Pages

Sunday, December 9, 2012

သစ်တောပြုန်းတီးမှုနဲ့ သတ္တုတူးဖော်ရေးကြောင့် ဖိလစ်ပိုင်မုန်တိုင်းမှာ သေဆုံးသူပိုများ

သစ်တောပြုန်းတီးမှုနဲ့ သတ္တုတူးဖော်ရေးကြောင့် ဖိလစ်ပိုင်မုန်တိုင်းမှာ
သေဆုံးသူပိုများ

ဆယ်စုနှစ်နဲ့ချီပြီး အတားအဆီးမဲ့ သစ်ခုတ်တာနဲ့ ရွှေတူးဖော်တာတွေကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီနှစ်အတွင်း အဆိုးဝါးဆုံး သဘောဝဘေးဒဏ်မှာ လူအသေအပျောက် ပိုများခဲ့ရတယ်လို့ အစိုးရအရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သတင်းပတ်က မင်ဒါနောင်ကျွန်းကို ရိုက်ခတ်တဲ့မုန်တိုင်းကြောင့်
မြေပြိုပြီး တမြို့လုံးကို ဖုံးလွှမ်းသွားခဲ့တဲ့အတွက် လူပေါင်း ၅၄၈ ဦး
သေဆုံးကြောင်း အခုအချိန်အထိ အတည်ပြုထားပါတယ်။ 
ဒီအရေအတွက်ပိုတိုးလာမယ်လို့လည်း ယူဆထားကြပါတယ်။ 

လူမှုကာကွယ်ရေးအကြီးအကဲ ဘယ်နီတိုရာမို့စ်က ဒါဟာ သတ္တုတွင်း လုပ်ငန်းတွေနဲ့ သစ်ခုတ်တာတွေကြောင့် ထိခိုက်မှု ပိုများတာ ဖြစ်နိုင်တယ် လို့ ပြောပါတယ်။ 

တောင်ကတုန်းတွေဖြစ်နေခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပြီး တောင်တခုလုံးလည်း
ရွှေတွင်းတွေနဲ့ ပြည့်လျှံနေတယ်လို့ သူက ပြောပါတယ်။ 
တောင်ပိုင်းမြို့ဖြစ်တဲ့ ဘာတန်ဟာ ငှက်ပျောအဓိကစိုက်ပျိုးထုတ်လုပ်သလို ခိုးတူးထားတဲ့ရွှေတွင်းတွေ ထောင်နဲ့ချီနေတဲ့ ဒေသဖြစ်ပြီး အဆိုးဝါးဆုံး ထိခိုက်ပျက်ဆီးတဲ့နေရာလည်း ဖြစ်ပါတယ်။

ဘူမိဗေဒပညာရှင်တွေက ဒီတောင်တန်းတွေမှာ နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သတိပေးခဲ့ပေမဲ့ လက်လုပ်လက်စား
ရွှေတူးသမားတွေက ရွှေဆက်တူးနေခဲ့သလို သူတို့ရဲ့လုပ်ငန်းကနေ
ဒေသစီးပွားရေးရဲ့ ၄၀ %ကို ပံ့ပိုးပေးခဲ့တဲ့အတွက် ပိတ်ပင်လို့ မဖြစ်ခဲ့တဲ့အကြောင်း ခရိုင်အုပ်ချုပ်မှုအဖွဲ့က ပြောပါတယ်။

သစ်တောတွေကို ခုတ်ထွင်ပြီး ပြည်ပတင်ပို့ဖို့ ငှက်ပျောခင်းတွေနဲ့ အစားထိုးခဲ့ရာမှာ အဓိကတင်ပို့တာကတော့ တရုတ်၊ ဂျပန်နဲ့ အီရန်နိုင်ငံတွေကိုပါ။ 

ရွှေတွင်းတွေမှာ စည်းမျဉ်းစည်းကမ်းကန့်သတ်မှု၊ စစ်ဆေးမှု၊ လိုက်နာမှုတွေနဲပါးပြီး ရွှေတူးသူတွေကလည်း ရွှေတွင်းကစွန့်ပစ်တဲ့ ဆိုင်ရာနိုက်အဆိပ်တွေကို မြစ်အတွင်း အလွယ်တကူစွန့်ပစ်ကြတယ်လို့ သိရပါတယ်။ လူပေါင်း ၇ သိန်းခွဲလောက် ဒီလုပ်ငန်းအပေါ် မှီခိုနေခဲ့ကြတယ် လို့ မြို့တော်ဝန်က ပြောပါတယ်။ 

ဒီအရပ်ရဲ့ ၈၀ % ဟာ လူတွေ နေထိုင်လုပ်ကိုင်ဖို့ အန္တရာယ်ရှိတဲ့ဒေသလို့ သတ်မှတ်ထားပေမဲ့ ဆင်းရဲသားထုက ရွှေ့ပြောင်းနေထိုင်ဖို့ မလွယ်ကူတဲ့ အတွက် ဒီတောင်မှာပဲ ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ 

နှစ်စဉ်လို မြောက်ပိုင်းဒေသမှာ မုန်တိုင်းတိုက်ခတ်လေ့ရှိတဲ့အတွက်
တောင်ပိုင်းအရပ်မှာ ပြင်ဆင်မှုအားနဲခဲ့တာကလည်း သေဆုံးပျက်ဆီးနှုန်း
မြင့်မားရတဲ့ အကြောင်းတခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ M

Photo: AFP

အေးချမ်းမွန်မှ  Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo: AFP
ဆယ်စုနှစ်နဲ့ချီပြီး အတားအဆီးမဲ့ သစ်ခုတ်တာနဲ့ ရွှေတူးဖော်တာတွေကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီနှစ်အတွင်း အဆိုးဝါးဆုံး သဘာ
ဝဘေးဒဏ်မှာ လူအသေအပျောက် ပိုများခဲ့ရတယ်လို့ အစိုးရအရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က မင်ဒါနောင်ကျွန်းကို ရိုက်ခတ်တဲ့မုန်တိုင်းကြောင့်မြေပြိုပြီး တမြို့လုံးကို ဖုံးလွှမ်းသွားခဲ့တဲ့အတွက် လူပေါင်း 
၅၄၈ ဦးသေဆုံးကြောင်း အခုအချိန်အထိ အတည်ပြုထားပါတယ်။ ဒီအရေအတွက်ပိုတိုးလာမယ်လို့လည်း ယူဆထားကြပါတယ်။
လူမှုကာကွယ်ရေးအကြီးအကဲ ဘယ်နီတိုရာမို့စ်က ဒါဟာ သတ္တုတွင်း လုပ်ငန်းတွေနဲ့ သစ်ခုတ်တာတွေကြောင့်ထိခိုက်မှုပိုများတာ
 ဖြစ်နိုင်တယ် လို့ ပြောပါတယ်။
တောင်ကတုန်းတွေဖြစ်နေခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပြီး တောင်တခုလုံးလည်းရွှေတွင်းတွေနဲ့ ပြည့်လျှံနေတယ်လို့ သူက ပြောပါတယ်။ တောင်ပိုင်းမြို့ဖြစ်တဲ့ ဘာတန်ဟာ ငှက်ပျောအဓိကစိုက်ပျိုးထုတ်လုပ်သလို ခိုးတူးထားတဲ့ရွှေတွင်းတွေ ထောင်နဲ့ချီနေတဲ့ ဒေသဖြစ်ပြီး အဆိုးဝါးဆုံး ထိခိုက်ပျက်ဆီးတဲ့နေရာလည်း ဖြစ်ပါတယ်။

ဘူမိဗေဒပညာရှင်တွေက ဒီတောင်တန်းတွေမှာ နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သတိပေးခဲ့ပေမဲ့ လက်လုပ်လက်စားရွှေတူး
သမားတွေက ရွှေဆက်တူးနေခဲ့သလို သူတို့ရဲ့လုပ်ငန်းကနေဒေသစီးပွားရေးရဲ့ ၄၀ %ကို ပံ့ပိုးပေးခဲ့တဲ့အတွက် ပိတ်ပင်လို့ မဖြစ်
ခဲ့တဲ့အကြောင်း ခရိုင်အုပ်ချုပ်မှုအဖွဲ့က ပြောပါတယ်။
သစ်တောတွေကို ခုတ်ထွင်ပြီး ပြည်ပတင်ပို့ဖို့ ငှက်ပျောခင်းတွေနဲ့ အစားထိုးခဲ့ရာမှာ အဓိကတင်ပို့တာကတော့ တရုတ်၊ ဂျပန်နဲ့ အီရန်နိုင်ငံတွေကိုပါ။

ရွှေတွင်းတွေမှာ စည်းမျဉ်းစည်းကမ်းကန့်သတ်မှု၊ စစ်ဆေးမှု၊ လိုက်နာမှုတွေနဲပါးပြီး ရွှေတူးသူတွေကလည်း ရွှေတွင်းကစွန့်ပစ်တဲ့ ဆိုင်ရာနိုက်အဆိပ်တွေကို မြစ်အတွင်း အလွယ်တကူစွန့်ပစ်ကြတယ်လို့ သိရပါတယ်။ လူပေါင်း ၇ သိန်းခွဲလောက် ဒီလုပ်ငန်းအပေါ် မှီခိုနေခဲ့ကြတယ် လို့ မြို့တော်ဝန်က ပြောပါတယ်။

ဒီအရပ်ရဲ့ ၈၀ % ဟာ လူတွေ နေထိုင်လုပ်ကိုင်ဖို့ အန္တရာယ်ရှိတဲ့ဒေသလို့ သတ်မှတ်ထားပေမဲ့ ဆင်းရဲသားထုက ရွှေ့ပြောင်းနေ
ထိုင်ဖို့ မလွယ်ကူတဲ့ အတွက် ဒီတောင်မှာပဲ ဆက်လက်နေထိုင်ခဲ့ကြပါတယ်။
နှစ်စဉ်လို မြောက်ပိုင်းဒေသမှာ မုန်တိုင်းတိုက်ခတ်လေ့ရှိတဲ့အတွ
က်တောင်ပိုင်းအရပ်မှာ ပြင်ဆင်မှုအားနဲခဲ့တာကလည်း သေဆုံး
ပျက်ဆီးနှုန်းမြင့်မားရတဲ့ အကြောင်းတခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ M
 
Burma-Newselite 

0 comments:

Post a Comment