Pages

Friday, April 26, 2013

Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook နဲ့ ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိနေ

Apple ၏ အမှုဆောင်အရာရှိချုပ် Tim Cook နဲ့ ကော်ဖီအတူ သောက်ရအောင်

ဝါရှင်တန်ဒီစီ အခြေစိုက် Robert F. Kennedy Center for Justice and Human Rights ၏ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Apple ၏ အမှုအောင် အရာရှိချုပ်ဖြစ်သူ Tim Cook နှင့် ၁ နာရီခန့်ကြာ ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိရာ ယခုအခါတွင် ဒေါ်လာ ၂၃၀၀၀၀ အထိ ဈေးပေါက်နေပြီဟု သိရှိရသည်။ 

၁၉ ရက်တာ အချိန်ကျန်ရှိသေးသည့် အဆိုပါ ရန်ပုံငွေ လေလံပွဲတွင် Tim Cook အပါအဝင် Robert DeNiro ၊ Robin Williams နှင့် Alec Baldwin စသည့် အထင်ကရ ပုဂ္ဂိုလ်များက ယင်းတို့နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

Apple အနေဖြင့် ယင်းတို့၏ CEO Tim Cook နှင့် ကော်ဖီသောက်ခွင့် လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နေသူများအား ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ရာ Other World Computing အဖွဲ့၏ CEO ဖြစ်သူ Larry O’Connor နှင့် Blackberry ၏ ဒုဥက္ကဌတစ်ဦးဖြစ်သူ Rory O’Neil တို့ပင် ပါဝင်နေသည်ကို အံအားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ 

အဆိုပါ ရန်ပုံငွေ လေလံပွဲ၌ ဈေးအများဆုံး ပေးကာ အောင်မြင်သူအနေဖြင့် Tim Cook နှင့် Cupertino ရှိ Apple ရုံးချုပ်၌ ၁ နာရီခန့်ကြာ တွေ့ဆုံခွင့် ရရှိမည်ဖြစ်သည်။ သို့သော်လည်း ရုံးထဲမဝင်မီ လုံခြုံရေး စစ်ဆေးမှုနှင့် နောက်ကြောင်းစစ်ဆေးမှုတို့ ပြုလုပ်ခြင်းအား လက်ခံရမည်ဟု သိရှိရသည်။ 

RFK Center for Justice and Human Rights သည် ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးနှင့် တရားခွင် တရားမျှတမှု ရှိစေရေးတို့ကို ကြိုးပမ်းဆောင်ရွက် ပေးနေသည့် အဖွဲ့ကြီးဖြစ်သည်။

ဝါရှင်တန်ဒီစီ အခြေစိုက် Robert F. Kennedy Center for Justice and Human Rights ၏ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Apple ၏အမှုအောင် အရာရှိချုပ်ဖြစ်သူTim Cook နှင့် ၁ နာရီခန့်ကြာ
 ကော်ဖီအတူ သောက်ခွင့်ရရှိရေး လေလံပွဲတွင် ဈေးပြိုင်ပေးလျက်ရှိရာ ယခုအခါတွင် ဒေါ်လာ ၂၃၀၀၀၀ အထိ ဈေးပေါက်နေပြီဟု သိရှိရသည်။ ၁၉ ရက်တာ အချိန်ကျန်ရှိသေးသည့် အဆိုပါ ရန်ပုံငွေ လေလံပွဲတွင် Tim Cook အပါအဝင် Robert DeNiro ၊ Robin Williams နှင့်Alec Baldwin စသည့် အထင်ကရ ပုဂ္ဂိုလ်များက ယင်းတို့နှင့် တွေ့ဆုံနိုင်ရန် စီစဉ်ထားခြင်း
ဖြစ်သည်။

Apple အနေဖြင့် ယင်းတို့၏ CEO Tim Cook နှင့် ကော်ဖီသောက်ခွင့် လေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နေ
သူများအား ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ရာ Other World Computing အဖွဲ့၏ CEO ဖြစ်သူ Larry O’Connor
 နှင့် Blackberry ၏ ဒုဥက္ကဌတစ်ဦးဖြစ်သူ Rory O’Neil တို့ပင် ပါဝင်နေသည်ကို အံအားသင့်ဖွယ် တွေ့ရှိခဲ့ရ
သည်။

အဆိုပါ ရန်ပုံငွေ လေလံပွဲ၌ ဈေးအများဆုံး ပေးကာ အောင်မြင်သူအနေဖြင့် Tim Cook နှင့် Cupertino ရှိ Apple ရုံးချုပ်၌ ၁ နာရီခန့်ကြာ တွေ့ဆုံခွင့် ရရှိမည်ဖြစ်သည်။ သို့သော်လည်း ရုံးထဲမဝင်မီ လုံခြုံရေး စစ်ဆေး
မှုနှင့် နောက်ကြောင်းစစ်ဆေးမှုတို့ ပြုလုပ်ခြင်းအား လက်ခံရမည်ဟု သိရှိရသည်။

RFK Center for Justice and Human Rights သည် ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးနှင့် တရားခွင် တရားမျှ
တမှု ရှိစေရေးတို့ကို ကြိုးပမ်းဆောင်ရွက် ပေးနေသည့် အဖွဲ့ကြီးဖြစ်သည်။
Myawaddy, Rangonnewsdaily
RND:  :26.4.2013

0 comments:

Post a Comment