Pages

Tuesday, March 8, 2016

လှော်ကား ရေပိုက်လိုင်းပေါက် ၁၇ မြို့နယ် ရေနှစ်ရက် ပြတ်တောက်မည်


RangonNewsDaily::March . 8 .2016
ရန်ကုန်မြို့သို့ ရေပေး ဝေသည့် လှော်ကားရေပိုက်လိုင်း ပေါက်၍ ၁၇ မြို့နယ်သို့ ရေပေး ဝေမှုနှစ်ရက်ကြာ ပြတ်တောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မတ်လ (၈)ရက်နေ့နိုင်ငံတကာအမျိုးသမီးများနေ့ ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး ကျားမတန်းတူအခွင့်အရေး အပြည့်အ၀ရရှိရေး ကုလသမဂ္ဂ့ရည်မှန်း


RangonNewsDaily::March . 8 .2016
ဒီကနေ့ မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး ကျားမတန်းတူအခွင့်အရေး အပြည့်အ၀ရရှိရေး ကုလသမဂ္ဂရဲ့ရည်မှန်းချက်ကို နိုင်ငံတကာအစိုးရတွေ အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

အီးမေးလ်နည်းပညာ တီထွင်သူ တွမ်မွန်ဆင် ကွယ်လွန်


RangonNewsDaily::March . 8 .2016
အီးမေးလ်နည်းပညာကို ဖန်တီးသူ ရေးတွမ်မွန်ဆင် (Ray Tomlinson) ဟာ အသက် (၇၄) နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း CNN သတင်းက ဖော်ပြထားပါတယ်။

တပ်မတော်လေယာဉ်တစ်စီး နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် အရှိန်ထိန်းလေထီးကြိုး ပြုတ်ထွက်ပြီး ပြေးလမ်းကျော်ထွက် ရပ်တန့်


RangonNewsDaily::March . 8 .2016
တပ်မတော်လေယာဉ်များ အုပ်စုဖွဲ့ပျံသန်းလေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် လေယာဉ်များကို တောင်ငူလေတပ်စခန်းဌာနချုပ်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရာ ယနေ့နံနက် ၁၁ နာရီ ၅၄မိနစ်ခန့်တွင် တပ်မတော်လေယာဉ်တစ်စီးသည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းသို့ တောင်ဘက်မှ မြောက်ဘက်အတိုင်းဆင်းသက်စဉ် စက်မှုဆိုင်ရာချို့ယွင်းမှုကြောင့် အရှိန်ထိန်းလေထီးကြိုး ပြုတ်ထွက်ခဲ့ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်မှ ပေ ၃၃၀ ခန့် ကျော်ထွက်၍ ပြေးလမ်းမီးတိုင် ၃ တိုင်အား တိုက်မိရပ်တန့်ခဲ့သည်။

မြေငလျှင်သတင်း


RangonNewsDaily::March . 8 .2016
၂၀၁၆ ခုနှစ်၊ မတ်လ (၇)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၄၄)မိနစ် (၂၇)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်တောင်ဘက် (၁၁)မိုင်ခန့်) အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားသည်။

သမ္မတအမည်စာရင်းတင်မယ့်ရက်မှာ လွှတ်တော်သို့ လာရောက်လေ့လာမည့်သူ စံချိန်တင်များပြား


နေပြည်တော် RangonNewsDaily::March . 8 .2016
နိုင်ငံတော်သမ္မတ ဒုသမ္မတအမည်စာရင်း ရွေးချယ်ရေး
အစည်းအဝေးများပြုလုပ်မယ့်
မတ်လ ၁၀ ရက်နေ့မှာ လွှတ်တော်သို့
လာရောက်လေ့လာမယ့်သူဦးရေ ၁၅၀၀ ရှိကြောင်း သိရပါတယ်။