Pages

Tuesday, January 7, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်များအဖွဲ့ ငါးဖွဲ့ခွဲပြီး လေ့လာ

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်များအဖွဲ့ ငါးဖွဲ့ခွဲပြီး လေ့လာ
Tuesday, January 7, 2014

လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဟာ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ပေးပို့ထားတဲ့ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၃ သိန်းကျော်ကို အဖွဲ့ ၅ ဖွဲ့ခွဲပြီး လေ့လာသုံးသပ်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။

နေပြည်တော် ပြည်ထောင်စု လွှတ်တော်ရုံးမှာ ကော်မတီအစည်းအဝေးကျင်းပပြီး သဘောတူ ဆုံးဖြတ်လိုက်တာပါ။
အဖွဲ့ ၅ ဖွဲ့စလုံးရဲ့ သုံးသပ်ချက်တွေကို စုပေါင်းပြီး ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာတင်မှာဖြစ်တယ်လို့ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင်တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“ကျနော်တို့ ဒီကိုရောက်လာတဲ့ အကြံပြုချက်တွေ ပြင်ဆင်ချင်တဲ့ အချက်အလက်ပေါင်း သုံးသိန်းကျော်လောက်ကို ကျနော်တို့အဖွဲငါးဖွဲ့ကနေ ခွဲပြီးသုံးသပ်ပြီးတော့ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဇန်နဝါရီလ နောက်ဆုံးထားပြီးတော့ ကျနော်တို့ လွှတ်တော်ကိုတင်မှာပါ၊ အဖွဲ့ခွဲအလိုက်ပဲ ကိုယ့်ဘာသာကိုယ် သုံးသပ်ပြီး နောက်ပေါင်းပြီးတော့လည်း အဲဒီအဖွဲ့တွေဟာကို ဝိုင်းပြီးတော့မှ လေ့လာသုံးသပ်ဦးမှာပါ၊ ဘယ်အခန်းမှာ ဘယ်သူတွေပါမယ် ဆိုတာကတော့ ကျနော်တို့ အဖွဲ့ခွဲပြီးသားပါ၊ အဲဒီအတွက်ပဲ ကျနော်တို့က အကြမ်းဖျင်း အဖွဲ့ခွဲထားပြီးပြီ ဒီလိုလုပ်မယ့်ဟာတွေကို အားလုံးသဘောတူသလားဆိုတာကို ဝိုင်းဆုံးဖြတ်ကြတာပါ”
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်အသီးသီးကပေးပို့တဲ့ အကြံပြုစာပေါင်း နှစ်သောင်းရှစ်ထောင်နီးပါး လက်ခံရရှိထားပြီး အဲ့ဒီအထဲမှာ အကြံပြုချက်ပေါင်း သုံးသိန်းကျော်ပါဝင်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အကြံပြုချက် သုံးသိန်းကျော်ထဲမှာ အခန်း ၁ 'နိုင်ငံတော်အခြေခံမူများ' အခန်းအတွက် အကြံပြုချက် တစ်သိန်းလေးသောင်းကျော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ အခန်း ၁၂ အတွက် အကြံပြုချက် တစ်သိန်းကျော်ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံတော် သမ္မတအရည်အချင်း သတ်မှတ်ချက်ပါတဲ့ အခန်း ၃ အတွက် အကြံပြုချက် သုံးထောင်ကျော် ပါဝင်တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

RFA Burmese


RangonNewsDaily:: January . 7 .2014
လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူး
ပေါင်းကော်မတီဟာ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ပေးပို့ထားတဲ့ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၃ သိန်းကျော်ကို အဖွဲ့ ၅ ဖွဲ့ခွဲပြီး လေ့လာသုံးသပ်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။

The Voice သတင်းထောက် ရိုက်နှက်ခံရမှု နှစ်လကျော်သည်အထိ တရားရုံးမရောက်

RangonNewsDaily:: January . 7 .2014
နေပြည်တော် လွှတ်တော်အစည်းအဝေးသို့ သွားရောက် သတင်းယူသော The Voice သတင်းထောက်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ပျဉ်းမနားမြို့နယ်တွင် နေသူ လူနှစ်ဦးက ထိုးကြိတ် ရိုက်နှက်

ခဲ့ပြီး ငွေတောင်းခဲ့သည့် အမှုသည် နှစ်လကျော်ကြာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ တရားရုံးသို့ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း ပျဉ်းမနားမြို့နယ်ခံ သတင်းသမားများ ထံမှ သိရှိရသည်။

ချီကာဂိုမြို့အအေးလွန်ကဲမှုနဲ့မြန်မာနိုင်ငံပတ်သက်လာနှိုင်ပါသလား? တာဝေးဆက်နွယ်မှု(Teleconnection) သဘော။

Myanmar Online News's photo.

RangonNewsDaily:: January . 7 .2014
(၁) (၅-၁-၂၀၁၄)ရက် 06 UTC (မြန်မာစံတ်ာချိန် နေ့(၁၂)နာရီခွဲအချိန်)တွင် တိုင်းတာရရှိတဲ့ အာတိတ်လေ
အေးများ မြောက်အမေရိကတိုက်အနာက်အလယ် ပိုင်းဒေသ(U အထက်ပိုင်းကို တိုးဝင်နေခဲ့ရာမှာ၊

မဇ္ဈိမလှိုင်း ဂီတမှူး ၃ ထပ်ကွမ်း အကယ်ဒမီ ဇော်မျိုးထွဋ် ကွယ်လွန်

Photo: မဇ္ဈိမလှိုင်း ဂီတမှူး ၃ ထပ်ကွမ်း အကယ်ဒမီ ဇော်မျိုးထွဋ် ကွယ်လွန်
Monday, January 6, 2014

မြန်မာနိုင်ငံ ဂီတလောကမှာ ထင်ရှားတဲ့ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်ဟာ ဇန်န၀ါရီလ ၅ ရက် မနေ့ ည(၉) နာရီခန့်က ရန်ကုန်မြို့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်၊။ သူရုတ်တရက်ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်လို့ သားဖြစ်သူ ကိုလမင်းထွဋ်က RFA ကို အခုလိုပြောပါတယ်၊

"အဲဒီ Heart attack လို့ပဲ ထင်ပါတယ်ခင်ဗျ၊ သူက ရင်ကြပ်တာလည်းရှိတော့လေ သေချာတော့ မသိရသေးဘူးခင်ဗျ၊ အဲဒီနှစ်ခုထဲက တစ်ခုပဲဖြစ်ဖို့များတယ်ခင်ဗျ၊ ကားမောင်းရင်းနဲ့ မောတယ် မောတယ်ဆိုပြီးတော့ လမ်းဘေးထိုးရပ်ပြီးတော့ တခါတည်း အသက်ပါသွားတာခင်ဗျ၊ ၉ နာရီထိုးဖို့ ၁ဝ မိနစ်လောက်ကထင်တယ်"

အကယ်ဒမီ ဇော်မျိုးထွဋ်ဟာ ဖခင်ဖြစ်သူု ဂီတပညာရှင် စန္ဒယားလှထွဋ် ကွယ်လွန်ခဲ့တဲ့ (၁၄) နှစ် တင်းတင်ပြည့်မြောက်တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့တနေ့ထဲမှာပဲ ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်သူ ဦးဇော်မျိုးထွဋ်အတွက် ဈာပနကို ဇန်န၀ါရီလ ၇ နေ့မှာပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုက ပြောပါတယ်၊

ဂီတမှူုး ဇော်မျိုးထွဋ်ဟာ မြန်မာနိုင်ငံမှာ ထိပ်တန်းဂစ်တာသမားဖြစ်တဲ့အပြင် ဖခင်ဖြစ်သူထံက စန္ဒယားပညာလည်း ရရှိခဲ့သူဖြစ်ပါတယ်။ ဦးဇော်မျိုးထွဋ်ဟာ မြင့်မြတ်နှလုံးသား၊ နေကမွေးတဲ့လအပြင် ထာဝရအလင်းတန်းများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရထားတဲ့သူလည်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ကိုနေလင်းထွဋ်(ခ)ရွှေထွဋ်နဲ့ ကိုလမင်းထွဋ် သား ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့က နာမည်ကျော် အဆိုတော် ခင်မောင်တိုးဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်က စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

RFA

RangonNewsDaily:: January . 7 .2014
မြန်မာနိုင်ငံ ဂီတလောကမှာ ထင်ရှားတဲ့ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ရဲ့ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်
(၅၄) နှစ်ဟာ ဇန်န၀ါရီလ ၅ ရက် မနေ့ ည(၉) နာရီခန့်က ရန်ကုန်မြို့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါ
တယ်၊။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဦးလေးဖြစ်သူကို ခွေး အကောင် ၁၂၀ ကို ထိုးကျွေး၍ သေဒဏ်ပေး

Photo: ကင်ဂျုံအန်သည် ဦးလေးဖြစ်သူကို ခွေးကျွေး၍ သေဒဏ်ပေးခဲ့
Monday, January 6, 2014

ဒီဇင်ဘာလ ဆန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဦးလေး ဖြစ်သူ Jang Song- Thaek ကို ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အကျင့်ပျက်ရှစားမှုနဲ့ နိုင်ငံရေးပုံကန်ရန် ကြိုးပမ်းမှုအပြင် အခြားသော ပြစ်မှု အချို့ ပါဝင်နေပါသေးတယ်။ ယခု နောက်ဆုံး ရရှိတဲ့ သတင်းအရ ကတော့ ဦးလေး ဖြစ်သူကို ခွေး အကောင် ၁၂၀ ကို ထိုးကျွေး၍ သေဒဏ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။ 

စင်္ကာပူအခြေဆိုက် Straits Times သတင်းစာမှ ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ ဦးလေး ဖြစ်သူ Jangh Song-Thaek ဟာ လက်ရှိ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့  ဦးလေး အရင်း ဖြစ်ပါတယ်။ အဖေရဲ့  အမကို ယူထားသူ ဖြစ်ပြီး ကင်ဂျုံအီလက်ထက်ကတည်းက နိုင်ငံရေးမှာ သြဇာအာဏာရှိခဲ့သူ ဖြစ်ပါတယ်။ ကင်ဂျုံအီ ကွယ်လွန်ပြီး သားငယ် ကင်ဂျုံအန် နိုင်ငံခေါင်းဆောင်ဖြစ်လာဖို့ Jangh Song Thaek ရဲ့  ထောက်ပံ့မှု များစွာ ပါဝင်ကြောင်း ဆိုပါတယ်။ ကင်ဂျုံအန် အုပ်ချုပ်လာတဲ့ သက်တမ်းတစ်လျှောက်လည်း နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးနေ သူလို့ နိုင်ငံရေးသုံးသပ်သူများက ခန့်မှန်းထားပြီး ယခုလို သေဒဏ် ပေးမှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်အံ့သြစေခဲ့ ပါတယ်။ ယခုရက်ပိုင်းအတွင်းပဲ စီရင်ခဲ့တာ ဖြစ်ပါတယ်။ 

ဦးလေးဖြစ်သူက ရက်ပေါင်း ၁၂၀ ကျော် အစားမစားရသေးတဲ့ ခွေး သံလှောင် အိမ်ထဲကို အဝတ်အစားအကုန် ချွတ်ပြီး ပစ်ထည့်ခဲ့တာ ဖြစ်ပါ တယ်။ ဒီတော့ အရိုးပါမကျန်အောင် စားသောက်တဲ့ ပွဲကို ကင်ဂျုံအန် ဟာ မြောက်ကိုရီးယား အရေးကြီးခေါင်းဆောင်ပေါင်း အယောက် ၃၀၀ ကျော်ခေါ်လို့ ထိုင်ကြည့်ခဲ့ ပါတယ်။ နိုင်ငံပုန်ကုန် လိုသူ ဘယ်သူကို မဆို သူ့လို ခွေးစား သေဒဏ်အပေးခံရမယ်လို့ တစ်ခါတည်း သတိပေးလိုက် ခြင်း ဖြစ်ပါတယ်။ ခွေး အကေင် ၁၂၀ ကျော် ဝိုင်းဝန်း ကိုက်ဖြတ်စားသောက်မှုက တစ်နာရီ ကြာမြင့်ခဲ့ ပါတယ်။ 

ဒါကြောင့် ကင်ဂျုံအန်ဟာ ဖခင် ကင်ဂျုံအီထက် ပိုမို ရက်စက်ယုတ်မာ တဲ့ ခေါင်းဆောင် အဖြစ် ကမ္ဘာ့ နိုင်ငံရေး သုံးသပ်သူများက မှတ်ချက်ပေး ပြောဆိုစေခဲ့ ပါတယ်။ 
.
Ref: Daily mail
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: January . 7 .2014
ဒီဇင်ဘာလ ဆန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဦးလေး ဖြစ်သူ Jang Song- Thaek ကို ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အကျင့်ပျက်ရှစားမှုနဲ့ နိုင်ငံရေးပုံကန်ရန် ကြိုးပမ်းမှုအပြင် အခြားသော ပြစ်
မှု အချို့ ပါဝင်နေပါသေးတယ်။

(၆၆) နှစ်မြောက်လွတ်လပ်ရေး နေ့တွင် တစ်နိုင်ငံလုံးမှ အကျဉ်းသား ၁၃၂၇၄ ဦး လွတ်မြောက်

RangonNewsDaily:: January . 7 .2014
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီး တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ၊ အကျဉ်းသား ၁၃၂၇၄ဦးကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ရရှိ ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက်လည်းကောင်း၊

ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မည့် သီးသန့်နေရာများ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးရန် ဦးမင်းကိုနိုင် တောင်းဆို

Photo: ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မည့် သီးသန့်နေရာများ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးရန် ဦးမင်းကိုနိုင် တောင်းဆို
Monday, January 6, 2014

 ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ပေးရန် ၈၈မျိုးဆက်(ငြိမ်း /ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း ဆိုလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက် ဇန်နဝါရီ ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးနှင့် ယခင် တရားရုံးချုပ်ဟောင်းကြားရှိနေ ရာ၌ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

''ပြည်သူလူထု အခွန်အခ မတတ်နိုင်ဘူးဆိုတာကို အဲဒီမှာ စုရုံးခွင့်၊ ဟောပြောနိုင်ခွင့်အတွက် နေရာတွေကို မြို့တိုင်းရွာတိုင်းမှာ ရှိအောင် ကျွန်တော်တို့ပြန်တောင်း ဆိုရမယ်။ တောင်းကိုတောင်းရ မယ်။ နိုင်ငံသားအခွင့်အရေးအ ပြည့်အဝ ရဖို့ဆိုရင် ကျွန်တော်တို့ ထုတ်ဖော်နရမယ်။ နေရာပေး ပါ။ စည်ပင်သာယာကပေးမလား၊ အိုးအိမ်ကပေးမလား ဘယ်သူပေး ပေး၊ အုပ်ချုပ်တဲ့အစိုးရပေးမလား။ ဘယ်သူပေးပေး ပြည်သူလူထုနေ ရာတွေကို ပြန်ပေးဖို့တောင်းဆိုပါ တယ်''ဟု ဦးမင်းကို နိုင် က တောင်း ဆိုခဲ့သည်။

ပြည်သူလုထု ဆိုသည်မှာ တိုင်းပြည်၏ အရှင်သခင်ဖြစ်သည့် အတွက် အရှင်သခင်ကျေနပ်မှုမ ရှိသည့်အကြောင်းအရာကို ချက် ချင်း ပြောဆိုတောင်းဆိုနိုင်ရန်အ တွက်နေရာလိုအပ်ကြောင်း ယင်း က ဆက်လက်ပြောသည်။ ''ဥပဒေဆိုတာ ပြည်သူ ရဲ့ အပေါ်က ကျလာတာဖြစ်နေတယ်။ နောက်နောင်မှာ ဥပဒေဆိုတာ ပြည်သူက ပြဋ္ဌာန်းတာဖြစ်အောင် လို့ ကျွန်တော်တို့အားလုံးဝိုင်းဝန်း ပါဝင်ပူးပေါင်း ကြိုးစားသင့်တယ်'' ဟု ဦးကိုကိုကြီးက ပြောသည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးမြအေးက ''ဒီနေ့ပွဲဟာ နောင် လာမယ့် ဆန္ဒပြပွဲတွေအတွက်အ တုယူစရာဖြစ်လာမှာပါ။ ကျွန်တော် တို့ပြည်သူတွေဟာ စည်းရှိကမ်း ရှိဆန္ဒပြတတ်တယ်ဆိုတာ ကြွေး ကြော်တဲ့ပွဲဖြစ်ပါတယ်''ဟု ပြည်သူ လူထုအား ဟောပြော ခဲ့သည်။ အဆိုပါဆန္ဒပြမှုသည် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးဆောင် ခြင်းဖြစ်ပြီး ၎င်းတို့မှဦးဆောင်မှု ဖြင့် လူမှုအဖွဲ့အစည်းပေါင်း ၅၉ဖွဲ့ မှ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ပြီး သက်ဆိုင်ရာမှာ တရားဝင်ခွင့်ပြု ချက်ဖြင့် ပြုလုပ်ခဲ့ကြ ခြင်းဖြစ် သည်။

ထို့ပြင် လွှတ်တော်ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ပြီး ပြည်သူများက တခဲနက်အားပေး ထောက်ခံခဲ့ကြကာ ဦးမင်းကိုနိုင် က တက်ရောက်လာသောပြည်သူ များသို့ ''ဒီထဲမှာ ၃ဝဝဝရလို့တက် တဲ့သူတွေပါလား။ တစ်အိမ်တစ် ယောက်နှုန်း ဖြင့် မတက် မနေရ၊ မတက်ရင် တည်ဆဲဥပဒေအရအ ရေးယူမယ်ဆိုလို့ တက်တဲ့သူများ ပါသလား''ဟု မေးမြန်းခဲ့သည်။ ယင်းဆန္ဒပြပွဲအား ယခင် က ဇန်နဝါရီလ၄ရက်(လွတ်လပ် ရေးနေ့)တွင် ပြုလုပ်ရန်ခွင့်ပြုမိန့် တင်ခဲ့သော်လည်း သက်ဆိုင် ရာ မှ ညှိနှိုင်းမှု ကြောင့် ယခုကဲ့သို့ ဇန် နဝါရီ၅ရက်သို့ ပြောင်းလဲပြုလုပ် ခဲ့ခြင်းဖြစ်သည်။


ဇန်နဝါရီ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးတွင် ပြည်သူလူထုအား ဟောပြောနေသည့် ဦးမင်းကိုနိုင်အား တွေ့ရစဉ်။ဓာတ်ပုံ - အေအက်ဖ်ပီ
ရွှေရည်မဉ္ဇူ၊ နန်းသီတာဝင်း

The Yangon Times
ဇန်နဝါရီ၅ရက်က မဟာဗန္ဓုလပန်းခြံဘေးတွင် ပြည်သူလူထုအား ဟောပြောနေသည့် ဦးမင်းကိုနိုင်အား တွေ့ရစဉ်။ဓာတ်ပုံ - အေအက်ဖ်ပီ
ရွှေရည်မဉ္ဇူ၊ နန်းသီတာဝင်း
RangonNewsDaily:: January . 7 .2014
ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို တစ်နိုင်ငံလုံး အတိုင်းအတာ
ဖြင့် ပြုလုပ်ပေးရန် ၈၈မျိုးဆက်(ငြိမ်း /ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း ဆိုလိုက်ကြောင်း သိရသည်။

Online အဆိုတော် မေမြတ်မွန်သူ့ခင်ပွန်းနဲ့ ယနေ့ကွာရှင်းလိုက်ပြီ

Photo

RangonNewsDaily:: January . 7 .2014
Online Facebook မှာသီချင်းတွေဆိုရင်း နံမည်ကြီးလာတဲ့ Online အဆိုတော် မေမြတ်မွန်တစ်ယောက် နိုဝင်
ဘာ ၁၆ ရက်နေ့ကလက်ထပ်ခဲ့တဲ့သူ့ရဲ့ ခင်ပွန်းနဲ့ ယနေ့ကွာရှင်းလိုက်ပြီလို့ သူမရဲ့ စာမျက်နာမှာဖေါ်ပြထား
ပါတယ်။

သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

RangonNewsDaily:: January . 7 .2014
တက္ကစီ စီးလာသည့် သံဃာတော် တစ်ပါးထံမှ ကျပ်သိန်း တစ်ရာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၅ ရက် ညနေက သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ညနေ ၃ နာရီ ၄၅ အချိန်က မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက လေးဒေါင့်ကန်လမ်းနှင့် ဗဟိုလမ်းထောင့်တွင် ကြိုတင်သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။

ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ရွှေမြင်းပျံ ခရီးသည်တင်ယာဉ် ကတ္တရာခင်းယာဉ်ကို ဝင်တိုက်၊ တစ်ဦးသေဆုံး

Photo: အမြန်လမ်းတွင် ရွှေမြင်းပျံ ခရီးသည်တင်ယာဉ် ကတ္တရာခင်းယာဉ်ကို ဝင်တိုက်၊ တစ်ဦးသေဆုံး
Monday, January 6, 2014

ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည် ၄၄ ဦး တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ် ပြေးဆွဲသည့် ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့် ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း အမှတ်(၃) အမြန်လမ်း ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ခင်မောင်အေးက The Voice သို့ ပြောကြားသည်။

ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မြို့တော်သို့အဝင် ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်း ခင်းယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့ရာ အဆိုပါ လမ်းခင်းယာဉ်မှာ လမ်း၏ ညာဘက်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင်ယာဉ်မှာ လမ်းလယ်ကျွန်းတွင် ကန့်လန့်ဖြတ် ရောက်ရှိခဲ့ကြောင်း အဆိုပါ အမြန်လမ်း ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင် တွေ့ရှိမှုကို ရှင်းပြသည်။ 

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၂၀ အရွယ် ခရီးသည်တင်ယာဉ် နောက်လိုက်မှာ ယာဉ်တွင်း ညှပ်နေကာ မျက်နှာ၊ ခြေဖနောင့်၊ တင်ပါးဆုံတို့တွင် ပေါက်ပြဲ ဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ အသက် ၃၀ အရွယ်ရှိသူ ကတ္တရာလမ်းခင်း ယာဉ်မောင်း ကိုပြည့်ဖြိုးဟန်၊ သက်တော် ၄၅ နှစ်အရွယ် ခရီးသည် သံဃာတစ်ပါး၊ အသက် ၃၀ အရွယ် ခရီးသည် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ ဒဏ်ရာမျာမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

“လူတွေကလည်း ကြောက်လန့်ပြီး ခုန်ချကြတယ်။ ယာဉ်မောင်းဘေး ထိုင်နေတဲ့ ယာဉ်နောက်လိုက် ကောင်လေး ဘက်အခြမ်းနဲ့ တိုက်မိလို့ ယာဉ်က ပိန်ချိုင့်သွားတာ သူ့ကို မနည်းဆွဲထုတ်ရတယ်” ဟု အဆိုပါ အမြန်လမ်း ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင်တွေ့ရှိမှုကို ရှင်းပြသည်။ 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို အမှတ် (၃) အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁၄ ဦး၊ မီးသတ် တပ်ဖွဲ့ဝင် လေးဦးတို့က ကယ်ဆယ်ရေး လုပ်ငန်း၊ ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းနှင့် ရှေးဦးသူနာ ပြုစုခြင်း များကို ဆောင်ရွက် ပေးခဲ့ကြောင်း အမှတ် (၃) အမြန်လမ်း ရဲစခန်းမှစခန်းမှူး ဒုတိယရဲမှူး ခင်မောင်အေးက ပြောကြားသည်။

ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင် မှန်လုံယာဉ်မှာ အမြန်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ယာဉ်တိုက်မှု အခြေအနေကို ဂိတ်မှူးကိုယ်တိုင် သွားရောက် စစ်ဆေးနေကြောင်း အဆိုပါ ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ခရီးသည် တင်ယာဉ်မောင်း ဦးခင်ဇော်မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်းကို ယာဉ် (ပ) ၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈/၃၀၄ (က)/၂၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၃) အမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily:: January . 7 .2014
ရန်ကုန် - နေပြည်တော်အမြန်လမ်းမိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက်
၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည် ၄၄ ဦး တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ် ပြေးဆွဲသည့်
ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့်

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ယာဉ်ဝဲဘက်ရှေ့ဘီးပေါက်ပြီးတိမ်းမှောက်၍ ၃ ဦး ဒဏ်ရာရ

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ယာဉ်ဝဲဘက်ရှေ့ဘီးပေါက်ပြီးတိမ်းမှောက်၍ ၃ ဦး ဒဏ်ရာရ
Monday, January 6, 2014

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၅/၀)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ ငါးလှော်ရွာနေ အီဆပ်(၂၄)နှစ်မောင်းနှင်လာသော ၁ဃ/xxxx Pajero ခဲရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကာရံထားသည့် ကွန်ကရစ်ဘာရီယာတုံးအား ၀င်ရောက်တိုက်မိကာ တစ်ဖက်ယာဉ်ကြောပေါ်တွင် ပက်လက်လန် တိမ်းမှောက်သွားခဲ့ကြောင်း တွေ့ရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် အီဆပ်တွင် ယာလက်ဖျံ/ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ခါးနာကျင်ဒဏ်ရာများ၊ ယာဉ်ပေါ်တွင်လိုက်ပါလာသော နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ရွာ နေသူများဖြစ်သည့် ခမ်းလွတ်(၄၃)နှစ်တွင် ၀ဲနားရွက်ပွန်းပဲ့၊ ယာမျက်ခုံး/ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခွန်အောင်(၂၇)နှစ်တွင် ယာမျက်ခုံးပေါက်ပြဲ၊ ယာခြေသလုံး/ယာခြေဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တံတားဦးမြို့နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ၁ဃ/xxxx Pajero ယာဉ်(၁)စီးလုံးကြေမွ ပျက်စီးကာ တန်ဘိုးငွေကျပ်(၂၅)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အီဆပ်အား စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

RangonNewsDaily:: January . 7 .2014
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်
ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၅/၀)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး
ခဲ့သည်။

ဇနီးလောင်းကို ပွဲထုတ်ပြလာသည့် ဒေးဗစ်ကော်ပါဖီးလ်

Photo: ဇနီးလောင်းကို ပွဲထုတ်ပြလာသည့် ဒေးဗစ်ကော်ပါဖီးလ်
Monday, January 6, 2014

ဒေးဗစ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် မော်ဒယ်လ်နှင့် ဒီဇိုင်းပညာရှင် ချလိုကို မကြာသေးမီကမှ စေ့စပ်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကော်ပါဖီးလ်က ၎င်းနှင့် လက်ထပ်မည့် မော်ဒယ်လ် ချလိုဂေါ့စလင်ကို လူအများရှေ့ ပွဲထုတ် ပြသလိုက်သည်။ သန်းပေါင်းအတော်များများ  ကြွယ်ဝချမ်းသာသည့် သူဌေးကြီးတစ်ဦးအဖြစ် ရပ်တည်နေသော ဒေးဗစ်သည် လွန်ခဲ့သော နှစ်ပေါင်းအတော်များများကလည်း စူပါမော်ဒယ်လ် တစ်ဦးဖြစ်သည့် ကလော်ဒီယာ ရှက်ဖားကို လက်ထပ်ခဲ့ဖူးသည်။ ဒေးဗစ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် မော်ဒယ်လ်နှင့် ဒီဇိုင်းပညာရှင် ချလိုကို မကြာသေးမီကမှ စေ့စပ်လိုက်ခြင်း ဖြစ်သည်။ Hello! မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေးဗစ်က မိမိသည် ကလော်ဒီယာနှင့် အတိတ်ကို လုံးဝ မေ့ဖျောက် ချန်ထားနိုင်ခဲ့ပြီဟု ဒေးဗစ်က ပြောကြားခဲ့သည်။

"ဒါတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ခုတော့ကျွန်တော် ချစ်သူတစ်ယောက်ကို စေ့စပ်လိုက်ပြီ။ ချလိုနဲ့ ကျွန်တော်တို့ဟာ ဆက်ဆံရေးတစ်ခုကို စူးစိုက် တည်ဆောက်ခဲ့ကြပါတယ်။ ဒါကို ကျွန်တော့် စိတ်ထဲမှာရော၊ နှလုံးသားထဲမှာပါ အပြည့်အဝ နေရာပေးထားတယ်"ဟု အသက်(၅၇)နှစ် ရှိပြီဖြစ်သည့် အမေရိကန် ပဉ္စလက် ပညာရှင်က ဆိုသည်။ ချလိုကလည်း "ကျွန်မ အနေနဲ့ ဒေးဗစ်နဲ့ ဆုံဆည်းခွင့်ရတ သိပ်ကို ကံကောင်းပါတယ်။ ကမ္ဘာပေါ်မှာ သူ့လိုလူစား နည်းနည်းလေးပဲ ရှိမယ်လေ။ သူဟာ ကိုယ့်ပရော်ဖက်ရှင်နယ် အလုပ်မှာ ထိပ်ဆုံးနေရာကနေ နှစ်ပေါင်း(၃၀)ကျော် ရပ်တည်ပြခဲ့ပြီးပြီ။ သူလုပ်ပြခဲ့သမျှတွေမှာ အင်မတန် ထူးခြားဆန်းကျယ်တဲ့ အရာတွေ ပါဝင်ခဲ့ပါတယ်"ဟု ဂုဏ်ယူစွာ ပြောကြားသွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: January . 7 .2014
ဒေးဗစ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် မော်ဒယ်လ်နှင့် ဒီဇိုင်းပညာရှင် ချလိုကို မကြာသေးမီကမှ စေ့စပ်
လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဗလီတစ်ခု၌ လူအုပ်ပြို၍ (၁၄)ဦးသေဆုံး

Photo: တရုတ်နိုင်ငံတွင် ဗလီတစ်ခု၌ လူအုပ်ပြို၍ (၁၄)ဦးသေဆုံး
Monday, January 6, 2014

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်

တရုတ်နိုင်ငံ၊ နင်ဇီအာ ဒေသတွင် လူအုပ်ပြိုဆင်းမှုတစ်ခု ဖြစ်ပွားရာ လူ(၁၄)ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ ဖြစ်ရပ်မျိုး အဘယ်ကြောင့် ပေါ်ပေါက်လာသည်ဆိုသော အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ ရှီဂျီမြို့ခံ ရဲတပ်ဖွဲ့သည် ဂိုင်ယွမ်စီးတီးမှ (၃၅)မိုင်မျှ အကွာတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ ဖြစ်ရပ်တွင် လူ(၁၀)ဦးမျှ ဒဏ်ရာရခဲ့ပြီး (၄)ဦးမှာ အခြေအနေ ဆိုးရွားကြောင်းလည်း BBCက ဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့၊ ဒေသစံတော်ချိန် နေ့လယ်(၁)နာရီခန့်တွင် အဆိုပါ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဟုလည်း သိရှိရသည်။ အခင်းဖြစ်ရာ နေရာတစ်ဝိုက်ကို မှတ်တမ်းယူ ရိုက်ကူးထားသော ဓာတ်ပုံများတွင် အဝတ်စများ၊ ဖိနပ်များ ဖရိုဖရဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။ ယင်းဒေသတွင် ဟိုင်တိုင်းရင်းသား အများစုနေထိုင်ပြီး ယင်းတို့သည် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။ ထို့အပြင် မွတ်ဆလင် ဘာသာဝင် အရေအတွက် အတော်များများလည်း ပျံ့နှံ့အခြေချ နေထိုင်ကြောင်း Xinhuaက ဖော်ပြထားသည်။ 

Planet Myanmar Network

RangonNewsDaily:: January . 7 .2014
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြ
ခဲ့သည်။

ဒီယေဂိုကော်စတာ ကစားသည့်ပွဲ မန်ယူကင်းထောက် သွားကြည့်ခဲ့