Pages

Wednesday, August 8, 2012

ရန်ကုန်မြို့ရှိ စုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မီးရထားရုံးချုပ်အား အဆင့်မြင့်ဟိုတယ်များအဖြစ် အသွင်ပြောင်းမည်



ကမ္ဘာလှည့်ခရီးသည်များ တည်ခိုမှုအခက်အခဲအဆင်ပြေစေရန် ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် မြန်မာ့မီးရထားရုံးချုပ်အား အဆင့်မြင့်
ခေတ်မီဟိုတယ်များအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်က သိရှိရသည်။

သေမင်းတမာန် ဓါတ်တိုင် (သို့) ရေ သတိပြု ( မြောက်ဒဂုံမြို့နယ် တွင် သားအမိနှစ်ဦး ဓာတ်လိုက်သေဆုံးမူ)



ကျွန်တော်တို့ မြန်မာနိုင်ငံတော်တွင် အများပြည်သူလိုက်နာနိုင်ရန်စေ  ထုတ်ပြန် ထားသော ဆောင်ပုဒ်များအနက် “လာဘ်ပေး
လာဘ်ယူ ဒို့ရန်သူ” ၊ “ပြည်ပအားကိုး ပုဆိန်ရိုး” ၊ “သင့်သွေးဖြင့် အသက်ကယ်ပါ” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး“သင့်ကြောင့်
 မီးမလောင်ပါစေနှင့်” ၊ “မီးသတိပြု” စသည့် ဆောင်ပုဒ်များစွာရှိပေသည်။ 

မြောင်းမြမြို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့ ပါတီတွင်း မကျေနပ်မှု ဆန္ဒဖော်ထုတ်မည်

ရန်ကုန်၊ သြဂုတ် - ၈

မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက ပါတီတွင်း မကျေနပ်မှုများရှိ၍ ဆန္ဒပြမည်ဖြစ်ကြောင်း ၄င်းပါတီ
ဝင်များက 7Day News သို့ ဆက်သွယ်ပြောကြားသည်။မြို့နယ်နှင့် ခရိုင်ကော်မရှင်ဖွဲ့စည်းရာတွင် မကျေနပ်မှုများရှိပြီး၊ ဗဟိုကော်
မတီ ဆုံးဖြတ်ရာတွင်လည်း ဒီမိုကရေစီနည်းလမ်း မကျ၍ ဆန္ဒပြမည်ဖြစ်ကြောင်း ဦးမြင့်ကျော်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၇)နှစ်အတွင်း အကြီးမားဆုံး ရေကြီးမှုဖြစ်ပေါ်


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၇)နှစ်အတွင်း အကြီးမားဆုံး  ရေကြီးမှုဖြစ်ပေါ်
ကာ ဒေသခံရေဘေးသင့်ပြည်သူများအတွက် အခက်အခဲများစွာဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

ဒဂုံမြို့သစ် ငမိုးရိပ်ရေလွှဲဆည်အနီးရှိ ကျေးရွာများတွင် ရေကြီးမှုကြောင့်စပါးများပျက်စီး ၍ လူတစ်ဦးသေဆုံး


ငမိုးရိပ်ရေလွှဲဆည် ရေထွက်ပေါက်များ ပိတ်ဆိုထားခြင်းနှင်အတူ ရက်ဆက်မိုးရွာသွန်းခြင်းကောင် ဒဂုံအရှေပိုင်းနှင့် လှည်းကူးမြို့နယ်ရှိ ရွာ(၁၁)ရွာတွင် ရေဘေးဒုက္ခ ရင်ဆိုင်ခဲပီး လူတစ်ဦး အသက်ဆုံးရံးခဲကာင်း သိရှိရသည်

ပတ်ဝန်းကျင်ကောင်းကြုံခဲ့ရသူများ အသက်ကြီးလာသည့်အခါ ပျော်ရွှင်ရလေ့ရှိ


ငယ်ဘဝတွင် မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရောယှက်နေထိုင်ခွင့် ရခဲ့သူများသည် အသက်
အရွယ် ကြီးရင့်လာချိန်တွင် ဘဝကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းရတတ်ကြောင်း သိရသည်။ 

ယနေ့လွတ်တော်တွင် အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့်အကျိုးစီးပွားများ ထုတ်ဖော်ကြေငြာရန် အဆိုမဲ့ခွဲဆုံးဖြတ်ရာ ရှုံးနိမ့်

အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့်အကျိုးစီးပွားများ ထုတ်ဖော်ကြေငြာရန် အဆို ရှုံးနိမ့်


ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့် သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရဖြစ်
လာစေရေး အတွက် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသူများ၏ ရွှေ့ပြောင်းနိုင်
သောပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများအား ထုတ်ဖော်ကြေငြာထားရန် အဆိုအား ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားကြောင်း သိရသည်။

လန်ဒန် အိုလံပစ်ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ သြဂုတ် ၉၊ ၁၁ တွင် ယှဉ်ပြိုင်ကစားမည်

(တောင်ကိုရီးယားကို ၃ ဂိုးပြတ်အနိုင်ယူပြီး ဖိုင်နယ်သို့တက်ရောက်သွားသည့် ဘရာဇီးလ်အသင်း ကစားသမားများ အောင်ပွဲခံစဉ်)

လန်ဒန်အိုလံပစ် ဘောလုံးပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၆၊ ၇ ရက်များတွင် ယှဉ်ပြိုင်ခဲ့သည်။

ကြွက်သားသန်မာမှု ပျက်စီးနေသည့်ကလေးငယ် စက်ရုပ်လက်တံဖြင့် လှုပ်ရှားမူပြုနိုင်လာင်



အသက်(၂)နှစ်အရွယ် မသန်စွမ်း ကလေးငယ် တစ်ဦးသည် 3D Printerဖြင့် ပုံစံသွန်းလုပ်ထားသည့် စက်ရုပ်လက်တံ ကိရိယာ
ကြောင့် ဘဝသစ် တစ်ခုကို ပိုင်ဆိုင်လာပြီ ဖြစ်သည်။ အမ်မာသည် ကြွက်သားများ သန်မာမှုကို ထိခိုက်ပျက်စီးစေသည့် ရောဂါတစ်
မျိုးကို ခံစားနေရသူဖြစ်ပြီး သူမ၏ လက်များသည် မည်သည့် ပစ္စည်းများကိုမျှ မယူနိုင်ခြင်း မရှိခဲ့ချေ။

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးယာဉ်တစ်စီး တိမ်းမှောက်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးယာဉ်တစ်စီး တိမ်းမှောက်
================================
ရန်ကုန်မီဒီယာဂရုပ်
================================

၂ဝ၁၂ သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မိုင်တိုင် ၃၁၁ / ၄ Meikhtila အနီး အမှတ်မထင် ရုတ်တရက် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျသွားကာ၊ မိုင်တိုင် ၃၁၁ ကို ဝင်တိုက်ပြီး ၃ ပတ်လောက်ဂျွမ်းပြန် အောက်သို့ ကျသွားခြင်းဖြစ်ကြောင်း မျက်မြင် တွေ့ဆုံခဲ့သူ တစ်ဦးက သတင်းပေးပို့သည်။ 
 
ယင်းဖြစ်ရပ်အား အဆိုပါ မျက်မြင်တွေ့ဆုံသူက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ သို့ ဖုန်းဆက်ကာ Meikhtila ခရိုင်ရဲတပ်ဖွဲ့ သို့ အကြောင်းကြားနိုင်ခဲ့သဖြင့် မိနစ် ၂၀ ခန့်အကြာတွင် ရဲကားတစ်စီးနှင့် လူနာတင်ယာဉ် ရောက် ရှိလာပြီး  လိုအပ်သည်များကို  ဆက်လက်လုပ်ဆောင်သွားကြကြောင်း ယင်းကပြောသည်။
 
"အမြန်လမ်းပေါ် သတ်မှတ် မိုင် ၆ဝ ထက် ပိုမမောင်းရန် သတိပေး တားမြစ်နေပေမယ့်  ကားတွေ တစ်နာရီ မိုင် ရဝ - ၈ဝ အထက်မှာမောင်းနေကြတုန်းပါပဲ။ ခါးပတ်ပတ်တဲ့ အကျင့်လည်းမရှိကြပါ။ ကျနော့်ရှေ့ တွင်ဖြစ်တာမို့ တော်တော်တုန်လှုပ်ပါတယ်။ ကား ၃ စီးကိုတားတော့ ရပ်ပေးလို့  သူတို့ အကူအညီ၊ ဘေးမှာ ယာလုပ်နေတဲ့ ရွာသား ၄-၅ ဦး၊ ပေါင်း ဂ ဦးလောက်နဲ့  ကားထဲညပ်နေတဲ့ လူတစ်ယောက် ကိုတော့ ကယ်ထုတ်နိုင်ခဲ့ ပါတယ်။ အားလုံး သတိနဲ့ မောင်းကြဖို့ ရည်ရွယ်ပြီး ဓါတ်ပုံတွေရိုက်ပြီး ပို့ပေးတာ ဖြစ်ပါတယ် " ဟု အဆိုပါ မျက်မြင်တွေ့ရှိလာသူက ပြောသည်။


၂ဝ၁၂ သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွား

ခဲ့ကြောင်း သိရသည်။ 

မိုးသည်းထန်စွာ ဆက်တိုက်စွာသွန်းနေမှုကြောင့် သံတွဲမြို့ ရပ်ကွက်အချို့တွင် ရေစကြီးနေပြီ

Photo: သံတွဲမြို့ရပ်ကွက်အချို့တွင် ရေများစတက်နေစဉ်။ 

မီးလောင်သွားသဖြင့် ပြန်ဆောက်ပေးထားသော ယာယီသံတွဲဈေးသည် သံတွဲချောင်းအနီးတွင်ရှိပြီး၊ ယခုအခါ ဈေးထဲသို့ ရေများစတင်ဝင်လာပြီဖြစ်သဖြင့် ဈေးသူဈေးသားများစိတ်ပူပန်မှုဖြစ်နေကြကာ မိမိတို့ဆိုင်ခန်းများမှ ပစ္စည်းများအားသိမ်းဆည်းရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်းသိရသည်
(စည်သူအောင် သံတွဲမှ ပေးပို့သည်)
သံတွဲမြို့ရပ်ကွက်အချို့တွင် ရေများစတက်နေစဉ်။ 

မှတ်ပုံတင်ပြစရာမလိုဘဲ ရထားလက်မှတ်ဝယ်ယူ၍ရတော့မည်

ရန်ကုန် သြဂုတ် ၈

မှတ်ပုံတင်နှင့် ထောက်ခံစာ ပြစရာမလိုဘဲ ရထားလက်မှတ် များဝယ် ယူနိုင်ရန် လုပ်ဆောင်ပေးတော့မည်ဟု မြန်မာ့မီးရထားလမ်း ပန်းဆက် သွယ်ရေး လ/ထ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း စိုက်ထူထားသည့် ကြော်ငြာဆိုင်းဘုတ်အသေးများ သြဂုတ်လကုန်တွင် ဖြုတ်သိမ်းရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း စိုက်ထူခွင့်ပြုထားသည့် ၂ဝ x ၉ ပေရှိ ကြော်ငြာဆိုင်းဘုတ် အသေးများကို
များကို သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဖြုတ်သိမ်းရမည် ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိ
သူ တဦးက ပြောသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့တော့မည်



အစိုးရအဆက်ဆက်ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြ စားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတ ဦးသိန်း စိန်က ဖွဲ့စည်းသွား ရန်ရှိကြောင်း သိရသည်။ 

ရန်ကုန်မြို့က ရှစ်လေးလုံးအခမ်းအနား လူတထောင်ကျော်တက်ရောက်

Photo: ရန်ကုန်မြို့က ရှစ်လေးလုံး လူတထောင်ကျော်တက်ရောက်

ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး၊ ဦးတင်ဦး၊ ဦးဝင်တင် စတဲ့ NLD ခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားတွေ၊ ခေတ်အဆက်ဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ၊ ဂီတအနုပညာရှင်တွေ စုစုပေါင်း လူ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီနေ့အခမ်းအနားကို  တက်ရောက်သူ ဒီလောက်များပြားတဲ့အချက်က ရှစ်လေးလုံးလှုပ်ရှားမှုအပေါ် ပြည်သူတွေရဲ့ အလေးအနက်ထားမှုကို ဖော်ပြတာဘဲလို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

အဲဒိအခမ်းအနားမှာ ရှစ်လေးလုံး ၂၄ နှစ်မြောက် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ ရှစ်လေးလုံးနေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

အဲဒိအခမ်းအနားမှာ သံဃာတော် (၄၄) ပါးကို ဆွမ်းနဲ့ ၀ါဆိုသင်္ဃန်းကပ်လှူခဲ့ပြီး၊ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြ ပါတယ်။ 

အဲဒိနောက် နိုင်ငံရေးအင်အားစုတွေရဲ့သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။ 

ဒီအခမ်းအနားကို မနက် (၉) နာရီကနေ နေလည် (၁၂) နာရီအထိကျင်းပခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်၊ ဓါတ်ပုံရိုက်တာတွေရှိခဲ့ပေမယ့် တစုံတရာ တားဆီးနှောင့်ယှက်တာ မရှိခဲ့ပါဘူး။ 

(ဓါတ်ပုံ NLD information)


နိုင်ငံတကာက ရှစ်လေးလုံးအခမ်းအနားများ

မဲဆောက်မြို့က ၈၈မျိုးဆက်ကျောင်းသားတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ရဟန်ရှင်လူပြည်သူ
နဲ့ကျောင်းသားတွေ အတွက်ရည်စူးပြီး မြန်မာနိုင်ငံအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ရုံးခန်းမှာ သံဃာတော် (၄)ပါးပင့်ဖိတ် ဆွမ်းကပ်ပြီး မွန်လွဲပိုင်းမှာတော့ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပခဲ့ပါတယ်။

ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အိမ်ခြေ ၃၀၀ ခန့် ရေနစ်မြှုပ်

ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဇမိမြစ်ရေကြီးနေတဲ့အတွက် ကမ်းနားပိုင်း ရပ်ကွက်ဖြစ်တဲ့ အမှတ် (၆) ရပ်ကွက် တစ်ခုလုံးနီးပါးနဲ့ အမှတ် (၄) ရပ်ကွက်အချို့ အိမ်ခြေ ၃၀၀ ခန့် ရေတွေ နစ်မြှုပ်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများရှိနေ



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ်းမားေ ကျးရွာ၊ တောင် အင်းကျေးရွာ၊ နန့်ဆော်ေ လ်ာကျေးရွာတွေမှာ မူးယစ်ဆေး ၀ါး ရောင်း/၀ယ်/သုံးစွဲသူများ နေ့စဉ်ေ န့တိုင်း ရှိနေကြကြောင်း နမ်းမားေ ကျးရွာ စည်ပင် သာ ယာဈေး အတွင်း ဒေသ ခံပြည်သူ အချို့မှ ပြောပါ တယ် ။

New Face Model Babe Maung in Hot Fashion Dress


Black Hack, White Hack များအစိုးရနှင့် ပူးပေါင်း၍ မြန်မာ့ Cyber လုံခြုံရေး တာဝန်ယူပေးရန်

Hacker_nnookkjj


ယမန်နေ့က ပြန်ကြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာအား အီဂျစ်၊ အာရပ်နှင့် အခြား မွတ်ဆလင် ဟက်ကာများ ပူးပေါင်း၍ တိုက်ခိုက် ခဲ့ကြသည်ဟု နေပြည်တော် သတင်း တစ်ရပ်တွင် ဖော်ပြ ထားပါသည်။

မောင်းတော်မှာ ဗုံးခွဲမည်ဟု သတင်းထွက်




မောင်တောမြို့တွင် လက်ရှိအချိန်၌ လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိရပါသည်။ လုံခြုံရေး တာဝန်ယူမှုကို ရဲတပ်ဖွဲ့ဝင်မျာ
သာမက မူလက မြို့ပြင်တွင် တာဝန်ယူထားသော တပ်မတော်သား အင်အားကိုပါ အသုံးပြု ထားကြောင်း သိရသည်။

ဂျပန်ကားကုမ္ပလီမိတက်( Japan car co.ltd ) နှင့် ပူးပေါင်း၍ရန်ကုန်မြို့တွင် ကားနှင့်ပတ်သတ်သည့်ဘာသာရပ်ဆိုင်ရာတက္ကသိုလ်တစ်ခု ဖွင့်လှစ်သွားမည်



သိပ္ပံနှင့်နည်းပညာဝန်ကီးဌာနက ဂျပန်ကား( Japan car co.ltd ) နှင့် ပူးပေါင်းရန်ကုန်မြို့တွင် ကားနှင့်ပတ်သတ်သည့်ဘာသာ ရပ်ဆိုင်ရာ
က္ကသိုလ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်

ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့ စိန်ကမ်းလန့်ကျေးရွာတွင် လျှပ်စစ်မီးရရှိရန် မီတာလျှောက်ထားသူများ သတ်မှတ်နှုန်းထားထက် ပိုမိုပေးဆောင်နေရ