Pages

Sunday, September 15, 2013

အိမ်မက်ဆုံရာ Season -6 Final ပြိုင်ပွဲ ကျင်းပပြီးစီး

အိမ်မက်ဆုံရာ Season -6 Final ပြိုင်ပွဲ ကျင်းပပြီးစီး

kolatt(PBDN): Sep . 15. 2013

အိမ်မက်ဆုံရာ Season -6 Final ပြိုင်ပွဲ ကို အမျိုးသား ဇာတ်ရုံ မှာ
ကျင်းပရာ ယာအစွန်မှ အနီရောင် ၀တ်ဆင်ထားသူ ရတနာဝိုင်းက ပထမဆုကိုထိုက်ထိုက်တန်တန် ရရှိသွားပါတယ်..

ပေါ်ပြုလာမြန်မာ::--

RangonNewsDaily:: September 15, 2013
အိမ်မက်ဆုံရာ Season -6 Final ပြိုင်ပွဲ ကို အမျိုးသား ဇာတ်ရုံ မှာ
ကျင်းပရာ ယာအစွန်မှ အနီရောင် ၀တ်ဆင်ထားသူ ရတနာဝိုင်းက ပထမဆုကိုထိုက်ထိုက်တန်တန် ရရှိသွားပါတယ်..

မက္ကာနှင့် မဒီနာ မြို့များးကို ဆက်သွယ်ထားသည့် ဟာရာမိန်းမြန်နှုန်းမြင့် ရထားလမ်း ၂၀၁၄ နှစ်ဆန်းတွင်ဖွင့်လှစ်နိုင်မည်


skorostnoy_poesd

RangonNewsDaily:: September 15, 2013
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာ၊ မဒီနာနှင့် ဂျစ်ဒါမြို့တို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၄၅၀ ရှည်လျားသည့်
 ဆောက်လုပ်ဆဲ မြန်နှုန်းမြင့်မီးရထားလမ်းအားလာမည့်၂၀၁၄ နှစ်ဆန်းတွင် အသုံးပြုနိုင် လိမ့်မည်ဟု ဆော်
ဒီရထားလမ်းပို့ဆောင်ရေးအဖွဲ့အစည်း(SRO) က ကြေညာခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားများ နိုင်ငံတော်သမ္မတကြီးကို သမ္မတရဲ့ လယ်တောအိမ်တွင်တွေ့ဆုံဆွေးနွေး


RangonNewsDaily:: September 15, 2013
၈၈မျိုးဆက်တို့သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင်နိုင်ငံတော်အဆင့် တာဝန်ရှိသူ
များနှင့်လည်းကောင်း၊

၂၄နာရီအတွင်း ပြည်၊ဟင်္သာတ၊ဇလွန်နဲ့ ငသိုင်းချောင်းမြို့တွေ ရေကြီးမည်

RangonNewsDaily:: September 15, 2013

အခုအချိန်ကနေ နောက် ၂၄နာရီအတွင်း ပြည်၊ ဟင်္သာတ၊ ဇလွန်နဲ့ ငသိုင်းချောင်း မြို့တွေမှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ပေလောက်ထိ ရေတက်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

မွန်ပါတီများ၊ လက်နက်ကိုင် အဖွဲ့များ ညီလာခံ ကျင်းပမည်

RangonNewsDaily:: September 15, 2013

မွန်တိုင်းရင်းသားပါတီတွေနဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် အင်အား စုတွေ ပါဝင်တဲ့ ညီလာခံ တစ်ရပ်ကို လာမဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ ကနေ ၃၀ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ မှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။

မအောင်မြင်သော စွန့်ဦးစီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်

RangonNewsDaily:: September 15, 2013
အောင်မြင်သော စွန့်ဦး စီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်လိုပဲ မအောင်မြင်တဲ့ စွန့်ဦးစီးပွား တီထွင်သူတို့မှာလည်း သူတို့ရဲ့  အမူအကျင့် ၅ ရပ်ရှိနေပါတယ်။ ဒါကို စီးပွားရေးဆိုင်ရာ စာရေးဆရာ Stephen key က သူ့အတွေ့အကြုံအတိုင်း ရေးသားခဲ့ပါတယ်။ မှတ်သား၊ သိမြင်စရာလေးတွေ ပါတာမို့ ဆီလျော် သလို ဘာသာပြန်မျှဝေ ပေးလိုက် ရပါတယ်။

"အထင်တော်လွဲလို့" (ဟာသ)

RangonNewsDaily:: September 15, 2013

ဘတ်စ်ကားတစ်စီးပေါ်မှာ ကောင်မလေးတစ်ယောက် မတ်တပ်ရပ်လျှက် စီးလာတယ်
ကားက ယိမ်းထိုးနေတော့ လဲမကျအောင် အပေါ်တန်းကို ကိုင်ထားရတယ်
ဖြစ်ချင်တော့ ကောင်မလေးက ဂျိုင်းပြတ်အင်္ကျီဝတ်လာတာ...
မရိတ်မသိမ်းပဲထားတော့ ဂျိုင်းက ကြည့်လို့မကောင်းဘူး ဖြစ်နေတယ်

KIA, တပ်ရင်း (၁၂ ) နှင့် (၂၇) ဒေသတွင် တိုက်ပွဲ ပြင်းထန်

KIA, တပ်ရင်း (၁၂ ) နှင့် (၂၇) ဒေသတွင် တိုက်ပွဲ ပြင်းထန်

KIA, Dap Dung (12) hte (27) Ginra Hta Gasat Poi Byin

ကချင် ပြည်နယ် ၊ ကချင် လွတ်မြောက်ရေးတပ်မတော် KIA,...
တပ်မဟာ (၃) လက်အောက်ခံ ၊ KIA, တပ်ရင်း (၁၂) အုပ်ချုပ်
ဒေသ၊နယ် မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်
လာသော မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ - ၅၂၂) စစ်ကြောင်း၊
ခ.လ.ရ-(၆၉)၊ ခ.မ.ရ-(၃၂၃) တပ်မှ စစ်ကြောင်း နှင့်
နှင့် KIA, တပ်ရင်း (၁၂) မှ KIA, မျိုးချစ်ရဲဘော်တို့ အကြား
KIA, တပ်ရင်း (၁၂) နယ်မြေကောင်းဂျာရွာ အနီးတွင် (၂၀၁၃၊
စက်တင်ဘာလ၊၁၄) ရက်နေ့တစ်နေလုံးနီးပါးအပြင်းအထန်ထိပ်
တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်းသတင်းရရှိပါသည်။
မြန်မာ အစိုးရ စစ်တပ်ဘက်မှ ကောင်းဂျာ ရွာထဲ သို့ (၆၀-မမ)
လက်နက်ကြီးများဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ် ကြောင်း
သတင်းရရှိပါသည်။
ထို့ အပြင် စက်တင်ဘာလ (၁၃) ရက်နေ့တွင်လည်း KIA,တပ်
မဟာ (၃) လက်အောက်ခံ KIA တပ်ရင်း (၂၇)အုပ်ချုပ်နယ်မြေ
အတွင်းသို့ ရှမ်းပြည် ဘက်မှ ထိုးစစ်ဆင်ကျူးကျော်ဝင်ရောက်
လာ သောမြန်မာအစိုးရစစ်တပ် အင်အား (၁၀၀) ကျော် နှင့်
KIA, တပ်ရင်း (၂၇) တပ်ဖွဲ့ တို့ အပြင်းအထန် ရင်ဆိုင် တိုက်ပွဲ
ဖြစ်ပွား ကြောင်း လည်းထပ်မံ သတင်းရရှိပါသည်။



Dung (12) ginra rai nga ai,Kawng Ja maga kaw na Nam
Hpang Hka maga de htu lung wa ai Hk.L.Y (69),Hk.M.Y
(323) ,Hk.M.Y (522) dap ni hte Dung (12) dap na hpyen
hpung ni 2013 Sep 14 ya shani laja lana gasat poi byin
ai lam chye lu ai.
Tai hpyen hpung ni Kawng Ja mare grup yin de 60 mm
shi lang jan daram gap bun ai lam mung matut chye lu
ai.
ှ2013 ning,Sep, 13 ya sha ni hta mung KIA Dap Ba (3)
n pu KIA, Dap dung (27) ginra de lahta sam mung de
na htu lung wa ai myen hpyen hdap hpyen n gun (100)
jan hte Dung (27) na KIA, myutsaw share ning hkring
ni ga sat poi byin ai lam shiga na chye lu ai.

RangonNewsDaily:: September 15, 2013
ကချင် ပြည်နယ် ၊ ကချင် လွတ်မြောက်ရေးတပ်မတော် KIA,...တပ်မဟာ (၃) လက်အောက်ခံ ၊ KIA, တပ်
ရင်း (၁၂) အုပ်ချုပ်ဒေသ၊နယ် မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာသော မြန်မာ အစိုးရ စစ်
တပ် (ခ.မ.ရ - ၅၂၂) စစ်ကြောင်း၊ခ.လ.ရ-(၆၉)၊ ခ.မ.ရ-(၃၂၃)တပ်မှစစ်ကြောင်း နှင့်နှင့် KIA, တပ်ရင်း(၁၂) 

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး သောက်သင့်၊ မသောက်သင့်

ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး သောက်သင့်၊ မသောက်သင့်
-------------------------------------------------------------------

ဒီPostကို ရေးရတာက ခုတလော မြန်မာပြည်မှာ ဆင်ခြေထောက် ရောဂါကာကွယ်ဆေး ခေတ်စားနေလို့ပါ၊
ဆေးသောက်သင့် မသောက်သင့် facebookကနေမေးတဲ့ သူငယ်ချင်းတွေလည်း အများကြီးရှိတာမို့ ရေးလိုက်တာပါ၊ 

ဆရာဝန်ငယ်တယောက်အနေနဲ့သိတဲ့Knowledgeလေးကို shareလုပ်ချင်လို့ပါ ။

ဆင်ခြေထောက်ရောဂါ(Elephantiasis) ဆိုတာက ခြင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါပါ ။ 

microfilariaလို့ခေါ်တဲ့ပိုးမွှားကခြင်မှတဆင့်လူတဦးမှတဦးဆီကူးစက်ပါတယ် လူကိုယ်ထဲရောက်ပြီတိုအဆမတန်ပွားများပါတယ်၊ 

Larvaအဆင့်ကနေadult wormအဆင့်ကိုပြောင်းလဲပါတယ်၊ larvaခေါ်တဲ့ သားလောင်းအဆင့်ကိုတော့ သွေးထဲမှာအများဆုံးတွေ့နိုင်ပြီး adult wormကတော့ လူရဲ့ပြန်ရည်ကြောစနစ်မှာ ရှင်သန်ပါတယ် 

ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ ပိုးကို ဓာတ်မတည့်တဲ့ယားယံတာ၊ အင်ပြင်ထတာ၊ ပန်းနာရင်ကျပ်ဆန်ဆန်ဖြစ်တာ 
ပြန်ရည်ကြောစနစ်ပျက်စီးလို့ဖြစ်တဲ့ ဖောရောင်တာ၊ အကြိတ်တွေရောင်တာ၊ဖျားတာတွေဖြစ်တတ်ပါတယ် ။ 

နောက်ဆုံးအဆင့်ဖြစ်တဲ့ဆင်ခြေထောက်ဖြစ်တဲ့အဆင့်ကိုရောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူရပါတယ်ဖြစ်ပြီးဆိုရင်တော့ ဆင်ခြေထောက်က ပြန်မကောင်းနိုင်တော့ ပါဘူး ။ 

ရောဂါကိုကုသတဲ့ဆေးနဲ့ကာကွယ်တဲ့ဆေးကအတူတူပဲဖြစ်ပါတယ်(doseတော့မတူပါဘူး)ဆေးရဲ့အာနိသင်ကsingle doseနဲ့တောင်
larvaရောadult wormရောအားလုံးကို၈၀%သတ်နိုင်ပါတယ် ။

အာနိသင်ကောင်းသလိုဘေးထွက်ဆိးကျိုးကလည်းလူတစ်ဦးနဲ့တစ်ဦးမှာမတူပါဘူး၊တချို့လူတွေမှာမူးတာ၊ပျို့တာလောက်ပဲဖြစ်နိင်ပေမယ့်ဓာတ်မတည့်ရင်ပြင်းထန်တဲ့ဦးနှောက်ရောင်တာ၊မျက်စိအမြင်လွှာသွေးယိုတာမျိုးတွေအထိဖြစ်နိုင်ပါတယ်(ရှားပါတယ်)

ဆေးကိုသွေးတိုး၊နှလုံး၊ဆီးချိုရောဂါရှိသူတွေ၊ကိုယ်ဝန်ဆောင်တွေ၊နို့တိုက်မိခင်တွေ၊ယခင်ကပြင်းထန်တဲ့ဓာတ်မတည့်မှုဖြစ်ဘူးသူတွေ၊ပန်းနာရင်ကြပ်ရှိသူတွေမသုံးသင့်ပါဘူး

sideeffectများတဲ့ကြားကနေကာကွယ်ဆေးအဖြစ်ဘာကြောင့်သုံးသလဲဆိုရင်လူမှလူကိုခြင်မှတဆင့်မကူးစက်နိုင်တော့အောင်ပါ

အကောင်းဆုံးနည်းလမ်းကတော့ရောဂါပိုးသယ်ဆောင်တဲ့ညဘက်ကိုက်တတ်တဲ့culexခြင်နှိမ်နင်းရေးပါ၊ဒီခြင်ကအာရှရဲ့ကမ်းရိုးတန်းဒေကာသအတော်များများမှာတွေ့နိုင်ပါတယ်၊ကာကွယ်ဆေးကနှစ်စဉ်သောက်ဖို့လိုအပ်ပါတယ်

ကာကွယ်ဆေးသောက်သင့်မသောက်သင့်ကတော့လူတစ်ဦးချင်းစီပေါ်မူတည်ပါတယ်၊မြန်မာနိုင်ငံလူဦးးရေရာနှုန်းအတော်များများမှာဒီရောဂါပိုးရှိပြီးသားပါ၊

ထို့ကြောင့် တနိုင်ငံလုံး လွှမ်းခြုံနိင်ဖို့ ကာကွယ်ဆေးတိုက်တာဖြစ်ပါတယ်

၊မိမိရဲ့ကျန်းမာရေးအခြေအနေအရချင့်ချိန်ပြီး သောက်သင့်မှ သောက်ကြပါလို့ပြောချင်ပါတယ် ။

ကျွန်မဆရာဝန်ငယ်တယောက်ရဲ့knowledgeပါ...

ဆရာဝန်သူငယ်ချင်းများအားလုံးလိုအပ်တာရှိလျှင်ထပ်ဖြည့်ပေးကြပါ ။ 

Dr.အိခိုင်မွန်
၁၂.၉.၂၀၁၃

RangonNewsDaily:: September 15, 2013
အခုတလော နယ်မြို့တစ်မြို့မှာ ဆင်ခြေထောက်ရောဂါခံစားနေရတဲ့ သူတွေ့၇ှိရတာနဲ့ပတ်သတ်ပြီး နိုင်ငံ
တော်အစိုး၇ရဲ့လမ်းညွန်မှုနဲ့ ကျန်းမာေ၇းဝန်ကြီးငှာနမှ နိုင်ငံတစ်ဝန်းဆင်ခြေထောက်ရောဂါကာကွယ်ဆေး
အခမဲ့တိုက်ကြွေးနေတာ အားလုံးအသိပဲဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းထောင်မှာ အကျဉ်းကျနေကြတဲ့ အကျဉ်းသားတွေဟာ ထောင်တာဝန်ရှိသူတွေရဲ့ ဖိနှိပ်ညှင်းစဲမှုတွေကို မခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒဖော်ထုတ်

 RangonNewsDaily:: September 15, 2013
တနင်္သာရီတိုင်း၊ ကော့သောင်းထောင်မှာ အကျဉ်းကျနေကြတဲ့ အကျဉ်းသားတွေဟာ ထောင်တာဝန်ရှိသူတွေရဲ့ ဖိနှိပ်ညှင်းစဲမှုတွေကို မခံမရပ်နိုင်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်အလုပ်သမားတစ်ဦး သေဆုံးမှုအား စုံစမ်းဖော်ထုတ်ရန် တရုတ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ ရောက်ရှိနေပြီး စီအိုင်ဒီက ဆက်လက်စုံစမ်းဆောင်ရွက်နေ

RangonNewsDaily:: September 15, 2013

တရုတ်အလုပ်သမားတစ်ဦး သေဆုံးမှုအား စုံစမ်းဖော်ထုတ်ရန် တရုတ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ စက်တင်ဘာ ၁၂ ရက်က ကျောက်ဖြူမြို့သို့ ရောက်ရှိနေပြီး စီအိုင်ဒီက ဆက်လက်စုံစမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

"ဆန္ဒမစောပါနဲ့" (ဟာသ)

RangonNewsDaily:: September 15, 2013

မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ် အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...
"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို

**စစ်တပ်ရဲ့ စွပ်စွဲချက်ကို KIO မှတာဝန်ရှိသူ ဖြေရှင်းချက်ထုတ်**

RangonNewsDaily:: September 15, 2013

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိ တစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာ
ကွယ်ရေးဝန်ကြီးဌာနကဒီနေ့သတင်းထုတ်ပြန်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးKIOအဖွဲ့ကလည်းအပြန်အလှန်
ငြင်းဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းထားသည့် အမေရိကန်၊ အီးယူ အစရှိသော နိုင်ငံများအနေဖြင့် အကောင်းမြင်မှု မလွန်ကဲစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

RangonNewsDaily:: September 15, 2013

ဥရောပ သုံးနိုင်ငံ၏ ဒုတိယနိုင်ငံ ခရီးစဉ်ဖြစ်သော ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နှင့် အီးယူ(ဥရောပသမဂ္ဂ) နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင် အကောင်းမြင်မှု မလွန်ကဲစေရန် သတိပေး ပြောကြားခဲ့ကြောင်း Vatican Radio ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက သတင်းဖော်ပြခဲ့ပါသည်။

အထူးဇိမ်ခံရထား ဂျပန်တွင် ပြေးဆွဲမည်

အထူးဇိမ်ခံရထား ဂျပန်တွင် ပြေးဆွဲမည်
==========================
တိုကျို ၊ စက်တင်ဘာ(၁၃) ၊ Ref - AFP
==========================
ငွေပေါပေါသုံးပြီးခရီးသွား လိုသူများအားမျှော်ကိုး၍ ဂျပန် နိုင်ငံ ကျူရှူးမီးရထား Nanat suboshi (ကြယ်ခုနစ်ပွင့်)ကုမ္ပဏီမှ စူပါဇိမ်ခံမီးရထားအသစ်တစ်မျိုး ကို ထုတ်ဖော်ပြသခဲ့သည်။
သစ်သားဖြင့် မွမ်းမံထား သော အိပ်ခန်းအကောင်းစား၊ ခုတင်များနှင့် စာရေးစားပွဲအပြင် ရေပန်း၊ ရေချိုးခန်းနှင့်တွဲလျက် သန့်စင်ခန်း အပူပေးထိုင်ခုံများ ပါဝင်ကြောင်းသိရသည်။
ကျူရှူကျွန်းတောင်ပိုင်း ကျေးလက်ဒေသတစ်ဝိုက်တွင် သုံးညအိပ်လေးရက်စုံတွဲတစ်တွဲ လျှင် ယန်း ၁ဒသမ၁၃သန်းဖြင့် ပြေးဆွဲမည်ဟုသိရသည်။ ခံ့ညား ပြီး သိက္ခာရှိ၍ ဂျပန်နှင့်အနောက် တိုင်းပေါင်းစပ်ထားသော ဒီဇိုင်း အသစ်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ကြွားဝါဖော်ပြ ထားသည်။ လာမည့်လတွင်စတင် ပြေးဆွဲမည်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ဇွန်လအထိ လက်မှတ်များ ရောင်းပြီးကြောင်း သိရသည်။

အေးချမ်းမွန် Credit To > Yangon Media Group < Thanks
Re-posted By ACM 15-9-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: September 15, 2013
ငွေပေါပေါသုံးပြီးခရီးသွား လိုသူများအားမျှော်ကိုး၍ ဂျပန် နိုင်ငံ ကျူရှူးမီးရထား Nanat suboshi (ကြယ်ခုနစ်ပွင့်)
ကုမ္ပဏီမှ စူပါဇိမ်ခံမီးရထားအသစ်တစ်မျိုး ကို ထုတ်ဖော်ပြသခဲ့သည်။

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်
============================
တိုကျို ၊ စက်တင်ဘာ(၁၃) ၊ Ref-AFP
============================
Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။

အေးချမ်းမွန် Credit To > Yangon Media Group < Thanks
Re-posted By ACM 15-9-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: September 15, 2013
Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

အိန္ဒိယတွင် အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Photo: အိန္ဒိယတွင် အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
 Saturday, September 14, 2013

သောကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

မငြိမ်မသက်မှုများ ရှိနေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခု သောကြာနေ့ နှောင်းပိုင်းက ဖြစ် ပွားခဲ့ရာ ကျပန်း အလုပ်ကြမ်းသမား ၉ ဦးသေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ ယနေ့ ပြောကြားသည်။ သော ကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဗုံးကို ယာယီရွက်ဖျင်တဲ တစ်ခုအတွင်း တပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း Manipur ရဲတပ်ဖွဲ့အကြီးအကဲ အမ်ကေ ဒက်စ်က AFP သို့ ပြောကြားသည်။

လူ ၉ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဒေသခံ ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက အတည်ပြုသည်။ ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ သေဆုံး ဒဏ်ရာရရှိသူများမှာ ကိုလ်ကတ္တားအခြေစိုက် ကုမ္ပဏီတစ်ခုမှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း သိရသည်။ ဗုံးခွဲတိုက်ခိုက်ခြင်း၏ အကြောင်းရင်း အတိအကျကို မသိရှိရသေးချေ။ အိန္ဒိယရှိ သူပုန်အုပ်စုကလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားမှု မရှိကြောင်း သတင်းများက ဖော်ပြသည်။

ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာဒေသမှာ သူပုန်အုပ်စုများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကာလရှည်ကြာ မတည်ငြိမ်မှုများ ရှိခဲ့ပြီး ဒါဇင်နှင့်ချီသော လူမျိုးစုအဖွဲ့အစည်း နေထိုင်လျက်ရှိသည်။ ထို့အပြင် လက်နက်ကိုင် ပြောက်ကျားအုပ်စုငယ်များလည်း ရှိနေပြီး ၎င်းတို့က အိန္ဒိယအစိုးရကို ပုန်ကန်တော်လှန်နေကြသည်။ အဆိုပါ လက်နက်ကိုင် သူပုန်အုပ်စုများသည် ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်မှုနှင့် ဆက်စပ်၍ ၎င်းတို့အချင်းချင်းလည်း မကြာခဏ ရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်။

၁၉၄၇ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၇ ခုအနက် ပြည်နယ် ၆ ခုတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၅၀,၀၀၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ လက်နက်ကိုင် ပုန်ကုန်တော်လှန်နေသည့် အုပ်စုများက ၎င်းတို့နေထိုင်ရာ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသကို အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များက လစ်လျူရှုထားကြကြောင်း စွပ်စွဲထားသည်။ 

Planet Myanmar Network

RangonNewsDaily:: September 14, 2013

သောကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

Windows Phone တွင်လည်း အကူအမျိုးသမီး ပါဝင်လာမည်