Pages

Friday, April 26, 2013

စစ်တွေမြို့၌ ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှုကြောင့်ပစ်ခတ်ရာ ကလေးတစ်ဦး ဒဏ်ရာရ


၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၆)ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းတွင် လ၀ကနှင့် အစိုးရ တာဝန်ရှိ
သူများ သွားရောက်၍ ရိုဟင်ဂျာမွတ်စလင်မ်များထံမှ သန်းခေါင်စာရင်းများကို သိမ်းယူရန် တောင်းဆိုကာ၊ အသင့်ယူဆောင်လာသောပုံစံများတွင် အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်ခိုင်း၍ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရပါသည်။

 “လ၀ကအဖွဲ့က အောင်မင်္ဂလာရပ်ကွက်ထဲမှာနေတဲ့ရိုဟင်ဂျာတွေအားလုံးကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ
 ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ် ထိုးခိုင်းနေတယ်” ဟု လ၀ကများရှေ့တွင် ရောက်ရှိနေသူ တစ်ဦးမှ RB News သို့ ပြောသည်။

“လွန်ခဲ့တဲ့ အပတ်က လ၀က ဒုဝန်ကြီး ရောက်လာပြီးတော့ ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ်ထိုးရင်ထိုး မထိုးရင် တတိယအကြိမ် ရခိုင်တွေမီးရှို့ရင် တာဝန်ယူမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်သွားတယ်။ အခုလည်း ဒုဝန်ကြီး
ရဲ့အမိန့်နဲ့ ဒီလ၀ကတွေ ရောက်တာလို့ သိရတယ်”ဟု ၎င်းက ဆက်လက်ပြောပါသည်။

စစ်တွေမြို့တွင် ဒုက္ခသည်စခန်းများရှိရာ သက္ကေပြင်နှင့် ဘောဒူဖ ဒုက္ခသည်စခန်းများသို့လည်း နံနက်ပိုင်း
တွင် လ၀ကများနှင့် အစိုးရတာဝန်ရှိသူများ ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော ပုံစံများတွင် ဘင်္ဂလီ
အဖြစ် လက်မှတ်ရေးထိုးပေးရန် အတင်းအဓမ္မ ခိုင်းစေမှုကြောင့် သက္ကေပြင်ရှိ ဒုက္ခသည်များနှင့် လ၀ကများ
အကြား တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

တင်းမာမှုများဖြစ်ပွားပြီး လူများအုံကြွလာသောအခါ နစကမှ သေနတ်တစ်ချက် မိုးပေါ်ထောင် ပစ်ခတ်ပြီး လူစုခွဲခဲ့သည်။ ထို့နောက် လ၀ကများနှင့် အစိုးရတာဝန်ရှိသူများ ပြန်လည်ထွက်ခွာသွားကြောင်း သိရပါသ
ည်။

အလားတူပင် ဘောဒူဖ ဒုက္ခသည်စခန်းတွင်လည်း ထိုကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်၍ လက်မှတ်ထိုး
ခိုင်းခြင်းကြောင့် တင်းမာမှုဖြစ်ပွားရာ နစကမှ သေနတ်ပစ်ပေါက်ရာ ၁၅ နှစ်အရွယ် ကလေးတစ်ဦးကို ကျည်
ဆန်သုံးနေရာ ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

“ကလေးက ၁၅ နှစ် အရွယ်ပါ။ ကျည်ဆန်က သုံးနေရာ ထိတယ်။ ပေါင်နှစ်ဖက်နဲ့ ပုခုံးမှာ ထိသွားတယ်။ ဒဏ်
ရာကတော့ ပြင်းတယ်”ဟု ဘောဒူဖ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးမှ ပြောသည်။
 
အလင်းမျက်ဝန်း , Rangonnewsdaily
RND:  :26.4.2013

0 comments:

Post a Comment