှင့် ရင်ဆိုင်နေရသဖြင့် ဒီဇင်ဘာလ(၈)ရက် မွန်းလွဲပိုင်းမှစတင်ကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် က ပန်ဝါဒေသ စစ်ဆင်ရေးကို တိုက်ရိုက်ကွပ်ကဲညွှန်ကြား တာဝန်ယူခဲ့ကြောင်း သိရှိရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် သည် ၂၀၁၁ နှစ်ကုန်အထိ တပ်မ(၈၈) တပ်မမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခုအချိန်တွင် ပန်ဝါဒေသတွင် မြန်မာအစိုးရ တပ်အင်အား(၇၀၀)ခန့်ရှိကြောင်း သိရှိရသည်။၎င်းတို့ မှာ-

ခလရ(၇၇)     -        တပ်မ(၈၈)လက်အောက်ခံ၊ ရေနံချောင်းအခြေစိုက်

ခလရ(၁၃)     -        တပ်မ(၈၈)လက်အောက်ခံ၊ ချောက်မြို့အခြေစိုက်

ခမရ(၃၀၁)     -        တပ်မ(၈၈)လက်အောက်ခံ၊ မကွေးမြို့အခြေစိုက်

ခလရ(၇၄)     -        မပခ လက်အောက်ခံ၊ မိုးကောင်းမြို့အခြေစိုက်

ခလရ(၂၆၀)   -        မပခ လက်အောက်ခံ၊ မရမ်းအခြေစိုက်

ခလရ(၇၄) (၇၇) (၁၃) (၂၆၀)၊ ခမရ(၃၀၁) ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ(၈)ရက်နေ့ မနက်(၇)နာရီခွဲ မှ (၉)နာရီခွဲအထိ ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)တ၀ိုက်ရှိ KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ KIA တပ်ဖွဲ့က ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်သဖြင့် မြန်မာအစိုးရစစ်ကြောင်းက အထိအခိုက် အကျအရှုံးများစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။ မြန်မာအစိုးရတပ်ဖွဲ့ဝင်(၇)ဦး၏ အလောင်းကို ချန်ရစ်ထားခဲ့ကြောင်း သိရှိရသည်။

သစ်တောပြုန်းတီးမှုနဲ့ သတ္တုတူးဖော်ရေးကြောင့် ဖိလစ်ပိုင်မုန်တိုင်းမှာ သေဆုံးသူပိုများ

သစ်တောပြုန်းတီးမှုနဲ့ သတ္တုတူးဖော်ရေးကြောင့် ဖိလစ်ပိုင်မုန်တိုင်းမှာ
သေဆုံးသူပိုများ

ဆယ်စုနှစ်နဲ့ချီပြီး အတားအဆီးမဲ့ သစ်ခုတ်တာနဲ့ ရွှေတူးဖော်တာတွေကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီနှစ်အတွင်း အဆိုးဝါးဆုံး သဘောဝဘေးဒဏ်မှာ လူအသေအပျောက် ပိုများခဲ့ရတယ်လို့ အစိုးရအရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သတင်းပတ်က မင်ဒါနောင်ကျွန်းကို ရိုက်ခတ်တဲ့မုန်တိုင်းကြောင့်
မြေပြိုပြီး တမြို့လုံးကို ဖုံးလွှမ်းသွားခဲ့တဲ့အတွက် လူပေါင်း ၅၄၈ ဦး
သေဆုံးကြောင်း အခုအချိန်အထိ အတည်ပြုထားပါတယ်။ 
ဒီအရေအတွက်ပိုတိုးလာမယ်လို့လည်း ယူဆထားကြပါတယ်။ 

လူမှုကာကွယ်ရေးအကြီးအကဲ ဘယ်နီတိုရာမို့စ်က ဒါဟာ သတ္တုတွင်း လုပ်ငန်းတွေနဲ့ သစ်ခုတ်တာတွေကြောင့် ထိခိုက်မှု ပိုများတာ ဖြစ်နိုင်တယ် လို့ ပြောပါတယ်။ 

တောင်ကတုန်းတွေဖြစ်နေခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပြီး တောင်တခုလုံးလည်း
ရွှေတွင်းတွေနဲ့ ပြည့်လျှံနေတယ်လို့ သူက ပြောပါတယ်။ 
တောင်ပိုင်းမြို့ဖြစ်တဲ့ ဘာတန်ဟာ ငှက်ပျောအဓိကစိုက်ပျိုးထုတ်လုပ်သလို ခိုးတူးထားတဲ့ရွှေတွင်းတွေ ထောင်နဲ့ချီနေတဲ့ ဒေသဖြစ်ပြီး အဆိုးဝါးဆုံး ထိခိုက်ပျက်ဆီးတဲ့နေရာလည်း ဖြစ်ပါတယ်။

ဘူမိဗေဒပညာရှင်တွေက ဒီတောင်တန်းတွေမှာ နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သတိပေးခဲ့ပေမဲ့ လက်လုပ်လက်စား
ရွှေတူးသမားတွေက ရွှေဆက်တူးနေခဲ့သလို သူတို့ရဲ့လုပ်ငန်းကနေ
ဒေသစီးပွားရေးရဲ့ ၄၀ %ကို ပံ့ပိုးပေးခဲ့တဲ့အတွက် ပိတ်ပင်လို့ မဖြစ်ခဲ့တဲ့အကြောင်း ခရိုင်အုပ်ချုပ်မှုအဖွဲ့က ပြောပါတယ်။

သစ်တောတွေကို ခုတ်ထွင်ပြီး ပြည်ပတင်ပို့ဖို့ ငှက်ပျောခင်းတွေနဲ့ အစားထိုးခဲ့ရာမှာ အဓိကတင်ပို့တာကတော့ တရုတ်၊ ဂျပန်နဲ့ အီရန်နိုင်ငံတွေကိုပါ။ 

ရွှေတွင်းတွေမှာ စည်းမျဉ်းစည်းကမ်းကန့်သတ်မှု၊ စစ်ဆေးမှု၊ လိုက်နာမှုတွေနဲပါးပြီး ရွှေတူးသူတွေကလည်း ရွှေတွင်းကစွန့်ပစ်တဲ့ ဆိုင်ရာနိုက်အဆိပ်တွေကို မြစ်အတွင်း အလွယ်တကူစွန့်ပစ်ကြတယ်လို့ သိရပါတယ်။ လူပေါင်း ၇ သိန်းခွဲလောက် ဒီလုပ်ငန်းအပေါ် မှီခိုနေခဲ့ကြတယ် လို့ မြို့တော်ဝန်က ပြောပါတယ်။ 

ဒီအရပ်ရဲ့ ၈၀ % ဟာ လူတွေ နေထိုင်လုပ်ကိုင်ဖို့ အန္တရာယ်ရှိတဲ့ဒေသလို့ သတ်မှတ်ထားပေမဲ့ ဆင်းရဲသားထုက ရွှေ့ပြောင်းနေထိုင်ဖို့ မလွယ်ကူတဲ့ အတွက် ဒီတောင်မှာပဲ ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ 

နှစ်စဉ်လို မြောက်ပိုင်းဒေသမှာ မုန်တိုင်းတိုက်ခတ်လေ့ရှိတဲ့အတွက်
တောင်ပိုင်းအရပ်မှာ ပြင်ဆင်မှုအားနဲခဲ့တာကလည်း သေဆုံးပျက်ဆီးနှုန်း
မြင့်မားရတဲ့ အကြောင်းတခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ M

Photo: AFP

အေးချမ်းမွန်မှ  Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo: AFP
ဆယ်စုနှစ်နဲ့ချီပြီး အတားအဆီးမဲ့ သစ်ခုတ်တာနဲ့ ရွှေတူးဖော်တာတွေကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီနှစ်အတွင်း အဆိုးဝါးဆုံး သဘာ
ဝဘေးဒဏ်မှာ လူအသေအပျောက် ပိုများခဲ့ရတယ်လို့ အစိုးရအရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။

Master ကတ် စတင်သုံးသည့် သုံးပတ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ကျပ်ငွေသိန်းပေါင်း ၉၆၀ ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ခန့် ဘဏ်မှ လက်ခံရရှိ


Master ကတ် စတင်သုံးသည့် သုံးပတ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ကျပ်ငွေသိန်းပေါင်း ၉၆၀ ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ခန့် ဘဏ်မှ လက်ခံရရှိ  
SUNDAY, 09 DECEMBER 2012 11:29

Master ကတ်အား မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်အသုံးပြုသည့် သုံးပတ်ကျော်အတွင်း ကမ္ဘာလှည့်ခရီးသွားများ Master ကတ်ကို အသုံးပြု၍ မြန်မာကျပ်ငွေ သိန်းပေါင်း ၉၆၀ ခန့် ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ခန့်ဘဏ်မှ လက် ခံရရှိထားကြောင်း သမ၀ါယမလိမိတက် ဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရပါသည်။

''စသုံးတဲ့ နိုဝင်ဘာလ ၁၅ ရက် နေ့ကစပြီး ရက် ၂၀ ကျော်အတွင်း နိုင်ငံခြားသား ကမ္ဘာလည့်ခရီးသွားတွေက မြန်မာငွေထုတ်သုံးနေတာ ကျပ်သိန်းပေါင်း ၉၆၀ ၀န်းကျင် ထုတ်သွားပြီ သူတို့ဆီက ဒေါ်လာ ၁၂၀၀၀၀ ၀န်းကျင် ပြန်ရပြီ''ဟု သမ၀ါယမဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။

''ကျွန်တော် ဒီကိုလာတုန်းက လေယာဉ်ပေါ်မှာ နိုင်ငံခြားသားတွေ အများကြီးတွေ့ခဲ့ရတယ်။ အဲဒါကြောင့် နိုင်ငံခြားငွေတွေကို ဒီမှာ ထုတ်ယူသုံးစွဲနိုင်ဖို့ကိစ္စတွေ ပိုလိုအပ်လာမယ်။ သူတို့က ပိုက်ဆံကိုင်ပြီး သုံးစွဲတာထက် ကတ်တွေကိုင်ပြီး သုံးစွဲကြတာပိုများတယ်''ဟု Mr. Matthew Driver, President, South East Asia, Master Card Worldwide က ပြောကြားပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ ငွေပေးချေနည်းတစ်မျိုးဖြစ်သည့် Master ကတ်သည် MPU Network သို့ အချိန်အတိုင်းအတာတစ်ခုတွင် ပါဝင်လာဖွယ်ရှိကြောင်းကို ''လောလောဆယ် MPU Network မှာ ဂျပန် JCB ကတ်၊ တရုတ် CPU ကတ်တို့က ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ Master ကတ်လည်း နောင်လာမယ့်အချိန်မှာ MPU Network မှာ ပါဝင်လာမှာပါ''ဟု သမ၀ါယမ လိမိတက်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

သမ၀ါယမလိမိတက်ဘဏ်အား နိုင်ငံတကာ ငွေပေးချေရေး ကတ်တစ်ခုဖြစ်သော Master ကတ် ထုတ်ဝေခွင့်နှင့် အေတီအမ်စက်များ၊Point Of Sale စက်များတွင် ထုတ်ယူသုံးစွဲခွင့် လိုင်စင်ကို Master Card Worldwide မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း၊ Master ကတ်သည် ကမ္ဘာတစ်ဝှမ်းတွင် ငွေပေးချေနိုင်သည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် ဆက် သွယ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှ Master ကတ် သုံးစွဲသူပေါင်း ၁ ဒသမ ၇ ဘီလျံ ခန့်ရှိပြီး Master ကတ်ဖြင့် ငွေလက်ခံသော ကုန်သည်ပေါင်း ၃၂ သန်းခန့်ရှိကြောင်း သိရသည်။


အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

Master ကတ်အား မြန်မာနိုင်ငံတွင် နိုဝင်ဘာလ၁၅ ရက်နေ့မှစတင်အသုံးပြုသည့် သုံးပတ်ကျော်အတွင်းကမ္ဘာလှည့်
ခရီးသွားများ Master ကတ်ကို အသုံးပြု၍ မြန်မာကျပ်ငွေ သိန်းပေါင်း ၉၆၀ ခန့် ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ခန်
့ဘဏ်မှ လက် ခံရရှိထားကြောင်း သမ၀ါယမလိမိတက် ဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရ
ပါသည်။

ဟောလိဝုဒ်လှပျိုဖြူတို့၏ ခန္ဓာကိုယ် ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ

ဟောလိဝုဒ်လှပျိုဖြူတို့၏ ခန္ဓာကိုယ်ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များကိုယ်လုံးကိုယ်ပေါက် လှပကြည့် ကောင်းတယ် ဆိုတဲ့ ဟယ်လီ ဘယ်ရီ၊ ဟေဒီ၊ ဂျနီဖာအနစ္စတန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ သူတို့ကိုယ်ခန္ဓာ ကို ဘယ်လိုထိန်းသိမ်း ထားတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါ တယ်။


ဂျနီဖာအနစ္စတန်

ကိုယ်လုံးကိုယ်ပေါက် စမတ်ကျအောင် ဘယ်လိုထိန်းသလဲ

ကျောက်တည်ခြင်းကင်းဝေးရန် သံပရာရည)