Pages

Friday, April 26, 2013

လူမျိုးစာရင်းကောက်ခံတဲ့နေရာမှာ ဘင်္ဂါလီလူမျိုး အဖြစ်လက်မှတ် ထိုးပေးရမယ်လို့ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၂၆ ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံမှုတဲ့အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ဒေသခံတွေပြောစကားအရသိရပါတယ်။“ ဒီနေ့စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ဝင်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့မှတ်တမ်းတင်ထားမယ်လို့ပြောတယ...

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို တင်ဆက်ပေးလိုက်ပါတယ်...

မြို့တော် စစ်တွေထက် အမ်းမြို့ကို တန်ဖိုးနည်း SIM Card ဆယ်ဆခန့် ရောင်းချ

စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် တန်ဖိုးနည်း ၁၅,၀၀ ကျပ်တန် CDMA ဆင်းကတ်များကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ မဲချပေးလျက်ရှိရာ အမ်းနှင့်စစ်တွေ နှစ်မြို့နယ်သာ ရရှိကြပြီး ကျန် ၁၅ မြို့နယ်မှာ မရသေးကြောင်း သိရသည...

မန်ချက်စတာ ယူနိုက်တက် အသင်း ရာသီသိမ်းရန် (၄)ပွဲ အလို ပရီးမီးယားလိဂ်ဖလားစောစီးစွာရရှိ

“မန်ချက်စတာမြို့တွင် မန်ယူ လှည့်လည်အောင်ပွဲခံမည်” မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့်အတူ မန်ချက်စတာမြို့အတွင်း လှည့်လည် အောင်ပွဲခံမည့် အခမ်းအနားအား မေလ (၁၃)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။...

မြန်မာ ဘုန်းတော်ကြီးကျောင်းရှိရာ မလေးရှား နိုင်ငံပီနန်းမြို့ရှိ ကုန်တိုက်များတွင် ၉၆၉ များ အခြေစိုက် လှုပ်ရှားနေ

26 April 2013 မလေးရှား နိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား အရေအတွက် မှ စုစုပေါင်း ၇ သိန်းမှ ၁ သန်းခန့် ရှိပါသည်။မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လာရောက် အလုပ်လုပ် ကိုင်နေကြရာတွင် မိမိတို့ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးဖြင့် သာရေး နာရေး လူမှုရေးများကို လူမျိုးမရွေး ဘာသာမရွေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်...

မော်လမြိုင် ကြက်တန်းမန္တလေးရပ်တွင် ၉၆၉ အကြမ်းဖက်လှုပ်ရှားသူများဆူပှုမှုဖြစ်စေရန် လှုံဆော်မှုများပြုလုပ်နေ့ 

25-4-2013 ည ၁၁ နာရီပတ်ဝန်းကျင်မှာ မော်လမြိုင် ကြက်တန်းမန္တလေးရပ်တွင် ၉၆၉ အကြမ်းဖက်လှုပ်ရှားသူများက မော်တော်ဆိုင်ကယ် အစင်းရေ ၃၀ ခန့်နဲ့ လက်နက်များကိုင်ဆောင်ပြီး လှည့်ပတ်သွားလာနေကြာင်းသိရပါတယ် ။ ၁၁ နာရီ ၃၀ ခန့်မှာတော့ ရဲနှင့်...

လက်ပံတောင်းတောင်နယ်မြေ ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုအပေါ် ထိရောက်စွာ အရေးယူမည်ဆိုသော ပြည်ထဲရေး၏ ထုတ်ပြန်မှုကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ဝေဖန်

Eleven Media Group လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ် Friday, 26 April 2013 ဧပြီ ၂၄ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံအချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင်ဖမ်းဆီးရမိသူများကိုထိရောက်စွာအရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် အရေးယူသွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန်ကြေညာမှု အပေါ် နယ်ပယ်အသီးသီးမှ ထင်ရှားသူတို့က...

Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook နဲ့ ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိနေ

ဝါရှင်တန်ဒီစီ အခြေစိုက် Robert F. Kennedy Center for Justice and Human Rights ၏ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Apple ၏အမှုအောင် အရာရှိချုပ်ဖြစ်သူTim Cook နှင့် ၁ နာရီခန့်ကြာ  ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိရာ ယခုအခါတွင် ဒေါ်လာ ၂၃၀၀၀၀ အထိ ဈေးပေါက်နေပြီဟု သိရှိရသည်။...

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ် က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။ယာဉ်တိုက်မှုကြောင့်တံတားခဏပိတ်သွားတဲ့အတွက်ကားတွေရပ်ပြီး စောင့်ဆိုင်းလိုက် ရပါတယ်။ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲ ဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတား ပလက်ဖောင်း မှာ ငုတ်တုတ်ထိုင်ပြီး...

စစ်တွေမြို့၌ ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှုကြောင့်ပစ်ခတ်ရာ ကလေးတစ်ဦး ဒဏ်ရာရ

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၆)ရက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းတွင် လ၀ကနှင့် အစိုးရ တာဝန်ရှိ သူများ သွားရောက်၍ ရိုဟင်ဂျာမွတ်စလင်မ်များထံမှ သန်းခေါင်စာရင်းများကို သိမ်းယူရန် တောင်းဆိုကာ၊ အသင့်ယူဆောင်လာသောပုံစံများတွင် အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်ခိုင်း၍ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရပါသည...

ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိတဲ့ တပ်မတော်သား ၃ဦးလုံးထိမ်းသိမ်းခံရပြီ

ဧပြီလ ၂၃ ရက်နေ့ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးလုံးကို ယခုအခါ ခလရ ၇၅ တပ်ရင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သေဆုံးသူ ဇော်မင်းဦး ၏ ဈာပန အခမ်းအနားသို့  ခလရ၇၅ မှတပ်မတော်အရာရှိများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။...

“ဗြိတိန်တွင် အချမ်းသာဆုံး ဘောလုံးမန်နေဂျာအဖြစ် ဖာဂူဆန် ရပ်တည်”

ဗြိတိန် တစ်နိုင်ငံလုံးရှိ ဘောလုံးမန်နေဂျာများအနက် အကြွယ်ဝ အချမ်းသာဆုံး စာရင်းတွင် မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဆာအဲလက်စ် ဖာဂူဆန်က ဦးဆောင်နေဆဲ ဖြစ်သည...

စစ်တွေမြို့တွင် လ၀က ဦးစီးမှူးက ရိုဟင်ဂျာလူငယ်တဦးအား ပါးရိုက်သဖြင့် ဆူပှုမှုဖြစ်ပွား

ယနေ့ နံနက် ၉ နာရီကျော်ခန့်ကလဝက၊ရဲ၊စစ်တပ်သုံးအဖွဲ့သည်ရိုဟင်ဂျာများနေထိုင်သောသဲချောင်း၊ဘော ဒူဗ၊ သက်ကေပြင် ကျေးရွာများသို့ လူဦးရေစစ်ဆေးမှုများပြုလုပ်ရန်လာရာ ဒေသခံလူငယ်များက “ရိုဟင်  ဂျာ” ဟုရေးမှသာလက်မှတ်ထိုးမည်ဟုပြောလာသည်ကို...

လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စများနှင့်ပတ်သတ်ပြီး ဗလီရှေ့ဆောင်ဆရာ၊ ဓမ္မသတ်မှူး မွဖ်သီဂျာအ်ဖရ် နှင့် အင်တာဗျူး

လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊တိုင်းရင်း သားစည်းလုံးညီရေး၊ အစ္စလာမ်အပေါ် အမြင်မှားစေရန် မုန်းတီးရေးစာပေများ ပြန့်နှံနေမှု၊ မဒ်ရဆာဟ် ခေါ် အစ္စလာမ့်ဘာသာရေး စာသင့်ကျောင်းတွေမှာ ခေတ်ပညာများပါ သင်ကြားအရေးအတွက် ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ရန် လိုအပ်ပုံ၊ အစွန်းရောက် အကြမ်းဖက်ဝါဒအပေါ် အမြင်၊ စသည့် တို့ကို M-Media မှ ရန်ကုန် မြို့လယ် ဆူးလေးစေတီနှင့်...

Samsung Galaxy S4 မေ ၄ တွင် ပြည်တွင်း၌ စတင်ရောင်းချမည်

ရန်ကုန်၊ ဧပြီ ၂၆ ဆမ်ဆောင်း၏ စွမ်းရည်မြင့် မျိုးဆက်သစ်ဖုန်း Galaxy S4 ကို လာမည့် မေလ ၄ ရက်နေ့ တွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်သည်။ Galaxy S4 စမတ်ဖုန်းမှာ ၅ လက်မ မြင်ကွင်းရှိမည် ဖြစ် ပြီး အလုံးရေ (၁၀၀၀)အားအထူးနှုန်းငါးသိန်းခြောက်သောင်းကိုးထောင်(569,000) ကျပ်ဖြင့် မေလ ၄ ရက်နေ့ တွင် ဆီဒိုးနာဟိုတယ် ပထမထပ်၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည...

မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေ

အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည...

ညောင်ပင်သာရဲစခန်းကို ချီတက်ဆန္ဒပြနေတဲ့ တုံရွာဆန္ဒပြအဖွဲ့ ရှေ့ဆက်မသွားဖို့ တားမြစ်ခံရ

ညောင်ပင်သာရဲစခန်းကို ချီတက်ဆန္ဒပြနေတဲ့ တုံရွာထိပ်ကထွက်ခွာလာတဲ့ ဆန္ဒပြအဖွဲ့ကို မုံရွာခရိုင်ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းနဲ့ မုံရွာခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ပြီး ရှေ့ဆက်မသွားဖို့ တားဆီးနေ တယ်လို့ သိရပါတယ်...

အခွန်အများဆုံး ထမ်းဆောင်သူ ကုမ္ပဏီအစုဖွဲ့စာရင်း မေလအတွင်း ထုတ်ပြန်မည်

FRIDAY, APRIL 26, 2013 ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သူ ကုမ္ပဏီအစုဖွဲ့စာရင်းကို မေလအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။...

တရုတ်ဝန်ထမ်း ၄၀ ကချင်အစိုးရ ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေး

ဧပြီ ၂၆ ရက် ၂၀၁၃ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်-ဆဒုံး-ကန်ပိုက်တီလမ်း ပြုပြင်နေချိန်အတွင်း မြန်မာနိုင်ငံမှာ နေထိုင်နိုင်ဖို့အတွက် တရုတ်နိုင်ငံ ထိန်ချုံးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား အယောက် ၄၀ ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့...

ကြုံတောင့်ကြုံခဲ့ တွေ့ဆုံခဲ့ကြသည့် အမေရိကန် သမ္မတ ၅ ဦး

ကြုံတောင့်ကြုံခဲ့ တွေ့ဆုံခဲ့ကြသည့် အမေရိကန် သမ္မတ ၅ ဦးတို့၏ ဓာတ်ပုံ အမေရိကန် သမ္မတဟောင်း Gorge W. Bush ၏ သမ္မတ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား၌ လက်ရှိသမ္မတ Barack Obama အပါအဝင် သက်ရှိထင်ရှား အမေရိကန် သမ္မတ ၅ ဦးတို့ ရှားရှားပါးပါး ဆုံတွေ့ခဲ့ကြသည...

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

ဧပြီ ၂၆ ရက် ၂၀၁၃ ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိ ကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။အာဆီယံထိပ်သီး ညီလာခံကို သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီး ရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့...

အဆိုတော်၊ သရုပ်ဆောင် နှင့် မော်ဒယ် ၀ိုင်းစုခိုင်သိန်း ရဲ့အလှ

အဆိုတော်၊ သရုပ်ဆောင် နှင့် မော်ဒယ် ၀ိုင်းစုခိုင်သိန်း ရဲ့အလှဓာတ်ပုံလေးတွေဖော်ပြပေးလိုက်ပါတယ...

၁၅၀၀ တန် CDMA 800Mhz SIM CARD အသုံးပြုနည်း

၁၅၀၀ တန် CDMA 800Mhz SIM CARDကို သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိ စေဖို့အရေးကြီးပါတယ်။ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ် လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပ...
 
world time