Pages

Tuesday, January 7, 2014

The Voice သတင်းထောက် ရိုက်နှက်ခံရမှု နှစ်လကျော်သည်အထိ တရားရုံးမရောက်

RangonNewsDaily:: January . 7 .2014
နေပြည်တော် လွှတ်တော်အစည်းအဝေးသို့ သွားရောက် သတင်းယူသော The Voice သတင်းထောက်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ပျဉ်းမနားမြို့နယ်တွင် နေသူ လူနှစ်ဦးက ထိုးကြိတ် ရိုက်နှက်

ခဲ့ပြီး ငွေတောင်းခဲ့သည့် အမှုသည် နှစ်လကျော်ကြာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ တရားရုံးသို့ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း ပျဉ်းမနားမြို့နယ်ခံ သတင်းသမားများ ထံမှ သိရှိရသည်။
အဆိုပါ ရိုက်နှက်ငွေတောင်းခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ နှစ်ဦးကို အာမခံအဖြစ် လွှတ်ထားပြီး ၄င်းတို
့နှစ်ဦးက ငွေတောင်းခံခဲ့သည်မှာမှန်ကန်သည်ဟုထွက်ဆိုခဲ့ကြောင်း တရုတ်ကြီး (ခေါ်) သံသယရှိသူ တစ်ဦး
မှာထွက်ပြေးတိမ်းရှောင် နေသောကြောင့်အမှုမှာ ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း၊ထွက်ပြေးနေသူကိုတရား
ခံပြေး အဖြစ် တရားရုံးသို့ တင်ပြသွားမည် ဖြစ်ကြောင်း ရဲစခန်းမှ အမှုစစ် ရဲအုပ်စံသိန်းက ပြောကြားသည်။

"တရားခံကို လေးငါးကြိမ်ရှာဖွေပါတယ်။မမိသေးလို့တရားခံပြေးနဲ့ပဲလာမယ့်အပတ်ထဲမှာတရားရုံးကို တင်

မှာပါ" ဟု ၄င်းက ပြောကြားသည်။

အဆိုပါအမှုကိုပျဉ်းမနားရဲစခန်းမှ(ပ) ၆၉၄/၁၃၊ ၂၉၄/၃၂၃ တို့ဖြင့် လတ်တလောအရေးယူထား သော်လည်း

ဆေးရုံကပေးသော ဆေးစာနှင့်တွဲဖက်၍ ပြစ်မှုဆိုင်ရာပုဒ်မကိုတရားရုံးမှ စိစစ်အရေးယူ ဆောင်ရွက်မည်
ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ၂၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က The Voice သတင်းထောက် ကိုအောင်

ထက်မှာ ပျဉ်းမနားရုံးခွဲသို့ဆိုင်ကယ်ဖြင့်တစ်ဦးတည်း ပြန်လာစဉ် မြို့ဦးရပ်ကွက်၊ အောင်ချမ်းသာဘုရား ရှေ့
တွင်ဆိုင်ကယ်ရှေ့မှ ယိမ်းယိုင်နေသော စက်ဘီးစီးသူ နှစ်ဦးကို စက်ရှိန်လျှော့ ရှောင်ကွင်းရာ စက်ဘီး လက်
ကိုင်နှင့် ဆိုင်ကယ်လက်ကိုင် ချိတ်မိခဲ့သောကြောင့် သတင်းထောက်က ပြန်လည် တောင်းပန်သော်လည်း စက်ဘီးစီးသူ နှစ်ဦးက ထိုးကြိတ်ရိုက်နှက် ခဲ့ကြောင်း ပျဉ်းမနား ရဲစခန်းထံမှ သိရှိရသည်။

ယင်းအပြင် နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီခွဲခန့်က မှော်ဘီမြို့နယ် အမှတ်(၄) ရပ်ကွက် ပြည်လမ်းဘေး ဟိန္ဒူဘုရားကျောင်း ရှေ့တွင် The Voice သတင်းထောက် ကိုခိုင်စိုးလင်းနှင့် အတူ ၄င်း၏သူငယ်ချင်းတို့ စား

သောက်ဆိုင်မှ နေအိမ်သို့လာစဉ်အဆိုပါရပ်ကွက် ရာအိမ်မှူး သုံးဦးက မှောင်ရိပ်ခိုကာ ရိုက်နှက်ခဲ့မှုကို သက်
ဆိုင်ရာ မြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့သော်လည်း နှစ်လကြာသည်အထိတရားစွဲတင်နိုင်ခြင်း မရှိသေး
ပေ။

"အရိုက်ခံရမှုနဲ့ ပတ်သက်တဲ့ ဆေးစာ အထောက်အထား၊ မြင်တဲ့သူတွေကို စခန်းကို ပေးထားပေမယ့် ရဲတပ်

ဖွဲ့တွေရဲ့ ဆောင်ရွက်ချက်က အားရစရာမရှိဘူး" ဟု အရိုက်ခံရသူ ကိုခိုင်စိုးလင်းက ပြောကြားသည်။

ယင်းကဲ့သို့သတင်းထောက်နှစ်ဦးရိုက်နှက် ထိုးကြိတ်ခံရမှု နှစ်ခုကို တရားရုံးသို့ တင်ပို့နိုင်ခြင်း မရှိသေးေ
သာ်

လည်း အောက်တိုဘာလ ၂၇ ရက် ညပိုင်းက Eleven Media Group ၏ နယ်သတင်းထောက် မခိုင်မှာ လွိုင်
ကော်မြို့ရှိ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ အိမ်သို့ သတင်းရယူရန် သွားရောက်ခဲ့မှုကို နှစ်ရက် အ
ကြာတွင် အောက်တိုဘာလ ၂၉ ရက်တွင် မခိုင်ကို တရားရုံးက ဆင့်ခေါ်ခဲ့ ပြီး ရှေ့နေဒေါ်အေးအေးဖြိုးက တ
ရားလို ပြုကာ တရားစွဲဆို ခဲ့ကြောင်း၊ ယင်းနောက် ပုဒ်မ ၄၅၁၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၂၄၉ (ခ) တို့ဖြင့် သတင်း
ထောက်မခိုင်ကိုဒီဇင်ဘာလ၁၇ ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment