Pages

Wednesday, April 23, 2014

သတင်းစာဆရာကြီးဦးဝင်းတင် ဈာပနအခမ်းအနားသို့ ဈာပနကြည့်ရှုသည့် ပရိသတ်ဦးရေ လေးသောင်းနီးပါးရှိ အသုဘလာပို့သူ များလွန်းသဖြင့် မူးလဲသူအချို့ရှိ


RangonNewsDaily: April . 23 .2014
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းတင်၏ နောက်ဆုံးခရီးကို အနယ်နယ် အရပ်ရပ်မှ နိုင်ငံရေးသမားများ၊ ပြည်သူများ
လိုက်ပါပို့ဆောင်သူ များလွန်းပြီး ရာသီဥတု ပူပြင်းသဖြင့် မူးမေ့လဲသူများ ရှိသည်ဟု ထိုနေရာတွင် သွားရောက်သတင်းယူသည့် မဇ္ဈိမသတင်းထောက် နန်းလွင်နှင်းပွင့်ကသတင်းပေးပို့သည်။

Windows 9 အချက်အလက် အသေးစိတ် ထွက်ပေါ်လာ


RangonNewsDaily: April . 23 .2014
အနာဂတ်တွင် ထွက်ပေါ်လာဖွယ်ရှိသည့် Windows နှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို Windows နှင့် ပတ်
သက်သည့် ဆက်စပ် သတင်းများ ဖော်ပြပေးသော ရုရှားဝက်ဆိုက် WZOR က ဖော်ပြခဲ့ပေးကြောင်း သိရသည်။

မန္တလေးတွင် နေ့အပူချိန်မြင့်တက်၍ တစ်ရက်အတွင်း ခြောက်ဦးသေဆုံး


RangonNewsDaily: April . 23 .2014
မြန်မာတစ်နိုင်ငံလုံးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးများ လွန်ကဲအဆင့်သို့ ရောက်ရှိနေပြီး မန္တလေးတိုင်း ဒေသကြီး
၏ နေ့အပူချိန်မှာ ဧပြီလအတွင်း မြင့်တက်လာသဖြင့် အပူဒဏ်ကြောင့် ဧပြီလ၂၁ ရက်နေ့ တစ်ရက်အတွင်း လူခြောက်ဦး သေဆုံး
ခဲ့ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားအား ထောင်အတွင်းမှ သံချေခြင်းခက်ပုံစံဖြင့် တက်ရောက်ဂါရ၀ပြု


RangonNewsDaily: April . 23 .2014
ဟံသာဝတီဦးဝင်းတင်၏ဈာပနအခမ်းအနားအား ဦးထွန်းလွင် ဆိုသူမှ ထောင်အတွင်း သံချေခြင်းခက်သည့် ပုံစံမျိုးဝတ်ဆင်ကာ တက်ရောက် ဂါရ၀ပြုခဲ့သည်။ 

စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော


RangonNewsDaily: April . 23 .2014
စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကပြောကြားလိုက်သည်။

လူဦးရေ ရှစ်သန်းနှင့် ဖရိုဖရဲ ရန်ကုန်


RangonNewsDaily: April . 23 .2014
မိုးမျှော်တိုက်ကြီးတစ်လုံး၏မလှမ်း မကမ်းရှိ ကားလမ်းတစ်ခုသာခြား သော ရေနုတ်မြောင်းကြီးကိုကျော ပေးထားသည့် တဲသာသာမြေစိုက်အိမ်ငယ်အချို့၌ ကလေးငယ်အချို့ ဆော့ကစားနေပြီး အလုပ်သွားရန်ပြင်ဆင်နေသည့် လင်ယောက်ျားတစ်ဦးကဇနီးသည်ကို နှုတ်ဆက်နေသည်။

အဘဦးဝင်းတင် ဂူသွင်းသဂြိုလ်ခြင်းအတွက် ရေဝေးသုဿန်ကို လာရောက်ကြ ရာ ကြိတ်ကြိတ်တိုးများပြား


RangonNewsDaily: April . 23 .2014
အဘဦးဝင်းတင်ကို ချစ်ကြည်ညိုတဲ့ပြည်သူတွေ ညနေ ၅ နာရီမှ ပြုလုပ်မဲ့ ဂူသွင်းသဂြိုလ်ခြင်းအတွက် ရေဝေးသုဿန်ကို လာရောက်ကြ
ရာ ကြိတ်ကြိတ်တိုးများပြား ... အတွင်းသို့ ၀င်ရောက်နိုင်ရန်ပင် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

Succeed အဖြူရောင် အငှားယာဉ် အပူ လွန်ကဲရာမှ မီးလောင်


RangonNewsDaily: April . 23 .2014
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၇)ရပ်ကွက် ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့မွန်းလွဲ ၂နာရီ မိနစ် ၅ဝတွင် တောင်ဘက်မှ မြောက်ဘက်သို့ ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် အဖြူရောင် Succeed ယာဉ်အမှတ် 6E /………… အငှားယာဉ်သည် ကားအင်ဂျင် အပူလွန်ကဲပြီး မီးလောင် ကျွမ်းရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီတွင် မီးငြိမ်း သွားခဲ့သည်။

ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်


RangonNewsDaily: April . 23 .2014
အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင်ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

၁၀ ရက်ကြာပိတ်ထားသည့် အစိုးရရုံးများပြန်ဖွင့်၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရွှေဂုံတိုင်) ရုံးတို့တွင် တန်းစီစောင့်ဆိုင်းရသည်အထိ လုပ်ငန်းဆောင်ရွက်သူ များပြား

RangonNewsDaily: April . 23 .2014
မဟာသင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ၁၀ ရက်ကြာ ပိတ်ထားသည့် အစိုးရရုံးများသည် ဧပြီ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရွှေဂုံတိုင်)တို့တွင် တန်းစီစောင့်ဆိုင်းရသည်အထိ လုပ်ငန်းဆောင်ရွက်သူများ များပြားခဲ့သည်ကို တွေ့ရသည်။မဟာသင်္ကြန် ရုံးပိတ်ရက် ကာလအဖြစ် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်ကြာ အစိုးရရုံးများကို ပိတ်ထားခဲ့ပြီးသည့်နောက် ပြန်လည်ဖွင့်လှစ်ရာတွင် ယခုကဲ့သို့ လုပ်ငန်းဆောင်ရွက်လိုသူများ များပြားခဲ့ခြင်း ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်

RangonNewsDaily: April . 23 .2014
ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှုလည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်


RangonNewsDaily: April . 23 .2014
နေအိမ်မီးလောင်မှု အတွက် အိမ်ထောင်ဦးစီးဖြစ် သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် ကို မီးပေါ့ဆစွာသုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ချင်းတွင်းတံတား(မုံရွာ)တွင် ကားတစ်စီးတိမ်းမှောက် ၃ ဦးသေ ၁၁ ဦးဒဏ်ရာရ

RangonNewsDaily: April . 23 .2014
ချင်းတွင်းတံတား(မုံရွာ)တွင် ဒိုင်နာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် သုံးဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိ
သွားသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၂၂ ရက်ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာဒု-တပ်ဖွဲ့ခွဲ
ရုံး၏ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

သတင်းစာဆရာကြီး ဦးဝင်းတင် ဈာပနအခမ်းအနား ကျင်းပ


RangonNewsDaily: April . 23 .2014
ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ဒီနေ့ ကျင်းပနေပါတယ်။

လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး


RangonNewsDaily: April . 23 .2014
ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ


RangonNewsDaily: April . 23 .2014
ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင်ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားအယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့
နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

ချစ်သူအပေါ် ကျွန်တော့်ရဲ့စိုးရိမ်မှုများ ( ချစ်တတ်သူတိုင်း ဖတ်ကြည့်ပါ )


RangonNewsDaily: April . 23 .2014
၁။ သူအမြဲမေးတတ်တယ်…” ဘယ်မှာလဲ? အခုဘာလုပ်နေလဲ?”
(သူမင်းကို သတိရနေတာပါ၊ မင်းနဲ့ စကားပြောချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့ သူဇဝေဇ၀ါ
ဖြစ်နေတယ်။ မင်းအလုပ်ရှုပ်နေမှာ ကိုလဲ စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။
တခြားလူဆို ဘာလုပ်လုပ်ပေါ့… သူဂရုမစိုက်ဘူး။

ပြည့်ဖြိုးအောင် ခရီးသည်တင်ကား အမြန်လမ်းတွင် မီးလောင်မှုဖြစ်


RangonNewsDaily: April . 23 .2014
ဧပြီလ(၂၃)ရက်နေ့ ယနေ့ည ၇း၃၀ အချိန်ခန့်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းမတွင် ပြည့်ဖြိုးအောင် ခရီးသည်တင်ကား တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။ရန်ကုန်မှ ချောက်သို့မောင်းနှင်လာသည့် အဆိုပါကားမှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၇ဖာလုံ အရောက်တွင် ကားဘရိတ်ရူးများ ငြိရာမှ အပှုလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။

"တောင်ကိုရီးယား ကူးတို့ယာဉ်နစ်မြုပ်မှု အသေအပျောက် (၁၀၀)ကျော်ထိရှိလာ"


RangonNewsDaily: April . 23 .2014
တောင်ကိုရီးယားမှ ကူးတို့ရေယာဉ် နစ်မြုပ်မှုတွင် အသေအပျောက် ပမာဏသည် (၁၀၀)ကျော်သွားပြီဟု တာဝန်ရှိသူများက အတည်ပြု ကြေညာခဲ့သည်။ရေငုပ်သမားများသည် ဇောက်ထိုးမိုးမျှော် နစ်မြုပ်သွားသည့် ရေယာဉ်၏ ကိုယ်ထည်အတွင်း ဝင်ရောက်ကာ နောက်ထပ် အလောင်းများကို ဆွဲထုတ်နေဆဲ ဖြစ်သည်။