Pages

Friday, April 26, 2013

Samsung Galaxy S4 မေ ၄ တွင် ပြည်တွင်း၌ စတင်ရောင်းချမည်

Photo

ရန်ကုန်၊ ဧပြီ ၂၆ ဆမ်ဆောင်း၏ စွမ်းရည်မြင့် မျိုးဆက်သစ်ဖုန်း Galaxy S4 ကို လာမည့် မေလ ၄ ရက်နေ့
တွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်သည်။ Galaxy S4 စမတ်ဖုန်းမှာ ၅ လက်မ မြင်ကွင်းရှိမည် ဖြစ်
ပြီး အလုံးရေ (၁၀၀၀)အားအထူးနှုန်းငါးသိန်းခြောက်သောင်းကိုးထောင်(569,000) ကျပ်ဖြင့် မေလ ၄ ရက်နေ့
တွင် ဆီဒိုးနာဟိုတယ် ပထမထပ်၌ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ထူးခြားချက်များအနေဖြင့် ရှေ့နောက် ကင်မရာအား တစ်ပြိုင်တည်း အသုံးပြုနိုင်မည့် Dual Camera၊ ဓာတ်ပုံ ရိုက်ကူးရာတွင် အသံဖြင့်ပါ ထည့်သွင်းမှတ်တမ်းတင်နိုင်မည့် Sound & Shot, ဓာတ်ပုံများအား မှတ်စုသဖွယ် မှတ်တမ်းတင်နိုင်မည့် Story Album, သီချင်း၊ဓာတ်ပုံစသည်များအား အပေါင်းအသင်းများနှင့် ပူးတွဲခံစားနိုင်
မည့် Ground Play, ရုပ်ရှင်များ ကြည့်ရှုနေရာမှ မျက်လုံးအကြည့်လွှဲလိုက်ရုံဖြင့် ရပ်တန်ပေးထားမည့် Smart Pause များ ထည့်သွင်းထားကြောင်း Samsung မှ ကိုဇာနည်က ရှင်းလင်းပြောကြားသည်။ 
 
ထို့ပြင် Samsung ၏ Note 8.0မော်ဒယ်အသစ်ကိုပါ တင်သွင်းရောင်းချမည် ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့တွင် Junction Square ၌ အထူးနှုန်း 479000 ကျပ်ဖြင့် အလုံးရေ (၈၀၀)စတင်ရောင်းချပေးသွားမည် ဖြစ်သည်။ 
 
သုတလင်း
Popular Myanmar News Journal, Rangonnewsdaily
RND:  :26.4.2013

0 comments:

Post a Comment