Pages

Sunday, December 9, 2012

"ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ ဒုတိယအကြိမ် သဘောတူညီမှု လက်မှတ်ရေးထိုး"

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်

    ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ တွေ့ဆုံညှိနှိုင်းဆွေးနွေး ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်ရာ ချင်းအမျိုးသားတပ်ဦးက အဆိုပြုသည့် အချက် ၃၁ ချက်တွင် ၂၇ ချက်ကို သဘော တူညီမှု ရရှိခဲ့သည်။

    စစ်တပ်နေရာချထားရေးနှင့် ပတ်သက်သည့် ကျန် ၄ ချက်ကို မှတ်တမ်းတင်၍ ဆက်လက်ဆွေးနွေးရန် သဘောတူညီ မှု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

    ချင်းလူ့အခွင့်အရေးကော်မတီ ချင်းဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းရေး၊ ချင်းအမျိုးသားနေ့နှင့် ချင်းပြည်နယ်နေ့ သတ်မှတ်ရေးတို့ကို သဘောတူညီမှု ရရှိခဲ့ပြီး၊ ချင်းဘာသာဖြင့် အသံလွှင့်ရုံတည်ဆောက်ရေး၊ ချင်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ရာသီမရွေး သွားလာနိုင်သည့် ပြည်ထောင်စုလမ်းမ ဖောက်လုပ်ရေး၊ သင့်တော်သည့်နေရာတွင် နိုင်ငံတကာ အဆင့်မီလေယာဉ်ကွင်းဖောက်လုပ်ရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် အဓိက မူကြီးသုံးရပ်ဖြစ်သည့် အပစ်အခက်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်၍ ပင်လုံကဲ့သို့သော တိုင်းရင်းသားအားလုံးပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်နိုင်ရန် အခြေခံဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မိမိကံကြမ္မာ ဖန်တီးနိုင်ခွင့်တို့ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

PN- SN

Popular Myanmar News:

0 comments:

Post a Comment